‘ပုဂံ’
မြန်မာ့ယဉ်ကျေးမှုအစ၊ မြန်မာ့ သမိုင်းတို့၏အစဖြစ်တည်ရာ ထိုနယ်မြေ ပေါ်တွင် ရှေးယခင်အဆက်ဆက်ကပင် တည်ရှိထားခဲ့သည့် ရိုးရာအမွေအနှစ် များက ယနေ့တိုင် ထင်ရှားဆဲ၊ ထင်ပေါ် ဆဲဖြစ်သည်။ ထို့အပြင် ‘ပုဂံ’နှင့်အတူ စင်ပေါ်ရောက်လာသည့် မြန်မာ့ရိုးရာဓ လေ့၊ ယဉ်ကျေးမှုများကလည်းဒုနှင့်ဒေး။ နိုင်ငံတကာကပါ စိတ်ဝင်တ စားနှင့် အံ့သြရသည့် မြန်မာ့ဓလေ့ထုံးတမ်းများ၊ မြန်မာ့ရိုးရာလက်ရာများနှင့် အမွေအ နှစ်များ၊ ထိုအရာများက ‘ပုဂံ’သို့ လာ ရောက်သည့်မည်သည့်နိုင်ငံသားကိုမ ဆိုမင် သက်စေနိုင်စွမ်းရှိသည်။
‘ပုဂံ’၏ ရိုးရာကို အမှီသဟဲပြုကာ အသက်မွေးဝမ်းကျောင်း နေရသူများ မှာ ယနေ့တိုင် ရှိနေဆဲဖြစ်ပြီး ထိုသူများ သည် ပုဂံသူပုဂံသားများအဖြစ် ပေါက် ဖွားလာခဲ့ကြသူ များဖြစ်သည်။ နိုင်ငံခြား သား ခရီးသွားများ၏ စိတ်ဝင်တစားရှိ လာမှုကြောင့် ပုဂံနှင့်အတူ ပနံသင့်လာကြ သူများလည်း ဖြစ်သည်။ သာမန်မြန်မာ သိရုံသာမက ကမ္ဘာကပါ တစ်စိတ်တစ် ဒေသသိလာကြသည့် ယဉ်ကျေးမှုဘဝ များ။ ထိုဘဝများက ယခင်နှင့်မတူတော့ ဘဲ သိသိသာသာပြိုလဲမှုများရှိလာသည်။ အပြောင်းအလဲများရှိလာပြီး အချို့က
ဘိုးဘွားစဉ်ဆက် ယဉ်ကျေးမှုလုပ်ငန်း ကို လုပ်ကိုင်ရန် တွန့်ဆုတ်လာကြသည်။ ထိုဘဝများကို ယေဘုယျစစ်တမ်း ကောက်ကြည့်မည်ဆိုပါက ဤသို့ တွေ့ နိုင်ပေလိမ့်မည်။
ညောင်ဦးမြို့မှ ပုဂံမြို့ဟောင်းသို့ သွားရာလမ်းတစ်လျှောက်တွင် မြင်းခွာ သံများများစားစား မကြားရတော့။ ထို မြင်းခွာသံနေရာတွင် စက်တပ်ယာဉ် အသံများက ဝင်ေ ရာက်နေရာယူထား သည်။ မြင်းလှည်းနှင့် ခရီးသွား ဘုရား ဖူးတို့က နေရာတိုင်းနီးပါးတွင် မတွေ့ရ တော့ဘဲ မြင်းလှည်းအများအပြားကို လည်း အရိပ်ကောင်းသည့် သစ်ပင် အောက်တို့တွင် မတွေ့ရတော့။
”ပုဂံ”ဟုဆိုလျှင် မြင်းလှည်းဖြင့် သွားလာနေကြသည့် ပုံရိပ်များက ဓာတ် ပုံများအတွင်း၌သာ ကျန်ရစ်တော့ မည်ဟုထင်ရသည်။
နိုင်ငံခြားသား ဧည့်သည်များအ တွက် စက်ဘီးနှင့်မြင်းလှည်းဟူ၍ နှစ် မျိုးသာစီးခွင့်ရထားရာမှ စက်ဘီးမကျ ဆိုင်ကယ် မဟုတ် လျှပ်စစ်စက်ဘီးများ စတင်ဝင်လာသည့် ၂ဝ၁၃ ခုနှစ်မှစ၍ ဧည့်သည်များ ယင်းသို့ အာရုံပြောင်းလာ သည်။ မြင်းလှည်းတစ်စီးကို နေထွက်မှ နေဝင်အထိ မငှားလိုကြတော့။ တစ် ကိုယ်တည်းကျောပိုးအိတ် ခရီး