လွှတ်တော်အတွင်း အဆိုမတင်သွင်းဖူးသည့်အမတ် လေးရာနီးပါးရှိ


လွှတ်တော်နှစ်ရပ်၏ သက်တမ်း ၂ နှစ်ကျော်အတွင်း အဆိုတင်သွင်းဖူးခြင်း မရှိသည့် ရွေးကောက်ခံ အရပ်သားလွှတ် တော်ကိုယ်စားလှယ် လေးရာနီး ပါးရှိကြောင်း လွှတ်တော်စောင့် ကြည့်လေ့လာရေး အစီအစဉ်ပြု လုပ်နေသည့် ပွင့်လင်းမြန်မာ့ရှေ့ ဆောင်အဖွဲ့၏ ဇွန်လအတွင်း ထုတ်ပြန်သော အစီရင်ခံစာ တွင် ဖော်ပြသည်။

လွှတ်တော်တွင် အဆိုတင် သွင်းဖူးခြင်း မရှိသည့် ရွေး ကောက်ခံလွှတ်တော်ကိုယ်စားလှယ်များမှာ စုစုပေါင်းအရပ်သားအမတ်များ၏ ၇၇ ရာခိုင်နှုန်းဖြစ်ပြီး ပြည်သူ့လွှတ်တော်မှ ရွေးကောက်ခံ လွှတ်တော် ကိုယ်စားလှယ် ၂၈၆ ဦး၊ အမျိုးသားလွှတ်တော်တွင် ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ် ၁၀၈ ဦး၊ စုစုပေါင်း ၃၉၄ ဦး ရှိနေသည်ဟု ယင်းအစီရင်ခံစာအရ သိရသည်။

မြန်မာနိုင်ငံ၏ ပထမအကြိမ် လွှတ်တော်မှ ဆဋ္ဌမအကြိမ်ပုံမှန် လွှတ်တော်အစည်းအဝေးများအ တွင်း ကိုယ်စားလှယ်များ၏ အဆို တင်သွင်းမှုကို လေ့လာကာ ပွင့် လင်းမြန်မာ့ရှေ့ဆောင်အဖွဲ့က လွှတ်တော်စောင့်ကြည့်လေ့လာ ရေး အစီရင်ခံစာ အမှတ်(၂)ကို ဇွန်လ ၂၄ ရက်တွင် ထုတ်ပြန် လိုက်ခြင်းလည်း ဖြစ်သည်။

အဆိုဟူသည်မှာ ပြည်သူလူ ထုအတွက် အရေးကြီးသည့် ကိစ္စ ရပ်များကို အစိုးရက မဖြစ်မနေ လုပ်ဆောင်ရန်အတွက် လွှတ် တော်သို့ တင်ပြခြင်းဖြစ်ပြီး မေး ခွန်းမေးခြင်းထက် ပိုမိုထိရောက် သည်ဟု လွှတ်တော်ကိုယ်စား လှယ်များက ပြောသည်။

သို့သော် တင်သွင်းသည့် အဆို အတည်ဖြစ်မှသာ အစိုးရက ဆောင်ရွက်ခြင်းဖြစ်သည့်အတွက် အဆိုအတည်ဖြစ်ရန် လွှတ်တော်တွင် မဲခွဲသည့်အခါ ထောက်ခံမဲများ လိုအပ်သည့်အတွက် လွှတ်တော်တွင်း အင်အားနည်းပါတီများ အနေဖြင့် အဆိုတင်သွင်းခြင်းကို စဉ်းစားလုပ်ဆောင်ကြသည်ဟု ချင်းတိုးတက်ရေးပါတီ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဇုန်းလှယ်ထန်းက ပြောသည်။

ပြည်သူ့ လွှတ်တော်တွင် ပထမပုံမှန်အစည်းအဝေးမှ ဆဋ္ဌမပုံမှန်အစည်းအဝေးအထိ ရက် ပေါင်း ၁၇၃ ရက်အတွင်း အဆို ပေါင်း ၁၅၄ ခုရှိခဲ့ပြီး အမျိုးသား လွှတ်တော်တွင် ပုံမှန်အစည်းအ ဝေး ရက်ပေါင်း ၁၆၉ ရက်အတွင်း အဆိုပေါင်း ၁၄၉ ခု ရှိခဲ့သည်ဟု ပွင့်လင်းမြန်မာရှေ့ဆောင်အဖွဲ့၏ အစီရင်ခံစာတွင် ပါရှိသည်။

ပြည်သူ့လွှတ်တော်တွင် တင်သွင်းသည့်အဆို ၁၅၄ ခု၊ ဆွေးနွေးသည့်အဆို ၈၀ ခုအနက် ၆၆ ခုကို အတည်ပြုနိုင်ခဲ့ပြီး အမျိုးသား လွှတ်တော်တွင် တင် သွင်းသည့်အဆို ၁၄၉ ခု၊ ဆွေးနွေး သည့်အဆို ၁၂၄ ခုအနက်မှ အဆို ၇၀ ခုကို အတည်ပြုနိုင်ခဲ့သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီအ တွင်းက ပွင့်လင်းမြန်မာ့ ရှေ့ ဆောင်အဖွဲ့က ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာတွင်လည်း လွှတ် တော်နှစ်ရပ်၏ သက်တမ်း ၂ နှစ် ကျော်အတွင်း မေးခွန်းမေးမြန်းဖူးခြင်း မရှိသည့် ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ် ၁၆၅ ဦးရှိကြောင်း ပါရှိသည်။


ရန်မျိုးနိုင် | 7day



Previous
Next Post »
Powered by Blogger.