Zawgyi ျဖင့္ဖတ္ရန္
(၁၀)ႀကိမ္ေျမာက္ ေအာင္ဘာေလထီ၏ အျမင့္ဆုံး က်ပ္သိန္း ၁၅,၀၀၀ ဆုရွင္ကို ထီဖြင့္ၿပီး သုံးရက္အထိ ရွာမေတြ႕ေသးေၾကာင္း မိုးယံေ႐ႊလမင္းႏွင့္ ျမတ္ဆုကုေဋ ထီပင္ရင္းအေရာင္း ဆိုင္ တာဝန္ရွိသူတစ္ဦးက ေျပာ သည္။
ဒီဇင္ဘာ ၁ ရက္က ဖြင့္လွစ္ သည့္ ေအာင္ဘာေလထီမွ က်ပ္ သိန္း ၁၅,၀၀၀ ဆုကို ‘သ-၅၇၉၀၈၃’ အကၡရာႏွင့္ ဂဏန္းပါ ထီလက္မွတ္က ဆြတ္ခူးခဲ့ကာ ယင္းထီလက္မွတ္ကို မိုးယံေ႐ႊ လမင္းႏွင့္ ျမတ္ဆုကုေဋထီဆိုင္ က ေရာင္းခ်ခဲ့သည္။
‘‘ကြၽန္ေတာ္တို႔ဆီက ေရာင္း လိုက္တာေသခ်ာတယ္။ ေပါက္ တဲ့သူကို အခုထိ မေတြ႕ရေသး ဘူး။ ကြၽန္ေတာ္တို႔လည္း စုံစမ္း ေနတုန္းပါပဲ’’ဟု အထက္ပါ တာဝန္ရွိသူက ဒီဇင္ဘာ ၃ ရက္ ညေန ၅ နာရီခန႔္က ေျပာသည္။
(10)ႀကိမ္ေျမာက္ ေအာင္ဘာေလဆုေပးပြဲ အတြက္ သိန္း ၁၀၀၀၀ ဆုရွင္ကေတာ့ ထြက္ေပၚလာခဲ့ပါၿပီ။ဒီတေခါက္မွာေတာ့ မႏၲေလးၿမိဳ႕ ရတနာသိန္းထိုက္ေအာင္ထီဆိုင္မွ ေမာင္ေအာင္ေကာင္းစံက ကခ-၄၈၄၅၀၅ နံပါတ္ျဖင့္ သိန္းတစ္ေသာင္းဆုႀကီးကို ဆြတ္ခူးရရွိခဲ့တာပါ။
သူ႔နာမည္က စိုင္းဆန္းၫြန္႔ ၊ ဇနီးက မေဆြဇင္လတ္ . .သားအႀကီးေလးက ေမာင္ေအာင္ေကာင္းစံ ၊ အငယ္ေလးကေတာ့ နာမည္မေပးရေသး . . .သူတို႔ဘဝက ဒီလိုပါ . . . .
