ေၾကာင္ခ်စ္သူေတြ သြားလို႔ရတဲ့ စင္ကာပူက ေၾကာင္ကၽြန္း


Zawgyiျဖင့္ဖတ္ရန္

ဂ်ပန္မွာ နာမည္ၾကီး ေၾကာင္ကၽြန္း Okishimaကိုေတာ္ေတာ္မ်ားမ်ားၾကားဖူးၾကမွာပါ။ ျပီး ျပီးခဲ့တဲနွစ္ပတ္က ဂ်ပန္မွာ ဟာဂီဘစ္မုန္တိုင္းေၾကာင့္ အကူအညီမဲ့ေၾကာင္ေလးေတြ အတြက္ လူေတာ္ေတာ္မ်ားမ်ားစိုးရိမ္ခ့ဲၾကပါေသးတယ္။ဒါေပမယ့္ေၾကာင္ေလးေတြေဘးကင္းခဲ့ၾကပါတယ္။

တကယ္လု႔ိသင္ ေၾကာင္ကၽြန္းကို အလည္သြားခ်င္တယ္ဆိုရင္ေတာ့ အေ၀းၾကီးသြားစရာမလိုဘဲ အိမ္နီးခ်င္းစင္ကာပူမွာ little cat island ေလးေတြရွိတယ္လုိ႔ သတင္းေကာင္းေပးပါရေစ။

Sentosa အေရွ႕ေတာင္ပုိင္းမွာ တည္ရွိတဲ့ St. John ကၽြန္းလို႔လူသိမ်ားတဲ့ ကၽြန္းမွာ ေၾကာင္မိသားစုမ်ားစြာ ေနထုိင္ၾကပါတယ္။ အစကေတာ့ ေၾကာင္တစ္ရာ၀န္းက်င္ နီးပါးေလာက္ရွိေပမယ့္၊ အခုလက္ရွိ (၁၆)ေကာင္ေလာက္ပဲ က်န္ပါေတာ့တယ္။ St. John’s Island Marine Laboratoryရဲ႕ Facebook ေပ့ခ်္မွာေျပာထားပံုအရ၊  ေၾကာင္ေတြေလ်ာ့သြားတာဟာ SPCA စင္ကာပူတိရစာၧန္ကာကြယ္ေရးအဖြဲ႔ရဲ႕သားေၾကာျဖတ္အစီအစဥ္ေၾကာင့္ပါ။ ဒါကလည္း ကၽြန္းမွာ ေၾကာင္ေတြအလြန္အကၽြံမ်ားမလာေအာင္နဲ႔အာဟာရခ်ိဳ႕တဲ့ျပီး ေရာဂါေတြကူးစက္ပ်ံ႕ႏွံမႈမျဖစ္ေအာင္ လုပ္ခဲ့တာပါ။ ေနာက္ျပီး ေၾကာင္ေတြအခိုးခံခဲ့ရတာမို႔ (၂၀၁၈)ကဆို ေၾကာင္(၁၄)ေကာင္ေလာက္ ေပ်ာက္သြားခဲ့ပါတယ္။

ဒါေပမယ့္ မစိုးရိမ္ပါနဲ႔ အိမ္နီးခ်င္း Lazarus ကၽြန္းမွာ အမ်ားၾကီးရွိပါေသးတယ္။ Lazarus ကၽြန္းက ေၾကာင္ေလးေတြကုိၾကည့္ခ်င္တယ္ဆုိရင္ေတာ့ Marina South ဆိပ္ခံတံတား၀င္ေပါက္မွာ ဖယ္ရီလက္မွတ္ျဖတ္၀ယ္ယူရပါတယ္။ မိနစ္ (၃၀-၄၅)ေလာက္စီးရျပီး၊ တစ္ဦးကိုစင္ကာပူေဒၚလာ(၁၈)က်ပ္ေလာက္က်ပါတယ္။ ဒါေပမယ့္အ့ဲဒီမွာ ေၾကာင္ေတြကို ခရီးသြားေတြက အစာေကၽြးခြင့္မရွိပါဘူး။ အစာအလြန္အကၽြံစားမိတာမ်ိဳးေတြ ျဖစ္မွာစိုးတာေၾကာင့္ပါ။

St John ကၽြန္းကေတာ့ လမ္းေလွ်ာက္ျပီး အခမဲ့ၾကည့္လို႔ရေအာင္ျပဳလုပ္ထားေပးပါတယ္။ဒါဟာ စင္ကာပူရဲ႕တိရစာၧန္ေတြနဲ႔သဘာ၀ယဥ္ေက်းမႈအေမြအႏွစ္ေတြကုိပါ ျပသထားတာျဖစ္ျပီး၊ ကံေကာင္းရင္ လင္းပိုင္ေလးေတြကိုေတာင္ တစ္ခါတရံေတြ႔ရတတ္ပါတယ္။ တစ္ေန႔ကို လူအေရာက္ေလးဆယ္ေရာက္လမ္းေလွ်ာက္ၾကည့္ၾကတယ္လို႔သိရပါတယ္။

Lazarusကၽြန္းနဲ႔ St John’sကၽြန္းက (၁.၃) ကီလုိမိတာေလာက္ပဲကြာျပီး၊ လမ္းေလွ်ာက္သြားမယ္ဆုိရင္ (၁၈)မိနစ္ေလာက္ပဲၾကာပါတယ္။ Lazarusကၽြန္းက St John’sကၽြန္းထက္ ေၾကာင္ေတြပိုျပီးမ်ားတယ္လို႔သိရပါတယ္။

