ျမန္မာႏိုင္ငံသား ကိုျပည့္စုံေအာင္ရဲ႕ အံ့မခန္း ပန္းပုလက္ရာေၾကာင့္ ကမာၻမွာ ျမန္မာက ပထမဆုရၿပီ





Zawgyi ျဖင့္ဖတ္ရန္

ျမန္မာေတြဟာ ဟိုးေရွးယခင္အဆက္ဆက္တည္းက ျမန္မာ့လက္မႈပညာျဖစ္တဲ့ ပန္းဆယ္မ်ိဳးကို ကြၽမ္းက်င္ပိုင္ႏိုင္စြာ ျပဳလုပ္ႏိုင္သူေတြ ျဖစ္ပါတယ္ ပန္းဆယ္မ်ိဳးထဲမွာ တစ္ခုအပါအဝင္ျဖစ္တဲ့ ပန္းပု ပညာမွာဆိုလည္း တကယ့္ကိုလက္ရွိအခ်ိန္ထိ ကြၽမ္းက်င္တတ္ေျမာက္တဲ့ ပညာရွင္ေတြ ျမန္မာျပည္မွာ အမ်ားႀကီးရွိတာပါ။



ခုခ်ိန္မွာေတာ့ ျမန္မာ့ပန္းပုပညာရွင္တစ္ဦးကေန ျမန္မာ့ပန္းပုလက္ရာကို ထင္ေပၚေက်ာ္ၾကားေအာင္ စြမ္းေဆာင္ႏိုင္ခဲ့ပါၿပီ အဲတာကေတာ့ ကမာၻ႔အႀကီးဆုံး သစ္သားပန္းပု ၿပိဳင္ပြဲမွာ ဆုရရွိသြားတဲ့ ဒါးပိန္သားေလး ကိုျပည့္စုံေအာင္ပဲ ျဖစ္ပါတယ္။



ကမာၻ႔အႀကီးဆုံး သစ္သားပန္းပု ျပပြဲ၊ ၿပိဳင္ပြဲ ႏွင့္အေရာင္းပြဲေတာ္ႀကီး ကို KMA Foundation က ႀကီးမႉးက်င္းပတာျဖစ္ၿပီး ပဲခူး ဆယ္မိုင္ကုန္းမွာတည္ရွိတဲ့ Shwe Pyi Resort မွာ ႏိုဝင္ဘာလ (၂၉) ရက္မွ ဒီဇင္ဘာလ (၄) ရက္ေန႔အထိ ျပဳလုပ္ခဲ့တာ ျဖစ္ပါတယ္ ျမန္မာ့အႏုပညာ သစ္သားပန္းပုၿပိဳင္ပြဲႀကီးရဲ႕ ၿပိဳင္ပြဲဝင္ပန္းပုဆရာ ၂၂၇ ေယာက္ရဲ႕ ပန္းပုလက္ရာမ်ားကိုျပသထားၿပီး အဲဒီ ၂၂၇ ေယာက္ထဲမွာမွ ပထမရရွိသြားတဲ့ ပန္းပုကေတာ့ဒါးပိန္သားကိုျပည့္စုံေအာင္ ၏ ” ႐ိုးရာအေမြ ” လို႔ အမည္ေပးထားတဲ့ ပန္းပု႐ုပ္ပဲ ျဖစ္ပါတယ္။




႐ိုးရာအေမြဆိုတဲ့ ပန္းပု႐ုပ္ေလးကေတာ့ ျမန္မာ့ေရွးေခတ္ ေသွ်ာင္ထုံးနဲ႔ အဘိုးအိုတစ္ေယာက္က ေဆးတံခဲၿပီး ပန္းပုထုေနကာ ေဘးမွာ ေျမးကေလးငယ္တစ္ေယာက္က စိတ္ဝင္တစားၾကည့္ေနဟန္နဲ႔ အမ်ိဳးသမီးတစ္ဦးက လက္ခ်ဳပ္လိုက္ေနဟန္ပဲ ျဖစ္ပါတယ္။ဒါ့အျပင္ ေဘးမွာက ေရေႏြးခရားတစ္လုံးနဲ႔ အၾကမ္းပန္းကန္ႏွစ္လုံး၊ ေနာက္မွာ ျမန္မာ႐ိုးရာ ႐ုပ္ေသး႐ုပ္ေလးမ်ားျဖစ္တဲ့ မင္းသားမင္းသမီး၊ ေဇာ္ဂ်ီ၊ ဝန္ႀကီး၊ စစ္သူႀကီး၊ ဖိုးဝ႐ုပ္၊ နတ္သား စတဲ့ အ႐ုပ္ကေလးမ်ားကို ထုလုပ္ထားတာျဖစ္ပါတယ္။



တကယ့္ကို လက္ရာေျမာက္အသက္ဝင္လြန္းတဲ့ ပန္းပုလက္ရာျဖစ္တာေၾကာင့္ ခုလိုဆုရရွိခဲ့တာ ျဖစ္ပါတယ္…ခုလို ကမာၻ႔အႀကီးဆုံး သစ္သားပန္းပုျပပြဲ ၿပိဳင္ပြဲမွာ ပထမဆုရရွိခဲ့တဲ့ ဒါးပိန္သားေလး ကိုျပည့္စုံေအာင္ရဲ႕ ပန္းပုလက္ရာေလးေတြကို ပရိသတ္ႀကီးတို႔ ၾကည့္ရႈႏိုင္ဖို႔ ျပန္လည္မွ်ေဝလိုက္ပါတယ္ေနာ္။ကိုျပည့္စုံေအာင္ လက္ရာကို သေဘာက်ႏွစ္သက္တယ္ဆို ဂုဏ္ျပဳစကားေလးေတြ ေျပာေပးခဲ့ပါေနာ္။

share from: burmese.asia



Unicode ဖြင့်ဖတ်ရန်

မြန်မာနိုင်ငံသား ကိုပြည့်စုံအောင်ရဲ့ အံ့မခန်း ပန်းပုလက်ရာကြောင့် ကမ္ဘာမှာ မြန်မာက ပထမဆုရပြီ

