Zawgyi ျဖင့္ဖတ္ရန္
မ်ိဳးစႏၵီေက်ာ္က သူမရဲ႕ စိတ္ကိုအရမ္းနားလည္ေပးတတ္တဲ့ သမီးေလး ဂ်ဴဝယ္လ္ အေၾကာင္းေတြ ေျပာျပလာပါတယ္။ အခုခ်ိန္မွာလည္း ဂ်ဴဝယ္လ္ကို ခင္ပြန္းေဟာင္းနဲ႔ တစ္လ ၂ ႀကိမ္ေပးေတြ႕ေနတယ္လို႔ ဆိုပါတယ္။ သ႐ုပ္ေဆာင္ မ်ိဳးစႏၵီေက်ာ္ကေတာ့ အခုခ်ိန္မွာ သမီးေလး ဂ်ဴဝယ္လ္ကို ေစာင့္ေရွာက္ရင္း အႏုပညာအလုပ္ေတြ လုပ္ေနတာ ျဖစ္ပါတယ္။ သူမရဲ႕ သမီးေလးကိုေတာ့ ခင္ပြန္းေဟာင္းနဲ႔ ေတြ႕ခြင့္ေပးထားတယ္လို႔ မီဒီယာ အင္တာဗ်ဴးေတြကေနတဆင့္ ေျပာျပလာပါတယ္။
‘’ အစ္မအိမ္ေထာင္ တရားဝင္ကြာရွင္းခြင့္ရသြားၿပီ။ ကေလးေတြ႕ခြင့္ကိုလည္း သူလိုခ်င္တဲ့အတိုင္း တစ္လမွာ ၂ ခါ ေပးေတြ႕တယ္။ သမီးေလးက်ေတာ့ သူ႔ကို ဒီအေဖ၊ ဒီအေမက ေမြးထားတဲ့အတြက္ သူ႔မွာ အေဖဆိုတာရွိတယ္။ အစ္မ ကိုယ္ခ်င္းစာတယ္။ သူ႔အေဖဟာ ဘယ္ေလာက္ပဲ ေကာင္းေကာင္း၊ မေကာင္းေကာင္း၊ အေဖဟာ အေဖပဲ။ သမီးေလးကိုလည္း အေဖကို အေဖလို႔ပဲ ေခၚခိုင္းတာ။ အေဖကို အေဖလို႔မေခၚပဲ တစ္ခုခုေခၚရင္ ငရဲႀကီးမွာ စိုးလို႔ပါ’’ လို႔ဆိုပါတယ္။
သမီးေလး ဂ်ဴဝယ္ကေတာ့ ဖခင္ျဖစ္သူနဲ႔ ေတြ႕ဖို႔ ဆႏၵမရွိဘူးလို႔ မ်ိဳးစႏၵီေက်ာ္က ေျပာပါတယ္။ ကေလးဟာ အေဖနဲ႔ ၂ ခါ ဆုံတဲ့ အခ်ိန္မွာလည္း စကား သိပ္မေျပာဘူးလို႔ ဆိုပါတယ္။ ‘’ ပထမကေတာ့ သမီးက အေဖနဲ႔ မေတြ႕ခ်င္ဘူး။ ကိုယ္ကလည္း မေတြ႕လို႔ေတာ့မရဘူး တစ္လမွာ ