Zawgyi ျဖင့္ဖတ္ရန္
“လူသည္ ေရာင္းကုန္ မဟုတ္ပါ”စစ္ကိုင္းတိုင္း၊ မင္းကြန္းတိုက္နယ္၊ မင္းကြန္းေဒသႏွင့္ ကင္းေက်း႐ြာတို႔မွာ တ႐ုတ္ႏိုင္ငံသို႔ လူသုံးဦးထက္မနည္း လူကုန္ကူးမႈခံခဲ့ရျခင္းမ်ား ႏွင့္ လက္ရွိတြင္ ပူပူေႏြးႏြး ျဖစ္သြားတဲ့ လူကုန္ကူးမႈခံရသူ မဝင္းျမတ္သူရဲ႕ ျဖစ္ရပ္အား အေၾကာင္းျပဳ၍ ေနာက္ေနာင္တြင္ လူကုန္ကူးမႈ ျဖစ္ပြားမႈေတြ ထပ္မျဖစ္ေစရန္ ရည္႐ြယ္ၿပီး ႀကိဳတင္ကာကြယ္တဲ့အေနနဲ႔ အသိပညာေပး လက္ကမ္းစာေစာင္ေတြ ျဖန္႔ေဝေပးတဲ့ လႈပ္ရွားမႈ ကမ္ပိန္း ႏွင့္ ေက်း႐ြာသူ ေက်း႐ြာသားမ်ားအား အသိပညာေပး ေဆြးေႏြးပြဲကို ဒီဇင္ဘာလ (၆) ရက္ေန႔ ေန႔လည္ပိုင္းက ျပဳလုပ္ခဲ့သည္။
အခုလို လူကုန္ကူးမႈ ႀကိဳတင္ကာကြယ္ေရးအတြက္ ပညာေပး ေဆြးေႏြးပြဲႏွင့္ လက္ကမ္းစာေစာင္ေတြ ျဖန္႔ေဝေပးတဲ့ လႈပ္ရွားမႈ ကမ္ပိန္းကို ကင္းေက်း႐ြာ အုပ္ခ်ဳပ္ေရးမႉး ဦးျမင့္လြင္၊ ဦးေအာင္ျမတ္မင္း၊ ဦးေက်ာ္ေဌး ႏွင့္ ဦးေက်ာ္စြာ တို႔မွ ဦးေဆာင္ ျပဳလုပ္ေၾကာင္းသိရသည္။လူကုန္ကူးမႈ ခံခဲ့ရတဲ့ ျဖစ္စဥ္မ်ားမွာ မင္းကြန္းေဒသမွာတင္ ၂၀၁၄ ခုႏွစ္က တစ္ႀကိမ္ ၊၂၀၁၆ ခုႏွစ္မွာ တစ္ႀကိမ္ ႏွင့္ ဒီႏွစ္ ၂၀၁၉ ခုႏွစ္ ႏိုဝင္ဘာလမွာ မဝင္းျမတ္သူ ျဖစ္ရပ္ တစ္ႀကိမ္ လူကုန္ကူးမႈခံခဲ့ရၿပီး ယေန႔အခ်ိန္အထိ မိဘေဆြးမ်ိဳးေတြ နဲ႔ ဆက္သြယ္မႈမရွိေသးတဲ့အတြက္ ဒီလိုျဖစ္စဥ္မ်ိဳးေတြ ေနာက္ေနာင္ မျဖစ္ေပၚေစေရးအတြက္ ပညာေပး ေဆြးေႏြးပြဲႏွင့္ လက္ကမ္းစာေစာင္ေတြ ျဖန္႔ေဝေပးတဲ့ လႈပ္ရွားမႈ ကမ္ပိန္းကို ျပဳလုပ္ရျခင္းျဖစ္ေၾကာင္း ဦးေဆာင္သူ ဦးေအာင္ျမတ္မင္းမွ ေျပာသည္။
အခုလို အသိပညာေပးေတြ ျပဳလုပ္ျခင္းကို ဒီတစ္ေနရာတင္မဟုတ္ပဲ ျမန္မာတစ္ႏိုင္ငံလုံးအတိုင္းအတာမွာ ျပဳလုပ္ေပးသင့္ေၾကာင္းႏွင့္ ျမန္မာတစ္ႏိုင္ငံလုံးနီးပါ ျပည္သူလူထုအားလုံး အသိပညာေတြ တိုးပြားေစၿပီး မိမိတို႔ရဲ႕ တန္ဖိုး မျဖတ္ႏိုင္တဲ့ ရင္ေသြးငယ္ေတြ မဆုံးရႈံးၾကရေစဖို႔၊ မိဘေတြ ရင္ထဲမွာ အပူမီးေတာက္ေတြ မေလာင္ကြၽမ္းရေစဖို႔ အခုလို အသိပညာေပးေတြ ေနရာတိုင္းမွာ ျပဳလုပ္ေစခ်င္ေၾကာင္း ဦးေဆာင္သူ ကိုေက်ာ္စြာမွ အလင္းေျမ မီဒီယာသို႔ ေျပာသည္။
