ေနာက္ထပ္ ပရိသတ္အႀကိဳက္ေတြ႕ေစတဲ့ တစ္ခြန္းတည္းေသာစကားကို ေျပာခ်လိုက္ျပန္တဲ့ လြင္မိုး




Zawgyi ျဖင့္ဖတ္ရန္

စြယ္စုံရမင္းသားႀကီးလြင္မိုးဟာ အရင္ေခတ္မ်ိဳးဆက္ေတြေရာအခုေခတ္လူငယ္ေတြပါ အားေပးခ်စ္ခင္ရတဲ့ အကယ္ဒမီမ်ားရွင္မင္းသားႀကီးျဖစ္ၿပီး ေနာက္ပိုင္းကာလေတြမွာ ႐ုပ္ရွင္ခ်စ္ပရိသတ္နဲ႔ထိေတြ႕မႈေတာ္ေတာ္ေလးကိုက်ဲပါးသြားခဲ့တာေၾကာင့္ ပရိသတ္ေတြက လြင္မိုးကိုေရာ သူရဲ႕ အႏုပညာစြမ္းရည္ျပမႈေတြကိုပါ လြမ္းေနၾကတာပါ။ လြင္မိုးက အခုေနာက္ပိုင္းမွာေတာ့ ႐ုပ္ရွင္ကားႀကီးေတြျပန္႐ိုက္လာၿပီး ပရိသတ္ေတြေရွ႕ကိုျပန္ေရာက္လာခဲ့ပါၿပီ။

လြင္မိုးကေတာ့ တစ္ခြန္းတည္းေျပာရျခင္းကိုဝါသနာထုံသူပါ။လြင္မိုးက အဲဒီတစ္ခြန္းတည္းေျပာမယ္ဆိုတဲ့စကားကို အခုမွသာမဟုတ္အရင္ကတည္းကေျပာလာတာျဖစ္ၿပီး လြင္မိုးဟာ ျပည္သူခ်စ္တဲ့ အရည္အခ်င္းရွိ အႏုပညာရွင္တစ္ဦးလည္းျဖစ္သလို ေပ်ာ္ေပ်ာ္ေနတတ္သူတစ္ေယာက္လည္းျဖစ္ေၾကာင္း အဲဒီတစ္ခြန္းတည္းေျပာမယ္ဆိုတဲ့စကားေတြက သက္ေသခံလို႔ေနပါတယ္။





အရင္အခ်ိန္ေတြတုန္းကလည္း သူရဲ႕ အေတြးမွာ သေဘာမေတြ႕တာေတြကို တစ္ခြန္းတည္းေျပာမယ္ဆိုတဲ့ စကားေလးခံၿပီး ေျပာျပခဲ့ဖူးတာေတြကိုလည္း ျပန္လည္ေဖာ္ျပေပးလိုက္ပါတယ္။ “တစ္ခြန္းတည္းေျပာမယ္ ကိုယ့္ဟာကိုယ္ဘာလုပ္ရမည္မွန္းမသိတဲ့လူအတြက္ အနာဂတ္ဆိုတာမရွိဘူး” “တစ္ခြန္းတည္းေျပာမယ္ အရမ္းလြယ္ေနၿပီဆိုရင္ တစ္ခုခုမွားေနၿပီလို႔မွတ္” “တစ္ခြန္းတည္းေျပာမယ္ အႏုပညာအလုပ္က သေဘာထားႀကီးမွ ေအာင္ျမင္လိမ့္မည္”ဆိုတာမ်ိဳး တကယ့္ ဒႆနစကားေတြလည္းပါသလို “တစ္ခြန္းတည္းေျပာမယ္ စီးပြားမျဖစ္ရင္ ဘာမွမေအာင္ျမင္ႏိုင္ဘူး” “တစ္ခြန္းတည္းေျပာမယ္ အိပ္မက္ေတြတကယ္ျဖစ္ဖို႔ ေမြ႕ယာနဲ႔ကုတင္ေကာင္းေကာင္းလိုတယ္”ဆိုတဲ့ ေပ်ာ္စရာစေနာက္ထားတဲ့စကားေလးေတြလည္းပါဝင္ပါတယ္။



