ဘာသာစကား၆မ်ိဳးတတ္ၿပီး စီးပြားစီမံဘြဲ႕ရသူရဲ႕ ဘဏ္အလုပ္ကိုျငင္းပစ္ခဲ့တဲ့အေၾကာင္းရင္း


Zawgyiျဖင့္ဖတ္ရန္

လူမႈကြန္ယက္ေတြေခတ္စားလာၿပီးေနာက္ၿပီး Influencer ဆိုတာလည္း ေနာက္ကကပ္လိုက္ကာ ေခတ္ေရစီးေၾကာင္းထဲကို တေျဖးေျဖးစိမ့္ဝင္လာခဲ့ပါေတာ့တယ္။ တစ္ဖက္ကၾကည့္မယ္္ဆိုရင္ Influencer ေတြဟာ ကိုယ္ပိုင္လုပ္ငန္းတစ္ခုကို စီမံခန္႔ခြဲရတဲ့အတုိင္းျဖစ္ေနၿပီး စားခ်င္တာစား၊ သြားခ်င္တဲ့ဆီသြား၊ လွလွပပေက်ာ့ေက်ာ့ေမာ့ေမာ့ေလးနဲ႔မလို႔ လူတုိင္းအားက်ရေလာက္တဲ့ အလုပ္ေလးေပါ့။ ဒီလိုေကာင္းက်ိဳးေတြရွိေပမယ့္လည္း တစ္ဖက္မွာေတာ့ ဒီအလုပ္ဟာ အာမခံမႈမရွိဘူး၊ မတည္ျမဲဘူး၊ လူမုန္းမ်ားတယ္စတဲ့ ဆိုးက်ိဳးေလးေတြလည္း ရွိမွာပါပဲ။

ဘယ္လိုပဲျဖစ္ျဖစ္ Influencer ျဖစ္ခ်င္တဲ့လူေတြကေတာ့ သက္သက္ကိုရွိေနပါတယ္။ ဥပမာ Lad Bible မွာ ဖတ္လိုက္ရတဲ့ မိန္းကေလးလိုေပါ့။ ေခါင္းစဥ္မွာေဖာ္ျပထားတဲ့အတုိင္းပဲ ဒီမိန္းကေလးဟာ စီးပြားေရးစီမံခန္႔ခြဲမႈဘြဲ႕ကို ရထားတဲ့အျပင္ကိုမွ ဘာသာစကားေျခာက္မ်ိဳးလည္း တတ္ကၽြမ္းတဲ့သူတစ္ေယာက္ပါတဲဲ့။ ေက်ာင္းၿပီးၿပီးခ်င္းမွာပဲ ရလဒ္ေကာင္းေတြေတာက္ေလွ်ာက္ရခဲ့တဲ့သူမဖို႔ အလုပ္ေတြဆိုတာဟာလည္း တန္းစီလို႔ေခၚေနခဲ့ေပမယ့္လို႔ သူမကေတာ့ ေခၚသမွ်အလုပ္ေတြကို လွည့္ကိုမၾကည့္ခဲ့ပါဘူး။

သူမနာမည္ကေတာ့ Xenia Tchoumi ပါ။  ဆြစ္ဇလန္-အီတလီေသြးေႏွာမေလးတစ္ေယာက္ျဖစ္ၿပီး Instagram မွာေတာ့ follower ေပါင္း ၁.၆ သန္းနဲ႔ ရပ္တည္ေနသူေလးပါ။ Influencer ေလာကထဲမွာ ေတာ္ေတ္ာေလးေအာင္ျမင္ေနသူထဲမွာ ပါဝင္ေနပါတယ္။ သူမရဲ႕ Influencer အရည္အခ်င္းေတြနဲ႔ စီးပြားေရးအကြက္ဆန္းေတြေၾကာင့္မလို႔ TEDx မွာေတာင္မွပဲ ေဟာေျပာပြဲေျပာခဲ့တဲ့သူေလးပါ။ လက္တေလာမွာလည္း Paris Fashion Week မွာ catwalk ေလွ်ာက္ခဲ့သူလည္းျဖစ္ပါတယ္တဲ့။

Influencer တစ္ေယာက္ျဖစ္ရျခင္းဆိုတဲ့ ေကာင္းက်ိဳးေတြထဲမွာ Xenia အႀကိဳက္ဆံုးအခ်က္ေတြကေတာ့ တစ္ပတ္လံုးမွာမွ နာရီပိုင္းေလးပဲအလုပ္လုပ္ၿပီး က်န္တဲ့အခ်ိန္ေတြ နားေနႏုိင္တာတို႔၊ ကိုယ့္စိတ္ႀကိဳက္ကိုယ္ လြတ္လြတ္လပ္လပ္လႈပ္ရွားႏုိင္တာတုိ႔အျပင္ကိုမွ ကိုယ္ပိုင္စီးပြားေရးအျမင္ေတြလည္းရွိကာ အေတြ႕အၾကံဳအသစ္ေတြရတာေတြကို သေဘာက်ႏွစ္သက္ပါတယ္တဲ့။

