ငယ်စဉ် တုန်းက ပရဟိတကို လုပ်ရကောင်းမှန်း မသိခဲ့ပေမယ့် အခု ခေတ် လူငယ်တွေ ပရဟိတ လုပ်လိုတဲ့ စိတ်ကို တွေ့ပြီး မုဒိတာ ပွားရာက နေ ကိုယ်တိုင်လည်း ပါဝင်ဖြစ် လာတယ်လို့ဆိုလာသူကတော့ အေးမြတ် သူ ပဲဖြစ်ပါ တယ်။ ဘဝမှာ ပရဟိတနဲ့ ပတ်သက်ပြီး ပထမဆုံး ရရှိခဲ့တဲ့အသိနဲ့ ကြည်နူးမှု ကို အေးမြတ်သူက “ပရဟိတ သိပ်မ သွားဖြစ်ဘူး။ လာကမ်းလှမ်း ရင်တော့ သွားဖြစ်တယ်။ အသက် ၂၉နှစ်ပြည့်မှ အလှူ လုပ် ရကောင်းမှန်း သိလာတယ်လို့ ပြောရမလားပဲ။ အရင် ကလော ဘတွေ ကြီးနေတာ။
ပြီးတော့ မွေးနေ့ ဆိုလည်း ဘယ်တော့မှ ကြီးကြီး ကျယ်ကျယ် မကျင်းပဘူး။ ကျင်းပခဲ့တာ လည်း မရှိဘူး။ ၂၉ နှစ်ပြည့်တုန်း က ထူးထူးခြားခြား တစ်ခု ခု လှူချင်တာ နဲ့ လှူဖြစ်တယ်။ အရင်က ဆို အိမ်နဲ့ ပတ်ဝန်း ကျင်လောက် ပဲ လှူတယ်။ မီဒီယာကို အသိပေးပြီး မလုပ်ဖူးဘူး။ အခုဆို လိုအပ်ချက်က နေရာတွေ တိုင်းမှာ အများကြီး ရှိတယ်။ အများကြီး ထဲမှာမှ ကိုယ့်က ဘိုးဘွား ရိပ်သာကို လှူတယ်။ ဂိလာန ဘိုးဘွားပဲ လှူချင် တယ် ဆိုတဲ့ စိတ်က ပေါ်လာတာနဲ့ အဲဒါကိုပဲ သွားလှူဖြစ် တယ်။
ကျန်း မာရေးမကောင်းတဲ့ ဘိုးဘွားတွေကို လှူတယ် ဆိုတာ ကျန်းမာရေး ကောင်းတဲ့ အဘိုး၊ အဘွား တစ်ယောက်က ကိုယ်ထူ ကိုယ်ထ ကိုယ့်တစ်ယောက် တည်း အတွက်ကို လုပ်နိုင်ပေမယ့် ကျန်းမာရေး မကောင်းတဲ့ ဘိုးဘွားတွေက မလုပ် နိုင်ကြဘူး။သားသမီးတွေ စွန့်ပစ် သွားတာမျိုး ၊သားသမီးက ဘယ် သူ ဘယ်ဝါမှန်း မသိကြတာ ။ပြီးတော့ မှတ်ဥာဏ် ချို့ယွင်းသွားတဲ့ ဘိုးဘွားတွေ ဆိုတော့ ပိုလှူဖြစ်သွားတာပါ။ ကိုယ်လည်း တစ်နေ့ အသက် ကြီးလာမယ် အဲဒါကို ကြိုတွေးပြီး လှူဒါန်း တယ်။ အဲဒီ အလှူက ရင်ထဲ က ဖြစ်လာတယ်။ ပြန်ရတဲ့ ပီတိ ကလည်း အကြီးမားဆုံး အမှတ်တရပါပဲ” လို့ ပြောပြခဲ့ပါတယ်။
ယနေ့ လူငယ်တွေ ပရဟိတ အလုပ်ကို စိတ် ထက်ထက် သန်သန်နဲ့ လုပ်နေတဲ့ အပေါ် မှာကိုယ့်ငယ် ဘဝ ကို ပြန်ပြီး တမ်းတမိတာမျိုး ရှိလားလို့မေးကြည့် တော့ “ပရဟိတ စိတ်က လူငယ်တိုင်း စိတ်မှာ ရှိကြပါတယ်။ အနည်းနဲ့အများပဲ ကွာတာပါ။ ဒီဘက်ခေတ် မှာက ပိုလုပ်ကြတယ်။ ပရဟိတလုပ် ဖို့ ဒီနှစ်ပိုင်း မှာ တော်တော် များ များ ပါဝင် လာကြတယ် ။ဝမ်းသာဖို့ ကောင်းတယ်။ ကိုယ်တွေ အသက် ၁၈နှစ် မပြောနဲ့ ၂၂နှစ် ထိပျော် လို့ ကောင်းတုန်း အမှန်တိုင်းပဲ ဝန်ခံတယ်။ ပရဟိတကို သိပ်မ သိဘူး။ မလုပ်ဘူး။ နှစ်ဆယ့်ငါးလောက်မှ သိလာတယ်။ ကိုယ်လည်း ရှာနိုင်ပြီ ပြီးတော့ ကိုယ်လည်း လှူနိုင် လာပြီလေ။