အခုလည္း ဦးလြင္မိုးကေတာ့ သူရဲ႕ သေဘာမေတြ႕မႈေလးတစ္ခုကို တစ္ခြန္းတည္း ေျပာလိုက္ျပန္ပါၿပီ။ အခု ဦးလြင္မိုးရဲ႕ တစ္ခြန္းတည္း ေျပာမယ္ဆိုတဲ့ စကားေလးကေတာ့ “ တခြန္းတည္းေျပာမယ္ ဘယ္က႑မဆို မညီၫြတ္ရင္ ပ်က္စီးမွာပဲ”ဆိုၿပီး မွတ္သားစရာ စကားေလးတစ္ခြန္းကိုေျပာထားပါတယ္။ အဆိုပါ ပိုစ့္ေလးရဲ႕ေအာက္မွာလည္း ပရိသတ္ေတြ ဦးလြင္မိုးရဲ႕ မိတ္ေဆြေတြကေတာ့ သူတို႔ရဲ႕ အျမင္ေတြကိုလည္း ျပန္မွ်ေဝေနၾကတာကို ေတြ႕ရပါတယ္။ အခုက်ေနာ္တို႔ ေဖာ္ျပေပးသြားတဲ့ အေၾကာင္းေလးကို ၾကည့္ၿပီး ဦးလြင္မိုးရဲ႕ တခြန္းတည္းေျပာမယ္ဆိုတဲ့ စကားေတြဟာ လူမႈပတ္ဝန္းက်င္အတြက္လိုအပ္ေနတဲ့ စကားေလးေတြ ျဖစ္တယ္ဆိုတာ အားလုံးလည္း သေဘာေပါက္က်လိမ့္မယ္ ထင္ပါတယ္။ မိတ္ေဆြတို႔ရဲ႕ အျမင္ေလးေတြကိုလည္း ျပန္လည္ ေဝမွ်ေပးသြားၾကပါဦးေနာ္ ။ ဦးလြင္မိုးရဲ႕ ေနာက္ထပ္အႏုပညာလႈပ္ရွားမႈေတြကိုလည္းေမွ်ာ္လင့္ေနၾကလား ေျပာခဲ့ၾကပါဦးေနာ္ ။

share from: burmese.asia


Unicode ဖြင့်ဖတ်ရန်

နောက်ထပ် ပရိသတ်အကြိုက်တွေ့စေတဲ့ တစ်ခွန်းတည်းသောစကားကို ပြောချလိုက်ပြန်တဲ့ လွင်မိုး

စွယ်စုံရမင်းသားကြီးလွင်မိုးဟာ အရင်ခေတ်မျိုးဆက်တွေရောအခုခေတ်လူငယ်တွေပါ အားပေးချစ်ခင်ရတဲ့ အကယ်ဒမီများရှင်မင်းသားကြီးဖြစ်ပြီး နောက်ပိုင်းကာလတွေမှာ ရုပ်ရှင်ချစ်ပရိသတ်နဲ့ထိတွေ့မှုတော်တော်လေးကိုကျဲပါးသွားခဲ့တာကြောင့် ပရိသတ်တွေက လွင်မိုးကိုရော သူရဲ့ အနုပညာစွမ်းရည်ပြမှုတွေကိုပါ လွမ်းနေကြတာပါ။ လွင်မိုးက အခုနောက်ပိုင်းမှာတော့ ရုပ်ရှင်ကားကြီးတွေပြန်ရိုက်လာပြီး ပရိသတ်တွေရှေ့ကိုပြန်ရောက်လာခဲ့ပါပြီ။

လွင်မိုးကတော့ တစ်ခွန်းတည်းပြောရခြင်းကိုဝါသနာထုံသူပါ။လွင်မိုးက အဲဒီတစ်ခွန်းတည်းပြောမယ်ဆိုတဲ့စကားကို အခုမှသာမဟုတ်အရင်ကတည်းကပြောလာတာဖြစ်ပြီး လွင်မိုးဟာ ပြည်သူချစ်တဲ့ အရည်အချင်းရှိ အနုပညာရှင်တစ်ဦးလည်းဖြစ်သလို ပျော်ပျော်နေတတ်သူတစ်ယောက်လည်းဖြစ်ကြောင်း အဲဒီတစ်ခွန်းတည်းပြောမယ်ဆိုတဲ့စကားတွေက သက်သေခံလို့နေပါတယ်။



