ေယာကၡမေလာင္းက သင့္ကိုသမီးအရင္းေလးလို ခ်စ္ခင္လာေစမယ့္နည္းလမ္းေကာင္းမ်ား




Zawgyi ျဖင့္ဖတ္ရန္

ေယာကၡမေလာင္းက သင့္ကိုခ်စ္ခင္ခ်စ္သူႏွစ္ဦး ေပါင္းဖက္ၿပီးသာယာခ်မ္းေျမ့တဲ့မိသားစုျဖစ္လာဖို႔ဆိုရင္ႏွစ္ဖက္မိဘအသိုင္းအဝိုင္းရဲ႕ေကာင္းခ်ီးၾသဘာေပးမႈရရွိဖို႔လည္းလိုအပ္ပါေသးတယ္။အခုတခါမွာေတာ့ Aunty May ရဲ႕မိန္းကေလးပရိသတ္ေတြအတြက္ကိုယ့္ခ်စ္သူရဲ႕မိခင္က ကိုယ့္ကိုၾကည္ျဖဴလက္ခံေအာင္၊ခ်စ္ခင္လာေအာင္အသုံးဝင္မယ့္နည္းလမ္းေလးေတြကို ေဖာ္ျပေပးလိုက္ပါတယ္။

(၁)အမွတ္တရလက္ေဆာင္ေပးျခင္း

ဘယ္သူမဆို လိုခ်င္လို႔မဟုတ္ဘဲ ကိုယ့္ကိုအေလးထားေပးတဲ့လက္ေဆာင္ေလးေတြကိုေတာ့သေဘာက်တတ္ၾကပါတယ္။ သင့္အေနနဲ႔ သူ႔မိခင္အတြက္လက္ေဆာင္ဒါမွမဟုတ္ သူမ စားတတ္တဲ့အစားအေသာက္မ်ိဳးျပင္ဆင္ေပးမယ္ဆိုရင္ သင့္အ တြက္ရလဒ္ေကာင္းေတြရလာမွာပါ။အေမမ်ားေန႔၊ သူမရဲ႕ေမြးေန႔၊ ႏွစ္သစ္အခါသမယေတြမွာ အမွတ္တရ လက္ေဆာင္ျပင္ ဆင္ေပးမယ္ဆိုရင္ သူ႔သားအေပၚထားတဲ့ သင့္ရဲ႕ခ်စ္ျခင္းေမတၱာကိုခန႔္မွန္းႏိုင္မွာပါ။

(၂)စကားစျမည္ေျပာျခင္းကို ေရွာင္ပါ

သူ႔မိခင္နဲ႔ေတြ႕တဲ့အခါ ေနေကာင္းလား၊ ေတြ႕ရတာဝမ္းသာပါတယ္စသျဖင့္ အေပၚယံ အာလာပသလႅာပေျပာျခင္းထက္ သူမရဲ႕ လက္တေလာအေျခအေနတစ္ခုခုကိုဦးတည္မိတ္ဆက္တာမ်ိဳးျပဳလုပ္သင့္ပါတယ္။ဥပမာ သင္တို႔ေတြ႕တဲ့အခါ သူမဖ်ားေနတာမ်ိဳးဆိုရင္ သက္သာရဲ႕လား၊ဘာစားခ်င္လဲစသျဖင့္၊သူမေဈးဝယ္တာနဲ႔ႀကဳံရင္ ေဈးဝယ္ရတာအဆင္ေျပရဲ႕ လားစသျဖင့္ေျပာသင့္ပါတယ္။ဒီလိုေျပာဆိုျခင္းအားျဖင့္ သူ႔မိခင္နဲ႔ သင္နဲ႔ၾကားကဆက္ဆံေရးကိုပိုၿပီးေႏြးေထြးေစပါတယ္။ ရင္းႏွီးမႈပိုရွိေစပါတယ္။

(၃)သူမ သားအေၾကာင္းဘယ္ေလာက္သိေၾကာင္း ျပသပါ

မိခင္အမ်ားစုကသမီးရဲ႕အနာဂတ္ထက္သားရဲ႕အနာဂတ္ကိုပိုၿပီးစိုးရိမ္တတ္ၾကပါတယ္။သမီးမိန္းကေလးေတြကအသက္အ႐ြယ္ အလိုက္ရင့္က်က္မႈရွိၾကေပမယ့္သားေယာက္်းေလးေတြကေတာ့ ေယာက္်ားေလးသဘာဝအရာရာကိုအေလး အနက္ မထားတတ္တဲ့အတြက္ ပိုၿပီးစိုးရိမ္ၾကပါတယ္။သင့္အေနနဲ႔ သူ႔သားရဲ႕အမူအက်င့္၊သေဘာထားေတြကိုဘယ္ေလာက္ထိ သိထားေၾကာင္း၊နားလည္ေပးႏိုင္ေၾကာင္း သိသာထင္ရွားစြာ ျပသသင့္ပါတယ္။ဒီအခ်က္က သူမအေနနဲ႔သားနဲ႔ ပတ္ သက္ၿပီးသင့္အေပၚယုံၾကည္မႈရွိေစပါတယ္။


