ရှမ်းပြည်နယ်မြောက်ပိုင်း တရုတ်-မြန်မာ နယ်စပ်တွင် တပ်မတော်မှ ဗိုလ်ကြီးတစ်ဦးနှင့် တပ်ကြပ်တစ် ဦး ဈေးမှအပြန် လမ်း၌ သေနတ်ဖြင့် ချောင်းမြောင်း ပစ်သတ်ခံရကြောင်း သတင်းရရှိသည်။
ဇူလိုင် ၂၉ ရက် နံနက် ၁၁ နာရီခန့်က နမ့်ခမ်းမြို့နယ်အပိုင် နောင့်မာတာတပ်စခန်းတွင် တာဝန်ကျနေသူ တပ်စခန်းမှူးနှင့် တပ်ကြပ်တစ်ဦးတို့ ဆိုင်ကယ်ဖြင့် ဈေးမှအပြန် ချောင်းမြောင်းပစ် သတ်ခံရခြင်းဖြစ် ပြီး နှစ်ဦးစလုံး ပွဲချင်းပြီး သေဆုံးသွားကြောင်း နောင်မာ့တာရွာ ဒေသခံများက ပြောကြားသည်။
အဆိုပါဖြစ်စဉ်မှာ မှန်ကန်ပြီး ယခုအချိန်ထိ စစ်ဆေးနေဆဲ ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
အဆိုပါစစ်တပ်အရာရှိတစ်ဦးနှင့် အခြားအဆင့်တို့ သေဆုံးမှုအတွက် နမ့်ခမ်းမြို့နယ် အခြေစိုက် တပ်မ(၈၈)မှ တာဝန်ရှိသူများ နောင်မာ့တာရွာသို့ လာရောက် စစ်ဆေးခဲ့သည်ဟု သိရသည်။
အဲဒီနေ့ ညကတည်းက ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ ရွာက လူကြီးငါးဦးကို အစိုးရတပ်က ခေါ်သွားတယ်။ ည ၁၂ နာရီအထိ စစ်တယ်။ မနက်ကျတော့ တစ်ခါ လာခိုင်းတယ်။ အခု နေ့လယ် ၁၂ နာရီမှာတော့ ပြန် လွှတ်ပေးလိုက်ပြီ။ ဒီမနက်မှာတော့ ညကလို ရိုက်တာတွေ မရှိတော့ဘူး’’ ဟု နောင်မာ့တာကျေးရွာမှ ဦးစိုင်းမောက်ဆိုင်ထွန်းလှိုင်က ပြောကြားသည်။
ထိုသို့ရွာသားများကို ခေါ် ဆောင်ခြင်းမှာ စစ်ဆေးစုံစမ်းရန်အတွက်သာဖြစ်ပြီး ဖမ်းဆီးရန် မူဝါဒ မရှိသည့် အတွက် ဖမ်းဆီးခြင်းမဟုတ်ကြောင်း အမှုအတွက် လိုအပ်ချက်များ စုံစမ်းခြင်းသာ ဖြစ်နိုင်ကြောင်းလည်း ကာကွယ်ရေးဝန်ကြီးဌာနမှ အဆိုပါတာဝန်ရှိသူက ပြောသည်။
ဇူလိုင် ၂၉ ရက်က သေဆုံးသွားသည့် နောင်မာ့တာစခန်းမှ တပ်စခန်းမှူးနေရာတွင် တပ်မ (၈၈)မှလွှတ်သည့် အရာရှိတစ်ဦး အစားထိုး ရောက်ရှိနေပြီဖြစ်ကြောင်းလည်း သိရသည်။
နမ့်ခမ်းမြို့တွင် ပြီးခဲ့သည့် ဇူလိုင် ၂၃ ရက်ကပင် အရပ်သား လူငယ်တစ်ဦး ပြည်သူ့စစ်အဖွဲ့၏ ပစ်ခတ် မှုကြောင့် သေဆုံးခဲ့ပြီး ယခုအချိန်ထိ အမှုပေါ်ပေါက်ခြင်း မရှိသေးပေ။
ရှမ်းပြည်နယ်မြောက်ပိုင်းရှိ နမ့်ခမ်းမြို့နယ်သည် တရုတ်-မြန်မာ နယ်နိမိတ် အငြင်းပွားမှုများရှိနေသောဒေ သဖြစ်ပြီး ပြည်သူ့စစ် အဖွဲ့များ၊ ရှမ်းလက်နက်ကိုင် အဖွဲ့တစ်ခုဖြစ်သည့် RCSS/SSA၊ ပလောင် လက်နက် ကိုင်အဖွဲ့၊ ကချင်လက်နက်ကိုင်အဖွဲ့ (KIO) တို့ လှုပ်ရှားသွားလာနေသော နယ်မြေဖြစ်သည်။
7 Day
Sign up here with your email
ConversionConversion EmoticonEmoticon