ဖမ်းဆီးထားသည့် အမေရိကန် နိုင်ငံသားနှစ်ဦးကို ရုံးတင်စစ်ဆေးမည်ဟု မြောက်ကိုရီးယားကြေညာ

ဖမ်းဆီးခံထားရသူ နှစ်ဦးအနက်မှ တစ်ဦးဖြစ်သူ ဂျက်ဖရီ

ဖမ်းဆီးထားသည့် အမေရိကန် နိုင်ငံသား နှစ်ဦးကို တရားရုံးတင် စစ်ဆေးသွားမည်ဟု မြောက်ကိုရီးယားက အတည်ပြု ကြေညာလိုက်သည်။

မက်သရူးမီလာနှင့် ဂျက်ဖရီဖော်လီတို့ နှစ်ဦးကို ၎င်းတို့၏ ရန်လိုသော အပြုအမူများအတွက် မြောက်ကိုရီး ယားတရားရုံးတစ်ခု ရှေ့မှောက်တွင် စစ်ဆေးမည်ဟု KCNA သတင်းဌာနက ဖော်ပြခဲ့သည်။

ကိုရီးယားနွယ်ဖွား အမေရိကန် သာသနာပြု ကင်နက်သ်ဘေးသည် လတ်တလောတွင် မြောက်ကိုရီးယား ၌ ထောင်ဒဏ်(၁၅)နှစ် ကျခံနေရသည်။ ၎င်းကို (၂၀၁၂)ခုနှစ်၊ နိုဝင်ဘာလက ဖမ်းဆီးခဲ့ပြီးနောက် မြောက်ကို ရီးယား အစိုးရကို ဖြုတ်ချရန် ကြံစည်ကြောင်း စွဲချက်ဖြင့် တရားစွဲဆို ခံရခြင်း ဖြစ်သည်။

ယခုတရားစွဲဆိုခံရသော အမေရိကန် နိုင်ငံသား နှစ်ဦးလုံးသည် ကမ္ဘာလှည့် ခရီးသွား ဗီဇာဖြင့် မြောက်ကိုရီး ယားသို့ ဝင်ရောက်ခဲ့ခြင်း ဖြစ်သည်။ ဖော်လီသည် ဧပြီလ (၂၉)ရက်နေ့က မြောက်ကိုရီးယားသို့ ရောက်ရှိပြီး ဇွန်လဆန်းတွင် ပြန်လည်ထွက်ခွာရန် ပြင်ဆင်နေခိုက် အထိန်းသိမ်း ခံခဲ့ရသည်။

ဂျပန်သတင်းဌာန Kyodoကမူ ဖော်လီသည် ဟိုတယ်ခန်း တစ်ခုထဲတွင် သမ္မာကျမ်းစာတစ်အုပ် ချန်ထားခဲ့၍ အဖမ်းခံရခြင်းဟု ဖော်ပြခဲ့သည်။ မီလာကိုမူ ဧပြီလ (၁၀)ရက်နေ့က ဖမ်းဆီးထားခြင်းဟု KCNAက ဆိုသည်။

မြောက်ကိုရီးယားသည် ယခင်ကလည်း အမေရိကန် နိုင်ငံသားများကို စွဲချက်အမျိုးမျိုးနှင့် ဖမ်းဆီးခဲ့ သည့် ဖြစ်ရပ်များ ရှိခဲ့ဖူးသည်။ အမေရိကန်သည် မြောက်ကိုရီးယားနှင့် သံတမန် ဆက်ဆံရေး ထူထောင် မထားသော်လည်း သမ္မတဟောင်း ဘီလ်ကလင်တန်က မြောက်ကိုရီးယားသို့ သွားရောက်ကာ ဖမ်းဆီးခံ အမေရိကန် နိုင်ငံသားများ လွတ်မြောက်ရေးအတွက် ဆောင်ရွက်ပေးခဲ့ဖူးသည်။


7day
Previous
Next Post »
Powered by Blogger.