ဖူးစာဆုံခ်င္ေတာ့ ရွမ္းျပည္ ေက်ာက္မဲက ေတာင္ေပၚကရွမ္းေလးတစ္ေယာက္နဲ႔ မန္းေလးက ပုဏၰားအမ်ိဳးသမီးငယ္တို႔ ေရစက္ပါခဲ့သည္။အလုပ္ကေတာ့ ႀကဳံရာ ပန္းရံ လက္သမားအလုပ္ကို လုပ္ ၊ မန္းေလးမ်ာေနစရာအိမ္ကမရွိ ၊ဇနီးရဲ႕ ဦးေလးျဖစ္သူ ေဗဒင္ဆရာႀကီးက အိမ္မွာေခၚထားရသည္။
ၾကမ္းတမ္းလွတဲ့ ဘဝအေျခအေနမွာ ေခတ္ကေျပာင္းလဲလာေတာ့ အိမ္ေဆာက္ရာမွာ လက္သမားေတြ အလုပ္မျဖစ္ေတာ့တဲ့ အခ်ိန္၊သံနဲ႔ေဆာက္တဲ့ေခတ္မို႔ အလုပ္မရွိေနခ်ိန္ ကေလးက ၂ေယာက္ ၊ အလုပ္ေျပာင္းၿပီးေဆးသုတ္တဲ့အလုပ္ကို ေျပာင္းလုပ္ခဲ့သည္။
ဦးေလးေဗဒင္ဆရာပုဏၰားႀကီးက မင္းတို႔ ကံေကာင္းေနတယ္ ထီထိုးဖို႔မေမ့နဲ႔ဆိုတဲ့ မၾကာမၾကာေျပာတဲ့စကားရွိသည္။
တစ္ေန႔ မိသားစုလိုက္ မဟာျမတ္မုနိဘုရားႀကီးကို သြားဖူးၿပီး အျပန္ ….လမ္းမွာ ထီဆိုင္ေတြ႕ေတာ့ ဦးေလးေျပာတာကို သတိရမိတာနဲ႔ ထီထိုးဖို႔ ထီဆိုင္ထဲဝင္ခဲ့သည္။
အဲဒီအခ်ိန္ သားအႀကီးေလးက သူေ႐ြးမယ္ဆိုတဲ့သေဘာနဲ႔ သူ႔ကို ခ်ီခိုင္းေလသည္။အေဖျဖစ္သူက သူ႔သားလက္ညႇိဳးထိုးခဲ့တဲ့ ၂ေစာင္တြဲ ထီလက္မွတ္ကို ထိုးျဖစ္ခဲ့သည္။ဒီေန႔ ၁ .၁၂.၂၀၁၉ ထီဖြင့္ရက္မွာ ထီဆိုင္မွ ထီေပါက္ေၾကာင္းဖုန္းဆက္လာေတာ့ ႐ုတ္တရက္ မယုံႏိုင္ခဲ့၊ေသခ်ာျပန္ၿပီး ထီတိုက္ၾကည့္ေတာ့မွ သူအမွန္တကယ္ ဆုေငြက်ပ္သိန္းတစ္ေသာင္းကို ေပါက္ေနၿပီဆိုတာ သိခဲ့ရေတာ့သည္။
share from: xyznews
Unicode ဖြင့်ဖတ်ရန်
ကျပ်သိန်း ၁၅,၀၀၀ ဆုရှင်ကို ထီဖွင့်ပြီး သုံးရက်အထိ ရှာမတွေ့သေး
(၁၀)ကြိမ်မြောက် အောင်ဘာလေထီ၏ အမြင့်ဆုံး ကျပ်သိန်း ၁၅,၀၀၀ ဆုရှင်ကို ထီဖွင့်ပြီး သုံးရက်အထိ ရှာမတွေ့သေးကြောင်း မိုးယံရွှေလမင်းနှင့် မြတ်ဆုကုဋေ ထီပင်ရင်းအရောင်း ဆိုင် တာဝန်ရှိသူတစ်ဦးက ပြော သည်။
ဒီဇင်ဘာ ၁ ရက်က ဖွင့်လှစ် သည့် အောင်ဘာလေထီမှ ကျပ် သိန်း ၁၅,၀၀၀ ဆုကို ‘သ-၅၇၉၀၈၃’ အက္ခရာနှင့် ဂဏန်းပါ ထီလက်မှတ်က ဆွတ်ခူးခဲ့ကာ ယင်းထီလက်မှတ်ကို မိုးယံရွှေ လမင်းနှင့် မြတ်ဆုကုဋေထီဆိုင် က ရောင်းချခဲ့သည်။
‘‘ကျွန်တော်တို့ဆီက ရောင်း လိုက်တာသေချာတယ်။ ပေါက် တဲ့သူကို အခုထိ မတွေ့ရသေး ဘူး။ ကျွန်တော်တို့လည်း စုံစမ်း နေတုန်းပါပဲ’’ဟု အထက်ပါ တာဝန်ရှိသူက ဒီဇင်ဘာ ၃ ရက် ညနေ ၅ နာရီခန့်က ပြောသည်။
(10)ကြိမ်မြောက် အောင်ဘာလေဆုပေးပွဲ အတွက် သိန်း ၁၀၀၀၀ ဆုရှင်ကတော့ ထွက်ပေါ်လာခဲ့ပါပြီ။ဒီတခေါက်မှာတော့ မန္တလေးမြို့ ရတနာသိန်းထိုက်အောင်ထီဆိုင်မှ မောင်အောင်ကောင်းစံက ကခ-၄၈၄၅၀၅ နံပါတ်ဖြင့် သိန်းတစ်သောင်းဆုကြီးကို ဆွတ်ခူးရရှိခဲ့တာပါ။
သူ့နာမည်က စိုင်းဆန်းညွန့် ၊ ဇနီးက မဆွေဇင်လတ် . .သားအကြီးလေးက မောင်အောင်ကောင်းစံ ၊ အငယ်လေးကတော့ နာမည်မပေးရသေး . . .သူတို့ဘဝက ဒီလိုပါ . . . .
