ပဲခူးမြို့နယ်မှာ ရှိတဲ့ အလိုင်နီ ရေလှောင်တမံရဲ့ ပိုင်နက်အတွင်းမှာ ဘုန်းကြီးကျောင်းက ပါနေတာကြောင့် ရွှေ့ပြောင်းခိုင်းတာလို့ ဧပြီ ၁ ရက်နေ့က သက်ဆိုင်ရာက စာထုတ်ပြန်ခဲ့တာလို့ ဆိုပါတယ်။
အောင်သိဒ္ဓိဘုန်းကြီးကျောင်းဝင်းဟာ ၄ ဧကခန့် ကျယ်ဝန်းပြီး စာသင်ကျောင်း အပါအ၀င် သီတင်းသုံးရာ ကျောင်းဆောင် စုစုပေါင်း ၆ ဆောင် ရှိပါတယ်။ ဘုန်းတော်ကြီး ပညာသင်ကျောင်းအဖြစ် အလယ်တန်းပညာ သင်ကြားတဲ့ကျောင်းလည်း ဖြစ်ပါတယ်။
အောင်သိဒ္ဓိဘုန်းကြီးကျောင်းမှာ ရဟန်းသံယာ ၂၀ နီးပါးလောက် သီတင်းသုံးနေကြပြီး စာသင်ကျောင်းမှာ စာသင်ကြားနေသူ ၂၀၀ ကျော်ခန့် ရှိပါတယ်။
အလိုင်နီ ရေကာတာ မတည်ဆောက်ခင်နဲ့ တည်ဆောက်နေစဉ်ကာလက ဒီဘုန်းကြီးကျောင်းကို ဖယ်ရှားခြင်းမရှိပဲ သမီးလေးကျေးရွာက ဒုက္ခသည်တွေကို ခိုလှုံခွင့်ပေးခဲ့ပြီးနောက် ခုလို ရွှေ့ပြောင်းဖို့ စာထွက်လာတာပါ။
လတ်တလော သမီးကလေးကျေးရွာသားတွေကတော့ ယာယီဒုက္ခသည်စခန်းကနေ ဒီကေဘီအေ ထိန်းချုပ်ရာ ထိုင်းမြန်မာနယ်စပ် သောင်းရင်းမြစ်နဘေးက ကျေးရွာတရွာကို ပြောင်းရွှေ့ နေကြပါတယ်။
ဒီဗွီဘီ
Sign up here with your email
ConversionConversion EmoticonEmoticon