သုံးေလးရက္ အရွင္လတ္လတ္ ေျမျမႇဳပ္ခံရတဲ့ အိႏၵိယကေလးငယ္ ကံေကာင္းေထာက္မစြာ အသက္ရွင္




Zawgyi ျဖင့္ဖတ္ရန္

အိႏၵိယႏိုင္ငံေျမာက္ပိုင္း ႐ႊံ႕ေဆးအိုးအတြင္းမွာ အသက္ရွင္လ်က္ျမႇဳပ္ႏွံထားခံရတဲ့ လမေစ့ဘဲေမြးဖြားတဲ့ကေလးငယ္ဟာ အျပည့္အဝျပန္လည္က်န္းမာလာေနၿပီလို႔ သူမရဲ႕ဆရာဝန္ကေျပာၾကားခဲ့ပါတယ္။ သူမဟာ ေအာက္တိုဘာလလယ္က ေရာဂါပိုးကူးစက္ခံရျခင္းနဲ႔ အႏၲရာယ္ရွိေလာက္ေအာင္ ေသြးအားနည္းေနတဲ့ စိုးရိမ္ရဖြယ္အေျခအေနေၾကာင့္ ေဆး႐ုံတင္ခဲ့တာျဖစ္ပါတယ္။

ယခုအခါ သူမဟာ ကိုယ္အေလးခ်ိန္တက္လာၿပီး အသက္ရႉျခင္းနဲ႔ ေသြးေပါင္ခ်ိန္ဟာ ပုံမွန္ျဖစ္လာေနၿပီလို႔ သူမရဲ႕ ကေလးအထူးကုဆရာဝန္ ရာဗီခန္နာက ဘီဘီစီကိုေျပာၾကားခဲ့ပါတယ္။ အခုအခ်ိန္မွာ သူမရဲ႕မိဘေတြကိုရွာလို႔မေတြ႕တာ ေၾကာင့္ ေစာင့္ဆိုင္းကာလၿပီးရင္ေတာ့ ေမြးစားဖို႔ေပးရလိမ့္မယ္လို႔ဆိုပါတယ္။ ယခုအခါ သူမဟာ အူတာပရာဒက္ရွ္ ျပည္နယ္ေျမာက္ပိုင္း ဘာရီလီခ႐ိုင္မွာ ကေလးေစာင့္ေရွာက္ေရးအာဏာပိုင္မ်ားက ထိန္းသိမ္းေစာင့္ေရွာက္ထားတယ္လို႔ သိရပါတယ္။

႐ြာသားတစ္ေယာက္က အေသေလးေမြးလာတဲ့ သူ႔ရဲ႕ကေလးကိုျမႇပ္ႏွံရင္း သူမကို အမွတ္တမဲ့ေတြ႕ရွိခဲ့တာျဖစ္ပါတယ္။ ဟိႏၵဴလူမ်ိဳးေတြက မ်ားေသာအားျဖင့္ လူေသေတြကိုမီးသျဂဳၤ ိဟ္ၾကေပမယ့္ ကေလးနဲ႔ လူငယ္ေတြကိုေတာ့ ျမႇပ္ႏွံေလ့ရွိပါတယ္။ ၄င္း႐ြာသားက သူဟာ ေျမေအာက္ ၉၀ စင္တီမီတာ (၃ ေပ)ခန႔္တူးၿပီးတဲ့အခါ သူ႔ရဲ႕ေဂၚျပားက ျမဳပ္ထားတဲ့အိုးကိုတူးမိၿပီး အိုးကြဲသြားတဲ့အခ်ိန္ ကေလးငိုသံၾကားခဲ့တာပါ။ သူက အိုးကိုထုတ္လိုက္ေတာ့ အထဲမွာ ကေလးတစ္ေယာက္ကိုေတြ႕ခဲ့တာျဖစ္တယ္လို႔ေျပာၾကားခဲ့ပါတယ္။



