ကမ္ဘာ့ဖလား ဗိုလ်လုပွဲစဉ်အပြီးမှာ Lionel Messi ရဲ့ မျက်နှာလေးက ပြုံးပြုံးလေးမရှိခဲ့ပါဘူး။ ဒါပေမဲ့ အခုတော့ သူပြုံးလို့နေပါပြီ။
အာဂျင်တီးနား ဘောလုံးစတားဟာ စွဲဆောင်မှုအပြည့်ရှိတဲ့ ချစ်သူရည်းစား Antonella Rozucco နဲ့အတူ အီတလီကမ်းခြေ Capri မှာ ပျော်ရွှင်စွာ ရှိနေခဲ့ပြီး ချစ်သူနဲ့ စုံတွဲ ရိုက်ထားတဲ့ holiday ဓာတ်ပုံလေးကို တင်ခဲ့ ပါတယ်။
သူတို့ဘက်က ဗိုလ်ပွဲမှာ ဂျာမနီကို ရှုံးသွားခဲ့ပေမဲ့ သူ ရွှေဘောလုံးဆုရယူနေစဉ် ပျော်ရွှင်မှုရှိနေစေဖို့ သူရဲ့ချစ်သူ Rozucco က ဘရာဇီးလ်နိုင်ငံမှာ လာရောက်အားပေးနေခဲ့ပါတယ်။
Messi က တော့ ရာသီအကြို ကွင်းဆင်းလေ့ကျင့်မှုပြုလုပ်ဖို့ ဘာစီလိုနာအသင်းကို ပြန်လည်ရောက်ရှိမ လာသေးပါဘူး။ ဘလန်စီယာကနေ ပြောင်းရွေ့လာတဲ့ ဘာကာရဲ့ ကစားသမားသစ် Jeremy Mathieu က ဒီအသင်းသို့ ရောက်ရှိလာတာပျော်ရွှင်မိကြောင်းပြောဆိုခဲ့ပါတယ်။
ကျွန်တော့်ကစားဟန် နှင့် ကျွန်တော့်အရည်အချင်းကို အသုံးချဖို့ ဒီကိုရောက်လာတယ်ဆိုတာ ဒီကလပ်က သိရှိ သဘောပေါက်ပါတယ်။ ဘာကာဟာ ကမ္ဘာမှာ အကောင်းဆုံး ကလပ်ပါ။ ဒီကိုရောက်လာတာ ကျွန်တော့်အတွက် မဟာအခွင့်ထူးတစ်ခုပါ။ ဘာစီလိုနာအသင်းကို ရောက်လာတာ ဂုဏ်ယူပါတယ်လို့ သူက ပြောဆိုခဲ့ပါတယ်။
Trend Myanmar
Sign up here with your email
ConversionConversion EmoticonEmoticon