Zawgyi ျဖင့္ဖတ္ရန္
ဗစ္တိုးရီးယားအမႈကို လာမယ့္ ဒီဇင္ဘာ ၁၈ ရက္ေန႔ကို ျပန္လည္ခ်ိန္းဆိုလိုက္ၿပီး ဒီ႐ုံးခ်ိန္းမွာ သက္ေသေတြအျဖစ္ အမ်ားစိတ္ဝင္စားေနတဲ့ Wisdom Hill ေက်ာင္းက ဆရာမႏွင္းႏုအပါအဝင္ ဆရာမ ၃ ေယာက္ကို စစ္ေဆးသြားမယ္လို႔ ဗစ္တိုးရီးယားရဲ႕ ေရွ႕ေန ေဒၚ႐ြက္ႏုေအာင္က ေျပာပါတယ္။ ဗစ္တိုးရီးယားအမႈ ၁၂ ႀကိမ္ေျမာက္႐ုံးခ်ိန္းအၿပီးမွာ မီဒီယာေတြကို ေျပာတာပါ။
“၁၈ ရက္ေန႔ ႐ုံးခ်ိန္းကက်ေတာ့ ဆရာမႏွင္းႏုနဲ႔ ေနာက္ထပ္ သက္ေသ ေက်ာင္းဆရာမ ႏွစ္ေယာက္ေပါ့။ ဆရာ မႏွင္းႏုအေနနဲ႔ ဘာေတြထြက္ဆိုမလည္း ေစာင့္ၾကည့္ရမွာပဲ။ ဆရာမႏွင္းႏု က ဘယ္ေလာက္အတိုင္းအတာထိ ထြက္ဆိုခ်က္ေပးႏိုင္မလည္း ဒါမ်ိဳးေတြၾကည့္ရမယ္၊ ဒါေပမယ့္ ဘာပဲျဖစ္ျဖစ္ ႏွစ္ဖက္ သက္ေသေတြလည္း ရွိေနေသးတာျဖစ္တဲ့အတြက္ တေန႔ေန႔ တခ်ိန္ခ်ိန္မွာေတာ့ အားလုံးေပၚလာမွာပါ” လို႔ ေဒၚ႐ြက္ႏုေအာင္က ေျပာပါတယ္။
၁၈ ရက္ေန႔မတိုင္ခင္ ၁၇ ရက္ေန႔မွာ CID က ရဲမႈးၿငိမ္းခ်မ္းေအာင္၊ ျမန္မာႏိုင္ငံ ကြန္ပ်ဳတာ ပညာရွင္မ်ားအသင္း ဥကၠဌ ဦးမင္းေဇယ်ာလႈိင္၊ ဦးျပည့္ၿဖိဳးေအာင္၊ ကိုမိုးတို႔ ေလးဦးက CCTV မွတ္တမ္းေတြ ျပန္ေဖာ္ထုတ္ၾကမယ္လို႔လည္း ဆိုပါတယ္။“လာမယ့္ ၁၇ ရက္ေန႔မွာ အဲလူေတြအားလုံးက ဒီတရား႐ုံးမွာ ေလးေယာက္လုံး လာစုံမယ္၊ စုံၿပီးရင္ DVR+Hardisk ကို ျပန္ၿပီးေဖာ္ထုတ္မယ္။ ၿပီးေတာ့ နည္းပညာဆိုင္ရာ ပစၥည္းကိရိယာ ေတြလည္း ယူလာၿပီးေတာ့ ဒါ ႀကီးကို ေဖာ္ထုတ္ၾကမယ္” လို႔ ေဒၚ႐ြက္ႏုေအာင္က ေျပာပါတယ္။ ႐ုံးခ်ိန္းမွာေတာ့ ၿပီးခဲ့တဲ့ ၁၁ ႀကိမ္ေျမာက္႐ုံးခ်ိန္းမွာ စစ္ေဆးတာ မၿပီးေသးတဲ့ Wisdom Hill မူႀကိဳေက်ာင္း ႀကီးၾကပ္ေရးမႉး ေဒၚဥမၼာလႈိင္နဲ႔ ေက်ာင္းဆရာမႏွစ္ဦးကို စစ္ေဆးခဲ့ပါတယ္။
