သံဓာတ္ဟာ ေသြးနီဥထဲမွာရွိတဲ့ အရာတစ္ခုျဖစ္ၿပီး ေအာက္စီဂ်င္ကို ခႏၶာကိုယ္အႏွံ႔ေရာက္ေအာင္ သယ္ေဆာင္ေပးပါတယ္။ သံဓာတ္အားနည္းတဲ့အခါမွာ မွတ္ဉာဏ္နဲ႔ပတ္သက္တဲ့ ေရာဂါေတြ၊ ေသြးအားနည္းေရာဂါေတြ ျဖစ္လာႏိုင္တယ္လို႔ မၾကာေသးခင္က သုေတသနပညာရွင္ေတြက အတည္ျပဳထားခဲ့ပါတယ္။ ခုေဖာ္ျပေပးမွာကေတာ့ သံဓာတ္အားနည္းတဲ့လကၡဏာေတြပဲ ျဖစ္ပါတယ္။ ဒီလကၡဏာေတြျဖစ္လာၿပီဆိုရင္ မေပ့ါဆဘဲ ေသေသခ်ာခ်ာကုသသင့္ပါတယ္။
(၁) ေခါင္းမူး၊ ေခါင္းကိုက္ျဖစ္ျခင္း
သံဓာတ္အားနည္းျခင္းဟာ ဦးေႏွာက္ထဲကို ေအာက္စီဂ်င္ေရာက္ဖို႔ အဟန႔္အတားျဖစ္ေစပါတယ္။ ဦးေႏွာက္ထဲကို ေအာက္စီဂ်င္အနည္းငယ္ပဲ ေရာက္သြားတဲ့အခါ မူးေမာ္တာေတြအျပင္ တစ္ခါတေလမွာ ေခါင္းကိုက္တာေတြပါ မၾကာခဏ ျဖစ္တတ္ပါတယ္။
(၂) ႏွလုံးခုန္မမွန္ျခင္း
ႏွလုံးခုန္မမွန္တာေတြ၊ ရင္တုန္တာေတြေတြက သံဓာတ္အားနည္းျခင္းေၾကာင့္ ျဖစ္ေနႏိုင္ပါတယ္။ ခႏၶာကိုယ္အႏွံ႔ ေအာက္စီဂ်င္ေရာက္ရွိႏႈန္း နည္းသြားေစတဲ့အတြက္ ႏွလုံးခုန္ပုံမွန္မဟုတ္တဲ့အျပင္ကို ႏွလုံးနဲ႔ပတ္သက္တဲ့ ေရာဂါေတြကိုေတာင္ ျဖစ္ေစႏိုင္တယ္လို႔ ေဆးပညာရွင္ေတြက ေျပာၾကားထားပါတယ္။
(၃) အားနည္းျခင္း
ခႏၶာကိုယ္ထဲက ဆဲလ္ေတြနဲ႔ ႂကြက္သားေတြဟာ အားအင္ေတြကို ထုတ္လုပ္ႏိုင္ဖို႔အတြက္ ေအာက္စီဂ်င္ကို လိုအပ္ပါတယ္။ အေပၚမွာ ေဖာ္ျပထားသလိုပဲ ခႏၶာကိုယ္အစိတ္အပိုင္းေတြထဲကို ေအာက္စီဂ်င္ေရာက္ရွိႏႈန္း နည္းပါးတဲ့အခါ စိတ္ဖိစီးမႈေတြ ျမင့္တက္လာတာေၾကာင့္ အားအင္ကုန္ခမ္းၿပီး ႏြမ္းလ်ေနေစတာျဖစ္ပါတယ္။
(၄) အသက္ရႉမဝျခင္း
လမ္းေလွ်ာက္တဲ့အခါေတြ၊ ေလွခါးတက္တဲ့အခါေတြ၊ မတ္တပ္ရပ္လိုက္တဲ့အခါေတြမွာ မူးေနတယ္၊ မိုက္ခနဲျဖစ္သြားတယ္ဆိုရင္ေတာ့ ဒါဟာ သံဓာတ္အားနည္းျခင္းရဲ႕ လကၡဏာေတြျဖစ္ပါတယ္။ ဒါဟာ ႂကြက္သားေတြထဲကို ေအာက္စီဂ်င္လုံေလာက္စြာ မေရာက္ျခင္းေၾကာင့္ ျဖစ္ရတာပါ။
Credit: Aunty may
Unicode ဖြင့်ဖတ်ရန်
သင်သံဓာတ်အားနည်းနေပြီဆိုတာကို ပြတဲ့လက္ခဏာများ
