Zawgyi ျဖင့္ဖတ္ရန္
တ႐ုတ္ႏိုင္ငံမွာ ေခ်ာင္းဆိုးလို႔ ေဆး႐ုံလာျပတဲ့ ေလးလသမီးေလးကို တ႐ုတ္အႏွိပ္ပညာနဲ႔ သြားကုခိုင္းတာေၾကာင့္ ကေလးမွာ ကိုယ္တြင္းအဂၤါေတြ ပ်က္စီးၿပီး ေသဆုံးမႈ ျဖစ္ခဲ့ပါတယ္။“ကြၽန္မတို႔ရဲ႕ သမီးေလးက ေလးလပဲ ရွိပါေသးတယ္။ ေခ်ာင္းဆိုးလို႔ ဒီ ေဆး႐ုံကို လာျပခဲ့တယ္။ ခုေတာ့ သမီးေလးကို ဆုံးရႈံးလိုက္ရၿပီ။”လို႔ ရွီအန္းျပည္နယ္မွာ ျဖစ္ပြားတဲ့ အခု ျဖစ္ရပ္မွ ကေလးရဲ႕ မိခင္ျဖစ္သူက ဝမ္းနည္းပက္လက္ ေျပာရွာပါတယ္။
မိခင္ျဖစ္သူဟာ အဲဒီ ေဆး႐ုံမွာ ဆရာဝန္တစ္ဦး ၫႊန္ၾကားတာေၾကာင့္ သူ႔ရဲ႕ ေလးလသမီးေလးကို ႏိုဝင္ဘာ ၃၀ ရက္မွာ တ႐ုတ္ အႏွိပ္ပညာနဲ႔ ႏွိပ္နယ္ေပးတဲ့ အႏွိမ္ခန္းမွာ သြားေရာက္ ကုသခဲ့ၿပီးေနာက္မွာ ကေလးျဖစ္သူ ေသဆုံးရတာ ျဖစ္ပါတယ္။
မိခင္ျဖစ္သူနဲ႔ ဖခင္ျဖစ္သူတို႔ဟာ သူတို႔ရဲ႕ သမီးငယ္ ေခ်ာင္းဆိုးေနတာေၾကာင့္ ကေလးငယ္ကို ေဆး႐ုံလာျပခဲ့တာပါ။
အဲဒီမွာ ဆရာဝန္တစ္ဦးက ေဆးဝါးကုသေပးရမယ့္အစား ကေလးရဲ႕ ႏုႏုနယ္နယ္ အ႐ြယ္ကို ထည့္တြက္ၿပီးလည္း မစဥ္းစားဘဲ တ႐ုတ္အႏွိပ္ပညာနဲ႔ ႏွိပ္ဖို႔ တ႐ုတ္ဆရာဝန္တစ္ဦးဆီ ၫႊန္ၾကားခဲ့တာ ျဖစ္ပါတယ္။
“ေလးလကေလးငယ္ကို ခုလို ႏွိပ္ခိုင္းဖို႔ ေျပာေတာ့ ကြၽန္မ အေတာ္ အံ့ဩသြားတယ္။ ဒါေပမယ့္ ဆရာဝန္ကိုယ္တိုင္ ၫႊန္ၾကားတာျဖစ္ေတာ့ ကြၽန္မတို႔ကလည္း နားလည္ၾကဘူး။ ဒါေၾကာင့္ပဲ သူ႔ ၫႊန္ၾကားခ်က္အတိုင္း သြားခဲ့မိတာ ျဖစ္တယ္။”လို႔ မိခင္ျဖစ္သူက သတင္းေထာက္ေတြကို ေျပာပါတယ္။
ဒီလို အႏွိပ္ခန္း ဝင္ၿပီးေနာက္မွာ ကေလးဟာ အိပ္ေပ်ာ္သြားတယ္လို႔ ထင္ခဲ့ေၾကာင္း ကေလးရဲ႕ မိဘျဖစ္သူေတြက ေျပာပါတယ္။
