Zawgyi ျဖင့္ဖတ္ရန္
ဖိလစ္ပိုင္ ဆီးဂိမ္းၿပိဳင္ ပြဲတြင္ ျမန္မာႏိုင္ငံအတြက္ ပထမဆုံး ေ႐ႊတံဆိပ္ကို အားနစ္အားကစားနည္းၿပိဳင္ပြဲ၌ အိေျႏၵဖူးက ဆြတ္ခူးခဲ့သည္။ဒီဇင္ဘာ ၃ ရက္က ဖိလစ္ပိုင္ႏိုင္ငံ၌ က်င္းပသည့္ အားနစ္ၿပိဳင္ပြဲ အမ်ိဳးသမီး ႐ိုးရာအျပပြဲစဥ္ တြင္ ျမန္မာကစားသမား အိေျႏၵဖူးက ၿပိဳင္ဘက္အိမ္ရွင္ ဖိလစ္ပိုင္၊ ဗီယက္နမ္၊ ကေမာၻဒီးယားကစားသမားမ်ားကို ေက်ာ္ျဖတ္ကာ ရမွတ္အမ်ားဆုံးျဖင့္ ေ႐ႊတံဆိပ္ဆု ဆြတ္ခူးႏိုင္ခဲ့သည္။ အားနစ္ အားကစားနည္းသည္ တုတ္၊ ဓား တို႔ျဖင့္ ယွဥ္ၿပိဳင္ရသည့္ အိမ္ရွင္ ဖိလစ္ပိုင္ႏိုင္ငံ၏ ႐ိုးရာကိုယ္ခံပညာ အားကစား နည္းျဖစ္သည္။
ျမန္မာအားကစား အဖြဲ႕အေနျဖင့္ ဆီးဂိမ္းၿပိဳင္ပြဲ သုံးရက္ ေျမာက္တြင္ ေ႐ႊတံဆိပ္စတင္ဆြတ္ ခူးႏိုင္ခဲ့ျခင္းျဖစ္သည္။ ဖိလစ္ပိုင္ ဆီးဂိမ္း အားနစ္အားကစားနည္း ၿပိဳင္ပြဲကို ဒီဇင္ဘာ ၁ ရက္မွ ၃ ရက္အထိ က်င္းပခဲ့သည္။ ယင္း အားကစားနည္းတြင္ ဖိလစ္ပိုင္၊ ဗီယက္နမ္၊ ျမန္မာ၊ ကေမာၻဒီးယား ေလးႏိုင္ငံသာ ယွဥ္ၿပိဳင္ၿပီး ၿပိဳင္ပြဲ အမ်ိဳးအစား ၂၀ ပါဝင္သည္။
ျမန္မာအားနစ္အဖြဲ႕သည္ ၿပိဳင္ပြဲအမ်ိဳးအစား ၂၀ စလုံး ယွဥ္ၿပိဳင္ၿပီး ၿပိဳင္ပြဲအားလုံး ၿပီးဆုံးခ်ိန္တြင္ ေ႐ႊတံဆိပ္ တစ္ခု၊ ေငြတံဆိပ္ငါးခု၊ ေၾကးတံဆိပ္ ၁၄ ခု ဆြတ္ခူးခဲ့သည္။ ဒီဇင္ဘာ ၃ ရက္ ဆီးဂိမ္းအားကစားၿပိဳင္ပြဲ ညေနပိုင္း ပြဲစဥ္မ်ားအၿပီးတြင္ ျမန္မာအားကစားအဖြဲ႕သည္ ေ႐ႊတစ္ခု၊ ေငြ ေျခာက္ခု၊ ေၾကး ၂၀ခု၊ စုစုေပါင္း ဆုတံဆိပ္ ၂၇ ခုျဖင့္ ႏိုင္ငံအလိုက္ အဆင့္(၇) ေနရာတြင္ ရပ္တည္ ေနသည္။အိမ္ရွင္ဖိလစ္ပိုင္က ေ႐ႊ ၄၇ ခု အပါအဝင္ ဆုတံဆိပ္ေပါင္း ၉၃ ျဖင့္ ႏိုင္ငံအလိုက္ဆုရရွိမႈ ထိပ္ဆုံးတြင္ ဦးေဆာင္ေနၿပီး ဗီယက္နမ္က ေ႐ႊ ၂၃ ခု အပါအဝင္ ဆုတံဆိပ္ေပါင္း ၇၄ ျဖင့္ ဒုတိယ၊ မေလး ရွားက ေ႐ႊ ၁၇ ခု အပါအဝင္ဆုတံဆိပ္ေပါင္း ၃၆ ခုျဖင့္ တတိယေနရာတြင္ ရပ္တည္ေနသည္။
share from: burmese.asia
Unicode ဖြင့်ဖတ်ရန်
ဖိလစ်ပိုင်ဆီးဂိမ်းတွင် အားနစ်အားကစားနည်းမှ မြန်မာ ပထမဆုံး ရွှေတံဆိပ် ဆွတ်ခူး
