Zawgyi ျဖင့္ဖတ္ရန္
ေရတိုိင္ကီီ အဖံုး အေၾကာင္း အရမ္းေကာင္းလို႔ ျပန္လည္ မ်ွေဝပါရေစ…
ေရတိုိင္ကီ အဖုံုးကိုိ ခဏခဏဖြင့္ၿပီးေရထည့္သူမ်ား အဖုံုး ကို Kpa & Bar နားမလည္ ဘဲ အသစ္လဲ ထည့္သူမ်ားအသစ္လဲသူမ်ား ဖတ္ရန္္
ေစ်းေပါတိုင္းလဲၾကတာေလ ေရတိုိင္ကီမ်ား၏ ေရျဖည့္ေပါက္တြင္ pressure cap ေခၚ အေအးခံစနစ္၏ ဖိအားကို တိုးျမွင့္ေပးရန္္ အဖံုးတစ္ခုတပ္ဆင္ထားပါတယ္။ Radiator cap လို႔လည္းေခၚေလ့ရွိပါတယ္။
Pressure Cap ကို ေရတိုိင္ကီေပၚတြင္လည္းေကာင္း၊ Expansion tank ဟုေခၚေသာ ပလတ္စတစ္ေရတိုင္ကီအေသးေလးေပၚတြင္လည္းေကာင္း တပ္ဆင္ေလ့ရွိပါတယ္။ ေရတိုင္ကီမ်ားတြင္
Downflow radiator ႏွင့္္ Crossflow radiator ဟူ၍ အမ်ိဳးအစားႏွစ္မ်ိဳးရွိပါတယ္။
Downflow radiator မ်ားကိုိေတာ့ ၁၉၉၅ ေရွ႕ပိုိင္းထုတ္ေသာ ယာဥ္မ်ားမွာသာ ေတြ႔ရမွာပါ။Downflow radiator မ်ားတြင္ coolant သည္ ေရတုိင္ကီ၏ အေပၚမွဝင္ၿပီး အေပၚမွေအာက္သုိ႕ စီးဆင္းကာ ေရတုိင္ကီ၏ ေအာက္ဘက္မွ ျပန္ထြက္သြားတာပါ။ Crossflow radiator တြင္ coolant သည္ ေရတုိင္ကီ၏ ေဘးတစ္ဖက္မွဝင္ၿပီး အျခားတစ္ဖက္သို႕ ကန္႕လန္႔ျဖတ္စီးဆင္းတာပါ။
ေခတ္ေပၚယာဥ္မ်ားတြင္္ crossflow radiator အသုံးမ်ားပါတယ္။ Crossflow radiator ေတြမွာ expansion tank ပါဝင္ေလ့ရွိၿပီး pressure cap ကို၄င္း tank ေပၚတြင္ တပ္ဆင္ေလ့ရွိပါတယ္။အေအးခံစနစ္တြင္ ဖိအားတစ္ေပါင္ တုိးလာတုိင္း အရည္ဆူမွတ္ ၁.၆ ဒီဂရီ စင္တီဂရိတ္ခန္႕ျမင့္တက္လာေလ့ပါတယ္။
ရုိိးရုိးေရသည္ ပင္လယ္ေရမ်က္ႏွာျပင္ အေျခအေနတြင္ ၁၀၀ ဒီဂရီ စင္တီဂရိတ္တြင္ ေရဆူၿပီး Antifreeze ၅၀ ရာခိုင္ႏႈန္း ေရာထားေသာ coolant သည္ ၁၀၃ ဒီဂရီ စင္တီဂရိတ္တြင္ အရည္ဆူသည္။အင္ဂ်င္ထုတ္လုပ္သူမ်ားသည္ အေအးခံစနစ္၏ ဖိအားကို ၁၃ ေပါင္မွ ၁၈ ေပါင္အထိိျမွင့္တင္ထားေလ့ရွိပါတယ္။
ယင္းဖိိအားရရွိေစရန္္ pressure cap ကုိ အေအးခံစနစ္တြင္ တပ္ဆင္အသုံးျပဳထားၿပီး ဖိအားတန္ဖိုးကို pressure cap ၏ အေပၚတြင္ ဖတ္ရႈ႕ႏုိင္ပါတယ္။
Psi သုိိ႕မဟုတ္ bar သို႕မဟုတ္ kPa တန္ဖိုးျဖင့္ ေဖာ္ျပေလ့ရွိပါတယ္။ (1 bar = 14.5 psi, 1 bar = 100 kPa, 1 kPa = 0.145 psi)
