ဘာကြောင့်လည်းဆိုတော့ +95××× လို Country Code နံပါတ်တွေနဲ့ ဝင်လာတာကို edit မလုပ်ပဲ အဲဒီအ တိုင်းပြန်ခေါ်မိရင် ပြည်တွင်း 1 မိနစ် ပုံမှန်နှုန်း 50 ကျပ်အစား နိုင်ငံတကာနှုန်း 1 မိနစ် 1000 ကျပ်နီးပါး bill ဖြတ်ခံရမှာဖြစ်ပါတယ်။(ကျနော်တော့ 1 min – 1000 Kyats အဖြတ်ခံလိုက်ရပြီးပြီ)
ဘာကြောင့်ဖြစ်ရတာလည်းဆိုတာကို မတောက်တခေါက်သိထားတာလေးနဲ့ ဥာဏ်မှီသလောက်စဉ်း စားကြည့်တော့ MPT က ယခု ဆက်သွယ်ရေးလိုင်စင်ရ Telenor, Ooredoo and YTP လို Carrier မတူတဲ့ Company Telecon Network တွေနဲ့ network ချိတ်ဖို့ လုပ်တာမှာ network management ညံ့ဖျင်းလို့ +95××× +66××× အဲလို Country code ခံလိုက်တာနဲ့ နိုင်ငံတကာ နှုန်းအတိုင်း ကောက်တဲ့ Program အလုပ်လုပ်ပြီး ကိုယ့်ပြည်တွင်းဖုန်းအချင်းချင်းလည်း နိုင်ငံတကာနှုန်း အတိုင်း ကောက်သွားခြင်းဖြစ်နိုင် တယ်လို့ တွေးမိပါတယ်။
ဒါကြောင့် +95××× လို Country Code နံပါတ်တွေနဲ့ ဝင်လာခဲ့ရင် ပြန်လည်ခေါ်ဆိုခြင်း မပြုပဲ ပုံမှန် 01××× 02××× 09××× စသည်ဖြင့် ပြန်လည်ပြောင်းလဲပြီး ခေါ်ဆိုမှသာ ပုံမှန်နှုန်းထား 50 ကျပ်သာ ကုန်ကျတော့ မှာဖြစ်တယ်လို့ အသိပေးလိုပါတယ်။
နောက်ဆက်တွဲ ဖြစ်ရပ်များ
နောက်ဆက်တွဲ ပြဿနာများအနေဖြင့် ဖြစ်နေတာကတော့ ဖုန်းဘီးလ်စစ်ချိန်မှာ ယခင်လို Kyats ဖြင့် မပေါ်ပဲ US$ အနေဖြင့် ပေါ်ခြင်းများလည်း ဖြစ်လျှက်ရှိကြောင်း သိရပါတယ်။ ထိုအပြင် အဆိုပါငွေများမှာ လည်း မိမိတို့ထည့်သွင်းထားခြင်းမဟုတ်သည့် ဘီးလ်များ ဖြစ်ကြောင်း သိရပါတယ်။ ထိုကဲ့သို့ ဘီးလ် ပိုဖြတ်တောက်ခြင်း ၊ US$ ဖြင့် ဘီးလ်စစ်ချိန်တွင် ဖြစ်ပေါ်ခြင်းများမှာ မိုဘိုင်းဖုန်းအားလုံး တစ်ပြိုင် နက်ဖြစ်ပေါ်ခြင်းမဟုတ်ပဲ မိမိတို့ စမ်းသပ်ချိန် (သို့) ဖုန်းခေါ်ချိန် (သို့) ဘီးလ်စစ်ချိန်များတွင် တစ်ခါတစ်ရံ ကြုံကြိုက်စွာ ဖြစ်ပေါ်လာခြင်း ဖြစ်ကြောင်း သိရပါတယ်။
အသေးစိတ်များကို ဆက်သွယ်ရေး တာဝန်ရှိသူများကို စုံစမ်းမေးမြန်းလျှက်ရှိပြီး သတင်းရတာ နှင့် ထပ်မံ တင်ပြပေးပါမယ်။
Ref : Prince Ice
YMG
Sign up here with your email
ConversionConversion EmoticonEmoticon