နိုင်ငံတော် သမ္မတ၏ ပညာတော် သင်ဆုအတွက် လျှောက်လွှာများစတင်ခေါ်ယူ


နိုင်ငံတော် သမ္မတ၏ ပညာတော်သင်ဆု အတွက် ပထမ ဆုံးအကြိမ်အဖြစ် လျှောက်လွှာ များကို ဇူလိုင်လ ၂၈ ရက်ထုတ်နိုင်ငံ ပိုင်သတင်းစာများမှ တစ်ဆင့် စ တင်ခေါ်ယူ နေသည်။ သမ္မတ၏ ပညာတော်သင် ဆုကို ဘွဲ့လွန်တန်းနှင့် ဘွဲ့ကြို တန်းနှစ်မျိုး သတ်မှတ်ပြီးစတင် ခေါ်ယူခြင်းဖြစ်သည်။

ပညာသင်ဆု ပေးရခြင်းမှာ နိုင်ငံတော် ဖွံ့ဖြိုးရေး၊ တည် ဆောက်ရေး လုပ်ငန်းများတွင် ပူး ပေါင်းပါဝင်နိုင် သည့် နိုင်ငံတကာ အဆင့်မီပညာ တတ်လူငယ်များ မွေးထုတ်ပေးရန် ထူးချွန်သောမြန် မာလူငယ်များ အတွက် ရေရှည်အ ကျိုးရှိမည့် လက်တွေ့ကျသော ပညာရေး အခွင့်အလမ်း ရရှိရန်နှင့် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး တွင် လိုအပ်သော ပညာရပ်များကို နိုင်ငံတကာ တက္ကသိုလ် များတွင် သင်ကြားခွင့် ရရှိစေရန် ရည်ရွယ် သည်ဟုဖော်ပြ ထားသည်။

သမ္မတ၏ ပညာတော်သင် ဆု ဘွဲ့လွန်သင်တန်းတွင် မဟာ တန်းနှင့် ပါရဂူတန်းနှစ်မျိုးရှိပြီး မ ဟာတန်း တက်ရောက်မည့်သူများ လျှောက်ထားရာတွင်တက္ကသိုလ် မှ ဂုဏ်ထူးတန်း၊ မဟာအရည်အ ချင်းစစ်သင် တန်း၊ ဘွဲ့လွန်ဒီပလို မာတန်းအောင်မြင်ပြီး မဟာတန်း တက်ရောက်ရန် အတွက် အဆင့်မီ သူဖြစ်ရမည်။ ပါရဂူတန်း အတွက် မဟာတန်း အောင်မြင်ပြီး သူ(သို့) မဟာတန်းသုတေသနဘွဲ့ရရှိပြီး သူဖြစ်ရမည်ဟု သတ်မှတ်ထား သည်။

ဘွဲ့ကြိုတန်းလျှောက်ထား မည့်သူများအနေဖြင့် တက္ကသိုလ် ၀င်စာမေးပွဲတွင် ရမှတ် ငါးရာနှင့် အထက်ရှိ သူများ၊ GCE-ALevel အောင်မြင်ပြီးသူများ၊ နိုင်ငံတကာ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ တစ်ခု ခုအောင်မြင်ပြီး သူများလျှောက် ထားနိုင်မည်ဖြစ်သည်ဟု သတ် မှတ်ထားသည်။

ပညာတော် သင်စေလွှတ်ခံရ ပြီး နိုင်ငံခြားမှ ဘွဲ့ရရှိပြီး ပြန်လာ သောအခါနိုင်ငံတော်မှ ပေးအပ် သော အလုပ်ကို ပညာသင်ကာလ ၏ နှစ်ဆ တိုင်အောင်တာဝန်ထမ်း ဆောင်ရမည်ဟု စာချုပ်ချုပ်ဆိုရ မည်ဖြစ်ပြီး ယင်းသို့မထမ်းဆောင် နိုင်ပါက ကုန်ကျခဲ့သောပညာ တော်သင်စရိတ်၏ သုံးဆကိုပေး လျော်ရမည်ဖြစ် သည်။ လျှောက်ထားသူများသည် အိမ်ထောင်မရှိသူ လူပျို၊ အပျိုဖြစ် ရမည်ဖြစ်ပြီး ၀န်ထမ်းဖြစ်ပါက သက် ဆိုင်ရာဝန်ကြီးဌာန၏ ခွင့်ပြု ချက်ပါရှိရမည်ဟုသတ်မှတ်ထား သည်။