သူမကို အရင္ဆုံး အစိုးရေဆး႐ုံသို႔ေခၚသြားခဲ့ေပမယ့္လည္း ၂ ရက္ၾကာၿပီးေနာက္မွာေတာ့ ေဒါက္တာ ခန္နာရဲ႕ ကေလး ေဆး႐ုံကိုေျပာင္းေ႐ႊ႕ခဲ့ၿပီး ပိုေကာင္းတဲ့ေဆးဝါးကုသမႈေတြခံခဲ့ရတယ္လို႔ ဆိုပါတယ္။ ဆရာဝန္မ်ားက သူမဟာ လမေစ့ဘဲ ေမြးဖြားတဲ့ကေလးျဖစ္ၿပီး ျဖစ္ႏိုင္ေျခ ရက္သတၱပတ္ ၃၀ ခန႔္မွာေမြးဖြားခဲ့ၿပီး ေမြးဖြားခ်ိန္မွာေတာ့ ၁.၁ ကီလို (၂.၄ ေပါင္) မွ်သာရွိတယ္လို႔ဆိုပါတယ္။ သူမရဲ႕ခႏၶာကိုယ္ဟာ သိသိသာသာရႈံ႕တြေနၿပီး ကိုယ္ပူရွိန္အလြန္အမင္းက်ဆင္းၿပီး ေသြးအားနည္းေနခဲ့ပါတယ္။

အဂၤါေန႔က သူမကို ခ႐ိုင္ေဆး႐ုံအာဏာပိုင္ေတြဆီလႊဲေျပာင္းေပးခဲ့တဲ့အခ်ိန္မွာ အေလးခ်ိန္ ၂.၅၇ ကီလို (၅.၆၆ ေပါင္)ရွိေနၿပီ ျဖစ္ပါတယ္။ သူမကို အစာႁပြန္ပိုက္နဲ႔အစာသြင္းေပးေနၿပီး အခုေတာ့ က်န္းမာေရးေကာင္းလာေနၿပီလို႔ ေဒါက္တာခန္နာက ၾကာသပေတးေန႔မွာေျပာၾကားခဲ့ပါတယ္။ ကေလးငယ္ဟာ ေျမေအာက္မွာ အခ်ိန္ဘယ္ေလာက္ၾကာၾကာျမႇဳပ္ႏွံခံထားရတယ္ ဆိုတာမသိေပမယ့္လည္း သူမဘယ္လိုအသက္ရွင္ေနခဲ့တယ္ဆိုတာကိုေတာ့ ခန႔္မွန္းလို႔ရပါတယ္လို႔ ဆရာဝန္ေတြက ေျပာ ၾကားခဲ့ပါတယ္။

သူမဟာ သုံးရက္ကေန ေလးရက္အထိ ေျမႀကီးထဲမွာျမႇဳပ္ထားခံရတာျဖစ္ပါလိမ့္မယ္။ ကေလးေတြဟာ သူတို႔ရဲ႕ဝမ္းဗိုက္၊ ေပါင္နဲ႔ ပါးျပင္ေတြေပၚမွာအဆီေလးေတြနဲ႔ေမြးဖြားလာတဲ့အတြက္ေၾကာင့္ အေရးေပၚအေျခအေနမွာ အခ်ိန္ၾကာၾကာ အသက္ရွင္ႏိုင္ၾကပါတယ္လို႔ ေဒါက္တာခန္နာက ေျပာၾကားခဲ့ပါတယ္။ သို႔ေသာ္ တျခားကြၽမ္းက်င္သူေတြရဲ႕ ခန႔္မွန္းခ်က္အရ ေတာ့ သူမဟာ ႏွစ္နာရီကေန သုံးနာရီအထိသာ အျမဳပ္ႏွံခံထားရတာျဖစ္ႏိုင္ၿပီး သူမကို ခုလိုမကယ္တင္ႏိုင္ဘူးဆိုရင္ ေနာက္ထပ္ တစ္နာရီ ႏွစ္နာရီသာအသက္ရွင္ႏိုင္လိမ့္မယ္လို႔ ခန႔္မွန္းၾကပါတယ္။

