မေန႔ည ၁၀နာရီေလာက္က အိမ္ကသားႀကီး ဂြၽတ္ကနည္း အသံႀကီးျမည္ၿပီး လက္ေမာင္းအဆစ္ျပဳတ္သြားလို႔ ေဆး႐ုံႀကီးသြားျပလိုက္ေသာအခါ




Zawgyi ျဖင့္ဖတ္ရန္


မေန႔ကည ၁၀ နာရီေလာက္မွာ သားႀကီးက အိမ္မွာ TV ၾကည့္ေနရင္း သူ႔ရဲ႕ေခြးေလး Sora ကို ဘယ္ဖက္လက္နဲ႔ အမွတ္တမဲ့ လက္ေနာက္ျပန္ လွမ္းပုတ္လိုက္ရာက ဂြၽတ္ကနည္း အသံႀကီးျမည္ၿပီး လက္ေမာင္းအဆစ္ ျပဳတ္ထြက္သြားပါတယ္ ။

ျဖစ္ ျဖစ္ခ်င္းပဲ ဘယ္လက္က ပုခုန္းရင္းကေန ျပဳတ္ၿပီး လက္တစ္ခုလုံး တန္းလန္းႀကီးျဖစ္ေနသလို ခ်ိဳင့္ခြက္ႀကီးပါ ေပၚလာတယ္ ။

” ေမႀကီးေရ ! သား လက္ေမာင္းအဆစ္ေတာ့ ျပဳတ္ထြက္သြားျပန္ၿပီ ၊ နာလိုက္တာ ” လို႔ လွမ္းေျပာပါတယ္ ။

ကြၽန္မလည္း သားႀကီးရဲ႕ အသက္ ၂၆ ႏွစ္အထိ ကိုယ့္မ်က္ေစ့ေရွ႕မွာ သူ အဲဒီလိုျဖစ္တာကို တခါမွ မျမင္ဖူးခဲ့ေတာ့ တအား စိတ္ပူသြားေတာ့တာ ။

သားရဲ႕ နာက်င္ေနမႈကို ၾကည့္ၿပီး အေမျဖစ္တဲ့ ကြၽန္မရဲ႕ လက္ဖ်ားေျခဖ်ားေတြက က်င္လာေတာ့တာပဲ ။

ဘယ္ေဆး႐ုံ /ေဆးခန္းကိုသြားျပမလဲလို႔ေမးၾကည့္ေတာ့ သားႀကီးက အရင္က အဲလိုျဖစ္တာ ႏွစ္ႀကိမ္ရွိခဲ့ၿပီး ရန္ကုန္ေဆး႐ုံႀကီး အေရးေပၚကို သြားျပခဲ့ဖူးလို႔ ခုလည္း အဲဒီကိုပဲ သြားျပမယ္လို႔ ေျပာပါတယ္ ။

အမွန္အတိုင္း ေျပာရရင္ ရန္ကုန္ေဆး႐ုံႀကီးကို သြားမယ္လို႔ သားႀကီးက ေျပာခ်ိန္မွာ ရွင္းရွင္းေျပာရရင္ ကြၽန္မ မသြားခ်င္လွပါဘူး ။

နံမည္ဆိုးနဲ႔ ေက်ာ္ၾကားခဲ့သလို လြန္ခဲ့တဲ့ ႏွစ္ေပါင္းမ်ားစြာက ကိုယ္ေတြ႕ေတြအရ မယုံၾကည္တာ အမွန္ပါ ။

ဒါေၾကာင့္ ကြၽန္မကိုယ္တိုင္ေတာင္ ျပင္ပ ပုဂၢလိကေဆး႐ုံေတြမွာပဲ ေဆးကုသမႈ ခံယူေနသူ ျဖစ္ပါတယ္ ။

ေနာက္ဆုံးေတာ့ တိုတိုေျပာရရင္ သားႀကီးရဲ႕ ဆႏၵအတိုင္း သားငယ္ေထြးကိုပါ ေခၚၿပီး ရန္ကုန္ေဆး႐ုံႀကီး အေရးေပၚ႒ာနကို သားအမိ သုံးေယာက္ ထြက္ခဲ့ၾကပါတယ္ ။

