Zawgyi ဖြင့်ဖတ်ရန်
Unicode ဖြင့်ဖတ်ရန်
၈၃ နှစ်အမျိုးသားကို ၂၇ နှစ် အမျိုးသမီးက မြင်မြင်ချင်းအချစ်ကြောင့် လက်ထပ်
အင်ဒိုနီးရှားနိုင်ငံ ဂျာဗားပြည်နယ် အလယ်ပိုင်းမှာ ၈၃ နှစ်အရွယ်အမျိုးသား နဲ့ ၂၇ နှစ်အရွယ်အမျိုးသမီးတို့ လက် ထပ်သွားခဲ့ကြပြီး အရွယ်ချင်းကွာဟလွန်း တဲ့ အိမ်ထောင်ဖက်တွေဖြစ်တာကြောင့် သူတို့ရဲ့ဆန်းကြယ်တဲ့ဖူးစာအကြောင်း ဟိုးလေးတကျော်ဖြစ်လာခဲ့ပါတယ်။
အသက်အရွယ်ကွာခြားလွန်းနေပြီး ကိုယ့် အဖေထက်တောင် အသက်ကြီးနေတဲ့ အ မျိုးသားကိုမှ ချစ်ခင်စုံမက်ပြီး လက်ထပ် ဖြစ်သွားခဲ့သူ နူရေနီကတော့ မြင်မြင်ချင်း မှာပဲ ၈၃နှစ်အရွယ် ဆူဒါဂိုကို ချစ်ကြိုက် သွားခဲ့မိပြီး နှစ်ဖက်မိသားစုတွေက သက်တူရွယ်တူကိုသာ လက်ထပ်ဖို့ နူရေ နီကို နားချစည်းရုံးခဲ့ကြပေမယ့် ဘယ်လို မှမရခဲ့ဘဲ နောက်ဆုံးမှာတော့ လိုက်လျော ခဲ့ရပြီး မိသားစုတွေအချင်းချင်းစေ့စပ် စကားပြောဆိုကြကာ လက်ထပ်ပေး လိုက်ကြရတာဖြစ်ပါတယ်။
နတ်ဆရာအ ဖြစ် ထင်ရှားသူ ဆူဒါဂိုဆီက ဟောပြော အကြံပြုမှုရဖို့ မိဘတွေနဲ့အတူ နူရေနီ လိုက်ပါခဲ့ချိန်မှာမှ ဆူဒါဂိုကို မြင်တွေ့ဖူး တာဖြစ်ပြီး မြင်မြင်ချင်းချစ်စိတ်ဝင်မိကာ အဘိုးဆူဒါဂိုဆီ အကြောင်းအမျိုးမျိုးရှာပြီး မကြာခဏလာနေခဲ့တယ်လို့ နူရေနီက ဆို ပါတယ်။
နူရေနီရဲ့ ရေလာမြောင်းပေးအ ပြုအမူတွေကို ဆူဒါဂိုကသတိပြုမိခဲ့ပေ မယ့်လည်း အသက်ကွာလွန်းတာကြောင့် လျစ်လျူရှုနေခဲ့ပေမယ့် နောက်ဆုံးမှာ တော့ ချစ်စိတ်တွယ်ငင်မှုကို တားမရတဲ့အ ဆုံး ဆူဒါဂိုက ချစ်မိနေပြီလို့ဝန်ခံခဲ့ပြီး လက်ထပ်ခွင့်တောင်းခဲ့ရာမှာ နူရေနီက လက်ခံလိုက်တာဖြစ်ပါတယ်။ ဒီနယ်တစ် ဝိုက်မှာ ထင်ရှားတဲ့ နတ်ဆရာတစ်ဦးဆိုပေ မယ့် အဖေရဲ့ အောင်မြင်ကျော်ကြားမှုတွေ၊ ဥစ္စာဓနတွေကြောင့်မဟုတ်ဘဲ အချစ်စစ် ကြောင့်သာ နူရေနီက လက်ထပ်ခဲ့တာလို့ သတို့သား ဆူဒါဂိုရဲ့သမီးဖြစ်သူ ကျောင်း ဆရာမတာတီကလည်း ဆိုပါတယ်။
share from: theesaychin
Sign up here with your email
ConversionConversion EmoticonEmoticon