Writer_Aung Moe ( XYZ NEWS )


Unicode ဖြင့်ဖတ်ရန်

သုံးလေးရက် အရှင်လတ်လတ် မြေမြှုပ်ခံရတဲ့ အိန္ဒိယကလေးငယ် ကံကောင်းထောက်မစွာ အသက်ရှင်




အိန္ဒိယနိုင်ငံမြောက်ပိုင်း ရွှံ့ဆေးအိုးအတွင်းမှာ အသက်ရှင်လျက်မြှုပ်နှံထားခံရတဲ့ လမစေ့ဘဲမွေးဖွားတဲ့ကလေးငယ်ဟာ အပြည့်အဝပြန်လည်ကျန်းမာလာနေပြီလို့ သူမရဲ့ဆရာဝန်ကပြောကြားခဲ့ပါတယ်။ သူမဟာ အောက်တိုဘာလလယ်က ရောဂါပိုးကူးစက်ခံရခြင်းနဲ့ အန္တရာယ်ရှိလောက်အောင် သွေးအားနည်းနေတဲ့ စိုးရိမ်ရဖွယ်အခြေအနေကြောင့် ဆေးရုံတင်ခဲ့တာဖြစ်ပါတယ်။

ယခုအခါ သူမဟာ ကိုယ်အလေးချိန်တက်လာပြီး အသက်ရှူခြင်းနဲ့ သွေးပေါင်ချိန်ဟာ ပုံမှန်ဖြစ်လာနေပြီလို့ သူမရဲ့ ကလေးအထူးကုဆရာဝန် ရာဗီခန်နာက ဘီဘီစီကိုပြောကြားခဲ့ပါတယ်။ အခုအချိန်မှာ သူမရဲ့မိဘတွေကိုရှာလို့မတွေ့တာ ကြောင့် စောင့်ဆိုင်းကာလပြီးရင်တော့ မွေးစားဖို့ပေးရလိမ့်မယ်လို့ဆိုပါတယ်။ ယခုအခါ သူမဟာ အူတာပရာဒက်ရှ် ပြည်နယ်မြောက်ပိုင်း ဘာရီလီခရိုင်မှာ ကလေးစောင့်ရှောက်ရေးအာဏာပိုင်များက ထိန်းသိမ်းစောင့်ရှောက်ထားတယ်လို့ သိရပါတယ်။

ရွာသားတစ်ယောက်က အသေလေးမွေးလာတဲ့ သူ့ရဲ့ကလေးကိုမြှပ်နှံရင်း သူမကို အမှတ်တမဲ့တွေ့ရှိခဲ့တာဖြစ်ပါတယ်။ ဟိန္ဒူလူမျိုးတွေက များသောအားဖြင့် လူသေတွေကိုမီးသဂြုၤ ိဟ်ကြပေမယ့် ကလေးနဲ့ လူငယ်တွေကိုတော့ မြှပ်နှံလေ့ရှိပါတယ်။ ၎င်းရွာသားက သူဟာ မြေအောက် ၉၀ စင်တီမီတာ (၃ ပေ)ခန့်တူးပြီးတဲ့အခါ သူ့ရဲ့ဂေါ်ပြားက မြုပ်ထားတဲ့အိုးကိုတူးမိပြီး အိုးကွဲသွားတဲ့အချိန် ကလေးငိုသံကြားခဲ့တာပါ။ သူက အိုးကိုထုတ်လိုက်တော့ အထဲမှာ ကလေးတစ်ယောက်ကိုတွေ့ခဲ့တာဖြစ်တယ်လို့ပြောကြားခဲ့ပါတယ်။



