ပြီးခဲ့တဲ့လက အသက် ၁၃ နှစ်အရွယ် မိန်းခလေးတဦး ညရထားပေါ်မှာ တွဲသန့်ရှင်းရေးရဲ့ အဓမ္မပြုကျင့်ပြီး ရထားပေါ်ကနေပစ်ချသေဆုံးခဲ့ပြီး အခုလို စီစဉ်ခဲ့ကြ တာဖြစ်ပါတယ်။
ရထားတွဲကို ပန်းရောင်ဆေးသုတ်ထားပြီး တွဲတံခါးမှာလည်း အမျိုးသမီးများနဲ့ ခလေးများသာ လို့ ရေးသား ထားပါတယ်။ ရထားတွဲကိုလည်း အမျိုးသမီးတွဲလုံခြုံရေးတွေ နဲ့ တွဲဝန်ထမ်းတွေကိုပဲ ခန့်ထားပါတယ်။
“ဒီလိုရထားတွဲနဲ့ သွားရတာ ပိုပြီးလုံခြုံစိတ်ချတယ်လို့ ခံစားရပါတယ်။ ကျမတို့အဖွဲ့က ၃ ယောက်ပါ။ တယောက်ကတော့ ရိုးရိုးတွဲမှာပါ။ ကျမကတော့ ဒီတွဲနဲ့စီးရတာကို ပိုစိတ်ချတယ်လို့ ထင်တယ်”လို့ ချင်းမိုင်မြို့ကို သွားရောက်မယ့် အိုင်ယာလန်နိုင်ငံသူတဦးက ပြောဆို ပါတယ်။
ဒီလိုအမျိုးသမီးနဲ့ ခလေးသီးသန့်တွဲတွေကို ထိုင်းနိုင်ငံအဓိကရထားလမ်းကြောင်းတွေမှာ စီစဉ်ထားပေး ပါတယ်။
“အရင်တုံးကလည်း ရထားတွဲတွေမှာ အမျိုးသား-အမျိုးသမီး ခွဲခြားထားတဲ့အကန့်တွေတော့ ရှိပါတယ်။ ဒါပေမယ့်လည်း ၀င်လို့ရနေတယ်။ အခုလို တွဲတတွဲသီးသန့်ဆိုတော့ ပိုစိတ်ချရပါတယ်”လို့ ထိုင်းနိုင်ငံတောင်ပိုင်းကို ခရီးသွားနေတဲ့ မွတ်စလင်တက္ကသိုလ်ကျောင်းသူတဦးက ပြောဆိုပါတယ်။
ထိုင်းနိုင်ငံတောင်ပိုင်း အဓိကရထားလမ်းကြောင်းမှာ အသက် ၁၃ နှစ်အရွယ်မိန်းခလေးကို အဓမ္မပြုကျင့် သတ်ဖြတ်ခဲ့တဲ့ အသက် ၂၂ အရွယ်တွဲသန့်ရှင်းရေးဟာ မူးယစ်ဆေးဝါးသုံးစွဲခဲ့တယ်လို့ ၀န်ခံခဲ့ပါတယ်။ အဲ့ဒီကိစ္စဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ထိုင်းခရီးသွားအများအပြားဟာ ရထားနဲ့ ခရီးမသွားကြတော့တာလည်းဖြစ် ပါ တယ်။
“အခုချိန်ကစပြီး ညရထားတွေမှာ အမျိုးသမီးဝန်ထမ်းတွေကိုပဲ တာဝန်ယူခိုင်းတော့မှာဖြစ်ပါတယ်။ လုံခြုံရေး ကစ ရထားဝန်ထမ်းတွေအားလုံးပါ။ အမျိုးသမီးနဲ့ ခလေးများတွဲဆိုပြီး အမှတ်အသားတွေနဲ့ ရှင်းရှင်းလင်း လင်းရေးသားထားတာလည်း ဖြစ်ပါတယ်”လို့ ရထားပို့ဆောင်ရေးလုပ်ငန်း ဒါရိုက်တာ က ပြောဆိုပါတယ်။
ဒါအပြင် ရထားတွေပေါ်မှာ အရက်သေစာ ရောင်းဝယ်သောက်စားတာတွေလည်း တားမြစ်လိုက်ပါတယ်။ ရထားဝန်ထမ်းတွေကိုလည်း အလုပ်မခန့်ခင် ရာဇ၀တ်မှု၊ မူးယစ်ဆေးဝါးသုံးစွဲမှုမှတ်တမ်းရှိမရှိ စိစစ်ပြီးမှ အလုပ်ခန့်တော့တာလည်းဖြစ်ပါတယ်။
ထိုင်းနိုင်ငံမှာ အမျိုးသမီးတွေပေါ်မှာ လိင်ပိုင်းဆိုင်ရာ မတော်မတရားပြုကျင့်မှုတွေ၊ သတ်ဖြတ်မှုတွေ နေ့စဉ် လိုလိုဖြစ်ပွားနေတယ်လို့ ထိုင်းမီဒီယာတွေမှာဖော်ပြနေပေမယ့် အခုလို ရထားပေါ်မှာ ကျုးလွန်မှုမျိုးကတော့ ရှားပါးတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့နှစ်က ထိုင်းနိုင်ငံမှာ လိင်အကြမ်းဖက်မှု ၃၁၀၀၀ ကျော် ဖြစ်ပွားခဲ့တယ်လို့ လူထုကျန်းမာရေးဝန်ကြီး ဌာနက ထုတ်ပြန်တဲ့စာရင်းအရ သိရှိရပါတယ်။
DVB
Sign up here with your email
ConversionConversion EmoticonEmoticon