‘‘ဒီလို ပညာတော်သင်အစီ အစဉ်တွေကကောင်းပါတယ်။ ဒါ ပေမဲ့ ပြည်တွင်းမှာဖြစ်ပေါ်နေတဲ့ ပညာရေး အတွက် လက်ရှိအနေ အထားက မလုံလောက်သေးပါ ဘူး။ဒါတွေကိုလည်း ဖြည့်ဆည်း ပေးဖို့လိုအပ် ပါ သေးတယ်’’ ဟု ပ ညာရေး စနစ်ပြုပြင်ပြောင်း လဲရေး နိုင်ငံလုံး ဆိုင်ရာ ကွန်ရက်(NNRE) အဖွဲ့ဝင် ဦးဇော်မျိုးလှိုင်ကပြော သည်။

ယင်းသို့ ပညာတော်သင်စေ လွှတ်ရာတွင် ယခင်ကရှိသော မူဝါ ဒများကိုပြောင်းလဲပြီး ဆောင်ရွက် ရန်လို အပ်ကြောင်း၊ ယခင်ကမူဝါ ဒများတွင်ကန့်သတ်မှုများနေပြီး ၀န်ထမ်းများလျှောက်ထားမည်ဆို ပါက အကြောင်းအမျိုးမျိုးကြောင့် သင်ကြားခွင့်မရအောင် ကန့်သတ် မှုများရှိနေခဲ့သည်ဟု NNREအဖွဲ့ ၀င်တစ်ဦးဖြစ်သူ ဒေါက်တာအာ ကာမိုးသူကဆိုသည်။

‘‘နောက်ပြီး ပညာသင်စေ လွှတ်မယ့်နိုင်ငံက ဘယ်လိုနိုင်ငံ ဆိုတာလို သေးတယ်။ ၂၀၀၇ လောက်က ရုရှားကို ဆရာတွေ ပညာတော် သင်လွှတ် တာရှိတယ်။ ဒီနိုင်ငံပြန်ရောက်တော့ သူသင်လာတဲ့ ပညာတွေကို အသုံးချလို့ မရဘူး။ အဲဒီအချက်တွေကိုလည်း ထည့်ပြီးစဉ်းစားစေချင်တယ်’’ဟု ဦးဇော်မျိုးလှိုင်က သုံးသပ်သည်။

လက်ရှိတွင် သမ္မတပညာ တော်သင်လျှောက် ထားရာတွင် သြဂုတ်လ ၃၁ ရက်နောက်ဆုံး ထားရမည်ဖြစ်ပြီး မည်သည့်နိုင်ငံ သို့စေလွှတ်မည်၊ ဦးရေမည်မျှစေ လွှတ်မည်ဟူသော အချက်ကိုမူ ထည့်သွင်းကြေညာခြင်း မရှိသေး ချေ။

နိုင်ငံတော်မှာ ထူးချွန် ကျောင်းသားများကို ပညာတော် သင်စေလွှတ်ရာတွင် မည်သည့် နိုင်ငံကိုစေလွှတ် မည်နည်း၊ ၎င်း တို့ ပြန်လည်ရောက် ရှိလာပါက မည်သည့်နေရာများတွင် အသုံးချ ၍ ရနိုင်မည်နည်း စသည့်အချက် များကို စနစ်တကျ စီစဉ်ပြီးဆောင် ရွက်သင့်သည်ဟု ဦးဇော်မျိုးလှိုင် ကပြောသည်။

7day

Previous
Next Post »
Powered by Blogger.