၁၉၃၇ခုနှစ်တွင် မြန်မာနိုင်ငံသည် အိန္ဒိယလက်အောက်ခံအဖြစ်ကို တွဲဖက်ထားရာမှ ခွဲထွက် လိုက်ပြီးေ နာက် မြန်မာပြည်ကမ်းရိုးတန်း ကာကွယ်ရေးအတွက် ရေတပ်တစ်ခု မရှိမဖြစ် လိုအပ်လာခဲ့သည်။ ဒေသန္တရ သာမန်ကာကွယ်ရေးအတွက် လည်းကောင်း၊ စစ်ကာလတွင် ဆိပ်ကမ်းနှင့် ကမ်းရိုးတန်း ကာကွယ်ရေးအ တွက် လည်းကောင်း “မြန်မာပြည်ဘုရင့်အပျော်တမ်း အရန်ရေတပ်”ကို တည်ထောင်ရန် ၁၉၃၉ ခု နှစ်ဦး ပိုင်းတွင် ဆုံးဖြတ်ချက်ချခဲ့သည်။ သို့သော် အခြေအနေအရပ်ရပ်ကြောင့် ၁၉၄၀ ခုနှစ်၊ ဇွန်လကျမှသာ “မြန် မာပြည် ဘုရင့်အပျော်တမ်း အရန်ရေတပ်” (Burma Royal Naval Volunteer Reserve- BRNVR) ဟူေ သာ အမည်ဖြင့် ဖွဲ့စည်းခွင့် ရရှိခဲ့သည်။ ကနဦးရေတပ် ထူထောင်မှုအတွက် အရာရှိ ၁၃၈ ဦးနှင့် အခြားအ ဆင့် ၁၀၀၀ ဦး ပါဝင် ဖွဲ့စည်းခွင့်ပြုခဲ့သည်။
မြန်မာပြည်အပျော်တမ်း အရန်ရေတပ်မတော်ကို ဗြိတိသျှရေတပ်မတော်မှ စေလွှတ်လိုက်သော ဗိုလ်မှူးကြီး ကေအက်စ်လိုင်းက တပ်မှူးကြီးအဖြစ် တာဝန်ယူ၍ ထိုစဉ်က မြန်မာနိုင်ငံတွင် ဘုရင်ခံအဖြစ် အုပ်ချုပ်လျက် ရှိသော ဘုရင်ခံ ဆာရယ်ဂျီနယ် ဒေါမန်စမစ် (Sir Reginald Dorman-smith) က အရန်ရေတပ်မတော်၏ ဦးစီးဗိုလ်ချုပ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ တည်ထောင်စတွင် စစ်ရေယာဉ်အင်အားအနေဖြင့် တိတိကျကျ သတ်မှတ်ထားနိုင်ခြင်းမရှိခဲ့ဘဲ ဒေသန္တရ ရေယာဉ်အမျိုးမျိုးတို့အား မိုင်းရှင်းရေယာဉ်၊ ရေငုပ် သင်္ဘောတိုက်ဖျက်ရေးရေယာဉ် စသည်ဖြင့် အသီးသီးအသွင်ပြောင်းလဲ အသုံးပြုခဲ့သည်။ ထို့ကြောင့် လေ့ ကျင့်ရေးရေယာဉ်အဖြစ် သောင်းတူးရေယာဉ်တစ်စီး နှင့် ကမ်းရိုးတန်းသုံး ခရီးသည်တင်ရေယာဉ်တစ်စီး၊ မိုင်းရှင်းရေယာဉ်အဖြစ် “စိုးမကြီး” ခေါ် တွဲသင်္ဘောတစ်စီး၊ ကင်းလှည့်ရေယာဉ်အဖြစ် အစိုးရ ML ၃ စီး တို့ဖြင့် စတင်ခဲ့ရသည်။ ရေယာဉ်အသစ်အဖြစ် “ဖဲရားမိုင်း” ကင်းလှည့်ရေယာဉ် ၂ စီး၊ မော်တော် မိုင်းရှင်းေ ရယာဉ် ၁၄ စီး၊ ရေငုပ်သင်္ဘောတိုက်ဖျက်ရေး (Sub Chaser) မိုင်းရှင်းရေယာဉ် ၂ စီး တို့အား ဆောက် လုပ်ရန် စီမံခဲ့သော်လည်း “ဖဲရားမိုင်း” ၂ စီးသာ ပြီးစီးလျက် အသုံးပြုနိုင်ခဲ့သည်။
