ပင္စင္ယူခံနီး ၅၇ ႏွစ္ရွိတဲ့ ဆရာမကို ေက်ာင္းအုပ္က ေက်ာင္းသားေတြေရွ႕ တုတ္နဲ႔႐ိုက္တဲ့ ျဖစ္ရပ္




Zawgyi ျဖင့္ဖတ္ရန္


ျမန္မာ့ႏိုင္ငံရဲ႕အနေႏၲာ အနႏၲ ၅ ပါးထဲမွာ ျမတ္ဆရာ ဆိုတာလည္း ဘုရားနဲ႔တစ္ဂိုဏ္းတည္း ထားရတဲ့ ရတနာ ပဲျဖစ္ပါတယ္။ သင္ဆရာ၊ ျမင္ဆရာ၊ ၾကားဆရာ ေတြေတာင္မွ ဆရာသမားအျဖစ္ ပူေဇာ္ထိုက္သူေတြပါ။ ဒီလို ပူေဇာ္ထိုက္သူေတြကို အျပစ္မွားမိ ဖို႔အတြက္ မိဘ ေတြကလည္း အၿမဲတမ္းသြန္သင္ ဆုံးမ တတ္ၾကပါတယ္။ ထို႔အတူ အဆိုပါ ျမတ္ဆရာ ေတြဟာလည္း တပည့္ ေတြအတြက္အၿမဲတမ္း ေရွ႕ေဆာင္လမ္းျပပဲျဖစ္ပါတယ္။

အဆိုပါ ျမတ္ဆရာသမား ကိစၥေတြနဲ႔ပတ္သတ္ၿပီး ပရိတ္သတ္ႀကီးကို တင္ဆက္ေပးမယ့္ သတင္းတစ္ပုဒ္ ရွိပါတယ္။ ဒါကေတာ့ ၿပီးခဲ့တဲ့ ဒီဇင္ဘာလ ၃ ရက္ေန႔ ေန႔လည္ပိုင္းေလာက္မွာ ျဖစ္ပြားခဲ့တဲ့ ျဖစ္ရပ္ေလးပဲ ျဖစ္ပါတယ္။ အဆိုပါျဖစ္စဥ္မွာေတာ့ ေက်ာင္းအုပ္ႀကီးက မၾကာခင္မွာ အနားယူေတာ့မယ့္ ေက်ာင္းဆရာမႀကီးကို တုတ္နဲ႔႐ိုက္တဲ့ ျဖစ္ရပ္ပဲျဖစ္ပါတယ္။ ဒီျဖစ္စဥ္နဲ႔ ပတ္သတ္ၿပီး လူမႈကြန္ယက္မွ “ကိုေငြ” ဆိုတဲ့ အေကာင့္က ယခုလို မွ်ေဝခဲ့ပါတယ္။ပညာေရးဝန္ႀကီးဌာန မွထိေရာက္စြာအေရးယူေပးပါ။

ျဖစ္စဥ္ေန႔စြဲ။ ။3.12.2019ေန႔ ေန႔လည္၁၂နာရီ၃၀မိနစ္ခန႔္ #ျဖစ္ပြားရာေနရာ။ ။ဆဌမတန္းစာသင္ခန္း(G-7D) #ျဖစ္ပြားခ်ိန္။ ။ေက်ာင္းသူ ေက်ာင္းသား မ်ားအားစာသင္ၾကား ေနခ်ိန္(ဆရာ မလာ၍အစားထိုး ဝင္သင္ေပးခ်ိန္) #ျဖစ္ပြားရာေက်ာင္း။ ။အထက(၅) မဂ္လာဒုံ ရန္ကုန္။