“သမီးေလးကို အဝတ္လဲေပးခ်ိန္မွာေတာ့ သမီးေလး ပါးစပ္နဲ႔ ႏွာေခါင္းမွာ အျမဳပ္ေတြ ထြက္ေနတယ္။ ေသြးစေတြလည္း ေတြ႕တယ္။ ဒါနဲ႔ ခ်က္ခ်င္းပဲ အေရးေပၚေခၚၿပီး အဲ ေဆး႐ုံဆီပဲ ကြၽန္မတို႔ လာျပန္ျပပါတယ္။”လို႔ မိခင္ျဖစ္သူက ဆိုပါတယ္။
ေဆး႐ုံေရာက္တဲ့အခါ ကေလးငယ္ဟာ ႏွလုံးခုန္ရပ္ေနၿပီး အသက္မရႈေတာ့ေၾကာင္း ေဆး႐ုံက မွတ္ခ်က္ျပဳပါတယ္။ ကေလးကို အဖတ္ဆယ္ႏိုင္ေအာင္ ႀကိဳးစားေပမယ့္ အဖတ္မတင္ေတာ့ပဲ ေသဆုံးခဲ့တာ ျဖစ္ပါတယ္။ ေသစာရင္းမွာ ကေလးဟာ ကိုယ္တြင္းအဂၤါေတြ ပ်က္စီးၿပီး ေသဆုံးရတယ္လို႔ မွတ္ခ်က္ျပဳထားပါတယ္။
ကေလးမိဘေတြဟာ က်န္းမာေရး အဖြဲ႕အစည္းထံ အျဖစ္အပ်က္ကို တိုင္ၾကားထားၿပီး က်န္းမာေရးဗ်ဴ႐ိုက ေနာက္ဆုံး စုံစမ္းေတြ႕ရွိခ်က္ကို ေစာင့္ဆိုင္းေနတယ္လို႔ ဆိုထားပါတယ္။
Writer_ ေမာင္သံဆင့္(XYZ News)
Unicode ဖြင့်ဖတ်ရန်
ဆေးရုံလာပြတာကို တရုတ်အနှိပ်ပညာနဲ့ ကုခိုင်းတဲ့ ဆရာဝန်ကြောင့် လေးလသမီးလေး ကိုယ်တွင်းအင်္ဂါတွေ ပျက်စီးပြီး သေဆုံး
တရုတ်နိုင်ငံမှာ ချောင်းဆိုးလို့ ဆေးရုံလာပြတဲ့ လေးလသမီးလေးကို တရုတ်အနှိပ်ပညာနဲ့ သွားကုခိုင်းတာကြောင့် ကလေးမှာ ကိုယ်တွင်းအင်္ဂါတွေ ပျက်စီးပြီး သေဆုံးမှု ဖြစ်ခဲ့ပါတယ်။
“ကျွန်မတို့ရဲ့ သမီးလေးက လေးလပဲ ရှိပါသေးတယ်။ ချောင်းဆိုးလို့ ဒီ ဆေးရုံကို လာပြခဲ့တယ်။ ခုတော့ သမီးလေးကို ဆုံးရှုံးလိုက်ရပြီ။”လို့ ရှီအန်းပြည်နယ်မှာ ဖြစ်ပွားတဲ့ အခု ဖြစ်ရပ်မှ ကလေးရဲ့ မိခင်ဖြစ်သူက ဝမ်းနည်းပက်လက် ပြောရှာပါတယ်။
မိခင်ဖြစ်သူဟာ အဲဒီ ဆေးရုံမှာ ဆရာဝန်တစ်ဦး ညွှန်ကြားတာကြောင့် သူ့ရဲ့ လေးလသမီးလေးကို နိုဝင်ဘာ ၃၀ ရက်မှာ တရုတ် အနှိပ်ပညာနဲ့ နှိပ်နယ်ပေးတဲ့ အနှိမ်ခန်းမှာ သွားရောက် ကုသခဲ့ပြီးနောက်မှာ ကလေးဖြစ်သူ သေဆုံးရတာ ဖြစ်ပါတယ်။