မြန်မာတွေဟာ ဟိုးရှေးယခင်အဆက်ဆက်တည်းက မြန်မာ့လက်မှုပညာဖြစ်တဲ့ ပန်းဆယ်မျိုးကို ကျွမ်းကျင်ပိုင်နိုင်စွာ ပြုလုပ်နိုင်သူတွေ ဖြစ်ပါတယ် ပန်းဆယ်မျိုးထဲမှာ တစ်ခုအပါအဝင်ဖြစ်တဲ့ ပန်းပု ပညာမှာဆိုလည်း တကယ့်ကိုလက်ရှိအချိန်ထိ ကျွမ်းကျင်တတ်မြောက်တဲ့ ပညာရှင်တွေ မြန်မာပြည်မှာ အများကြီးရှိတာပါ။



ခုချိန်မှာတော့ မြန်မာ့ပန်းပုပညာရှင်တစ်ဦးကနေ မြန်မာ့ပန်းပုလက်ရာကို ထင်ပေါ်ကျော်ကြားအောင် စွမ်းဆောင်နိုင်ခဲ့ပါပြီ အဲတာကတော့ ကမ္ဘာ့အကြီးဆုံး သစ်သားပန်းပု ပြိုင်ပွဲမှာ ဆုရရှိသွားတဲ့ ဒါးပိန်သားလေး ကိုပြည့်စုံအောင်ပဲ ဖြစ်ပါတယ်။



ကမ္ဘာ့အကြီးဆုံး သစ်သားပန်းပု ပြပွဲ၊ ပြိုင်ပွဲ နှင့်အရောင်းပွဲတော်ကြီး ကို KMA Foundation က ကြီးမှူးကျင်းပတာဖြစ်ပြီး ပဲခူး ဆယ်မိုင်ကုန်းမှာတည်ရှိတဲ့ Shwe Pyi Resort မှာ နိုဝင်ဘာလ (၂၉) ရက်မှ ဒီဇင်ဘာလ (၄) ရက်နေ့အထိ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ် မြန်မာ့အနုပညာ သစ်သားပန်းပုပြိုင်ပွဲကြီးရဲ့ ပြိုင်ပွဲဝင်ပန်းပုဆရာ ၂၂၇ ယောက်ရဲ့ ပန်းပုလက်ရာများကိုပြသထားပြီး အဲဒီ ၂၂၇ ယောက်ထဲမှာမှ ပထမရရှိသွားတဲ့ ပန်းပုကတော့ဒါးပိန်သားကိုပြည့်စုံအောင် ၏ ” ရိုးရာအမွေ ” လို့ အမည်ပေးထားတဲ့ ပန်းပုရုပ်ပဲ ဖြစ်ပါတယ်။



ရိုးရာအမွေဆိုတဲ့ ပန်းပုရုပ်လေးကတော့ မြန်မာ့ရှေးခေတ် သျှောင်ထုံးနဲ့ အဘိုးအိုတစ်ယောက်က ဆေးတံခဲပြီး ပန်းပုထုနေကာ ဘေးမှာ မြေးကလေးငယ်တစ်ယောက်က စိတ်ဝင်တစားကြည့်နေဟန်နဲ့ အမျိုးသမီးတစ်ဦးက လက်ချုပ်လိုက်နေဟန်ပဲ ဖြစ်ပါတယ်။ဒါ့အပြင် ဘေးမှာက ရေနွေးခရားတစ်လုံးနဲ့ အကြမ်းပန်းကန်နှစ်လုံး၊ နောက်မှာ မြန်မာရိုးရာ ရုပ်သေးရုပ်လေးများဖြစ်တဲ့ မင်းသားမင်းသမီး၊ ဇော်ဂျီ၊ ဝန်ကြီး၊ စစ်သူကြီး၊ ဖိုးဝရုပ်၊ နတ်သား စတဲ့ အရုပ်ကလေးများကို ထုလုပ်ထားတာဖြစ်ပါတယ်။



တကယ့်ကို လက်ရာမြောက်အသက်ဝင်လွန်းတဲ့ ပန်းပုလက်ရာဖြစ်တာကြောင့် ခုလိုဆုရရှိခဲ့တာ ဖြစ်ပါတယ်…ခုလို ကမ္ဘာ့အကြီးဆုံး သစ်သားပန်းပုပြပွဲ ပြိုင်ပွဲမှာ ပထမဆုရရှိခဲ့တဲ့ ဒါးပိန်သားလေး ကိုပြည့်စုံအောင်ရဲ့ ပန်းပုလက်ရာလေးတွေကို ပရိသတ်ကြီးတို့ ကြည့်ရှုနိုင်ဖို့ ပြန်လည်မျှဝေလိုက်ပါတယ်နော်။ကိုပြည့်စုံအောင် လက်ရာကို သဘောကျနှစ်သက်တယ်ဆို ဂုဏ်ပြုစကားလေးတွေ ပြောပေးခဲ့ပါနော်။

share from: burmese.asia


Previous
Next Post »
Powered by Blogger.