က်ဴးလြန္ေစာ္ကားသူ။ ။ေက်ာင္းအုပ္ ဆရာမေဒၚေဆြေဆြျမင့္ #အေစာ္ကားခံရေသာဆရာမ။ ။ေဒၚမူမူ (ဆဌမတန္းေက်ာင္းသူ ေက်ာင္းသား မ်ားအားစာသင္ျပေနေသာအသက္၅၇ႏွစ္အ႐ြယ္ရွိ အဲ့ေက်ာင္း၌ စာသင္ၾကားေနသည္မွာအႏွစ္ႏွစ္ဆယ္ ရွိပီးျဖစ္ပါတယ္။) 🌺အထက(၅)မဂ္လာဒုံ ရန္ကုန္ၿမိဳ႕၌ ဆရာမေဒၚမူမူ စာသင္ျပေနသည့္ႏွစ္ေပါင္းႏွစ္ဆယ္အတြင္း တႀကိမ္မွျပသနာႀကီးငယ္ မျဖစ္ဖူးဘဲ မွန္မွန္ကန္ကန္ ရပ္တည္ စာသင္ျပေနေသာ ဆရာမတစ္ဦးျဖစ္ပါတယ္။အသက္၅၇ႏွစ္အ႐ြယ္တိုင္ ေအာင္ေစတနာ ဝါသနာအရ သင္ၾကားေနေသာ ဆရာမတစ္ဦးပါ။နာမည္ ပ်က္တစုံတရာမရွိခဲ့တာ ဆရာ ဆရာမတိုင္းသိၾကပါတယ္။


ေက်ာင္းသားေက်ာင္းသူ မ်ားႏွင့္မိဘမ်ားလည္းသိပါတယ္။ ေက်ာင္းအုပ္ ေဒၚေဆြေဆြျမင့္ သည္လာဘ္လာဘအလြန္မက္ေမာသူျဖစ္ပီး အေနမွန္ရပ္တည္မဖားတတ္ေသာ ဆရာမေဒၚမူမူအား အၿငိဳးထား၍ ေက်ာင္းသားေက်ာင္းသူမ်ားေရွ႕တြင္ႀကိမ္လုံး ႏွင့္႐ိုက္ႏွက္ခါ ဆရာမေဒၚမူမူ၏ ဂုဏ္သိကၡာ က်ဆင္းေအာင္ျပဳမူခဲ့ပါသည္။ ဆရာမေဒၚမူမူအျပစ္တစုံတရာက်ဴးလြန္ခဲ့႐ိုး ရွိခဲ့လွ်င္ စည္းကမ္း ဥပေဒအရ သာအေရးယူရမည္ျဖစ္ပါသည္။ယခုကဲ့သို႔ ေက်ာင္းသားေက်ာင္းသား မ်ားေရွ႕တြင္ဂုဏ္သိကၡာ က်ဆင္းေအာင္တမင္ႀကံ႐ြယ္ျပဳမူခဲ့သည့္ အျပဳအမူသည္ ေက်ာင္းအုပ္ ဆိုေသာရာထူးႏွင့္မည္သို႔မွ် ထိုက္တန္ျခင္းမရွိသည္ကိုသက္ဆိုင္ရာ ပညာေရးဝန္ႀကီးဌာန အေနႏွင့္သိ‌ေစ ရန္shareေပးၾကေစလိုပါသည္။





ယခုကဲ့သို႔ ေက်ာင္းသားေက်ာင္းသူ မ်ားေရွ႕တြင္႐ိုက္ႏွက္၍ ဂုဏ္သိကၡာ က်ဆင္းေအာင္ျပဳမူခဲ့ေသာ အထက(၅)မဂ္လာဒုံ ရန္ကုန္ၿမိဳ႕ ေက်ာင္းအုပ္ဆရာမ အားထိေရာက္စြာ အေရးယူေပးႏိူင္ရန္ အတြက္ဤပို႔စ္ကိုတင္ျခင္းျဖစ္ပါသည္။ေက်ာင္းဝင္းအတြင္း မွာလည္းမၾကာခဏ ေက်ာင္းအုပ္ဆရာမ မွပတ္ဆဲေၾကာင္းကိုလည္းအထက(၅)မဂ္လာဒုံေက်ာင္းမွဆရာ ဆရာမ ေက်ာင္းသားေက်ာင္းသူမ်ား အားလုံးသိၾကပါသည္။

ဤေက်ာင္းအုပ္မ်ိဳး ကိုနမူနာထား၍အေရးမယူခဲ့ပါက ေနာင္မ်ိဳးဆက္မ်ား အတြက္အတုယူနမူနာစြဲသြားမည္ျဖစ္ပါသည္။ ေနာင္မ်ိဳးဆက္မ်ား၏ေရရွည္အက်ိဳးကိုေမွ်ာ္ကိုး၍ ျပင္းထန္ထိေရာက္ေသာအေရးယူမႈ႕မ်ိဳးကိုျပဳလုပ္သင့္ပါသည္။ Crd-အထက(၅)မဂ္လာဒုံ ရန္ကုန္။ဆရာဆရာမ ေက်ာင္းသားေက်ာင္းသူမ်ား၏ရင္ဖြင့္သံ)))) အဆိုပါ ျဖစ္စဥ္နဲ႔ပတ္သတ္ၿပီး ေနာက္ဆက္တြဲျဖစ္ေပၚလာမယ့္ သတင္းေတြကို ပရိတ္သတ္ႀကီးအတြက္ အခ်ိန္မီ တင္ဆက္ေပးပါ့မယ္ေနာ္………..။

 CredutL Every Time Story 


Unicode ဖြင့်ဖတ်ရန်

ပင်စင်ယူခံနီး ၅၇ နှစ်ရှိတဲ့ ဆရာမကို ကျောင်းအုပ်က ကျောင်းသားတွေရှေ့ တုတ်နဲ့ရိုက်တဲ့ ဖြစ်ရပ်




မြန်မာ့နိုင်ငံရဲ့အနန္တော အနန္တ ၅ ပါးထဲမှာ မြတ်ဆရာ ဆိုတာလည်း ဘုရားနဲ့တစ်ဂိုဏ်းတည်း ထားရတဲ့ ရတနာ ပဲဖြစ်ပါတယ်။ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာ တွေတောင်မှ ဆရာသမားအဖြစ် ပူဇော်ထိုက်သူတွေပါ။ ဒီလို ပူဇော်ထိုက်သူတွေကို အပြစ်မှားမိ ဖို့အတွက် မိဘ တွေကလည်း အမြဲတမ်းသွန်သင် ဆုံးမ တတ်ကြပါတယ်။ ထို့အတူ အဆိုပါ မြတ်ဆရာ တွေဟာလည်း တပည့် တွေအတွက်အမြဲတမ်း ရှေ့ဆောင်လမ်းပြပဲဖြစ်ပါတယ်။

အဆိုပါ မြတ်ဆရာသမား ကိစ္စတွေနဲ့ပတ်သတ်ပြီး ပရိတ်သတ်ကြီးကို တင်ဆက်ပေးမယ့် သတင်းတစ်ပုဒ် ရှိပါတယ်။ ဒါကတော့ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၃ ရက်နေ့ နေ့လည်ပိုင်းလောက်မှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်လေးပဲ ဖြစ်ပါတယ်။ အဆိုပါဖြစ်စဉ်မှာတော့ ကျောင်းအုပ်ကြီးက မကြာခင်မှာ အနားယူတော့မယ့် ကျောင်းဆရာမကြီးကို တုတ်နဲ့ရိုက်တဲ့ ဖြစ်ရပ်ပဲဖြစ်ပါတယ်။ ဒီဖြစ်စဉ်နဲ့ ပတ်သတ်ပြီး လူမှုကွန်ယက်မှ “ကိုငွေ” ဆိုတဲ့ အကောင့်က ယခုလို မျှဝေခဲ့ပါတယ်။ပညာရေးဝန်ကြီးဌာန မှထိရောက်စွာအရေးယူပေးပါ။

ဖြစ်စဉ်နေ့စွဲ။ ။3.12.2019နေ့ နေ့လည်၁၂နာရီ၃၀မိနစ်ခန့် #ဖြစ်ပွားရာနေရာ။ ။ဆဌမတန်းစာသင်ခန်း(G-7D) #ဖြစ်ပွားချိန်။ ။ကျောင်းသူ ကျောင်းသား များအားစာသင်ကြား နေချိန်(ဆရာ မလာ၍အစားထိုး ဝင်သင်ပေးချိန်) #ဖြစ်ပွားရာကျောင်း။ ။အထက(၅) မဂ်လာဒုံ ရန်ကုန်။


ကျူးလွန်စော်ကားသူ။ ။ကျောင်းအုပ် ဆရာမဒေါ်ဆွေဆွေမြင့် #အစော်ကားခံရသောဆရာမ။ ။ဒေါ်မူမူ (ဆဌမတန်းကျောင်းသူ ကျောင်းသား များအားစာသင်ပြနေသောအသက်၅၇နှစ်အရွယ်ရှိ အဲ့ကျောင်း၌ စာသင်ကြားနေသည်မှာအနှစ်နှစ်ဆယ် ရှိပီးဖြစ်ပါတယ်။) 🌺အထက(၅)မဂ်လာဒုံ ရန်ကုန်မြို့၌ ဆရာမဒေါ်မူမူ စာသင်ပြနေသည့်နှစ်ပေါင်းနှစ်ဆယ်အတွင်း တကြိမ်မှပြသနာကြီးငယ် မဖြစ်ဖူးဘဲ မှန်မှန်ကန်ကန် ရပ်တည် စာသင်ပြနေသော ဆရာမတစ်ဦးဖြစ်ပါတယ်။အသက်၅၇နှစ်အရွယ်တိုင် အောင်စေတနာ ဝါသနာအရ သင်ကြားနေသော ဆရာမတစ်ဦးပါ။နာမည် ပျက်တစုံတရာမရှိခဲ့တာ ဆရာ ဆရာမတိုင်းသိကြပါတယ်။