Antifreeze ၅ဝ ရာခိုိင္ႏႈန္းႏွင့္ ေရ ၅ဝ ရာခိုင္ႏႈန္း ေရာထားေသာ coolant သံုးထားေသာ အေအးခံစနစ္တြင္ ဖိအား ၁၅ ေပါင္ (15 psi) ရွိေသာ pressure cap ကိုသံုးထားပါက ၄င္း coolant ၏ အရည္ဆူမွတ္သည္ ၁၂၈ ဒီဂရီ စင္တီဂရိတ္ခန္႔ထိ ျမင့္တက္လာေစမွာပါ။ ပင္လယ္ေရမ်က္ႏွာျပင္ အျမင့္ထက္ ေပ ၁ဝဝဝ ျမင့္တက္သြားတိုင္း အရည္ဆူမွတ္သည္ ဝ.၅ ဒီဂရီခန္႔ နိမ့္က်သြားေလ့ ရွိသည္ကိုလည္း သတိျပဳရမွာပါ။
အရည္ဆူူမွတ္ ျမင့္လာျခင္းေၾကာင့္ အင္ဂ်င္တစ္လံုး၏ လည္ပတ္ရန္ အေကာင္းဆံုး အပူခ်ိန္ (optimum operating temperature) ျဖစ္ေသာ ၉ဝ-၉၃ ဒီဂရီ စင္တီဂရိတ္ ျကားတြင္ coolant ဆူပြက္ လာမည္ကို ပူစရာမလိုဘဲ လည္ပတ္ႏိုင္မွာပါ။Coolant ၏ အရည္ဆူမွတ္ ျမင့္လာျခင္းေၾကာင့္ အင္ဂ်င္မွအပူကို ပို၍စုပ္ယူသယ္ေဆာင္ ႏိုင္လာေစၿပီး ေရတိုင္ကီအတြင္း ျဖတ္သန္းခ်ိန္တြင္ ျပင္ပေလျဖင့္ အေအးခံရာ၌ အပူကူးေျပာင္းမႈ ပိုမိုေကာင္းမြန္ေစပါတယ္။ အပူကူးေျပာင္းျခင္း နိယာမအရ coolant ႏွင့္ ျပင္ပေလ၏ အပူခ်ိန္ ကြာျခားခ်က္မ်ားေလေလ အပူကူးေျပာင္းမႈႏႈန္း ေကာင္းေလေလပါ။
အေအးခံံစနစ္၏ ဖိအားကိုျမႇင့္တင္လိုက္ျခင္းျဖင့္ ေရလည္အံု (water pump) ၏ efficiency ကိုလည္း ပို၍ ျမင့္တက္လာေစပါတယ္။ အေအးခံစနစ္ကို ဖိအားေပးမထားပါက ေရလည္အံု၏ efficiency အျပည့္မရဘဲ ေရလည္အံု အဝင္ေနရာ၌ အလြယ္တကူ အရည္ဆူႏိုင္ၿပီး cavitation ျဖစ္ေစႏိုင္ပါတယ္။
Cavitation ဆိုသည္မွာ coolant အရည္ဆူပါက ေလပူေပါင္းမ်ား ျဖစ္ေပၚလာၿပီး ၄င္းေလပူေပါင္းမ်ား အေအးခံစနစ္အတြင္း စီးဆင္းသြားရာမွ အေအးခံစနစ္ အတြင္း၌ ေပါက္ကြဲျခင္းကိုေခၚပါတယ္။
Cavitation ေၾကာင့္္ ေရလည္အံုမ်ား၊ စလင္ဒါလိုင္နာမ်ား၌ ေက်ာက္ေပါက္မာကဲ့သို႔ အေပါက္ငယ္ေလး မ်ားျဖစ္ေပၚေစၿပီး အခ်ိန္ၾကာလာေသာအခါ စလင္ဒါလိုင္နာမ်ားေပါက္၍ မီးေလာင္ခန္းအတြင္းသို႔ အေအးခံရည္မ်ား ေပါက္ဝင္လာသည္အထိ ျဖစ္ႏိုင္ပါတယ္။ထို႔ေၾကာင့္ အေအးခံစနစ္တြင္ သင့္ေတာ္ မွန္ကန္ေသာ pressure cap ကို ေရြးခ်ယ္၍ မွန္ကန္စြာ တပ္ဆင္အသံုးျပဳသင့္ပါတယ္။
Pressure cap တြင္္ pressure valve, pressure spring,vacuum valve ႏွင့္ sealing rings မ်ားပါဝင္ပါတယ္။ Pressure valve ကို ၄င္း၏ ေနာက္ဘက္ရွိ pressure spring ျဖင့္ ဖိထားျခင္းျဖင့္ ေရတိုင္ကီကို လံုေအာင္ပိတ္ထားေပးပါတယ္။အေအးခံစနစ္၏ ဖိအားသည္ pressure spring ၏ဖိအားကို ေက်ာ္လြန္လာပါက pressure valve ပြင့္ၿပီး coolant တခ်ိဳ႕သည္ ေရတိုင္ကီ၏ ေရျပန္ပိုက္ မွတစ္ဆင့္ expansion tank ေခၚ recovery over tank ဟုေခၚေသာ ပလတ္စတစ္ေရတိုင္ကီ အေသးေလးဆီသို႔ စီးဆင္းသြားေစျခင္းျဖင့္ အေအးခံစနစ္၏ ျမင့္တက္လာေသာ ဖိအားကိုေလ်ာ့က်ေစပါတယ္။