အဆိုပါ အသိပညာေပးေဆြးေႏြးပြဲတြင္ လက္ရွိ လူကုန္ကူးမႈ ခံရၿပီး ပူပူေႏြးေႏြး ႀကဳံေတြ႕ေနရတဲ့ မဝင္းျမတ္သူ ရဲ႕မိခင္ျဖစ္သူ ေဒၚခ်ိဳမွလည္း ကိုယ္တိုင္ခံစားေနရတဲ့ ခံစားခ်က္မ်ားကို ရင္တြင္း အပူမီးေတာက္ေလာင္ျခင္းမ်ားႏွင့္ ငိုေႂကြးကာ ပါဝင္ ေျပာၾကားခဲ့သည္။မဝင္းျမတ္သူရဲ႕ မိခင္ျဖစ္သူ ေဒၚခ်ိဳမွ ေျပာျပငိုေႂကြးေနမႈ ရင္တြင္းအပူမီးကို ျမင္ရသူ မိခင္တိုင္းမွလည္း မခံစားႏိုင္ျဖစ္ကာ ႐ြာခံ အမ်ိဳးသမီးတစ္ဦး မူးေမ့လဲက်သည္ အထိ ျဖစ္ပ်က္ ခံစားခဲ့ရေၾကာင္း ေတြ႕ရသည္။
share from ;Every Time Story
Unicode ဖြင့်ဖတ်ရန်
တရုတ်နိုင်ငံမှာ မြန်မာ မိန်းကလေးတွေကို ဈေးကောင်းပေး ဝယ်ယူရတဲ့ အကြောင်းရင်း
“လူသည် ရောင်းကုန် မဟုတ်ပါ”စစ်ကိုင်းတိုင်း၊ မင်းကွန်းတိုက်နယ်၊ မင်းကွန်းဒေသနှင့် ကင်းကျေးရွာတို့မှာ တရုတ်နိုင်ငံသို့ လူသုံးဦးထက်မနည်း လူကုန်ကူးမှုခံခဲ့ရခြင်းများ နှင့် လက်ရှိတွင် ပူပူနွေးနွး ဖြစ်သွားတဲ့ လူကုန်ကူးမှုခံရသူ မဝင်းမြတ်သူရဲ့ ဖြစ်ရပ်အား အကြောင်းပြု၍ နောက်နောင်တွင် လူကုန်ကူးမှု ဖြစ်ပွားမှုတွေ ထပ်မဖြစ်စေရန် ရည်ရွယ်ပြီး ကြိုတင်ကာကွယ်တဲ့အနေနဲ့ အသိပညာပေး လက်ကမ်းစာစောင်တွေ ဖြန့်ဝေပေးတဲ့ လှုပ်ရှားမှု ကမ်ပိန်း နှင့် ကျေးရွာသူ ကျေးရွာသားများအား အသိပညာပေး ဆွေးနွေးပွဲကို ဒီဇင်ဘာလ (၆) ရက်နေ့ နေ့လည်ပိုင်းက ပြုလုပ်ခဲ့သည်။
အခုလို လူကုန်ကူးမှု ကြိုတင်ကာကွယ်ရေးအတွက် ပညာပေး ဆွေးနွေးပွဲနှင့် လက်ကမ်းစာစောင်တွေ ဖြန့်ဝေပေးတဲ့ လှုပ်ရှားမှု ကမ်ပိန်းကို ကင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမြင့်လွင်၊ ဦးအောင်မြတ်မင်း၊ ဦးကျော်ဌေး