



Zawgyi ဖြင့်ဖတ်ရန်














Unicode ဖြင့်ဖတ်ရန်

ပြိုင်ပွဲဝင်အချင်းချင်း ပြဿနာတက်နေကြတဲ့အပေါ် သူ့ရဲ့ အမြင်ကို ပြောလိုက်တဲ့ မြန်မာအိုင်ဒေါ ပဲ့ကိုင်ရှင် မမီး


( Video ဖိုင်ကို အောက်ဆုံးမှာတွဲပြီး တင်ပေးထားပါတယ် )
Myanmar Idol ရဲ့ ပြိုင်ပွဲဝင်ဟောင်းတွေဖြစ်တဲ့ ဖြိုးမြတ်အောင်နဲ့ မိုင်းမိုင်ဆိုင်တို့ဟာ ဖြိုးမြတ်အောင်တို့ မိသားစု ပြိုင်ပွဲကို ဝင်ရောက်ကြည့်ရှုခွင့်မရခဲ့တာနဲ့ ပတ်သတ်ပြီး အနည်းငယ်အချင်းများခဲ့ရပါတယ်။ သူတို့ ၂ ဦး အချင်းများတာထက်ကို ၂ ဦး ၂ ဖက်လုံးရဲ့ Fans တွေရဲ့ တိုက်ပွဲက ပိုမိုပြင်းထန်တယ်လို့ ဆိုရမှာဖြစ်ပါတယ်။ သို့ပေမယ့်လည်း မိုင်းမိုင်ဆိုင် ဟာ ဖြိုးမြတ်အောင်ကိစ္စမှာ သူဝင်ပါခဲ့မိတဲ့အတွက် ဦးစွာ ဖြိုးမြတ်အောင်ကို တောင်းပန်ခဲ့ပါတယ်။ ပြဿနာကြီးထွားလာခဲ့ရတာကတော့ ဖြိုးမြတ်အောင်ရဲ့ Fans တွေဟာ မိုင်းမိုင်ဆိုင်ကို ခြိမ်းခြောက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။





လက်ရှိအချိန်မှာတော့ Myanmar Idol ရဲ့ ပဲ့ကိုင်ရှင်ဖြစ်တဲ့ မမီးက အင်တာဗျူးမှာ ယခုလို ပြိုင်ပွဲဝင်ဟောင်းတွေအနေနဲ့ အချင်းများမှုကို စိတ်မကောင်းဖြစ်တယ်လို့ ဆိုပါတယ်။ ပြိုင်ပွဲဝင်အချင်းချင်း ပြဿနာလေးတွေဖြစ်တာဟာ ကလေးတွေဖြစ်လို့ လို့ ဆိုပါတယ်။ နက်နက်နဲနဲ စဉ်းစားမယ်ဆိုရင် ငြိမ်းချမ်းသွားမယ်လို့ ဆိုပါတယ်။ ပရိတ်သတ်ကြီးရေ မမီးရဲ့ အင်တာဗျူးလေးကို ကြည့်ရှုခံစားပေးကြပါဦးနော်………….။

share from: shweyaunglan



Previous
Next Post »
Powered by Blogger.