ေဒၚလဲ့လဲေမာ္အား တရားစြဲဆိုထားသည့္ အဂတိအမႈ စြဲခ်က္တင္သင့္၊ မသင့္ ၾကားနာေတာ့မည္





Zawgyi ျဖင့္ဖတ္ရန္

အဂတိလိုက္စားမႈဥပေဒနဲ႔ တရားစြဲခံရတဲ့ တနသၤာရီတိုင္း၀န္ႀကီးခ်ဳပ္ ေဒါက္တာလဲ့လဲ့ေမာ္နဲ႔ GGS ကုမၸဏီမွ တာ၀န္ရွိသူ ၃ ဦးအမႈ ဒီဇင္ဘာလ ၁၆ ရက္ေန႔႐ုံးခ်ိန္းမွာ တရားလိုျပသက္ေသ ၂ ဦး စစ္ေဆးၿပီးေနာက္ စြဲခ်က္တင္သင့္၊ မသင့္ ၾကားနာမယ္လို႔ တနသၤာရီတိုင္းေဒသႀကီးတရားလႊတ္ေတာ္၊ တရားေရးဦးစီးမႉး ေဒၚေအးေအးသန္းက ေျပာပါတယ္။

အဆိုပါ႐ုံးခ်ိန္းမွာ ရာဇ၀တ္ႀကီးအမႈအမွတ္(၂/၂၀၁၉) တရားလိုျပသက္ေသမ်ားျဖစ္ၾကတဲ့ အေထြေထြအုပ္ခ်ဳပ္ေရဦးစီးဌာန၊ ဒုတိယၫႊန္ခ်ဳပ္(အၿငိမ္းစား) ဦးေကာင္းစံဦးနဲ႔ ထား၀ယ္ေလဆိပ္တာ၀န္ခံ ဦးစီးအရာရွိ ဦးျမင့္လႈိင္တို႔ကို စစ္ေဆးဖို႔ ခ်ိန္းဆိုထားတယ္လို႔ ဆိုပါတယ္။

“အမႈ ၄ မႈစလုံးက တရားလိုျပသက္ေသေတြကို စစ္ေဆးၿပီးရင္ေတာ့ စြဲခ်က္တင္သင့္၊ မသင့္ ေလွ်ာက္လဲခ်က္ ၾကားနာမွာ ျဖစ္ပါတယ္” လို႔ ေဒၚေအးေအးသန္းက ေျပာပါတယ္။





ဒီဇင္ဘာ ၂ ရက္ေန႔အထိ စစ္ေဆးၿပီး တရားလိုျပသက္ေသဦးေရ ၉၄ ဦးထဲမွာ ၃ ဦးတို႔ကို ပယ္ၿပီး အမႈမွ အထက္ပါတရားလိုျပသက္ေသ ၂ ဦးကို စစ္ေဆးဖို႔ က်န္ေတာ့တယ္လို႔ သိရပါတယ္။

ဒီဇင္ဘာ ၂ ရက္ေန႔ ႐ုံးခ်ိန္းမွာေတာ့ တရားလိုျပသက္ေသ အမႈစစ္ အဂတိလိုက္စားမႈတိုက္ဖ်က္ေရးေကာ္မရွင္ ၫႊန္ၾကားေရးမႉး ဦးသန္းေဇာ္၀င္းကို စစ္ေဆးခဲ့ပါတယ္။



တနသၤာရီတိုင္း ဝန္ႀကီးခ်ဳပ္ေဟာင္း ေဒၚလဲ့လဲ့ေမာ္ အပါအဝင္ GGS ကုမၸဏီမွ တာ၀န္ရွိသူ ၃ ဦးျဖစ္တဲ့ ဦးသိန္းေထြး၊ ဦးေအာင္ျမတ္နဲ႔ ဦးသူရအုံတို႔ကို အဂတိလိုက္စားမႈတိုက္ဖ်က္ေရးဥပေဒ ပုဒ္မ ၅၅၊ ပုဒ္မ ၅၅/၆၆ တို႔နဲ႔ တရားစြဲထားတာလည္း ျဖစ္ပါတယ္။