သွားများ အနေဖြင့် စရိတ်ချုံ့ကာ ¤င်းလျှပ်စစ် စက်ဘီးကိုသာ ငှားစီးကြသည်။ လျှပ်စစ် စက်ဘီးများတွင်ကျယ်လာပြီး မြင်း လှည်းတို့ ဈေးကွက်ကျုံ့လာသည်။ ထို့အပြင် မြင်းလှည်းသမားတို့ စီးပွားရေး ကျပ်တည်းလာသည်။ မြင်းအကောင် ကြီးကြီး တပ်ဆင်ရမည့်နေရာတွင် မြင်း အရွယ်အလတ်စားခန့်ဖြင့် အစားထိုးကြ ရသည်။
မြင်းလှည်းအငှားမရသည့် နေ့ များတွင် မြင်းစာဖိုးကို မိသားစုစရိတ်မှ အကုန် အကျခံရသည်။ မြင်းလှည်းများ အတွက်
ဂိတ်တစ်ခုအဖြစ် ယနေ့အချိန် အထိ သီးသန့်မရှိသေး။
‘ပုဂံ’
ရှေးဟောင်းယဉ်ကျေးမှုမြို့ကြီးအ တွက် ရိုးရာယဉ်ကျေးမှု စီးတော်ယာဉ် မြင်းလှည်းတို့က ထင်သလောက်အသက် ဝင်မှုမရှိတော့။”မြင်းလှည်းက ဘယ်ဘက်က စမ်း စမ်းခံဘက်ချည်းပဲ”မြင်းလှည်းသမား ဦးဖိုးတွတ်စကားက စကားထက်ပိုသော အတွေးများကိုသာဖြစ်စေသည်။
”ပုဂံ”တွင်ရှိသော ယဉ်ကျေးမှုဘဝ တွင် လက်မှုပညာများလည်း ပါဝင်ရ မည်။ လက်မှုပညာများကို ထုဆစ်မည့် ပညာရှင်များလည်း ပါဝင်ရမည်။ ပုဂံ၏ လက်မှုပညာများစွာ အတွင်းမှ လူကြိုက် များသည့်အထဲတွင် ‘ယွန်း’ပညာသည် လည်း တစ်ခုပါဝင်သည်။ယွန်းထည် လုပ်ကိုင်ရာနေရာများကို နိုင်ငံခြားသား ပညာရှင်များ စိတ်ဝင်တစားသွားေ ရာက် လေ့လာစမြဲဖြစ်ပြီး ယွန်းထည်အသုံး အဆောင်များကို အမြတ်တနိုးဝယ်ယူလေ့ ရှိစမြဲဖြစ်သည်။
သို့သော် ယခုအချိန်တွင် ထိုကဲ့သို့ မဟုတ်ကြတော့။ အပြောင်းအလဲများနှင့် ဖြစ်လာသည်။
ယွန်းလက်ရာ အကောင်းဆုံး နေရာကား ‘ပုဂံ’ဖြစ်ပြီး နံပါတ်နှစ်ကား ‘မြင်းကပါရွာ’ဖြစ်သည်။ နိုင်ငံခြားခရီး သွားဧည့်များက ယွန်းထည်များကို စိတ် ဝင်စားမှုမရှိကြခြင်းေ တာ့ မဟုတ်။ ယခင်လို ဘုရားစောင်းတန်းများရှိ အမှတ်တရပစ္စည်းအရောင်းဆိုင်များက မဝယ်ယူကြတော့ဘဲ ယွန်းထည်အလုပ် ရုံကြီးများတွင် တိုက်ရိုက်သွားေ၇ာက် ဝယ်ယူလာကြသည်။ ထိုအခြေအနေ တွင် ယွန်းထည်များ တစ်ပိုင်တစ်နိုင် လုပ်ကိုင်ကြသည့် လက်မှုပညာရှင်များ အခက်တွေ့လာသည်။
ကန်တော့ပုလ္လင်ဘုရားက ပုဂံမြို့ ဟောင်းတွင် တည်ရှိသည့်ဘုရား။ ထို ဘုရားတွင် ယွန်းထည်ရောင်းချသည့် ဆိုင်က နှစ်ဆိုင်တည်းသာရှိသည်။ အ ဆိုပါ ဆိုင်နှစ်ဆိုင် တွင်းမှ ယွန်းထည်ကို အသက် ၁၆ နှစ် သမီးအရွယ်ကတည်းက ပင် စတင်လုပ်ကိုင်ခဲ့သည့် ဒေါ်မေသန်း တို့ မိသားစုဆိုင်လည်း ပါဝင်သည်။ ယခင်က ပုဂံမြို့ပေါ်တွင် လုပ်ကိုင်ခဲ့ သော်လည်း အစိုးရက နေရာပြောင်း ရွှေ့မှုကြောင့် ပုဂံမြို့သစ်သို့ ရွှေ့ပြောင်း ခဲ့ကြရသည်။
