ဒွေး ကွယ်လွန်ခြင်း ၇နှစ်ပြည့်မှာ ထူးထူးခြားခြားအစီအစဉ် တစ်ခုလုပ်ဖို့ရှိတယ် ဆိုတဲ့ သားညီ


သားညီလို့ ပြောလိုက်ရင် အားလုံးက ဒွေးရဲ့ညီဆိုပြီး တန်းမြင်မိကြမှာပါ။ ဒွေးရှိစဉ်တုန်းက သူတို့ ညီအစ် ကိုနှစ်ယောက်ကို ဇာတ်ကားတွေထဲမှာ တပူးတွဲတွဲ မြင်နေရသလို သဘာဝဆန်တဲ့ သရုပ်ဆောင် ချက်တွေကြောင့်လည်း ပရိသတ်တွေ ရင်ထဲနေရာယူနိုင်ခဲ့ကြတာ အားလုံးအသိပါ။

ခု ကိုသားကြီးလို့ခေါ်တဲ့ ဒွေးဆုံးပါးသွားပြီးတဲ့နောက် သားညီကိုလည်း အနုပညာနယ်ပယ်မှာ မတွေ့ရသလောက်ဖြစ်သွားပြီး ခုနောက်ပိုင်းမှ ပြန်မြင်ရတာမို့ ကိုသားကြီးရှိစဉ်တုန်းကအချိန်တွေနဲ့ ခုချိန်ကွားခြားချက်တွေ၊ အဲ့ဒီကြားထဲ ကြုံခဲ့ရတဲ့ အခက်အခဲတွေကို သူက ခုလိုပြောပြသွားပါတယ်။

“ ကိုသားကြီး ရှိစဉ်တုန်းကဆို ကျွန်တော့်ဘ၀ရဲ့ ၈၀ ရာခိုင်နှုန်းလောက်က သူ့ကိုမှီခိုနေရတာ။ လူပျိုဘ၀ကဆိုရင် တစ်လကို သူနဲ့ ၃ကား ၄ကားပုံမှန်ရိုက်ဖြစ်တယ်။ ဘာမှစိတ်ပူစရာမလိုဘူး။ ကားရိုက်လဲရှိတယ်။ ၀င်ငွေပုံမှန်ရှိတယ်။ အိမ်ရှိတယ်။ အိမ်လခ ပေးစရာမလိုဘူး။ ကားတစ်စီးရှိတယ်။ သူရုတ်တရက် ဆုံးပါးတဲ့ချိန်မှာ အိမ်ထောင်စကျပြီ။ အိမ်ငှားနေရပြီ။ ကားမရှိတော့ဘူး။
အဲလိုမျိုးလေးတွေပေါ့။ ရုတ်တရက် ချက်ချင်းကြီး ပြောင်းလဲသွားတာပေါ့။

ကျွန်တော် ခုပြန်ရိုက်တဲ့ချိန်မှာ အရင်ကလောက်ပျော်ဖို့မကောင်းတော့ဘူး။ ခုလာမဲ့ ၇လပိုင်းဆို ကိုသားကြီး ၇နှစ်ပြည့်လဲရှိတော့ ဒီနှစ်မှာ သူ့အတွက် ထူးထူးခြားခြား အစီအစဉ်လေး တစ်ခုလုပ်ဖို့ ရှိပါတယ်။ အဲဒါ အဲ့နေ့ကျမှပဲ ကျွန်တော် ကြေညာပါ့မယ်။ ကျွန်တော်တို့ သူ့အတွက် အမှတ်တရ အစီအစဉ်လေး တစ်ခုလုပ်မလို့ပါ။

အဓိက အိုင်ဒီယာစရတာက ကိုညိုပါ။ ကိုညိုက ဘယ်သူ့မှမပြောပါနဲ့ဦးဆိုလို့ပါ။ ကျွန်တော်တောင် မစဉ်းစားမိတဲ့ အရာလေးတစ်ခုကို သူလုပ်ပေးမှာပါ။ သူစဉ်းစားပေးမှာပါ။ အဲဒီအတွက် ကိုညို့ကိုကျွန်တော်ကျေးဇူးတင်ပါတယ်” လို့ သူက ပြောပြသွားပါတယ်။

Trend Myanmar
Previous
Next Post »
Powered by Blogger.