ထား၀ယ္ေလယာဥ္ကြင္းအတြင္း ခ်ဳံႏြယ္ရွင္းလင္းတဲ့ လုပ္ငန္းကို ခြင့္ျပဳေငြက်ပ္သိန္း ၄၀၀၀ သုံးစြဲတဲ့ကိစၥ။ ျပည္ေထာင္စုအစိုးရအဖြဲ႕ ၫႊန္ၾကားခ်က္မရွိဘဲ လမ္းဦးစီးဌာနကို တလုံးတခဲတည္း ေငြက်ပ္ ၁ ဒသမ ၉ ဘီလီယံခန္႔ ထုတ္ယူရန္ အခြင့္အေရးေပးတာနဲ႔ ဦးျမင့္ဟိုအမည္နဲ႔ ၀ယ္ယူထားတဲ့ ထား၀ယ္ၿမိဳ႕၊ ေဆး႐ုံလမ္းနဲ႔ ေဂၚသဇင္လမ္းေထာင့္ ရွိအိမ္အမွတ္ (၁၀၆၈) နဲ႔ (၁၀၇၀) ေျမ ကြက္ႏွစ္ကြက္ကို အုတ္ၿခံစည္း႐ိုးကာရံခိုင္းတဲ့ ကိစၥ။ ၀န္ႀကီးခ်ဳပ္ မိသားစုပိုင္ သရက္ေခ်ာင္းက အိမ္အမွတ္-၆၊ ႏွစ္ထပ္ေနအိမ္နဲ႔ ေျမကို ကာလတန္ဖိုးက်ပ္ ၃၂၀ သိန္း ေက်ာ္ခန္႔သာ တန္ဖိုးရွိေပမယ့္ က်ပ္သိန္း ၂၀၀၀ နဲ႔ GGS ကုမၸဏီကို ေရာင္းခ်ခဲ့တာနဲ႔ လုပ္ပိုင္ခြင့္ေတြေပးတဲ့ကိစၥ၊ သဘာ၀ဓာတ္ေငြ႕ဖိုး က်ပ္သန္း ၈၀၀၀ ေက်ာ္ကို GGS ကုမၸဏီဘက္က ေပးေခ်ဖို႔ ပ်က္ကြက္တဲ့ကိစၥ စတဲ့ အမႈတြဲ ၄ မႈနဲ႔ တရားစြဲဆိုထားတာပါ။

share from: xyznews





Unicode ဖြင့်ဖတ်ရန်

ဒေါ်လဲ့လဲမော်အား တရားစွဲဆိုထားသည့် အဂတိအမှု စွဲချက်တင်သင့်၊ မသင့် ကြားနာတော့မည်

အဂတိလိုက်စားမှုဥပဒေနဲ့ တရားစွဲခံရတဲ့ တနင်္သာရီတိုင်းဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်နဲ့ GGS ကုမ္ပဏီမှ တာဝန်ရှိသူ ၃ ဦးအမှု ဒီဇင်ဘာလ ၁၆ ရက်နေ့ရုံးချိန်းမှာ တရားလိုပြသက်သေ ၂ ဦး စစ်ဆေးပြီးနောက် စွဲချက်တင်သင့်၊ မသင့် ကြားနာမယ်လို့ တနင်္သာရီတိုင်းဒေသကြီးတရားလွှတ်တော်၊ တရားရေးဦးစီးမှူး ဒေါ်အေးအေးသန်းက ပြောပါတယ်။

အဆိုပါရုံးချိန်းမှာ ရာဇဝတ်ကြီးအမှုအမှတ်(၂/၂၀၁၉) တရားလိုပြသက်သေများဖြစ်ကြတဲ့ အထွေထွေအုပ်ချုပ်ရေဦးစီးဌာန၊ ဒုတိယညွှန်ချုပ်(အငြိမ်းစား) ဦးကောင်းစံဦးနဲ့ ထားဝယ်လေဆိပ်တာဝန်ခံ ဦးစီးအရာရှိ ဦးမြင့်လှိုင်တို့ကို စစ်ဆေးဖို့ ချိန်းဆိုထားတယ်လို့ ဆိုပါတယ်။

