အိမ်အကူလုပ်သားစေလွှတ်ရန် စင်ကာပူနှင့် ချုပ်ဆိုမည့်စာချုပ်တွင် ပါဝင်သင့်သည့် အချက်များ ဆွေးနွေးနေ

အိမ်အကူခေါ်ယူရေးအေဂျင်စီတစ်ခုက အင်တာနက်မှတဆင့် အင်တာဗျူးနေစဉ် (PHOTO – THE STRAITS TIMES)
စင်ကာပူနိုင်ငံသို့ မြန်မာအိမ်အကူလုပ်သားစေလွှတ်ရန် ပထမအကြိမ်ချုပ်ဆိုမည့် သဘောတူစာချုပ်တွင် အချက် ၁၂ ချက်ထည့် သွင်းချုပ်ဆိုရန် စင်ကာပူအခြေစိုက် HOME လူမှုအဖွဲ့အစည်းက သြဂုတ် ၂၇ ရက် တွင် အကြံပြုချက် ထုတ်ပြန်သည်။

စင်ကာပူနိုင်ငံသို့ မြန်မာအိမ် အကူလုပ်သားများ သွားရောက် လုပ်ကိုင်ရာတွင် လုပ်သားအခွင့် အရေးကာ ကွယ်မှုပိုင်း ပိုမိုခိုင်မာ စေရေးအတွက် နှစ်နိုင်ငံသဘော တူစာချုပ်(MOU)ကို လက်မှတ်ရေးထိုးရန် ညှိနှိုင်း
ဆွေးနွေးလျက်ရှိသည်။ ထို့ကြောင့် စင်ကာပူနိုင်ငံ အခြေစိုက် အိမ်အကူလုပ်သား အရေးဆောင်ရွက်သော HOME အဖွဲ့အစည်းက ယင်းကိစ္စနှင့် ပတ် သက်၍ ၈၈ မျိုးဆက်ပွင့်လင်း လူ့ အဖွဲ့အစည်း၊ ရွှေ့ပြောင်းအ လုပ် သမားကွန်ရက်နှင့် ပြည်တွင်းလူ မှုအဖွဲ့အစည်းအချို့တို့ ပူးပေါင်း ပြီး သြဂုတ် ၂၆ ရက်က ၉ နာရီ ကြာ ညှိနှိုင်းဆွေးနွေးခဲ့သည်။

ထိုသို့ ၉ နာရီကြာအဖွဲ့အ လိုက် ညှိနှိုင်းဆွေးနွေးပြီးနောက် ကနဦးချုပ်ဆိုမည့် သဘောတူစာ ချုပ်တွင် အ ချက် ၁၂ ချက်ထွက်ရှိ ခဲ့သည်။ စာချုပ်တွင် နှစ်နိုင်ငံဘာသာစကားဖြင့် ချုပ်ဆိုရန်၊ အိမ်ရှင်မှ သင့်တင့်သော အစားအစာကျွေးရန်၊ အခြေခံကျကျလုပ်ငန်းခွင် အကြိုသင်တန်းပေးရန်၊ အလုပ်ခန့်အပ်ထားမှုသဘောတူ စာချုပ်တွင် ခွင့်ရက်အပြည့်အ၀ပေးရန်၊ ဖုန်းအသုံးပြုခွင့် လွတ်လပ်စွာပေးရန်၊ ပိတ်ရက်တွင် မည်သည့်အ လုပ်မခိုင်းစေရန်၊ အလုပ်ဆက်လက် မလုပ်ကိုင်လိုပါက အလုပ်ရှင်၊ အလုပ်သမားကတစ်လကြိုတင် အသိပေးရန်နှင့်မြန်မာအစိုးရဘက်မှ တရားဝင်အလုပ်လုပ်ကိုင်ခွင့်ပြုသည့် စမတ်ကတ်ပါမှ စင်ကာပူအစိုး ရဘက်က လုပ်ကိုင်ခွင့်ပြုရန်စသည့်အချက်များပါဝင်ဆွေးနွေးခဲ့သည်။