ကြၽန္မမွာ တအားနာက်င္ေနပုံရတဲ့ သားႀကီးကိုၾကည့္ၿပီး စိုးရိမ္ပူပန္စိတ္က ငယ္ထိပ္တက္ေနေတာ့ ဖိနပ္ကလည္း အိမ္စီးအေဟာင္း ၊ အဝတ္ကလည္း အိမ္ေနအေဟာင္း ေဘာင္းဘီအပြ ၊ မ်က္ႏွာကလည္း မ်က္ႏွာေျပာင္နဲ႔ ဘာမွ သပ္သပ္ယပ္ယပ္ မျပင္ဆင္ႏိုင္ခဲ့ပါဘူး ။

သားႏွစ္ေယာက္လုံးကလည္း အိမ္ေနအဝတ္ေဟာင္းေလးေတြနဲ႔ ။ ေျပာရရင္ သားအမိသုံးေယာက္လုံး စုတ္စုတ္ျပတ္ျပတ္ေလးေတြ ။ 😀 ပိုဆိုးတာက စိတ္ပူလြန္းၿပီး ကြၽန္မက ကတုန္ကယင္ ။

ေဆး႐ုံမေရာက္ခင္ ကားေပၚမွာ ေတြးေနမိတာက သိန္းဂဏန္းေလာက္ ကုန္က်ႏိုင္တဲ့ ကုန္က်စရိတ္ရယ္ ၊ ဝတ္ထားၾကတဲ့ အိမ္ေနအဝတ္ေတြကိုၾကည့္ၿပီး ရႏိုင္တဲ့ အထင္ေသးစြာ မေခ်မငံဆက္ဆံမႈေတြရယ္ပါပဲ ။

အေရးေပၚကို ေရာက္ ေရာက္ခ်င္း လူနာလက္ခံတဲ့ဆီ အရင္ သြားျပရပါတယ္ ။ ၿပီးေတာ့ လူနာမွတ္တမ္းစာအုပ္ လုပ္ရပါတယ္ ။ ေနာက္ အ႐ိုးနဲ႔ဆိုင္တဲ့ ဆရာဝန္အခန္းကို သြားရပါတယ္ ။

တာဝန္က်ဆရာဝန္ေလးက သားႀကီးရဲ႕ လက္အေျခအေနကို ၾကည့္ရႈစမ္းသပ္ၿပီး ခ်က္ျခင္း ဓါတ္မွန္႐ိုက္ခိုင္းပါတယ္ ။ ဓါတ္မွန္ခန္းမွာ ခဏပဲ ေစာင့္ရၿပီး ဓါတ္မွန္႐ိုက္ရပါတယ္ ။ ဓါတ္မွန္ကလည္း ခ်က္ျခင္း ရတာပါ ။

ရလာတဲ့ဓါတ္မွန္ကိုယူၿပီး ခုနက ဆရာဝန္ေလးဆီ ျပန္ ျပတဲ့အခါ လက္ေမာင္းဆစ္ ျပဳတ္တာျဖစ္ၿပီး ျပန္ သြင္းေပးမယ္လို႔ သိရပါတယ္ ။

သားႀကီးကို ကုတင္ေပၚ တင္ ၊ ဒိုင္ယာဇီပန္ နည္းနည္း ထိုးေပးၿပီး ခ်ိဳင္းၾကားမွာ ပါတ္တီးတစ္လိပ္ ထည့္ပါတယ္ ။ ခ်ိဳင္းေအာက္ကေန အိပ္ယာခင္းျဖဴကို လိပ္ၿပီး သိုင္းယူပါတယ္ ။ ေနာက္ ျပဳတ္က်ေနတဲ့လက္ကို ဆန္႔ခိုင္းၿပီး ႏွစ္ခ်က္ေလာက္ အသာအယာ လွည့္သလို လုပ္ေပးတာ ေတြ႕ရပါတယ္ ။

အဆစ္က ျပန္ၿပီး တည့္မတ္ ေနရာတက် ျဖစ္သြားၿပီလို႔ ေျပာပါတယ္ ။ ဒါေပမယ့္ အဆစ္နဲ႔ အ႐ြတ္ေတြ ေနရာမေ႐ြ႕သြားေအာင္ ပါတ္တီးေတြနဲ႔ အထပ္ထပ္ စည္းေပးပါတယ္ ။ သားႀကီးလည္း ခ်က္ျခင္း သက္သာသြားပါတယ္ ။ ဒါေပမယ့္ ေသခ်ာေအာင္ ဓါတ္မွန္ ထပ္႐ိုက္ရပါတယ္ ။ ရလာတဲ့ဓါတ္မွန္ကို ခုနက ဆရာဝန္ေလးဆီ ထပ္ျပ ၊ ျပန္စစ္ေဆးၿပီးမွပုခုန္းဆစ္ကေနရာမွန္သြားၿပီလို႔ အတည္ျပဳေပးပါတယ္ ။ ဗုဒၶဟူးေန႔မွာ ျပန္ျပဖို႔ ရက္ခ်ိန္းေပးပါတယ္ ။

