သူငယ်ချင်းကို စတီးဂီတာကြိုးနဲ့ ခေါင်းဖြတ်သတ်ပြီး ခေါင်းပြတ်ကို အိတ်ထဲသိမ်းထားခဲ့သူ

ဂျိမ်းပေါစ်ဟဲရစ်ဆိုသူဟာ သူငယ်ချင်းဖြစ်သူ ဂျိမ်းစ်ဂရယ်တီကို ခေါင်းဖြတ်သတ်ခဲ့မှုနဲ့  တရားစွဲဆိုခံထားရပါတယ်။

စတီးဂီတာကြိုးသုံးပြီး သူငယ်ချင်းဖြစ်သူကို ခေါင်းဖြတ်သတ်ခဲ့ရုံမက သူနဲ့ စကားပြောဆိုဖို့ အတွက် ခေါင်းကို အိတ်ထဲ ထည့်သိမ်းထားခဲ့သေးတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ဂျိမ်းစ်ပေါလ်ဟဲရစ်ကတော့ ဒီကိစ္စကို ငြင်းဆန် ထားပါတယ်။

အသက် ၂၉ နှစ်အရွယ် ဂျိမ်းပေါလ်ဟဲရစ် ကို ၂၀၁၁ ခုနှစ်က အီလီနွိုက်စ်ပြည်နယ်၊ အိုဆေ့ဂ်ျကောင်တီမှာ ဂျိမ်းစ်ဂရယ်တီကို အကြမ်းဖက်သတ်ဖြတ်ခဲ့မှုနဲ့ တရားစွဲထားပါတယ်။

အသက် ၄၉ နှစ်အရွယ် မစ္စတာဂရယ်တီဟာ ဟဲရစ်စ်နဲ့ အတူနေဖို့ စီစဉ်နေခဲ့ရာကနေ ရုတ်ချည်းဆိုသလို သူ့ ရဲ့ ဘဏ်တိုးတွေကို လာမထုတ်တော့ဘူးလို့ လူမှုဝန်ထမ်းလုပ်သားတစ်ယောက်က ထွက်ဆိုခဲ့ပါတယ်။ သူဟာ ၂၀၁၁ မတ်လမှာ ရဲတွေကို အကြောင်းကြားခဲ့တာပါ။

နောက်တစ်နှစ်ကြာမြင့်ပြီးနောက် မစ္စတာဂရယ်တီရဲ့ အလောင်းကို သူ့ နေအိမ်ကနေ ၁၈မိုင်အကွာမှာ တွေ့  ခဲ့ရပါတယ်။

ဟဲရစ်စ်အဖေရဲ့ ရည်းစား ရှာလီဂျွန်ဆင်က မှိုတွေလိုက်ကောက်နေရင်းနဲ့ မစ္စတာဂရယ်တီရဲ့ ခေါင်းကိုတွေ့ တော့ ပထမ ဘောလုံးလို့ ထင်နေခဲ့ပါသေးတယ်။ သေချာကြည့်တော့မှ ဒါဟာ လူ့ အရိုးခေါင်းတစ်ခုဆိုတာ သိရတာလို့ သူမက ထွက်ဆိုထားပါတယ်။

သတ်ဖြတ်ခံခဲ့ရသူ ဂျိမ်းစ်ဂရယ်တီ
ဟဲရစ်စ်ရဲ့ ရည်းစားဟောင်းဖြစ်သူကလည်း လွန်ခဲ့တဲ့လက ဒီလူသတ်မှုကို ဟဲရစ်စ်က သူမဆီမှာ ၀န်ခံခဲ့တယ် လို့ ထွက်ဆိုထားပြန် ပါတယ်။ သူမပြောကြားချက်အရ ဟဲရစ်ဟာ မစ္စတာဂရာတီ ရဲ့ ဗိုက်ကို သေနတ်နဲ့  ပစ်ပြီးနောက် နှစ်ရက်အကြာ ထပ်ညှင်းပန်း နှိပ်စက်ခဲ့သေးတယ်လို့ ဆိုပါတယ်။ နောက်ဆုံးမှာ စတီးဂီတာကြိုး တစ်ကြိုးနဲ့ လည်ပင်းကိုပတ်ပြီး ခေါင်းဖြတ်သတ်ခဲ့တာလို့ ဆိုပါတယ်။

ဟဲရစ်စ်ဟာ မှော်အတတ်ကို လိုက်စားနေသူ တစ်ဦးဖြစ်ပြီး သူနဲ့ စကားပြောဖို့ အတွက် ခေါင်း ပြတ်ကို ခဏတာ သိမ်းဆည်းထားခဲ့သေးတယ်လို့ စုံစမ်းရေးအရာရှိတွေကို သူမက ထွက်ဆိုခဲ့ပါတယ်။

ဒါပေမယ့် ဟဲရစ်စ်ကတော့ ဒီလူသတ်မှုကို ငြင်းဆန်ထားပြီး လာမယ့် ဂျွန်လမှာ အမှုကို ရင်ဆိုင်သွားမယ်လို့  သိရပါတယ်။

Angel | Trend Myanmar
Previous
Next Post »
Powered by Blogger.