ယခင်က ဧည့်သည်ကျသည့်ရာသီ များတွင် ယွန်းထည်များ တစ်ရက်ခြား ရောင်းချရမှုမှ ယခုအခါ လခြားဖြစ်လာ သည်။ တစ်ခါတရံခရီးသွားရာသီဖြစ် သော်လည်း ယွန်းထည်များ ရောင်းချရ ခြင်းမရှိတော့။ ယွန်းထည်လုပ်ငန်းကို ငယ်စဉ်ကတည်းက သင်ယူခဲ့ရပြီး ယဉ် ကျေးမှုအမွေအဖြစ် ချစ်မြတ်နိုး၍သာ ဆက်လက်လုပ်ကိုင်ေ နရခြင်းဖြစ်သည် ဟုလည်း သိရသည်။
”တချို့နိုင်ငံခြားသားက မြန်မာ လောက်တောင် ယွန်းထည်ကိုဈေးမပေး တော့ဘူး။ ဈေးအရမ်းနှိမ်လာကြတယ်”
ဒေါ်မေသန်းက အသက်ခြောက် ဆယ်ကျော်သော်လည်း ယွန်းထိုးနိုင်ဆဲ။ ထိုးထားသမျှလက်ရာ တိုင်းနီးပါးကို ဝယ်မည့်သူရှားသည့် ခေတ်ဖြစ်လာ သော အခါ သူ့အဖို့ ယွန်းထိုးရ သည်က ယခင်လောက် လက်မသွက်ချင် တော့ ဟု ဆိုသည်။ သူ့ထံတွင် ပုဂံမြို့သား တစ်ဦး၏ သွေးများစီးဆင်းဆဲဖြစ်ပြီး ဆီးဂိမ်းဖွင့်ပွဲတွင် ပုဂံဝတ်စုံများ၊ ရိုးရာ အကများဖြင့် ဖွင့်လှစ်ချိန်တွင်တော့ ပုဂံ သူတစ်ဦးအဖြစ် ဂုဏ်ယူမိသကဲ့သို့ ကြက်သီးမွေးညင်းများထကာ မျက်ရည် ကျမိသည်ဟု ဆိုသည်။
”ယွန်းထည်အလုပ်ရုံကြီးတွေကို တော့ ဝင်ကြည့်ကြရင် ဝယ်ကြမှာပါ” သူက ပုဂံမြို့သစ်တွင် အနည်းငယ်သာ ရှိသော ယွန်းထည်အလုပ်ရုံကြီးများသို့ နိုင်ငံခြားသားများ သွားရောက်လေ့လာ ကြမည်ဖြစ်ကာ ထိုနေရာတွင်ပင် ယွန်း ထည်လက်ရာများ ဝယ်ကြမည်ဟု ထင် ကြေးပေးပြောကြားခြင်းဖြစ်သည်။ သို့ သော် ရိုးရာယွန်းထည်များက ဆိုင်ကြီး များတွင် မည်သို့ရှိမည်မသိသော်လည်း ဘုရားစောင်းတန်းများရှိ ယွန်းထည် အရောင်းဆိုင်ငယ်များက ဝယ်သူကို မျှော်နေကြရသည့် ဘဝများဖြစ်နေချေ ပြီဖြစ်သည်။
”ပုဂံ”သည် ယဉ်ကျေးမှုနယ်မြေ ရှေးဟောင်းမြို့ကြီးအဖြစ် ထင်ရှားဆဲ၊ ထင်ရှားမြဲဖြစ်သည်။ ယခင်ထက်ပိုမို ကောင်းမွန်သည့် ခရီးသွားဝန်ဆောင်မှု များလည်းရှိလာ ပြီး မြန်မာ့ရိုးရာအမွေ အနှစ်များကလည်း ယခုတိုင်တည်တံ့ နေဆဲလည်းဖြစ်သည်။ ထို့အတူ ပုဂံ ဘုရားများရှိ နံရံဆေးရေး ပန်းချီများ ကား ရှေးဟောင်းသုတေသနပြုလုပ် သူများ ယနေ့ထိတိုင်အံ့သြစွာ ရှာဖွေနေ ရဆဲ လက်ရာများဖြစ်သည်။ ထိုပန်းချီ လက်ရာများက မြင်းကမ္ဘာရွာရှိဂူပြောက် ကြီးဘုရားနှင့် ဝက်ကြီးအင်းရွာရှိ ဂူပြောက်ကြီး တို့တွင် အလှပဆုံးနှင့်အများ ပြားဆုံးဖြစ်သည်ဟု သိရသည်။