ဖူးစာဆုံချင်တော့ ရှမ်းပြည် ကျောက်မဲက တောင်ပေါ်ကရှမ်းလေးတစ်ယောက်နဲ့ မန်းလေးက ပုဏ္ဏားအမျိုးသမီးငယ်တို့ ရေစက်ပါခဲ့သည်။အလုပ်ကတော့ ကြုံရာ ပန်းရံ လက်သမားအလုပ်ကို လုပ် ၊ မန်းလေးမျာနေစရာအိမ်ကမရှိ ၊ဇနီးရဲ့ ဦးလေးဖြစ်သူ ဗေဒင်ဆရာကြီးက အိမ်မှာခေါ်ထားရသည်။
ကြမ်းတမ်းလှတဲ့ ဘဝအခြေအနေမှာ ခေတ်ကပြောင်းလဲလာတော့ အိမ်ဆောက်ရာမှာ လက်သမားတွေ အလုပ်မဖြစ်တော့တဲ့ အချိန်၊သံနဲ့ဆောက်တဲ့ခေတ်မို့ အလုပ်မရှိနေချိန် ကလေးက ၂ယောက် ၊ အလုပ်ပြောင်းပြီးဆေးသုတ်တဲ့အလုပ်ကို ပြောင်းလုပ်ခဲ့သည်။
ဦးလေးဗေဒင်ဆရာပုဏ္ဏားကြီးက မင်းတို့ ကံကောင်းနေတယ် ထီထိုးဖို့မမေ့နဲ့ဆိုတဲ့ မကြာမကြာပြောတဲ့စကားရှိသည်။
တစ်နေ့ မိသားစုလိုက် မဟာမြတ်မုနိဘုရားကြီးကို သွားဖူးပြီး အပြန် ….လမ်းမှာ ထီဆိုင်တွေ့တော့ ဦးလေးပြောတာကို သတိရမိတာနဲ့ ထီထိုးဖို့ ထီဆိုင်ထဲဝင်ခဲ့သည်။
အဲဒီအချိန် သားအကြီးလေးက သူရွေးမယ်ဆိုတဲ့သဘောနဲ့ သူ့ကို ချီခိုင်းလေသည်။အဖေဖြစ်သူက သူ့သားလက်ညှိုးထိုးခဲ့တဲ့ ၂စောင်တွဲ ထီလက်မှတ်ကို ထိုးဖြစ်ခဲ့သည်။ဒီနေ့ ၁ .၁၂.၂၀၁၉ ထီဖွင့်ရက်မှာ ထီဆိုင်မှ ထီပေါက်ကြောင်းဖုန်းဆက်လာတော့ ရုတ်တရက် မယုံနိုင်ခဲ့၊သေချာပြန်ပြီး ထီတိုက်ကြည့်တော့မှ သူအမှန်တကယ် ဆုငွေကျပ်သိန်းတစ်သောင်းကို ပေါက်နေပြီဆိုတာ သိခဲ့ရတော့သည်။
share from: xyznews
Sign up here with your email
ConversionConversion EmoticonEmoticon