ထို႔ျပင္ ႐ုံးခ်ိန္းတြင္ ဗစ္တိုးရီးယား အမႈ၏ အဓိကသက္ေသ ျဖစ္သည့္ cctv မွတ္တမ္းဖိုင္အား ျပန္လည္ေဖာ္ထုတ္ရန္ အတြက္ ကြၽမ္းက်င္ ပညာရွင္ ေလးဦး၏ အမည္စာရင္းကို ႐ုံးေတာ္သို႔ တင္သြင္းခဲ့ရာ ႐ုံးေတာ္က လက္ခံသျဖင့္ အဆိုပါ ပညာရွင္ ၄ ဦးအား ေခၚယူ၍ ဒီဇင္ဘာ ၁၇ ရက္တြင္ DVR + Hard Disk အား ျပန္လည္ ေဖာ္ထုတ္ႏိုင္ေရး ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။ CID က ရဲမႉးၿငိမ္းခ်မ္းေအာင္ ပါမယ္။ ေနာက္တစ္ခု ဦးမင္းေဇယ်ာလႈိင္၊ ေနာက္တစ္ခုက ဦးျပည့္ၿဖိဳးေအာင္၊ ေနာက္တစ္ခါ ကိုမိုးပါမယ္။ အဲ့ေလးေယာက္ ေပါ့ေနာ္။ ဒါကို တရား႐ုံးက တစ္ခါတည္း ေစာင့္ၿပီးေတာ့ ဆင့္စာလည္း တရား႐ုံးက တစ္ခါတည္း ထုတ္လိုက္တယ္။ အဲ့ေတာ့လာမယ့္ ၁၇ရက္ေန႔မွာ ေလးေယာက္လုံး တရား႐ုံးမွာ ဆုံၿပီးဒီ DVR+Hard disk ကိုေဖာ္ထုတ္မယ္။ ၿပီးေတာ့ နည္းပညာဆိုင္ရာ ပစၥည္းကိရိယာေတြ ယူလာၿပီးေတာ့ ဒါႀကီးကို ေဖာ္ထုတ္မယ္”ဟု ေဒၚ႐ြက္ႏုေအာင္က ေျပာဆိုခဲ့သည္။
share from: burmese.asia
Unicode ဖြင့်ဖတ်ရန်
ဗစ်တိုးရီးယားအမှု နောက်ရုံးချိန်းတွင် ဆရာမ နှင်းနုအပါအဝင် ၃ ဦးကို စစ်ဆေးမည်
ဗစ်တိုးရီးယားအမှုကို လာမယ့် ဒီဇင်ဘာ ၁၈ ရက်နေ့ကို ပြန်လည်ချိန်းဆိုလိုက်ပြီး ဒီရုံးချိန်းမှာ သက်သေတွေအဖြစ် အများစိတ်ဝင်စားနေတဲ့ Wisdom Hill ကျောင်းက ဆရာမနှင်းနုအပါအဝင် ဆရာမ ၃ ယောက်ကို စစ်ဆေးသွားမယ်လို့ ဗစ်တိုးရီးယားရဲ့ ရှေ့နေ ဒေါ်ရွက်နုအောင်က ပြောပါတယ်။ ဗစ်တိုးရီးယားအမှု ၁၂ ကြိမ်မြောက်ရုံးချိန်းအပြီးမှာ မီဒီယာတွေကို ပြောတာပါ။
“၁၈ ရက်နေ့ ရုံးချိန်းကကျတော့ ဆရာမနှင်းနုနဲ့ နောက်ထပ် သက်သေ ကျောင်းဆရာမ နှစ်ယောက်ပေါ့။ ဆရာ မနှင်းနုအနေနဲ့ ဘာတွေထွက်ဆိုမလည်း စောင့်ကြည့်ရမှာပဲ။ ဆရာမနှင်းနု က ဘယ်လောက်အတိုင်းအတာထိ ထွက်ဆိုချက်ပေးနိုင်မလည်း ဒါမျိုးတွေကြည့်ရမယ်၊ ဒါပေမယ့် ဘာပဲဖြစ်ဖြစ် နှစ်ဖက် သက်သေတွေလည်း ရှိနေသေးတာဖြစ်တဲ့အတွက် တနေ့နေ့ တချိန်ချိန်မှာတော့ အားလုံးပေါ်လာမှာပါ” လို့ ဒေါ်ရွက်နုအောင်က ပြောပါတယ်။