၎င်းလက်ရာများကို တစ်သီးတစ် သန့် သွားရောက်ကူးယူကာ ဆေးရေး ပန်းချီများအား ပိတ်ကားထက်တွင် ပြန် လည်ပုံဖော်သည့်ပန်းချီဆရာများ ပုဂံ တွင်များစွာရှိသည်။ ရှေးခေတ်လက်ရာ များကို သမားရိုးကျပန်းချီအဖြစ် ရေးဆွဲ ရောင်းချရာမှ ”သဲ”မှုန့်များဖြင့် ဖန်တီး သည့် ”သဲပန်းချီ”ကို ပုဂံတွင်သာတွေ့ နိုင်သည်။
ဧရာဝတီမြစ်ကမ်းထက်မှ သဲမှုန့် များရယူကာ ဆန်ခါနှင့်တိုက်၍ရလာ သည့် သဲမှုန့်အသန့်များဖြင့် ဖန်တီးသည့် ယင်းသဲပန်းချီသည် ပုဂံတွင် လွန်ခဲ့သည့် သုံးလေးနှစ်ခန့် မှ စတင်ကာ ခေတ်စား လာခဲ့သည်။ ထို့အပြင် ရိုးရာလက်ရာကို ဆန်းသစ်မှုဖြင့် ပေါင်းစပ်ထားသည့်အ တွက် နိုင်ငံခြားသားများ အကြိုက်တွေ့ခဲ့ သည်က မလွဲ။
သဲပန်းချီကို စတင်ရေးဆွဲဖန်တီး သူများတွင် ပါဝင်ခဲ့သည့် ပန်းချီဦးလှ ဝင်းက ၄င်း၏ဆရာအချို့ သင်ပြမှု ကြောင့် ပန်းချီလောကထဲ ဝင်ရောက် လာခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ နံရံ ဆေးရေးပန်းချီလက်ရာများအတိုင်း ရေးဆွဲသည့် သဲပန်းချီတို့က သာမန် ပန်းချီလက်ရာများထက် ရောင်းအား ကောင်းလာသည်။ ထို့အပြင် ပုဂံဘုရား ထဲတွင် တစ်ထိုင်တည်းဆွဲပြတတ်သည့် သူ့အတွက် နိုင်ငံခြားသားများက ပန်းချီ ဆွဲခြင်းကို လေ့လာရင်း ပန်းချီကားကို ပါ ဝယ်ယူကြခြင်းဖြစ်သည်။ သဲခင်း ထားသည့် ပန်းချီကား ချပ်ပေါ်တွင် ရေး ဆွဲထားသည့် လက်ရာများက ဧည့်သည် ကို ဆွဲဆောင်နိုင်မှု များပြားလာ သည်နှင့်အမျှ ယင်းပန်းချီကို ဖန်တီး သူများလည်း အများအပြားဖြစ်လာ သည်။ သို့သော် ပန်းချီကားလက်ရာများ က ဈေးကြီးမြင့်လှသည်မဟုတ်။
ပန်းချီဖန်တီးမှု လက်ဝင်သည့်အ တွက် မြန်မာဧည့်သည်များကို တစ် သောင်းကျပ်ဖြင့် ရောင်းလျှင် နိုင်ငံခြား သားဧည့်သည်ကို နှစ်သောင်းခန့်နှုန်းဖြင့် ရောင်းချကြသည်။ သို့သော် တစ်နှစ်ခန့် အတွင်း ယင်းပန်းချီများ အဝယ်ကျလာ သည်။ ယခင်က စိတ်ဝင်တစားဖြစ်ခဲ့ရာ မှ ယခုအခါ လိုက်လံပြသရောင်းချရ သည့်ဘဝဖြစ်လာသည်။ တစ်ပတ် မှတစ် လခန့်အချိန်ယူဖန်တီးရသည့် နံရံပန်းချီ ပုံစံကားချပ်များ၏ ရောင်းအားက သတ်မှတ်၍ မရလောက်အောင်ပင် ကျဆင်း သွားသည်။ ပန်းချီဆွဲချင်စိတ် ကုန်လောက်ေ အာင်ပင် ဖြစ်လာစေ သည်ဟု ¤င်းက ဆိုသည်။