ကြၽန္မ စိတ္ပူေနခဲ့တဲ့ ကုန္က်စရိတ္က တစ္ျပားမွကို မရွိခဲ့သလို ေမာက္မာ႐ိုင္းပ်တဲ့ ဆက္ဆံေရးလည္း တစ္ေနရာမွ မေတြ႕ခဲ့ရပါဘူးရွင္ ။

အသက္ငယ္ေပမယ့္ ကြၽမ္းက်င္စြာ တတ္ေျမာက္ထားတဲ့ ေဆးပညာနဲ႔ ယဥ္ေက်းပ်ဴငွာတဲ့ ဆရာဝန္ေတြ ၊သူနာျပဳ ဆရာမေလးေတြကို မ်ားျပားလွတဲ့ လူနာအမ်ိဳးမ်ိဳးၾကားမွာ အင္မတန္ အလုပ္ရႈပ္ေနၾကတာ ေတြ႕ရေတာ့ ( ကိုယ့္သားသမီးအ႐ြယ္ေတြဆိုေပမယ့္ သမားဂုဏ္အင္ျပည့္ဝသူေတြ ျဖစ္လို႔ ) ၾကည္ႏူးေလးစားစိတ္နဲ႔ ၾကည္ညိဳမိပါတယ္ ။ ေက်းဇူးတင္စိတ္ကေတာ့ အနႏၲပါပဲ ။

ဒီလိုမ်ိဳး တန္ဖိုးရွိလွ ၊ တန္ဖိုးႀကီးလွတဲ့ တာဝန္သိ လူ႔အဖိုးတန္လူသားေတြဟာ ကြၽန္မတို႔ႏိုင္ငံအတြက္ သားေကာင္းရတနာေတြပါပဲ ။

ရန္ကုန္ေဆး႐ုံႀကီး အေရးေပၚ႒ာနမွာ မေန႔က ညဖက္ တာဝန္က်ေနတဲ့ ဆရာဝန္မ်ားနဲ႔ ဆရာမမ်ား ၊ ဝန္ထမ္းမ်ားအားလုံးကို ေလးစားခ်စ္ခင္စြာ ဂုဏ္ျပဳပါတယ္ရွင့္ ။

Source: Khin Chowar Winn fb


Unicode ဖြင့်ဖတ်ရန်

မနေ့ည ၁၀နာရီလောက်က အိမ်ကသားကြီး ဂျွတ်ကနည်း အသံကြီးမြည်ပြီး လက်မောင်းအဆစ်ပြုတ်သွားလို့ ဆေးရုံကြီးသွားပြလိုက်သောအခါ





မနေ့ကည ၁၀ နာရီလောက်မှာ သားကြီးက အိမ်မှာ TV ကြည့်နေရင်း သူ့ရဲ့ခွေးလေး Sora ကို ဘယ်ဖက်လက်နဲ့ အမှတ်တမဲ့ လက်နောက်ပြန် လှမ်းပုတ်လိုက်ရာက ဂျွတ်ကနည်း အသံကြီးမြည်ပြီး လက်မောင်းအဆစ် ပြုတ်ထွက်သွားပါတယ် ။

ဖြစ် ဖြစ်ချင်းပဲ ဘယ်လက်က ပုခုန်းရင်းကနေ ပြုတ်ပြီး လက်တစ်ခုလုံး တန်းလန်းကြီးဖြစ်နေသလို ချိုင့်ခွက်ကြီးပါ ပေါ်လာတယ် ။

” မေကြီးရေ ! သား လက်မောင်းအဆစ်တော့ ပြုတ်ထွက်သွားပြန်ပြီ ၊ နာလိုက်တာ ” လို့ လှမ်းပြောပါတယ် ။

ကျွန်မလည်း သားကြီးရဲ့ အသက် ၂၆ နှစ်အထိ ကိုယ့်မျက်စေ့ရှေ့မှာ သူ အဲဒီလိုဖြစ်တာကို တခါမှ မမြင်ဖူးခဲ့တော့ တအား စိတ်ပူသွားတော့တာ ။