နှင့် ဦးကျော်စွာ တို့မှ ဦးဆောင် ပြုလုပ်ကြောင်းသိရသည်။လူကုန်ကူးမှု ခံခဲ့ရတဲ့ ဖြစ်စဉ်များမှာ မင်းကွန်းဒေသမှာတင် ၂၀၁၄ ခုနှစ်က တစ်ကြိမ် ၊၂၀၁၆ ခုနှစ်မှာ တစ်ကြိမ် နှင့် ဒီနှစ် ၂၀၁၉ ခုနှစ် နိုဝင်ဘာလမှာ မဝင်းမြတ်သူ ဖြစ်ရပ် တစ်ကြိမ် လူကုန်ကူးမှုခံခဲ့ရပြီး ယနေ့အချိန်အထိ မိဘဆွေးမျိုးတွေ နဲ့ ဆက်သွယ်မှုမရှိသေးတဲ့အတွက် ဒီလိုဖြစ်စဉ်မျိုးတွေ နောက်နောင် မဖြစ်ပေါ်စေရေးအတွက် ပညာပေး ဆွေးနွေးပွဲနှင့် လက်ကမ်းစာစောင်တွေ ဖြန့်ဝေပေးတဲ့ လှုပ်ရှားမှု ကမ်ပိန်းကို ပြုလုပ်ရခြင်းဖြစ်ကြောင်း ဦးဆောင်သူ ဦးအောင်မြတ်မင်းမှ ပြောသည်။
အခုလို အသိပညာပေးတွေ ပြုလုပ်ခြင်းကို ဒီတစ်နေရာတင်မဟုတ်ပဲ မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာမှာ ပြုလုပ်ပေးသင့်ကြောင်းနှင့် မြန်မာတစ်နိုင်ငံလုံးနီးပါ ပြည်သူလူထုအားလုံး အသိပညာတွေ တိုးပွားစေပြီး မိမိတို့ရဲ့ တန်ဖိုး မဖြတ်နိုင်တဲ့ ရင်သွေးငယ်တွေ မဆုံးရှုံးကြရစေဖို့၊ မိဘတွေ ရင်ထဲမှာ အပူမီးတောက်တွေ မလောင်ကျွမ်းရစေဖို့ အခုလို အသိပညာပေးတွေ နေရာတိုင်းမှာ ပြုလုပ်စေချင်ကြောင်း ဦးဆောင်သူ ကိုကျော်စွာမှ အလင်းမြေ မီဒီယာသို့ ပြောသည်။
အဆိုပါ အသိပညာပေးဆွေးနွေးပွဲတွင် လက်ရှိ လူကုန်ကူးမှု ခံရပြီး ပူပူနွေးနွေး ကြုံတွေ့နေရတဲ့ မဝင်းမြတ်သူ ရဲ့မိခင်ဖြစ်သူ ဒေါ်ချိုမှလည်း ကိုယ်တိုင်ခံစားနေရတဲ့ ခံစားချက်များကို ရင်တွင်း အပူမီးတောက်လောင်ခြင်းများနှင့် ငိုကြွေးကာ ပါဝင် ပြောကြားခဲ့သည်။မဝင်းမြတ်သူရဲ့ မိခင်ဖြစ်သူ ဒေါ်ချိုမှ ပြောပြငိုကြွေးနေမှု ရင်တွင်းအပူမီးကို မြင်ရသူ မိခင်တိုင်းမှလည်း မခံစားနိုင်ဖြစ်ကာ ရွာခံ အမျိုးသမီးတစ်ဦး မူးမေ့လဲကျသည် အထိ ဖြစ်ပျက် ခံစားခဲ့ရကြောင်း တွေ့ရသည်။
share from ;Every Time Story
Sign up here with your email
ConversionConversion EmoticonEmoticon