မိခင်ဖြစ်သူနဲ့ ဖခင်ဖြစ်သူတို့ဟာ သူတို့ရဲ့ သမီးငယ် ချောင်းဆိုးနေတာကြောင့် ကလေးငယ်ကို ဆေးရုံလာပြခဲ့တာပါ။
အဲဒီမှာ ဆရာဝန်တစ်ဦးက ဆေးဝါးကုသပေးရမယ့်အစား ကလေးရဲ့ နုနုနယ်နယ် အရွယ်ကို ထည့်တွက်ပြီးလည်း မစဉ်းစားဘဲ တရုတ်အနှိပ်ပညာနဲ့ နှိပ်ဖို့ တရုတ်ဆရာဝန်တစ်ဦးဆီ ညွှန်ကြားခဲ့တာ ဖြစ်ပါတယ်။
“လေးလကလေးငယ်ကို ခုလို နှိပ်ခိုင်းဖို့ ပြောတော့ ကျွန်မ အတော် အံ့ဩသွားတယ်။ ဒါပေမယ့် ဆရာဝန်ကိုယ်တိုင် ညွှန်ကြားတာဖြစ်တော့ ကျွန်မတို့ကလည်း နားလည်ကြဘူး။ ဒါကြောင့်ပဲ သူ့ ညွှန်ကြားချက်အတိုင်း သွားခဲ့မိတာ ဖြစ်တယ်။”လို့ မိခင်ဖြစ်သူက သတင်းထောက်တွေကို ပြောပါတယ်။
ဒီလို အနှိပ်ခန်း ဝင်ပြီးနောက်မှာ ကလေးဟာ အိပ်ပျော်သွားတယ်လို့ ထင်ခဲ့ကြောင်း ကလေးရဲ့ မိဘဖြစ်သူတွေက ပြောပါတယ်။
“သမီးလေးကို အဝတ်လဲပေးချိန်မှာတော့ သမီးလေး ပါးစပ်နဲ့ နှာခေါင်းမှာ အမြုပ်တွေ ထွက်နေတယ်။ သွေးစတွေလည်း တွေ့တယ်။ ဒါနဲ့ ချက်ချင်းပဲ အရေးပေါ်ခေါ်ပြီး အဲ ဆေးရုံဆီပဲ ကျွန်မတို့ လာပြန်ပြပါတယ်။”လို့ မိခင်ဖြစ်သူက ဆိုပါတယ်။
ဆေးရုံရောက်တဲ့အခါ ကလေးငယ်ဟာ နှလုံးခုန်ရပ်နေပြီး အသက်မရှုတော့ကြောင်း ဆေးရုံက မှတ်ချက်ပြုပါတယ်။ ကလေးကို အဖတ်ဆယ်နိုင်အောင် ကြိုးစားပေမယ့် အဖတ်မတင်တော့ပဲ သေဆုံးခဲ့တာ ဖြစ်ပါတယ်။ သေစာရင်းမှာ ကလေးဟာ ကိုယ်တွင်းအင်္ဂါတွေ ပျက်စီးပြီး သေဆုံးရတယ်လို့ မှတ်ချက်ပြုထားပါတယ်။
ကလေးမိဘတွေဟာ ကျန်းမာရေး အဖွဲ့အစည်းထံ အဖြစ်အပျက်ကို တိုင်ကြားထားပြီး ကျန်းမာရေးဗျူရိုက နောက်ဆုံး စုံစမ်းတွေ့ရှိချက်ကို စောင့်ဆိုင်းနေတယ်လို့ ဆိုထားပါတယ်။
Writer_ မောင်သံဆင့်(XYZ News)
Sign up here with your email
ConversionConversion EmoticonEmoticon