အေအးခံံစနစ္၏ ဖိအားသည္ pressure spring ၏ဖိအားထက္ နည္းသြားပါက စပရင္၏ တြန္းအားေႀကာင့္ pressure valve ျပန္လည္ ပိတ္သြားၿပီး အေအးခံစနစ္၏ လိုအပ္ေသာ ဖိအားကို ထိန္းသိမ္းေပးပါတယ္။Pressure valve ၏ အလယ္တည့္တည့္တြင္ vacuum valve ကို တပ္ဆင္ထားပါတယ္။ အေအးခံစနစ္ျပန္လည္ ေအးသြားၿပီး အေအးခံစနစ္၏ ဖိအားသည္ ျပင္ပေလထု၏ ဖိအားထက္ နည္းသြားပါက vacuum valve ပြင့္၍ expansion tank မွ coolant မ်ား ေရတိုင္ကီ ထဲသို႔ျပန္လည္ စီးဆင္းဝင္ေရာက္ ေစပါတယ္။
ကားကိုိေရစစ္ခ်င္ပါက ေရတိုင္ကီ အေပၚက အဖုန္းကို မဖြင့္ေစလိုပါOver Tank မွာ Full (F) Low(L) လို႕ေရးထားပါတယ္္ ေရလ်ာ့ပါက ဒီover tank ကသာေရျဖည့္ ပါခင္ဗ်ား
Credit: ဗီယာ ဒံုး
ရေတိုင်ကီ အဖုံးကို ခဏခဏဖွင့်တတ် လဲတတ်သူများ သတိပြုရန်
ရေတိုင်ကီ အဖုံး အကြောင်း အရမ်းကောင်းလို့ ပြန်လည် မျှဝေပါရစေ…
ရေတိုင်ကီ အဖုံးကို ခဏခဏဖွင့်ပြီးရေထည့်သူများ အဖုံး ကို Kpa & Bar နားမလည် ဘဲ အသစ်လဲ ထည့်သူများအသစ်လဲသူများ ဖတ်ရန်
ဈေးပေါတိုင်းလဲကြတာလေ ရေတိုင်ကီများ၏ ရေဖြည့်ပေါက်တွင် pressure cap ခေါ် အအေးခံစနစ်၏ ဖိအားကို တိုးမြှင့်ပေးရန် အဖုံးတစ်ခုတပ်ဆင်ထားပါတယ်။ Radiator cap လို့လည်းခေါ်လေ့ရှိပါတယ်။
Pressure Cap ကို ရေတိုင်ကီပေါ်တွင်လည်းကောင်း၊ Expansion tank ဟုခေါ်သော ပလတ်စတစ်ရေတိုင်ကီအသေးလေးပေါ်တွင်လည်းကောင်း တပ်ဆင်လေ့ရှိပါတယ်။ ရေတိုင်ကီများတွင်
Downflow radiator နှင့်် Crossflow radiator ဟူ၍ အမျိုးအစားနှစ်မျိုးရှိပါတယ်။
Downflow radiator များကိုတော့ ၁၉၉၅ ရှေ့ပိုင်းထုတ်သော ယာဉ်များမှာသာ တွေ့ရမှာပါ။Downflow radiator များတွင် coolant သည် ရေတိုင်ကီ၏ အပေါ်မှဝင်ပြီး အပေါ်မှအောက်သို့ စီးဆင်းကာ ရေတိုင်ကီ၏ အောက်ဘက်မှ ပြန်ထွက်သွားတာပါ။ Crossflow radiator တွင် coolant သည် ရေတိုင်ကီ၏ ဘေးတစ်ဖက်မှဝင်ပြီး အခြားတစ်ဖက်သို့ ကန့်လန့်ဖြတ်စီးဆင်းတာပါ။