(၄)သူ႔ရဲ႕ ကေလးဘဝအေၾကာင္းအေလးထားေမးျမန္းပါ

မိခင္ေတြရဲ႕ မ်က္လုံးထဲမွာ သားသမီးေတြဟာအၿမဲတမ္းကေလးတစ္ေယာက္လိုရွိေနတတ္ပါတယ္။ အထူးသျဖင့္သားေတြ ကိုပိုၿပီးကေလးတစ္ေယာက္လိုသေဘာထားတတ္ၾကပါတယ္။ငယ္ဘဝေတြကိုမေမာမပန္းျပန္ေျပာဖို႔လည္းဝန္မေလးတတ္ ၾကပါဘူး။သင့္အေနနဲ႔သူ႔မိခင္နဲ႔ ရင္းႏွီးမႈတည္ေဆာက္ဖို႔ဆိုရင္ေတာ့ ဒီအခ်က္က အသုံးဝင္ပါလိမ့္မယ္။



(၅)အႀကံဉာဏ္ေပးပါ

တခါတေလ ဆိုးသြမ္းတဲ့သားေတြကိုေတာင္ မ်က္ႏွာ္မလႊဲႏိုင္ၾကတာမိခင္ေတြပါပဲ။သင့္အေနနဲ႔ သားရဲ႕အနာဂတ္၊ ဘဝ ရပ္တည္ေရးေတြနဲ႔ပတ္သက္ၿပီး စိုးရိမ္ေနတဲ့သူမိခင္ကို အႀကံဉာဏ္ေပးတာမ်ိဳးျပဳလုပ္သင့္သလို သူမရဲ႕အလွအပ၊ က်န္းမာေရး၊ လူမႈေပါင္းသင္းဆက္ဆံေရးအဆင္မေျပမႈေတြကို အႀကံျပဳကူညီေပးျခင္းျဖင့္သင္တို႔ႏွစ္ေယာက္ရဲ႕ဆက္ ဆံေရး၊သင္နဲ႔သူ႔မိခင္ရဲ႕ဆက္ဆံေရးကို အေကာင္းဆုံးတည္ေဆာက္ႏိုင္မွာပါ။

 Credit: Aunty may 

Unicode ဖြင့်ဖတ်ရန်

ယောက္ခမလောင်းက သင့်ကိုသမီးအရင်းလေးလို ချစ်ခင်လာစေမယ့်နည်းလမ်းကောင်းများ



ယောက္ခမလောင်းက သင့်ကိုချစ်ခင်ချစ်သူနှစ်ဦး ပေါင်းဖက်ပြီးသာယာချမ်းမြေ့တဲ့မိသားစုဖြစ်လာဖို့ဆိုရင်နှစ်ဖက်မိဘအသိုင်းအဝိုင်းရဲ့ကောင်းချီးသြဘာပေးမှုရရှိဖို့လည်းလိုအပ်ပါသေးတယ်။အခုတခါမှာတော့ Aunty May ရဲ့မိန်းကလေးပရိသတ်တွေအတွက်ကိုယ့်ချစ်သူရဲ့မိခင်က ကိုယ့်ကိုကြည်ဖြူလက်ခံအောင်၊ချစ်ခင်လာအောင်အသုံးဝင်မယ့်နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁)အမှတ်တရလက်ဆောင်ပေးခြင်း

ဘယ်သူမဆို လိုချင်လို့မဟုတ်ဘဲ ကိုယ့်ကိုအလေးထားပေးတဲ့လက်ဆောင်လေးတွေကိုတော့သဘောကျတတ်ကြပါတယ်။ သင့်အနေနဲ့ သူ့မိခင်အတွက်လက်ဆောင်ဒါမှမဟုတ် သူမ စားတတ်တဲ့အစားအသောက်မျိုးပြင်ဆင်ပေးမယ်ဆိုရင် သင့်အ တွက်ရလဒ်ကောင်းတွေရလာမှာပါ။အမေများနေ့၊ သူမရဲ့မွေးနေ့၊ နှစ်သစ်အခါသမယတွေမှာ အမှတ်တရ လက်ဆောင်ပြင် ဆင်ပေးမယ်ဆိုရင် သူ့သားအပေါ်ထားတဲ့ သင့်ရဲ့ချစ်ခြင်းမေတ္တာကိုခန့်မှန်းနိုင်မှာပါ။