သားရဲ့ နာကျင်နေမှုကို ကြည့်ပြီး အမေဖြစ်တဲ့ ကျွန်မရဲ့ လက်ဖျားခြေဖျားတွေက ကျင်လာတော့တာပဲ ။

ဘယ်ဆေးရုံ /ဆေးခန်းကိုသွားပြမလဲလို့မေးကြည့်တော့ သားကြီးက အရင်က အဲလိုဖြစ်တာ နှစ်ကြိမ်ရှိခဲ့ပြီး ရန်ကုန်ဆေးရုံကြီး အရေးပေါ်ကို သွားပြခဲ့ဖူးလို့ ခုလည်း အဲဒီကိုပဲ သွားပြမယ်လို့ ပြောပါတယ် ။

အမှန်အတိုင်း ပြောရရင် ရန်ကုန်ဆေးရုံကြီးကို သွားမယ်လို့ သားကြီးက ပြောချိန်မှာ ရှင်းရှင်းပြောရရင် ကျွန်မ မသွားချင်လှပါဘူး ။

နံမည်ဆိုးနဲ့ ကျော်ကြားခဲ့သလို လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ကိုယ်တွေ့တွေအရ မယုံကြည်တာ အမှန်ပါ ။

ဒါကြောင့် ကျွန်မကိုယ်တိုင်တောင် ပြင်ပ ပုဂ္ဂလိကဆေးရုံတွေမှာပဲ ဆေးကုသမှု ခံယူနေသူ ဖြစ်ပါတယ် ။

နောက်ဆုံးတော့ တိုတိုပြောရရင် သားကြီးရဲ့ ဆန္ဒအတိုင်း သားငယ်ထွေးကိုပါ ခေါ်ပြီး ရန်ကုန်ဆေးရုံကြီး အရေးပေါ်ဋ္ဌာနကို သားအမိ သုံးယောက် ထွက်ခဲ့ကြပါတယ် ။

ကျွန်မမှာ တအားနာကျင်နေပုံရတဲ့ သားကြီးကိုကြည့်ပြီး စိုးရိမ်ပူပန်စိတ်က ငယ်ထိပ်တက်နေတော့ ဖိနပ်ကလည်း အိမ်စီးအဟောင်း ၊ အဝတ်ကလည်း အိမ်နေအဟောင်း ဘောင်းဘီအပွ ၊ မျက်နှာကလည်း မျက်နှာပြောင်နဲ့ ဘာမှ သပ်သပ်ယပ်ယပ် မပြင်ဆင်နိုင်ခဲ့ပါဘူး ။

သားနှစ်ယောက်လုံးကလည်း အိမ်နေအဝတ်ဟောင်းလေးတွေနဲ့ ။ ပြောရရင် သားအမိသုံးယောက်လုံး စုတ်စုတ်ပြတ်ပြတ်လေးတွေ ။ 😀 ပိုဆိုးတာက စိတ်ပူလွန်းပြီး ကျွန်မက ကတုန်ကယင် ။

ဆေးရုံမရောက်ခင် ကားပေါ်မှာ တွေးနေမိတာက သိန်းဂဏန်းလောက် ကုန်ကျနိုင်တဲ့ ကုန်ကျစရိတ်ရယ် ၊ ဝတ်ထားကြတဲ့ အိမ်နေအဝတ်တွေကိုကြည့်ပြီး ရနိုင်တဲ့ အထင်သေးစွာ မချေမငံဆက်ဆံမှုတွေရယ်ပါပဲ ။

အရေးပေါ်ကို ရောက် ရောက်ချင်း လူနာလက်ခံတဲ့ဆီ အရင် သွားပြရပါတယ် ။ ပြီးတော့ လူနာမှတ်တမ်းစာအုပ် လုပ်ရပါတယ် ။ နောက် အရိုးနဲ့ဆိုင်တဲ့ ဆရာဝန်အခန်းကို သွားရပါတယ် ။

တာဝန်ကျဆရာဝန်လေးက သားကြီးရဲ့ လက်အခြေအနေကို ကြည့်ရှုစမ်းသပ်ပြီး ချက်ခြင်း ဓါတ်မှန်ရိုက်ခိုင်းပါတယ် ။ ဓါတ်မှန်ခန်းမှာ ခဏပဲ စောင့်ရပြီး ဓါတ်မှန်ရိုက်ရပါတယ် ။ ဓါတ်မှန်ကလည်း ချက်ခြင်း ရတာပါ ။