ဝယ်လိုအားကျလာသည့် သဲပန်း ချီဈေးကွက်ကို သဲပန်းပုဖြင့် အစားထိုး ကာ မြှင့်တင်ရန်ကြိုးစားကြည့်ကြသည်။ သဲမှုန့်များဖြင့် ဖောင်းကြွသဏ္ဌာန်ရေးဆွဲ ထားသည့် ပန်းချီကားချပ်များက လုပ်ရ ကိုင်ရပို၍လက်ဝင်သည်။ ပို၍လက်ရာ မြောက်သည်။ ပို၍အနုစိပ်သည်။ ထို့ ကြောင့် ဈေးနှုန်းမှာမူ ပို၍မြင့်မားသည်။ သို့သော် အနုပညာလက် ရာကအနုပညာ သက်သက်သာဖြစ်လို့နေပြီး စီးပွားရေး တစ်ခုအဖြစ် ဈေးကွက်သို့မထိုးဖောက် နိုင်တော့။
”နိုင်ငံခြားသားတွေက ခရီးစရိတ်၊ တည်းခိုစရိတ်များလာတော့ ဒီလို ဘက်မှာ ငွေမသုံးနိုင်ကြတော့ဘူး”ဟု ဦးလှဝင်းက ဆိုသည်။ ယခင်က တည်း ခိုခန်းတစ်ခန်းလျှင် ငါးဒေါ်လာသာ ကျ သင့်သည့်အချိန်တွင် လက်မှုပညာများ ဝယ်ယူရန်စရိတ်စက ကျန်နိုင်သော် လည်း ယခုအခါ အခန်းတစ်ခန်းလျှင် ဒေါ်လာသုံးဆယ်နီးပါး တိုးမြင့်သွား သောအခါ မြန်မာ့ယဉ်ကျေးမှုများကို မှတ်တမ်းတင်ရန်သာဖြစ်လာကြသည်။
”ပုဂံ”မြို့တွင် လေ့လာစရာ ရှေး ဟောင်းနေရာများစွာရှိသည်။ မှတ်တမ်း တင်စရာ လက်မှုပညာရပ်များစွာရှိ သည်။ မင်သက်အံ့သြဖွယ်ရာ ရှေး ဟောင်းနယ်မြေများစွာ ကျန်ရှိတုန်း လည်း ဖြစ်သည်။ ခေတ်အဆက်ဆက် တည်တံ့နေသည့်ပုဂံဘုရားများ၊ အုတ် ကျောင်းများ၊ တံတိုင်းများ၊ မြို့အဝင်တံ တိုင်းများက အကောင်းပကတိ ကျန်ရှိနေ ဆဲလည်း ဖြစ်သည်။
ထိုထိုသော ယဉ်ကျေးမှုသမိုင်းဝင် နေရာ၌ ¤င်းအား ယနေ့တိုင်ရှေးဟောင်း အမွေအနှစ်များအဖြစ် ရှင်သန်ရပ်တည် နေစေမည့် ဘဝများစွာက အထက်ပါ အတိုင်း ရှိနေသေးသည်။ ထိုသူတို့က ဘဝကိုရိုးရှင်းစွာဖြတ်သန်းနေကြပြီး ၄င်း တို့တတ်ကျွမ်းသည့် အရာများကပင် ”ပုဂံ”နှင့်အတူ ပူးတွဲပုံရိပ်ထင်စေသည့် ယဉ်ကျေးမှုများဖြစ်ေ နပြီး ဤသို့သော ယဉ်ကျေးမှုဘဝများ ပျောက်ဆုံးသွားခဲ့ မည်ဆိုပါလျှင် ”ပုဂံ”သည် မည်မျှပြောင်း လဲသွားနိုင်မည်ဆိုသည်က စဉ်းစားဖွယ် ရာ ဖြစ်သည်။ စီးပွားရေးအရ ရပ်တည် ရန်ခက်ခဲလာသည့် ၄င်းတို့၏ ဘဝကား နှလုံးသားနှင့် ယဉ်ကျေးမှုအတွက်တော့ အသက်ဆက်ဆဲသာဖြစ်သည်။
သုတလင်း | Popular Myanmar
Sign up here with your email
ConversionConversion EmoticonEmoticon