(၂)စကားစမြည်ပြောခြင်းကို ရှောင်ပါ

သူ့မိခင်နဲ့တွေ့တဲ့အခါ နေကောင်းလား၊ တွေ့ရတာဝမ်းသာပါတယ်စသဖြင့် အပေါ်ယံ အာလာပသလ္လာပပြောခြင်းထက် သူမရဲ့ လက်တလောအခြေအနေတစ်ခုခုကိုဦးတည်မိတ်ဆက်တာမျိုးပြုလုပ်သင့်ပါတယ်။ဥပမာ သင်တို့တွေ့တဲ့အခါ သူမဖျားနေတာမျိုးဆိုရင် သက်သာရဲ့လား၊ဘာစားချင်လဲစသဖြင့်၊သူမဈေးဝယ်တာနဲ့ကြုံရင် ဈေးဝယ်ရတာအဆင်ပြေရဲ့ လားစသဖြင့်ပြောသင့်ပါတယ်။ဒီလိုပြောဆိုခြင်းအားဖြင့် သူ့မိခင်နဲ့ သင်နဲ့ကြားကဆက်ဆံရေးကိုပိုပြီးနွေးထွေးစေပါတယ်။ ရင်းနှီးမှုပိုရှိစေပါတယ်။

(၃)သူမ သားအကြောင်းဘယ်လောက်သိကြောင်း ပြသပါ

မိခင်အများစုကသမီးရဲ့အနာဂတ်ထက်သားရဲ့အနာဂတ်ကိုပိုပြီးစိုးရိမ်တတ်ကြပါတယ်။သမီးမိန်းကလေးတွေကအသက်အရွယ် အလိုက်ရင့်ကျက်မှုရှိကြပေမယ့်သားယောက်ျးလေးတွေကတော့ ယောက်ျားလေးသဘာဝအရာရာကိုအလေး အနက် မထားတတ်တဲ့အတွက် ပိုပြီးစိုးရိမ်ကြပါတယ်။သင့်အနေနဲ့ သူ့သားရဲ့အမူအကျင့်၊သဘောထားတွေကိုဘယ်လောက်ထိ သိထားကြောင်း၊နားလည်ပေးနိုင်ကြောင်း သိသာထင်ရှားစွာ ပြသသင့်ပါတယ်။ဒီအချက်က သူမအနေနဲ့သားနဲ့ ပတ် သက်ပြီးသင့်အပေါ်ယုံကြည်မှုရှိစေပါတယ်။


(၄)သူ့ရဲ့ ကလေးဘဝအကြောင်းအလေးထားမေးမြန်းပါ

မိခင်တွေရဲ့ မျက်လုံးထဲမှာ သားသမီးတွေဟာအမြဲတမ်းကလေးတစ်ယောက်လိုရှိနေတတ်ပါတယ်။ အထူးသဖြင့်သားတွေ ကိုပိုပြီးကလေးတစ်ယောက်လိုသဘောထားတတ်ကြပါတယ်။ငယ်ဘဝတွေကိုမမောမပန်းပြန်ပြောဖို့လည်းဝန်မလေးတတ် ကြပါဘူး။သင့်အနေနဲ့သူ့မိခင်နဲ့ ရင်းနှီးမှုတည်ဆောက်ဖို့ဆိုရင်တော့ ဒီအချက်က အသုံးဝင်ပါလိမ့်မယ်။



(၅)အကြံဉာဏ်ပေးပါ

တခါတလေ ဆိုးသွမ်းတဲ့သားတွေကိုတောင် မျက်နှာ်မလွှဲနိုင်ကြတာမိခင်တွေပါပဲ။သင့်အနေနဲ့ သားရဲ့အနာဂတ်၊ ဘဝ ရပ်တည်ရေးတွေနဲ့ပတ်သက်ပြီး စိုးရိမ်နေတဲ့သူမိခင်ကို အကြံဉာဏ်ပေးတာမျိုးပြုလုပ်သင့်သလို သူမရဲ့အလှအပ၊ ကျန်းမာရေး၊ လူမှုပေါင်းသင်းဆက်ဆံရေးအဆင်မပြေမှုတွေကို အကြံပြုကူညီပေးခြင်းဖြင့်သင်တို့နှစ်ယောက်ရဲ့ဆက် ဆံရေး၊သင်နဲ့သူ့မိခင်ရဲ့ဆက်ဆံရေးကို အကောင်းဆုံးတည်ဆောက်နိုင်မှာပါ။

 Credit: Aunty may 


Previous
Next Post »
Powered by Blogger.