၂၁.၃.၂၀၁၄ရက်နေ့ ၁၅၀၀အချိန် ဗိုလ်တထောင်မြို့နယ်ရဲတပ်ဖွဲ့၊ မှုခင်းမှတ်တမ်းတာဝန်ခံ အရာရှိနှင့်အဖွဲ့သည် ဗိုလ်တထောင်မြို့မရဲစခန်း မယ(ပ)၁/၂၀၁၄၊ မူး/စိတ်ပုဒ်မ ၁၅/၁၆(ဂ)အမှုမှ ကွင်းဆက်ဖြစ်သော ဆိပ်ကမ်းမြို့နယ်၊ မိသားစုရပ်ကွက်နေ ကျော်ထက်၊ (၃၀)နှစ်၊ (ဘ)ဦးအုန်းရွှေ၏နေအိမ်သို့ရှာဖွေရာ ကျော်ထက်အားနေအိမ်တွင်တွေ့ရှိ
ရပြီး ၎င်းကိုင်ဆောင်ထားသော ပန်းရောင်လက်ကိုင်ပိုက်ဆံအိတ်အတွင်းမှ ခဲစက္ကူဖြင့်ပတ်လျက် 88 စာတမ်းပါပန်းရောင်စိတ်ကြွဆေးပြား(၂၁)ပြားနှင့် စိတ်ကြွဆေးရောင်းချရငွေကျပ်(၂၀၀၀၀)တို့ကို တွေ့ရှိသိမ်းဆည်းရမိသဖြင့် ဆိပ်ကမ်းမြို့မရဲစခန်း မယ(ပ)၁/၂၀၁၄၊ ပုဒ်မ ၁၅/၁၆(ဂ)/၂၀(က)ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
Yangon Police
Sign up here with your email
ConversionConversion EmoticonEmoticon