ရလာတဲ့ဓါတ်မှန်ကိုယူပြီး ခုနက ဆရာဝန်လေးဆီ ပြန် ပြတဲ့အခါ လက်မောင်းဆစ် ပြုတ်တာဖြစ်ပြီး ပြန် သွင်းပေးမယ်လို့ သိရပါတယ် ။

သားကြီးကို ကုတင်ပေါ် တင် ၊ ဒိုင်ယာဇီပန် နည်းနည်း ထိုးပေးပြီး ချိုင်းကြားမှာ ပါတ်တီးတစ်လိပ် ထည့်ပါတယ် ။ ချိုင်းအောက်ကနေ အိပ်ယာခင်းဖြူကို လိပ်ပြီး သိုင်းယူပါတယ် ။ နောက် ပြုတ်ကျနေတဲ့လက်ကို ဆန့်ခိုင်းပြီး နှစ်ချက်လောက် အသာအယာ လှည့်သလို လုပ်ပေးတာ တွေ့ရပါတယ် ။

အဆစ်က ပြန်ပြီး တည့်မတ် နေရာတကျ ဖြစ်သွားပြီလို့ ပြောပါတယ် ။ ဒါပေမယ့် အဆစ်နဲ့ အရွတ်တွေ နေရာမရွေ့သွားအောင် ပါတ်တီးတွေနဲ့ အထပ်ထပ် စည်းပေးပါတယ် ။ သားကြီးလည်း ချက်ခြင်း သက်သာသွားပါတယ် ။ ဒါပေမယ့် သေချာအောင် ဓါတ်မှန် ထပ်ရိုက်ရပါတယ် ။ ရလာတဲ့ဓါတ်မှန်ကို ခုနက ဆရာဝန်လေးဆီ ထပ်ပြ ၊ ပြန်စစ်ဆေးပြီးမှပုခုန်းဆစ်ကနေရာမှန်သွားပြီလို့ အတည်ပြုပေးပါတယ် ။ ဗုဒ္ဓဟူးနေ့မှာ ပြန်ပြဖို့ ရက်ချိန်းပေးပါတယ် ။

ကျွန်မ စိတ်ပူနေခဲ့တဲ့ ကုန်ကျစရိတ်က တစ်ပြားမှကို မရှိခဲ့သလို မောက်မာရိုင်းပျတဲ့ ဆက်ဆံရေးလည်း တစ်နေရာမှ မတွေ့ခဲ့ရပါဘူးရှင် ။

အသက်ငယ်ပေမယ့် ကျွမ်းကျင်စွာ တတ်မြောက်ထားတဲ့ ဆေးပညာနဲ့ ယဉ်ကျေးပျူငှာတဲ့ ဆရာဝန်တွေ ၊သူနာပြု ဆရာမလေးတွေကို များပြားလှတဲ့ လူနာအမျိုးမျိုးကြားမှာ အင်မတန် အလုပ်ရှုပ်နေကြတာ တွေ့ရတော့ ( ကိုယ့်သားသမီးအရွယ်တွေဆိုပေမယ့် သမားဂုဏ်အင်ပြည့်ဝသူတွေ ဖြစ်လို့ ) ကြည်နူးလေးစားစိတ်နဲ့ ကြည်ညိုမိပါတယ် ။ ကျေးဇူးတင်စိတ်ကတော့ အနန္တပါပဲ ။

ဒီလိုမျိုး တန်ဖိုးရှိလှ ၊ တန်ဖိုးကြီးလှတဲ့ တာဝန်သိ လူ့အဖိုးတန်လူသားတွေဟာ ကျွန်မတို့နိုင်ငံအတွက် သားကောင်းရတနာတွေပါပဲ ။

ရန်ကုန်ဆေးရုံကြီး အရေးပေါ်ဋ္ဌာနမှာ မနေ့က ညဖက် တာဝန်ကျနေတဲ့ ဆရာဝန်များနဲ့ ဆရာမများ ၊ ဝန်ထမ်းများအားလုံးကို လေးစားချစ်ခင်စွာ ဂုဏ်ပြုပါတယ်ရှင့် ။

Source: Khin Chowar Winn fb

Previous
Next Post »
Powered by Blogger.