‘‘အခုဆွေးနွေးချက်ကို မြန်မာအစိုးရဘက်ရော စင်ကာပူအစိုးရဘက်ရော ဒီအချက်တွေ တင်ပြမယ်။ MOU မထိုးခင် ဒီအ ချက်တွေ ထည့်သွင်းဖို့ မပါခဲ့ရင် လည်း နောက်တစ်ကြိမ်မှာပါဖို့ အတွက် တိုက်တွန်းသွားမယ်’’ ဟု HOME အဖွဲ့ဒါရိုက်တာ ဒေါက်တာသိန်းသန်းဝင်းကပြောသည်။

ထို့အပြင် ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်မှစ၍ ယခုနှစ် ဇူလိုင်လအထိ စင်ကာပူနိုင်ငံရှိ နိုင်ငံခြားသား အိမ်အကူလုပ် သားများထံ အချက်အလက်စာရင်းကောက်ယူမှုများ ပြုလုပ်ခဲ့သည်။ အဆိုပါ ကောက်ခံမှုတွင် အိမ်အကူ လုပ်သား ၇၆၀ ကျော်ကောက်ယူခဲ့သည့်အနက် မြန်မာအိမ်အကူလုပ်သား ၁၀၄ ဦးသာ ကောက်ယူရရှိ ခဲ့ကြောင်း သိရသည်။ ယင်းကောက်ခံမှုကို စင်ကာပူနိုင်ငံ ပနီဆူလာပလာဇာနှင့် HOME သင်တန်း ကျောင်း တို့တွင် စစ်တမ်းကောက်ယူခဲ့ခြင်း ဖြစ်သည်။

အဆိုပါစစ်တမ်းကောက်ယူမှုတွင် မြန်မာအိမ်အကူ လုပ်သားများမှာ ပညာအရည်အချင်းအား ဖြင့် အခြားနိုင် ငံခြားသား အိမ်အကူလုပ်သားများနှင့် နှိုင်းယှဉ်ပါက နိမ့်ကျမှုမရှိသော်လည်း ဘာသာစကားကျွမ်းကျင် အား နည်းမှုတို့ရှိကြောင်း တွေ့ရသည်။ ထို့အပြင် မြန်မာအိမ်အကူလုပ်သားများသည် အခြား နိုင်ငံခြားသားအိမ် အကူလုပ်သားများထက် လုပ်ခလစာလျော့နည်းစွာရရှိကြပြီး အလုပ်နားရက်ရရှိမှုကို နှိုင်းယှဉ်ပါက တစ်လ လျှင် တစ်ပတ်နားရက်ရရှိမှုနည်းကြောင်း တွေ့ရသည်။

လက်ရှိသွားရောက်လုပ် ကိုင်သူများသည် အိမ်ရှင်နှစ်ဦးထံလုပ်ကိုင်ရသူများပြီး ၅၄ ရာခိုင်နှုန်းခန့်က အ
ဆင်ပြေပြေစားသောက်ရကြောင်း လေ့လာတွေ့ရှိခဲ့သည်။ ‘‘အခုကောက်ခံရရှိတဲ့သူတွေက ဘာပဲပြော
ပြော အိမ်ရှင်ကောင်းကောင်းမှာ လုပ်နေရ တယ်လို့ ယူဆလို့ရတယ်။ သူတို့ အပြင်ထွက်လို့ရတယ်။ မြန် မာ တွေရှိတဲ့ ဒီပနီဆူလာဈေးဝယ်စင် တာတွေ သွားလာလို့ရတယ်။ အခုက အပြင်ထွက်တဲ့သူလောက်ပဲ စာရင်းရတယ်။ အိမ်ထဲမှာရှိနေတဲ့ သူတွေကိုတော့ ကောက်ရခက် တယ်’’ဟု ဒါရိုက်တာ ဒေါက်တာ သိန်း သန်းဝင်းက ပြောသည်။

လက်ရှိစင်ကာပူနိုင်ငံတွင် ခန့်မှန်းတွက်ချက်စာရင်းအရ နိုင်ငံ ခြားသားအိမ်အကူ လုပ်သားနှစ် သိန်းကျော်ရှိ သည့် အနက် အင်ဒို နီးရှားလုပ်သားတစ်သိန်းကျော်၊ ဖိလစ်ပိုင်လုပ်သား ခုနှစ်သောင်း ခန့်နှင့် မြန်မာသုံး
သောင်းခန့်ရှိ သည်ဟု ဆိုသည်။

7day
Previous
Next Post »
Powered by Blogger.