ဖိလစ်ပိုင် ဆီးဂိမ်းပြိုင် ပွဲတွင် မြန်မာနိုင်ငံအတွက် ပထမဆုံး ရွှေတံဆိပ်ကို အားနစ်အားကစားနည်းပြိုင်ပွဲ၌ အိန္ဒြေဖူးက ဆွတ်ခူးခဲ့သည်။ဒီဇင်ဘာ ၃ ရက်က ဖိလစ်ပိုင်နိုင်ငံ၌ ကျင်းပသည့် အားနစ်ပြိုင်ပွဲ အမျိုးသမီး ရိုးရာအပြပွဲစဉ် တွင် မြန်မာကစားသမား အိန္ဒြေဖူးက ပြိုင်ဘက်အိမ်ရှင် ဖိလစ်ပိုင်၊ ဗီယက်နမ်၊ ကမ္ဘောဒီးယားကစားသမားများကို ကျော်ဖြတ်ကာ ရမှတ်အများဆုံးဖြင့် ရွှေတံဆိပ်ဆု ဆွတ်ခူးနိုင်ခဲ့သည်။ အားနစ် အားကစားနည်းသည် တုတ်၊ ဓား တို့ဖြင့် ယှဉ်ပြိုင်ရသည့် အိမ်ရှင် ဖိလစ်ပိုင်နိုင်ငံ၏ ရိုးရာကိုယ်ခံပညာ အားကစား နည်းဖြစ်သည်။
မြန်မာအားကစား အဖွဲ့အနေဖြင့် ဆီးဂိမ်းပြိုင်ပွဲ သုံးရက် မြောက်တွင် ရွှေတံဆိပ်စတင်ဆွတ် ခူးနိုင်ခဲ့ခြင်းဖြစ်သည်။ ဖိလစ်ပိုင် ဆီးဂိမ်း အားနစ်အားကစားနည်း ပြိုင်ပွဲကို ဒီဇင်ဘာ ၁ ရက်မှ ၃ ရက်အထိ ကျင်းပခဲ့သည်။ ယင်း အားကစားနည်းတွင် ဖိလစ်ပိုင်၊ ဗီယက်နမ်၊ မြန်မာ၊ ကမ္ဘောဒီးယား လေးနိုင်ငံသာ ယှဉ်ပြိုင်ပြီး ပြိုင်ပွဲ အမျိုးအစား ၂၀ ပါဝင်သည်။
မြန်မာအားနစ်အဖွဲ့သည် ပြိုင်ပွဲအမျိုးအစား ၂၀ စလုံး ယှဉ်ပြိုင်ပြီး ပြိုင်ပွဲအားလုံး ပြီးဆုံးချိန်တွင် ရွှေတံဆိပ် တစ်ခု၊ ငွေတံဆိပ်ငါးခု၊ ကြေးတံဆိပ် ၁၄ ခု ဆွတ်ခူးခဲ့သည်။ ဒီဇင်ဘာ ၃ ရက် ဆီးဂိမ်းအားကစားပြိုင်ပွဲ ညနေပိုင်း ပွဲစဉ်များအပြီးတွင် မြန်မာအားကစားအဖွဲ့သည် ရွှေတစ်ခု၊ ငွေ ခြောက်ခု၊ ကြေး ၂၀ခု၊ စုစုပေါင်း ဆုတံဆိပ် ၂၇ ခုဖြင့် နိုင်ငံအလိုက် အဆင့်(၇) နေရာတွင် ရပ်တည် နေသည်။အိမ်ရှင်ဖိလစ်ပိုင်က ရွှေ ၄၇ ခု အပါအဝင် ဆုတံဆိပ်ပေါင်း ၉၃ ဖြင့် နိုင်ငံအလိုက်ဆုရရှိမှု ထိပ်ဆုံးတွင် ဦးဆောင်နေပြီး ဗီယက်နမ်က ရွှေ ၂၃ ခု အပါအဝင် ဆုတံဆိပ်ပေါင်း ၇၄ ဖြင့် ဒုတိယ၊ မလေး ရှားက ရွှေ ၁၇ ခု အပါအဝင်ဆုတံဆိပ်ပေါင်း ၃၆ ခုဖြင့် တတိယနေရာတွင် ရပ်တည်နေသည်။
share from: burmese.asia
Sign up here with your email
ConversionConversion EmoticonEmoticon