Khaing

Credit:Shwemom

Unicodeဖြင့်ဖတ်ရန်

ကြောင်ချစ်သူတွေ သွားလို့ရတဲ့ စင်ကာပူက ကြောင်ကျွန်း

ဂျပန်မှာ နာမည်ကြီး ကြောင်ကျွန်း Okishimaကိုတော်တော်များများကြားဖူးကြမှာပါ။ ပြီး ပြီးခဲ့တဲနှစ်ပတ်က ဂျပန်မှာ ဟာဂီဘစ်မုန်တိုင်းကြောင့် အကူအညီမဲ့ကြောင်လေးတွေ အတွက် လူတော်တော်များများစိုးရိမ်ခဲ့ကြပါသေးတယ်။ဒါပေမယ့်ကြောင်လေးတွေဘေးကင်းခဲ့ကြပါတယ်။

တကယ်လု့ိသင် ကြောင်ကျွန်းကို အလည်သွားချင်တယ်ဆိုရင်တော့ အဝေးကြီးသွားစရာမလိုဘဲ အိမ်နီးချင်းစင်ကာပူမှာ little cat island လေးတွေရှိတယ်လို့ သတင်းကောင်းပေးပါရစေ။

Sentosa အရှေ့တောင်ပိုင်းမှာ တည်ရှိတဲ့ St. John ကျွန်းလို့လူသိများတဲ့ ကျွန်းမှာ ကြောင်မိသားစုများစွာ နေထိုင်ကြပါတယ်။ အစကတော့ ကြောင်တစ်ရာဝန်းကျင် နီးပါးလောက်ရှိပေမယ့်၊ အခုလက်ရှိ (၁၆)ကောင်လောက်ပဲ ကျန်ပါတော့တယ်။ St. John’s Island Marine Laboratoryရဲ့ Facebook ပေ့ချ်မှာပြောထားပုံအရ၊  ကြောင်တွေလျော့သွားတာဟာ SPCA စင်ကာပူတိရစ္ဆာန်ကာကွယ်ရေးအဖွဲ့ရဲ့သားကြောဖြတ်အစီအစဉ်ကြောင့်ပါ။ ဒါကလည်း ကျွန်းမှာ ကြောင်တွေအလွန်အကျွံများမလာအောင်နဲ့အာဟာရချို့တဲ့ပြီး ရောဂါတွေကူးစက်ပျံ့နှံမှုမဖြစ်အောင် လုပ်ခဲ့တာပါ။ နောက်ပြီး ကြောင်တွေအခိုးခံခဲ့ရတာမို့ (၂၀၁၈)ကဆို ကြောင်(၁၄)ကောင်လောက် ပျောက်သွားခဲ့ပါတယ်။

ဒါပေမယ့် မစိုးရိမ်ပါနဲ့ အိမ်နီးချင်း Lazarus ကျွန်းမှာ အများကြီးရှိပါသေးတယ်။ Lazarus ကျွန်းက ကြောင်လေးတွေကိုကြည့်ချင်တယ်ဆိုရင်တော့ Marina South ဆိပ်ခံတံတားဝင်ပေါက်မှာ ဖယ်ရီလက်မှတ်ဖြတ်ဝယ်ယူရပါတယ်။ မိနစ် (၃၀-၄၅)လောက်စီးရပြီး၊ တစ်ဦးကိုစင်ကာပူဒေါ်လာ(၁၈)ကျပ်လောက်ကျပါတယ်။ ဒါပေမယ့်အဲ့ဒီမှာ ကြောင်တွေကို ခရီးသွားတွေက အစာကျွေးခွင့်မရှိပါဘူး။ အစာအလွန်အကျွံစားမိတာမျိုးတွေ ဖြစ်မှာစိုးတာကြောင့်ပါ။

St John ကျွန်းကတော့ လမ်းလျှောက်ပြီး အခမဲ့ကြည့်လို့ရအောင်ပြုလုပ်ထားပေးပါတယ်။ဒါဟာ စင်ကာပူရဲ့တိရစ္ဆာန်တွေနဲ့သဘာဝယဉ်ကျေးမှုအမွေအနှစ်တွေကိုပါ ပြသထားတာဖြစ်ပြီး၊ ကံကောင်းရင် လင်းပိုင်လေးတွေကိုတောင် တစ်ခါတရံတွေ့ရတတ်ပါတယ်။ တစ်နေ့ကို လူအရောက်လေးဆယ်ရောက်လမ်းလျှောက်ကြည့်ကြတယ်လို့သိရပါတယ်။

Lazarusကျွန်းနဲ့ St John’sကျွန်းက (၁.၃) ကီလိုမိတာလောက်ပဲကွာပြီး၊ လမ်းလျှောက်သွားမယ်ဆိုရင် (၁၈)မိနစ်လောက်ပဲကြာပါတယ်။ Lazarusကျွန်းက St John’sကျွန်းထက် ကြောင်တွေပိုပြီးများတယ်လို့သိရပါတယ်။

Khaing

Credit:Shwemom
Previous
Next Post »
Powered by Blogger.