၁၈ ရက်နေ့မတိုင်ခင် ၁၇ ရက်နေ့မှာ CID က ရဲမှုးငြိမ်းချမ်းအောင်၊ မြန်မာနိုင်ငံ ကွန်ပျုတာ ပညာရှင်များအသင်း ဥက္ကဌ ဦးမင်းဇေယျာလှိုင်၊ ဦးပြည့်ဖြိုးအောင်၊ ကိုမိုးတို့ လေးဦးက CCTV မှတ်တမ်းတွေ ပြန်ဖော်ထုတ်ကြမယ်လို့လည်း ဆိုပါတယ်။“လာမယ့် ၁၇ ရက်နေ့မှာ အဲလူတွေအားလုံးက ဒီတရားရုံးမှာ လေးယောက်လုံး လာစုံမယ်၊ စုံပြီးရင် DVR+Hardisk ကို ပြန်ပြီးဖော်ထုတ်မယ်။ ပြီးတော့ နည်းပညာဆိုင်ရာ ပစ္စည်းကိရိယာ တွေလည်း ယူလာပြီးတော့ ဒါ ကြီးကို ဖော်ထုတ်ကြမယ်” လို့ ဒေါ်ရွက်နုအောင်က ပြောပါတယ်။ ရုံးချိန်းမှာတော့ ပြီးခဲ့တဲ့ ၁၁ ကြိမ်မြောက်ရုံးချိန်းမှာ စစ်ဆေးတာ မပြီးသေးတဲ့ Wisdom Hill မူကြိုကျောင်း ကြီးကြပ်ရေးမှူး ဒေါ်ဥမ္မာလှိုင်နဲ့ ကျောင်းဆရာမနှစ်ဦးကို စစ်ဆေးခဲ့ပါတယ်။
ထို့ပြင် ရုံးချိန်းတွင် ဗစ်တိုးရီးယား အမှု၏ အဓိကသက်သေ ဖြစ်သည့် cctv မှတ်တမ်းဖိုင်အား ပြန်လည်ဖော်ထုတ်ရန် အတွက် ကျွမ်းကျင် ပညာရှင် လေးဦး၏ အမည်စာရင်းကို ရုံးတော်သို့ တင်သွင်းခဲ့ရာ ရုံးတော်က လက်ခံသဖြင့် အဆိုပါ ပညာရှင် ၄ ဦးအား ခေါ်ယူ၍ ဒီဇင်ဘာ ၁၇ ရက်တွင် DVR + Hard Disk အား ပြန်လည် ဖော်ထုတ်နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ CID က ရဲမှူးငြိမ်းချမ်းအောင် ပါမယ်။ နောက်တစ်ခု ဦးမင်းဇေယျာလှိုင်၊ နောက်တစ်ခုက ဦးပြည့်ဖြိုးအောင်၊ နောက်တစ်ခါ ကိုမိုးပါမယ်။ အဲ့လေးယောက် ပေါ့နော်။ ဒါကို တရားရုံးက တစ်ခါတည်း စောင့်ပြီးတော့ ဆင့်စာလည်း တရားရုံးက တစ်ခါတည်း ထုတ်လိုက်တယ်။ အဲ့တော့လာမယ့် ၁၇ရက်နေ့မှာ လေးယောက်လုံး တရားရုံးမှာ ဆုံပြီးဒီ DVR+Hard disk ကိုဖော်ထုတ်မယ်။ ပြီးတော့ နည်းပညာဆိုင်ရာ ပစ္စည်းကိရိယာတွေ ယူလာပြီးတော့ ဒါကြီးကို ဖော်ထုတ်မယ်”ဟု ဒေါ်ရွက်နုအောင်က ပြောဆိုခဲ့သည်။
share from: burmese.asia
Sign up here with your email
ConversionConversion EmoticonEmoticon