ပြောင်းလဲအသုံးပြုခဲ့သည့် ရေတပ်သင်္ဘောများအား His Majesty’s Burma Ships ဟု ၀ိသေသ အမည် သတ်မှတ်၍ HMBS SOMAGYI ၊ HMBS PANHLAING ၊ HMBS LEE’S အစရှိသည့် အမည်များပေးခဲ့ သည်။ ထိုသင်္ဘောများတွင် စစ်ရေယာဉ်မှူးများအဖြစ် အင်္ဂလိပ် အရာရှိများကိုသာ တာဝန်ပေး ကွပ်ကဲအုပ် ချုပ်စေခဲ့သည်။ ယင်းရေယာဉ်ငယ်များတွင် ထိုစဉ်က လူ၊ စက်သေနတ်များ ၊ဘရင်:စက်သေနတ်များ တပ် ဆင်ပေးထားသည်။အချို့ရေယာဉ်ငယ်များတွင် သုံးပေါင်ဒါ အမြောက်များတပ်ဆင်ခဲ့သည်။ မြန်မာပြည် ဘုရင့်အပျော်တမ်းအရန်ရေတပ် ဖွဲ့စည်းသည့်ရက်ကို တရားဝင်ကြေငြာချက် ထုတ်ပြန်ပြီးသည့်နောက် အပျော်တမ်းသင်တန်း တက်ရောက်နေသူ အရာရှိများနှင့် အရပ်ဘက်စစ်မှုထမ်းမှ စစ်ဘက်သို့ ပြောင်းရွေ့ အမှုထမ်းဆောင်ခွင့် ပေးလိုက်သူများအား ပြန်တမ်းဝင် အရာရှိများအဖြစ် ခန့်အပ်ခဲ့သည်။ မြန်မာပြည်တွင် ပထမဆုံးနိုင်ငံသားထဲမှ အရာရှိဖြစ်လာသူမှာ ဗိုလ်သန်းဖေ(ဗိုလ်မှူးချုပ်သန်းဖေ) ဖြစ်လေသည်။
အုပ်ချုပ်မှုနှင့်လေ့ကျင့်ရေးအတွက် ရန်ကုန်မြို့ ကမ်းနားလမ်းရှိ Public Works Department (P.W.D) ဂိုဒေါင်ဝင်းအား ခေတ္တငှားရမ်းလျက် သင်တန်းစခန်း ဖွင့်လှစ်ခဲ့ရပေသည်။ အချို့သင့်တော်သော အေ ဆာက်အဦတို့အား သင်တန်းခန်းမ အဖြစ် သုံးခဲ့ရသည်။ ဗြိတိသျှရေတပ် ဗိုလ်မှူးကြီးနှင့် အရာရှိ အချို့တို့ ကလူတွေ့စစ် ဆေးခြင်းကို ပြုလုပ်ရာ အင်္ဂလိပ်ဘာသာစကား တတ်မြောက်မှုကို အဓိကထားခဲ့သည်။ အ များအားဖြင့် ရွေးချယ်ခံရသူများမှာ ဗမာ ၊မြန်မာ-အင်္ဂလိပ်ကပြား နှင့် ကရင်လူငယ်များ ဖြစ်သည်။ သို့ေ သ်ာလည်း လွတ်လပ်ရေးမရမီအထိ မြန်မာပြည် ဘုရင့်အပျော်တမ်းအရန်ရေတပ်တွင် တိုင်းရင်းသားလူမျိုး ၁၂ မျိုးခန့်ပါရှိခဲ့ပေသည်။
Myanmar NAVY
Sign up here with your email
ConversionConversion EmoticonEmoticon