အခု လူငယ်တွေက လူငယ်ဘဝ ကတည်းက ပရဟိတကို သိပြီ ဆိုတော့ ကြိုဆို ဝမ်းသာတယ်” လို့ ပြောပြ ခဲ့ပါတယ်။ ကိုယ်စိတ်ထဲက လုပ်ချင်တဲ့ အလှူကို လုပ်ခွင့်ရတဲ့ အခါမှာ ကိုယ်ဟာ ကံကောင်းတယ် လို့ မြင်မိ လားလို့ မေးကြည့်တော့ “အမှန်တိုင်းပြောရင် ရင်ထဲမှာ အလှူအကြီးကြီး လုပ်ချင်တယ်။ ကိုယ့်မှာလည်း မိသားစုရှိတယ်။ စားဝတ်နေရေး ရှိတယ် ဆိုတော့ ကိုယ်နိုင် သ လောက်ပဲ လှူနိုင်တယ်။
အများကြီး ရှိရင် အများကြီး လှူမယ်။ တတ်နိုင်သ လောက်လေး လှူခွင့်ရတဲ့ အတွက် ပီတိဖြစ်တယ်။ ကိုယ်နိုင်တာကို အလဟ ဿမဖြစ်ဘဲ တကယ် ကို ထိရောက်တဲ့နေရာ မှာ လှူလိုက် ရလို့ အကျိုး ရှိလာ မှာပါ။ ဖြစ်နိုင်ရင် အလှူ အကြီးကြီး တစ်ခုလုပ်ချင်တယ်။ လှူချင်စိတ် ရှိရင် ကုသိုလ် ရတယ်။ သူများ လှူဒါန်း မှု ကို မုဒိတာ ပွားရင်လည်း ကုသိုလ်ရတယ်။ ဒါဗမာ လူမျိုးတွေရဲ့ စိတ်ဓာတ်ပါ။ ယူတတ်ရင် အားလုံး ကု သိုလ် ရတယ်။ အဲဒါကို တအား သဘော ကျတယ်” လို့ ပြောပြ ခဲ့ပါတယ်။
သွားဖူးခဲ့တဲ့ ပရဟိတ အလှူ အားလုံးထဲ မှာ မမေ့နိုင်တဲ့ အလှူမျိုးကော ကြုံဖူးလား မေးကြည့်တော့ အေြး
မြတ်သူက “ကချင်စစ်ဘေး သွားလှူတုန်းက ကိုယ်က အရုပ် ကလေးတွေ လှူတယ်။ ကိုယ်လည်း အဲဒီအရုပ် ကို ချစ်တယ်။ ကလေးတွေလည်း ပျော်မှာပဲ ချစ်မှာပဲဆိုပြီး လှူကြတယ်။ အနုပညာရှင်တွေ အများကြီး စုပြီး သွားတော့ မီဒီယာ ကလည်း ဖော်ပြတယ်။ အကုန်လုံးက ဒီအရာကို အာရုံ စိုက်လာတယ်။ ကိုယ်တွေ လှူတာကလည်း ကိုယ်တို့က ပရိသတ်ကို မေတ္တာပြန် တုံ့ပြန်တာပေါ့။
ကိုယ်တွေ က ရှေ့ကနေ သွားတော့ပြည်သူတွေ ပါ လှူလာကြတယ်။ သိပ်ပျော်ပြီး ပီတိဖြစ် တယ်။ ပရဟိတ လုပ်တာကို ကိုယ်နိုင် သလောက်လေး နဲ့လှူကြပါ။ ဒီထက်ပို လှူနိုင် ကြပါစေ။ အေးမြတ်သူ အသက် ၁၈နှစ် အ ရွယ်တုန်း ကပရဟိတ လုပ်ဖို့ စိတ်ကူးတွေ မရှိခဲ့ဘူး ဆိုပေ မယ့် အခုခေတ် လူငယ်တွေက ဒီလို စိတ်ကူးတွေ လုပ်ဆောင်နေ လို့ မျိုးဆက်ကောင်း တစ်ခုမြင့် လာတယ်။ ကြိုဆိုတယ်၊ ဂုဏ်လည်း ယူတယ်” လို့ ပြောပြခဲ့ပါတယ်။
Popular News
Sign up here with your email
ConversionConversion EmoticonEmoticon