သံဓာတ်ဟာ သွေးနီဥထဲမှာရှိတဲ့ အရာတစ်ခုဖြစ်ပြီး အောက်စီဂျင်ကို ခန္ဓာကိုယ်အနှံ့ရောက်အောင် သယ်ဆောင်ပေးပါတယ်။ သံဓာတ်အားနည်းတဲ့အခါမှာ မှတ်ဉာဏ်နဲ့ပတ်သက်တဲ့ ရောဂါတွေ၊ သွေးအားနည်းရောဂါတွေ ဖြစ်လာနိုင်တယ်လို့ မကြာသေးခင်က သုတေသနပညာရှင်တွေက အတည်ပြုထားခဲ့ပါတယ်။ ခုဖော်ပြပေးမှာကတော့ သံဓာတ်အားနည်းတဲ့လက္ခဏာတွေပဲ ဖြစ်ပါတယ်။ ဒီလက္ခဏာတွေဖြစ်လာပြီဆိုရင် မပေ့ါဆဘဲ သေသေချာချာကုသသင့်ပါတယ်။
(၁) ခေါင်းမူး၊ ခေါင်းကိုက်ဖြစ်ခြင်း
သံဓာတ်အားနည်းခြင်းဟာ ဦးနှောက်ထဲကို အောက်စီဂျင်ရောက်ဖို့ အဟန့်အတားဖြစ်စေပါတယ်။ ဦးနှောက်ထဲကို အောက်စီဂျင်အနည်းငယ်ပဲ ရောက်သွားတဲ့အခါ မူးမော်တာတွေအပြင် တစ်ခါတလေမှာ ခေါင်းကိုက်တာတွေပါ မကြာခဏ ဖြစ်တတ်ပါတယ်။
(၂) နှလုံးခုန်မမှန်ခြင်း
နှလုံးခုန်မမှန်တာတွေ၊ ရင်တုန်တာတွေတွေက သံဓာတ်အားနည်းခြင်းကြောင့် ဖြစ်နေနိုင်ပါတယ်။ ခန္ဓာကိုယ်အနှံ့ အောက်စီဂျင်ရောက်ရှိနှုန်း နည်းသွားစေတဲ့အတွက် နှလုံးခုန်ပုံမှန်မဟုတ်တဲ့အပြင်ကို နှလုံးနဲ့ပတ်သက်တဲ့ ရောဂါတွေကိုတောင် ဖြစ်စေနိုင်တယ်လို့ ဆေးပညာရှင်တွေက ပြောကြားထားပါတယ်။
(၃) အားနည်းခြင်း
ခန္ဓာကိုယ်ထဲက ဆဲလ်တွေနဲ့ ကြွက်သားတွေဟာ အားအင်တွေကို ထုတ်လုပ်နိုင်ဖို့အတွက် အောက်စီဂျင်ကို လိုအပ်ပါတယ်။ အပေါ်မှာ ဖော်ပြထားသလိုပဲ ခန္ဓာကိုယ်အစိတ်အပိုင်းတွေထဲကို အောက်စီဂျင်ရောက်ရှိနှုန်း နည်းပါးတဲ့အခါ စိတ်ဖိစီးမှုတွေ မြင့်တက်လာတာကြောင့် အားအင်ကုန်ခမ်းပြီး နွမ်းလျနေစေတာဖြစ်ပါတယ်။
(၄) အသက်ရှူမဝခြင်း
လမ်းလျှောက်တဲ့အခါတွေ၊ လှေခါးတက်တဲ့အခါတွေ၊ မတ်တပ်ရပ်လိုက်တဲ့အခါတွေမှာ မူးနေတယ်၊ မိုက်ခနဲဖြစ်သွားတယ်ဆိုရင်တော့ ဒါဟာ သံဓာတ်အားနည်းခြင်းရဲ့ လက္ခဏာတွေဖြစ်ပါတယ်။ ဒါဟာ ကြွက်သားတွေထဲကို အောက်စီဂျင်လုံလောက်စွာ မရောက်ခြင်းကြောင့် ဖြစ်ရတာပါ။
Credit: Aunty may
Sign up here with your email
ConversionConversion EmoticonEmoticon