ခေတ်ပေါ်ယာဉ်များတွင် crossflow radiator အသုံးများပါတယ်။ Crossflow radiator တွေမှာ expansion tank ပါဝင်လေ့ရှိပြီး pressure cap ကို၎င်း tank ပေါ်တွင် တပ်ဆင်လေ့ရှိပါတယ်။အအေးခံစနစ်တွင် ဖိအားတစ်ပေါင် တိုးလာတိုင်း အရည်ဆူမှတ် ၁.၆ ဒီဂရီ စင်တီဂရိတ်ခန့်မြင့်တက်လာလေ့ပါတယ်။
ရိုးရိုးရေသည် ပင်လယ်ရေမျက်နှာပြင် အခြေအနေတွင် ၁၀၀ ဒီဂရီ စင်တီဂရိတ်တွင် ရေဆူပြီး Antifreeze ၅၀ ရာခိုင်နှုန်း ရောထားသော coolant သည် ၁၀၃ ဒီဂရီ စင်တီဂရိတ်တွင် အရည်ဆူသည်။အင်ဂျင်ထုတ်လုပ်သူများသည် အအေးခံစနစ်၏ ဖိအားကို ၁၃ ပေါင်မှ ၁၈ ပေါင်အထိမြှင့်တင်ထားလေ့ရှိပါတယ်။
ယင်းဖိအားရရှိစေရန် pressure cap ကို အအေးခံစနစ်တွင် တပ်ဆင်အသုံးပြုထားပြီး ဖိအားတန်ဖိုးကို pressure cap ၏ အပေါ်တွင် ဖတ်ရှု့နိုင်ပါတယ်။
Psi သို့မဟုတ် bar သို့မဟုတ် kPa တန်ဖိုးဖြင့် ဖော်ပြလေ့ရှိပါတယ်။ (1 bar = 14.5 psi, 1 bar = 100 kPa, 1 kPa = 0.145 psi)
Antifreeze ၅ဝ ရာခိုင်နှုန်းနှင့် ရေ ၅ဝ ရာခိုင်နှုန်း ရောထားသော coolant သုံးထားသော အအေးခံစနစ်တွင် ဖိအား ၁၅ ပေါင် (15 psi) ရှိသော pressure cap ကိုသုံးထားပါက ၎င်း coolant ၏ အရည်ဆူမှတ်သည် ၁၂၈ ဒီဂရီ စင်တီဂရိတ်ခန့်ထိ မြင့်တက်လာစေမှာပါ။ ပင်လယ်ရေမျက်နှာပြင် အမြင့်ထက် ပေ ၁ဝဝဝ မြင့်တက်သွားတိုင်း အရည်ဆူမှတ်သည် ဝ.၅ ဒီဂရီခန့် နိမ့်ကျသွားလေ့ ရှိသည်ကိုလည်း သတိပြုရမှာပါ။
အရည်ဆူူမှတ် မြင့်လာခြင်းကြောင့် အင်ဂျင်တစ်လုံး၏ လည်ပတ်ရန် အကောင်းဆုံး အပူချိန် (optimum operating temperature) ဖြစ်သော ၉ဝ-၉၃ ဒီဂရီ စင်တီဂရိတ် ကြားတွင် coolant ဆူပွက် လာမည်ကို ပူစရာမလိုဘဲ လည်ပတ်နိုင်မှာပါ။Coolant ၏ အရည်ဆူမှတ် မြင့်လာခြင်းကြောင့် အင်ဂျင်မှအပူကို ပို၍စုပ်ယူသယ်ဆောင် နိုင်လာစေပြီး ရေတိုင်ကီအတွင်း ဖြတ်သန်းချိန်တွင် ပြင်ပလေဖြင့် အအေးခံရာ၌ အပူကူးပြောင်းမှု ပိုမိုကောင်းမွန်စေပါတယ်။ အပူကူးပြောင်းခြင်း နိယာမအရ coolant နှင့် ပြင်ပလေ၏ အပူချိန် ကွာခြားချက်များလေလေ အပူကူးပြောင်းမှုနှုန်း ကောင်းလေလေပါ။