“အမှု ၄ မှုစလုံးက တရားလိုပြသက်သေတွေကို စစ်ဆေးပြီးရင်တော့ စွဲချက်တင်သင့်၊ မသင့် လျှောက်လဲချက် ကြားနာမှာ ဖြစ်ပါတယ်” လို့ ဒေါ်အေးအေးသန်းက ပြောပါတယ်။



ဒီဇင်ဘာ ၂ ရက်နေ့အထိ စစ်ဆေးပြီး တရားလိုပြသက်သေဦးရေ ၉၄ ဦးထဲမှာ ၃ ဦးတို့ကို ပယ်ပြီး အမှုမှ အထက်ပါတရားလိုပြသက်သေ ၂ ဦးကို စစ်ဆေးဖို့ ကျန်တော့တယ်လို့ သိရပါတယ်။

ဒီဇင်ဘာ ၂ ရက်နေ့ ရုံးချိန်းမှာတော့ တရားလိုပြသက်သေ အမှုစစ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ညွှန်ကြားရေးမှူး ဦးသန်းဇော်ဝင်းကို စစ်ဆေးခဲ့ပါတယ်။



တနင်္သာရီတိုင်း ဝန်ကြီးချုပ်ဟောင်း ဒေါ်လဲ့လဲ့မော် အပါအဝင် GGS ကုမ္ပဏီမှ တာဝန်ရှိသူ ၃ ဦးဖြစ်တဲ့ ဦးသိန်းထွေး၊ ဦးအောင်မြတ်နဲ့ ဦးသူရအုံတို့ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅၊ ပုဒ်မ ၅၅/၆၆ တို့နဲ့ တရားစွဲထားတာလည်း ဖြစ်ပါတယ်။

ထားဝယ်လေယာဉ်ကွင်းအတွင်း ချုံနွယ်ရှင်းလင်းတဲ့ လုပ်ငန်းကို ခွင့်ပြုငွေကျပ်သိန်း ၄၀၀၀ သုံးစွဲတဲ့ကိစ္စ။ ပြည်ထောင်စုအစိုးရအဖွဲ့ ညွှန်ကြားချက်မရှိဘဲ လမ်းဦးစီးဌာနကို တလုံးတခဲတည်း ငွေကျပ် ၁ ဒသမ ၉ ဘီလီယံခန့် ထုတ်ယူရန် အခွင့်အရေးပေးတာနဲ့ ဦးမြင့်ဟိုအမည်နဲ့ ဝယ်ယူထားတဲ့ ထားဝယ်မြို့၊ ဆေးရုံလမ်းနဲ့ ဂေါ်သဇင်လမ်းထောင့် ရှိအိမ်အမှတ် (၁၀၆၈) နဲ့ (၁၀၇၀) မြေ ကွက်နှစ်ကွက်ကို အုတ်ခြံစည်းရိုးကာရံခိုင်းတဲ့ ကိစ္စ။ ဝန်ကြီးချုပ် မိသားစုပိုင် သရက်ချောင်းက အိမ်အမှတ်-၆၊ နှစ်ထပ်နေအိမ်နဲ့ မြေကို ကာလတန်ဖိုးကျပ် ၃၂၀ သိန်း ကျော်ခန့်သာ တန်ဖိုးရှိပေမယ့် ကျပ်သိန်း ၂၀၀၀ နဲ့ GGS ကုမ္ပဏီကို ရောင်းချခဲ့တာနဲ့ လုပ်ပိုင်ခွင့်တွေပေးတဲ့ကိစ္စ၊ သဘာဝဓာတ်ငွေ့ဖိုး ကျပ်သန်း ၈၀၀၀ ကျော်ကို GGS ကုမ္ပဏီဘက်က ပေးချေဖို့ ပျက်ကွက်တဲ့ကိစ္စ စတဲ့ အမှုတွဲ ၄ မှုနဲ့ တရားစွဲဆိုထားတာပါ။

share from: xyznews

Previous
Next Post »
Powered by Blogger.