အရင်အချိန်တွေတုန်းကလည်း သူရဲ့ အတွေးမှာ သဘောမတွေ့တာတွေကို တစ်ခွန်းတည်းပြောမယ်ဆိုတဲ့ စကားလေးခံပြီး ပြောပြခဲ့ဖူးတာတွေကိုလည်း ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ “တစ်ခွန်းတည်းပြောမယ် ကိုယ့်ဟာကိုယ်ဘာလုပ်ရမည်မှန်းမသိတဲ့လူအတွက် အနာဂတ်ဆိုတာမရှိဘူး” “တစ်ခွန်းတည်းပြောမယ် အရမ်းလွယ်နေပြီဆိုရင် တစ်ခုခုမှားနေပြီလို့မှတ်” “တစ်ခွန်းတည်းပြောမယ် အနုပညာအလုပ်က သဘောထားကြီးမှ အောင်မြင်လိမ့်မည်”ဆိုတာမျိုး တကယ့် ဒဿနစကားတွေလည်းပါသလို “တစ်ခွန်းတည်းပြောမယ် စီးပွားမဖြစ်ရင် ဘာမှမအောင်မြင်နိုင်ဘူး” “တစ်ခွန်းတည်းပြောမယ် အိပ်မက်တွေတကယ်ဖြစ်ဖို့ မွေ့ယာနဲ့ကုတင်ကောင်းကောင်းလိုတယ်”ဆိုတဲ့ ပျော်စရာစနောက်ထားတဲ့စကားလေးတွေလည်းပါဝင်ပါတယ်။



အခုလည်း ဦးလွင်မိုးကတော့ သူရဲ့ သဘောမတွေ့မှုလေးတစ်ခုကို တစ်ခွန်းတည်း ပြောလိုက်ပြန်ပါပြီ။ အခု ဦးလွင်မိုးရဲ့ တစ်ခွန်းတည်း ပြောမယ်ဆိုတဲ့ စကားလေးကတော့ “ တခွန်းတည်းပြောမယ် ဘယ်ကဏ္ဍမဆို မညီညွတ်ရင် ပျက်စီးမှာပဲ”ဆိုပြီး မှတ်သားစရာ စကားလေးတစ်ခွန်းကိုပြောထားပါတယ်။ အဆိုပါ ပိုစ့်လေးရဲ့အောက်မှာလည်း ပရိသတ်တွေ ဦးလွင်မိုးရဲ့ မိတ်ဆွေတွေကတော့ သူတို့ရဲ့ အမြင်တွေကိုလည်း ပြန်မျှဝေနေကြတာကို တွေ့ရပါတယ်။ အခုကျနော်တို့ ဖော်ပြပေးသွားတဲ့ အကြောင်းလေးကို ကြည့်ပြီး ဦးလွင်မိုးရဲ့ တခွန်းတည်းပြောမယ်ဆိုတဲ့ စကားတွေဟာ လူမှုပတ်ဝန်းကျင်အတွက်လိုအပ်နေတဲ့ စကားလေးတွေ ဖြစ်တယ်ဆိုတာ အားလုံးလည်း သဘောပေါက်ကျလိမ့်မယ် ထင်ပါတယ်။ မိတ်ဆွေတို့ရဲ့ အမြင်လေးတွေကိုလည်း ပြန်လည် ဝေမျှပေးသွားကြပါဦးနော် ။ ဦးလွင်မိုးရဲ့ နောက်ထပ်အနုပညာလှုပ်ရှားမှုတွေကိုလည်းမျှော်လင့်နေကြလား ပြောခဲ့ကြပါဦးနော် ။

share from: burmese.asia

Previous
Next Post »
Powered by Blogger.