အအေးခံံစနစ်၏ ဖိအားကိုမြှင့်တင်လိုက်ခြင်းဖြင့် ရေလည်အုံ (water pump) ၏ efficiency ကိုလည်း ပို၍ မြင့်တက်လာစေပါတယ်။ အအေးခံစနစ်ကို ဖိအားပေးမထားပါက ရေလည်အုံ၏ efficiency အပြည့်မရဘဲ ရေလည်အုံ အဝင်နေရာ၌ အလွယ်တကူ အရည်ဆူနိုင်ပြီး cavitation ဖြစ်စေနိုင်ပါတယ်။
Cavitation ဆိုသည်မှာ coolant အရည်ဆူပါက လေပူပေါင်းများ ဖြစ်ပေါ်လာပြီး ၎င်းလေပူပေါင်းများ အအေးခံစနစ်အတွင်း စီးဆင်းသွားရာမှ အအေးခံစနစ် အတွင်း၌ ပေါက်ကွဲခြင်းကိုခေါ်ပါတယ်။
Cavitation ကြောင့် ရေလည်အုံများ၊ စလင်ဒါလိုင်နာများ၌ ကျောက်ပေါက်မာကဲ့သို့ အပေါက်ငယ်လေး များဖြစ်ပေါ်စေပြီး အချိန်ကြာလာသောအခါ စလင်ဒါလိုင်နာများပေါက်၍ မီးလောင်ခန်းအတွင်းသို့ အအေးခံရည်များ ပေါက်ဝင်လာသည်အထိ ဖြစ်နိုင်ပါတယ်။ထို့ကြောင့် အအေးခံစနစ်တွင် သင့်တော် မှန်ကန်သော pressure cap ကို ရွေးချယ်၍ မှန်ကန်စွာ တပ်ဆင်အသုံးပြုသင့်ပါတယ်။
Pressure cap တွင် pressure valve, pressure spring,vacuum valve နှင့် sealing rings များပါဝင်ပါတယ်။ Pressure valve ကို ၎င်း၏ နောက်ဘက်ရှိ pressure spring ဖြင့် ဖိထားခြင်းဖြင့် ရေတိုင်ကီကို လုံအောင်ပိတ်ထားပေးပါတယ်။အအေးခံစနစ်၏ ဖိအားသည် pressure spring ၏ဖိအားကို ကျော်လွန်လာပါက pressure valve ပွင့်ပြီး coolant တချို့သည် ရေတိုင်ကီ၏ ရေပြန်ပိုက် မှတစ်ဆင့် expansion tank ခေါ် recovery over tank ဟုခေါ်သော ပလတ်စတစ်ရေတိုင်ကီ အသေးလေးဆီသို့ စီးဆင်းသွားစေခြင်းဖြင့် အအေးခံစနစ်၏ မြင့်တက်လာသော ဖိအားကိုလျော့ကျစေပါတယ်။
အအေးခံံစနစ်၏ ဖိအားသည် pressure spring ၏ဖိအားထက် နည်းသွားပါက စပရင်၏ တွန်းအားကြောင့် pressure valve ပြန်လည် ပိတ်သွားပြီး အအေးခံစနစ်၏ လိုအပ်သော ဖိအားကို ထိန်းသိမ်းပေးပါတယ်။Pressure valve ၏ အလယ်တည့်တည့်တွင် vacuum valve ကို တပ်ဆင်ထားပါတယ်။ အအေးခံစနစ်ပြန်လည် အေးသွားပြီး အအေးခံစနစ်၏ ဖိအားသည် ပြင်ပလေထု၏ ဖိအားထက် နည်းသွားပါက vacuum valve ပွင့်၍ expansion tank မှ coolant များ ရေတိုင်ကီ ထဲသို့ပြန်လည် စီးဆင်းဝင်ရောက် စေပါတယ်။
ကားကိုရေစစ်ချင်ပါက ရေတိုင်ကီ အပေါ်က အဖုန်းကို မဖွင့်စေလိုပါOver Tank မှာ Full (F) Low(L) လို့ရေးထားပါတယ် ရေလျာ့ပါက ဒီover tank ကသာရေဖြည့် ပါခင်ဗျား
Credit: ဗီယာ ဒုံး
Sign up here with your email
ConversionConversion EmoticonEmoticon