Penny

Credit:Shwemom

Unicodeဖြင့်ဖတ်ရန်

ဘာသာစကား၆မျိုးတတ်ပြီး စီးပွားစီမံဘွဲ့ရသူရဲ့ ဘဏ်အလုပ်ကိုငြင်းပစ်ခဲ့တဲ့အကြောင်းရင်း

လူမှုကွန်ယက်တွေခေတ်စားလာပြီးနောက်ပြီး Influencer ဆိုတာလည်း နောက်ကကပ်လိုက်ကာ ခေတ်ရေစီးကြောင်းထဲကို တဖြေးဖြေးစိမ့်ဝင်လာခဲ့ပါတော့တယ်။ တစ်ဖက်ကကြည့်မယ်ဆိုရင် Influencer တွေဟာ ကိုယ်ပိုင်လုပ်ငန်းတစ်ခုကို စီမံခန့်ခွဲရတဲ့အတိုင်းဖြစ်နေပြီး စားချင်တာစား၊ သွားချင်တဲ့ဆီသွား၊ လှလှပပကျော့ကျော့မော့မော့လေးနဲ့မလို့ လူတိုင်းအားကျရလောက်တဲ့ အလုပ်လေးပေါ့။ ဒီလိုကောင်းကျိုးတွေရှိပေမယ့်လည်း တစ်ဖက်မှာတော့ ဒီအလုပ်ဟာ အာမခံမှုမရှိဘူး၊ မတည်မြဲဘူး၊ လူမုန်းများတယ်စတဲ့ ဆိုးကျိုးလေးတွေလည်း ရှိမှာပါပဲ။

ဘယ်လိုပဲဖြစ်ဖြစ် Influencer ဖြစ်ချင်တဲ့လူတွေကတော့ သက်သက်ကိုရှိနေပါတယ်။ ဥပမာ Lad Bible မှာ ဖတ်လိုက်ရတဲ့ မိန်းကလေးလိုပေါ့။ ခေါင်းစဉ်မှာဖော်ပြထားတဲ့အတိုင်းပဲ ဒီမိန်းကလေးဟာ စီးပွားရေးစီမံခန့်ခွဲမှုဘွဲ့ကို ရထားတဲ့အပြင်ကိုမှ ဘာသာစကားခြောက်မျိုးလည်း တတ်ကျွမ်းတဲ့သူတစ်ယောက်ပါတဲ့။ ကျောင်းပြီးပြီးချင်းမှာပဲ ရလဒ်ကောင်းတွေတောက်လျှောက်ရခဲ့တဲ့သူမဖို့ အလုပ်တွေဆိုတာဟာလည်း တန်းစီလို့ခေါ်နေခဲ့ပေမယ့်လို့ သူမကတော့ ခေါ်သမျှအလုပ်တွေကို လှည့်ကိုမကြည့်ခဲ့ပါဘူး။

သူမနာမည်ကတော့ Xenia Tchoumi ပါ။  ဆွစ်ဇလန်-အီတလီသွေးနှောမလေးတစ်ယောက်ဖြစ်ပြီး Instagram မှာတော့ follower ပေါင်း ၁.၆ သန်းနဲ့ ရပ်တည်နေသူလေးပါ။ Influencer လောကထဲမှာ တော်တေ်ာလေးအောင်မြင်နေသူထဲမှာ ပါဝင်နေပါတယ်။ သူမရဲ့ Influencer အရည်အချင်းတွေနဲ့ စီးပွားရေးအကွက်ဆန်းတွေကြောင့်မလို့ TEDx မှာတောင်မှပဲ ဟောပြောပွဲပြောခဲ့တဲ့သူလေးပါ။ လက်တလောမှာလည်း Paris Fashion Week မှာ catwalk လျှောက်ခဲ့သူလည်းဖြစ်ပါတယ်တဲ့။

Influencer တစ်ယောက်ဖြစ်ရခြင်းဆိုတဲ့ ကောင်းကျိုးတွေထဲမှာ Xenia အကြိုက်ဆုံးအချက်တွေကတော့ တစ်ပတ်လုံးမှာမှ နာရီပိုင်းလေးပဲအလုပ်လုပ်ပြီး ကျန်တဲ့အချိန်တွေ နားနေနိုင်တာတို့၊ ကိုယ့်စိတ်ကြိုက်ကိုယ် လွတ်လွတ်လပ်လပ်လှုပ်ရှားနိုင်တာတို့အပြင်ကိုမှ ကိုယ်ပိုင်စီးပွားရေးအမြင်တွေလည်းရှိကာ အတွေ့အကြုံအသစ်တွေရတာတွေကို သဘောကျနှစ်သက်ပါတယ်တဲ့။

Penny

Credit:Shwemom
Previous
Next Post »
Powered by Blogger.