ဆရာဝန္ အႀကံေပးေကာင္းလြန္းလို႔ ၄ လ သမီးေလး ေသဆုံးရ





 Zawgyi ျဖင့္ဖတ္ရန္

ေခ်ာင္းေတြအဆက္မျပတ္ဆိုးေနတဲ့ အသက္ ၄ လအ႐ြယ္ သမီးေလးကို မိခင္ျဖစ္သူက နီးစပ္ရာ ေဆးခန္းက ဆရာဝန္နဲ႔ သြားျပၾကည့္ရာ ေဆးမေပးပဲ အႀကံေပးလိုက္သျဖင့္ သူ႔လမ္းၫႊန္ခ်က္အတိုင္း လုပ္ေဆာင္ခဲ့ရာ သမီးေလးမွာ မေသဆုံးသင့္ပဲနဲ႔ ေသဆုံးသြားခဲ့ရပါတယ္။



တ႐ုတ္သတင္းစာ China Press သတင္းအရ ႏိုဝင္ဘာလ ၃၀ ရက္ေန႔မွာ ၄ လအ႐ြယ္ သမီးေလး ေခ်ာင္းေတြဆိုးေနခဲ့တာေၾကာင့္ မိခင္ျဖစ္သူက ကေလးရဲ႕ လည္ေခ်ာင္းနဲ႔ အဆုတ္တို႔ကို စစ္ေဆးရန္ အိမ္အနီးနားက ေဆးခန္းတစ္ခုကို သြားျပခဲ့ပါတယ္။ ဆရာဝန္က စစ္ေဆးၾကည့္ၿပီးေနာက္ ကေလးက အားလုံးပုံမွန္ျဖစ္ၿပီး အသက္ငယ္လြန္းေသးတဲ့အတြက္ ေဆးထိုး ေဆးစားရန္မသင့္ေသးေၾကာင္း ဆိုပါတယ္။ ဒါေပမယ့္ တ႐ုတ္႐ိုးရာေဆးကုခန္းမွာ ႏွိပ္တဲ့ကုထုံး ခံယူသင့္တယ္လို႔ အႀကံေပးခဲ့ပါတယ္။

မိခင္ျဖစ္သူလည္း ဆရာဝန္ၫႊန္ၾကားတဲ့အတိုင္း တ႐ုတ္႐ိုးရာ တိုင္းရင္းအႏွိပ္ကုခန္းကို သြားခဲ့ပါတယ္။ ေဆးခန္းက ကေလးကို အေၾကာေတြဖြင့္ေပးတဲ့ ႏွိပ္နည္း(အပ္စိုက္နည္းနဲ႔ဆင္တူ)နဲ႔ မိနစ္ ၂၀ ေလာက္ ႏွိပ္နယ္ၿပီး ကုသေပးခဲ့ပါတယ္။




သ႐ုပ္ေဖာ္မွ်သာ

အဲဒီေနာက္ သားအမိႏွစ္ေယာက္ အိမ္ျပန္ခဲ့ၾကပါတယ္။ အိမ္ေရာက္ၿပီး သိပ္မၾကာခင္မွာ ကေလးရဲ႕ ႏွာသီးဝကေန ခရမ္းေရာင္ အျမဳတ္အရည္ေလးေတြ ထြက္လာခဲ့ၿပီး ကေလးဟာ သိတိလစ္သြားကာ ျပန္ႏိုးမလာေတာ့ပါဘူး။ ေျခမကိုင္မိ လက္မကိုင္မိျဖစ္ေနတဲ့ မိခင္က ကေလးကို ေဆး႐ုံကို အျမန္ေခၚသြားခဲ့ပါတယ္။ ဒါေပမယ့္ ကေလးဟာ ေသဆုံးသြားၿပီလို႔ ေဆး႐ုံက အတည္ျပဳေပးခဲ့ပါတယ္။



သ႐ုပ္ေဖာ္မွ်သာ

ေဆးစစ္ခ်က္ေတြအရ ကေလးရဲ႕ကိုယ္တြင္း ကလီစာအခ်ိဳ႕ပ်က္ဆီးခဲ့ေၾကာင္း ေသဆုံးရတဲ့အေၾကာင္းအရင္းမွာ ေဖာ္ျပထားပါတယ္။ ကေလးေသဆုံးခဲ့ရတာနဲ႔ ပက္သက္ၿပီး တ႐ုတ္႐ိုးရာအႏွိပ္ တိုင္းရင္းေဆးခန္းက ကေလးဟာ သူတို႔ေဆးခန္းက ျပန္သြားတဲ့အခ်ိန္မွာ အေျခအေနေကာင္းခဲ့တာျဖစ္လို႔ သူတို႔နဲ႔ မဆိုင္ဘူးလို႔ ဆိုပါတယ္၊ ဒါ့အျပင္ ေဆးခန္းက ဝန္ထမ္းေတြဟာ ကြၽမ္းက်င္သူေတြျဖစ္တယ္လို႔ဆိုပါတယ္။ ဒါေပမယ့္ သက္ဆိုင္ရာက စုံစမ္းစစ္ေဆးမႈမွာေတာ့ အျပည့္အဝ ပူးေပါင္းေဆာင္႐ြက္မယ္လို႔ ေၾကညာခဲ့ပါတယ္။