သူမကို အရင်ဆုံး အစိုးရဆေးရုံသို့ခေါ်သွားခဲ့ပေမယ့်လည်း ၂ ရက်ကြာပြီးနောက်မှာတော့ ဒေါက်တာ ခန်နာရဲ့ ကလေး ဆေးရုံကိုပြောင်းရွှေ့ခဲ့ပြီး ပိုကောင်းတဲ့ဆေးဝါးကုသမှုတွေခံခဲ့ရတယ်လို့ ဆိုပါတယ်။ ဆရာဝန်များက သူမဟာ လမစေ့ဘဲ မွေးဖွားတဲ့ကလေးဖြစ်ပြီး ဖြစ်နိုင်ခြေ ရက်သတ္တပတ် ၃၀ ခန့်မှာမွေးဖွားခဲ့ပြီး မွေးဖွားချိန်မှာတော့ ၁.၁ ကီလို (၂.၄ ပေါင်) မျှသာရှိတယ်လို့ဆိုပါတယ်။ သူမရဲ့ခန္ဓာကိုယ်ဟာ သိသိသာသာရှုံ့တွနေပြီး ကိုယ်ပူရှိန်အလွန်အမင်းကျဆင်းပြီး သွေးအားနည်းနေခဲ့ပါတယ်။

အင်္ဂါနေ့က သူမကို ခရိုင်ဆေးရုံအာဏာပိုင်တွေဆီလွှဲပြောင်းပေးခဲ့တဲ့အချိန်မှာ အလေးချိန် ၂.၅၇ ကီလို (၅.၆၆ ပေါင်)ရှိနေပြီ ဖြစ်ပါတယ်။ သူမကို အစာပြွန်ပိုက်နဲ့အစာသွင်းပေးနေပြီး အခုတော့ ကျန်းမာရေးကောင်းလာနေပြီလို့ ဒေါက်တာခန်နာက ကြာသပတေးနေ့မှာပြောကြားခဲ့ပါတယ်။ ကလေးငယ်ဟာ မြေအောက်မှာ အချိန်ဘယ်လောက်ကြာကြာမြှုပ်နှံခံထားရတယ် ဆိုတာမသိပေမယ့်လည်း သူမဘယ်လိုအသက်ရှင်နေခဲ့တယ်ဆိုတာကိုတော့ ခန့်မှန်းလို့ရပါတယ်လို့ ဆရာဝန်တွေက ပြော ကြားခဲ့ပါတယ်။

သူမဟာ သုံးရက်ကနေ လေးရက်အထိ မြေကြီးထဲမှာမြှုပ်ထားခံရတာဖြစ်ပါလိမ့်မယ်။ ကလေးတွေဟာ သူတို့ရဲ့ဝမ်းဗိုက်၊ ပေါင်နဲ့ ပါးပြင်တွေပေါ်မှာအဆီလေးတွေနဲ့မွေးဖွားလာတဲ့အတွက်ကြောင့် အရေးပေါ်အခြေအနေမှာ အချိန်ကြာကြာ အသက်ရှင်နိုင်ကြပါတယ်လို့ ဒေါက်တာခန်နာက ပြောကြားခဲ့ပါတယ်။ သို့သော် တခြားကျွမ်းကျင်သူတွေရဲ့ ခန့်မှန်းချက်အရ တော့ သူမဟာ နှစ်နာရီကနေ သုံးနာရီအထိသာ အမြုပ်နှံခံထားရတာဖြစ်နိုင်ပြီး သူမကို ခုလိုမကယ်တင်နိုင်ဘူးဆိုရင် နောက်ထပ် တစ်နာရီ နှစ်နာရီသာအသက်ရှင်နိုင်လိမ့်မယ်လို့ ခန့်မှန်းကြပါတယ်။

Writer_Aung Moe ( XYZ NEWS )

Previous
Next Post »
Powered by Blogger.