ကျောင်းသားကျောင်းသူ များနှင့်မိဘများလည်းသိပါတယ်။ ကျောင်းအုပ် ဒေါ်ဆွေဆွေမြင့် သည်လာဘ်လာဘအလွန်မက်မောသူဖြစ်ပီး အနေမှန်ရပ်တည်မဖားတတ်သော ဆရာမဒေါ်မူမူအား အငြိုးထား၍ ကျောင်းသားကျောင်းသူများရှေ့တွင်ကြိမ်လုံး နှင့်ရိုက်နှက်ခါ ဆရာမဒေါ်မူမူ၏ ဂုဏ်သိက္ခာ ကျဆင်းအောင်ပြုမူခဲ့ပါသည်။ ဆရာမဒေါ်မူမူအပြစ်တစုံတရာကျူးလွန်ခဲ့ရိုး ရှိခဲ့လျှင် စည်းကမ်း ဥပဒေအရ သာအရေးယူရမည်ဖြစ်ပါသည်။ယခုကဲ့သို့ ကျောင်းသားကျောင်းသား များရှေ့တွင်ဂုဏ်သိက္ခာ ကျဆင်းအောင်တမင်ကြံရွယ်ပြုမူခဲ့သည့် အပြုအမူသည် ကျောင်းအုပ် ဆိုသောရာထူးနှင့်မည်သို့မျှ ထိုက်တန်ခြင်းမရှိသည်ကိုသက်ဆိုင်ရာ ပညာရေးဝန်ကြီးဌာန အနေနှင့်သိ‌စေ ရန်shareပေးကြစေလိုပါသည်။


ယခုကဲ့သို့ ကျောင်းသားကျောင်းသူ များရှေ့တွင်ရိုက်နှက်၍ ဂုဏ်သိက္ခာ ကျဆင်းအောင်ပြုမူခဲ့သော အထက(၅)မဂ်လာဒုံ ရန်ကုန်မြို့ ကျောင်းအုပ်ဆရာမ အားထိရောက်စွာ အရေးယူပေးနိူင်ရန် အတွက်ဤပို့စ်ကိုတင်ခြင်းဖြစ်ပါသည်။ကျောင်းဝင်းအတွင်း မှာလည်းမကြာခဏ ကျောင်းအုပ်ဆရာမ မှပတ်ဆဲကြောင်းကိုလည်းအထက(၅)မဂ်လာဒုံကျောင်းမှဆရာ ဆရာမ ကျောင်းသားကျောင်းသူများ အားလုံးသိကြပါသည်။

ဤကျောင်းအုပ်မျိုး ကိုနမူနာထား၍အရေးမယူခဲ့ပါက နောင်မျိုးဆက်များ အတွက်အတုယူနမူနာစွဲသွားမည်ဖြစ်ပါသည်။ နောင်မျိုးဆက်များ၏ရေရှည်အကျိုးကိုမျှော်ကိုး၍ ပြင်းထန်ထိရောက်သောအရေးယူမှု့မျိုးကိုပြုလုပ်သင့်ပါသည်။ Crd-အထက(၅)မဂ်လာဒုံ ရန်ကုန်။ဆရာဆရာမ ကျောင်းသားကျောင်းသူများ၏ရင်ဖွင့်သံ)))) အဆိုပါ ဖြစ်စဉ်နဲ့ပတ်သတ်ပြီး နောက်ဆက်တွဲဖြစ်ပေါ်လာမယ့် သတင်းတွေကို ပရိတ်သတ်ကြီးအတွက် အချိန်မီ တင်ဆက်ပေးပါ့မယ်နော်………..။

 CredutL Every Time Story

Previous
Next Post »
Powered by Blogger.