Credit: popolay 

Unicode ဖြင့်ဖတ်ရန်

ဆရာဝန် အကြံပေးကောင်းလွန်းလို့ ၄ လ သမီးလေး သေဆုံးရ


ချောင်းတွေအဆက်မပြတ်ဆိုးနေတဲ့ အသက် ၄ လအရွယ် သမီးလေးကို မိခင်ဖြစ်သူက နီးစပ်ရာ ဆေးခန်းက ဆရာဝန်နဲ့ သွားပြကြည့်ရာ ဆေးမပေးပဲ အကြံပေးလိုက်သဖြင့် သူ့လမ်းညွှန်ချက်အတိုင်း လုပ်ဆောင်ခဲ့ရာ သမီးလေးမှာ မသေဆုံးသင့်ပဲနဲ့ သေဆုံးသွားခဲ့ရပါတယ်။



တရုတ်သတင်းစာ China Press သတင်းအရ နိုဝင်ဘာလ ၃၀ ရက်နေ့မှာ ၄ လအရွယ် သမီးလေး ချောင်းတွေဆိုးနေခဲ့တာကြောင့် မိခင်ဖြစ်သူက ကလေးရဲ့ လည်ချောင်းနဲ့ အဆုတ်တို့ကို စစ်ဆေးရန် အိမ်အနီးနားက ဆေးခန်းတစ်ခုကို သွားပြခဲ့ပါတယ်။ ဆရာဝန်က စစ်ဆေးကြည့်ပြီးနောက် ကလေးက အားလုံးပုံမှန်ဖြစ်ပြီး အသက်ငယ်လွန်းသေးတဲ့အတွက် ဆေးထိုး ဆေးစားရန်မသင့်သေးကြောင်း ဆိုပါတယ်။ ဒါပေမယ့် တရုတ်ရိုးရာဆေးကုခန်းမှာ နှိပ်တဲ့ကုထုံး ခံယူသင့်တယ်လို့ အကြံပေးခဲ့ပါတယ်။

မိခင်ဖြစ်သူလည်း ဆရာဝန်ညွှန်ကြားတဲ့အတိုင်း တရုတ်ရိုးရာ တိုင်းရင်းအနှိပ်ကုခန်းကို သွားခဲ့ပါတယ်။ ဆေးခန်းက ကလေးကို အကြောတွေဖွင့်ပေးတဲ့ နှိပ်နည်း(အပ်စိုက်နည်းနဲ့ဆင်တူ)နဲ့ မိနစ် ၂၀ လောက် နှိပ်နယ်ပြီး ကုသပေးခဲ့ပါတယ်။



သရုပ်ဖော်မျှသာ

အဲဒီနောက် သားအမိနှစ်ယောက် အိမ်ပြန်ခဲ့ကြပါတယ်။ အိမ်ရောက်ပြီး သိပ်မကြာခင်မှာ ကလေးရဲ့ နှာသီးဝကနေ ခရမ်းရောင် အမြုတ်အရည်လေးတွေ ထွက်လာခဲ့ပြီး ကလေးဟာ သိတိလစ်သွားကာ ပြန်နိုးမလာတော့ပါဘူး။ ခြေမကိုင်မိ လက်မကိုင်မိဖြစ်နေတဲ့ မိခင်က ကလေးကို ဆေးရုံကို အမြန်ခေါ်သွားခဲ့ပါတယ်။ ဒါပေမယ့် ကလေးဟာ သေဆုံးသွားပြီလို့ ဆေးရုံက အတည်ပြုပေးခဲ့ပါတယ်။



သရုပ်ဖော်မျှသာ

ဆေးစစ်ချက်တွေအရ ကလေးရဲ့ကိုယ်တွင်း ကလီစာအချို့ပျက်ဆီးခဲ့ကြောင်း သေဆုံးရတဲ့အကြောင်းအရင်းမှာ ဖော်ပြထားပါတယ်။ ကလေးသေဆုံးခဲ့ရတာနဲ့ ပက်သက်ပြီး တရုတ်ရိုးရာအနှိပ် တိုင်းရင်းဆေးခန်းက ကလေးဟာ သူတို့ဆေးခန်းက ပြန်သွားတဲ့အချိန်မှာ အခြေအနေကောင်းခဲ့တာဖြစ်လို့ သူတို့နဲ့ မဆိုင်ဘူးလို့ ဆိုပါတယ်၊ ဒါ့အပြင် ဆေးခန်းက ဝန်ထမ်းတွေဟာ ကျွမ်းကျင်သူတွေဖြစ်တယ်လို့ဆိုပါတယ်။ ဒါပေမယ့် သက်ဆိုင်ရာက စုံစမ်းစစ်ဆေးမှုမှာတော့ အပြည့်အဝ ပူးပေါင်းဆောင်ရွက်မယ်လို့ ကြေညာခဲ့ပါတယ်။

Credit: popolay 



Previous
Next Post »
Powered by Blogger.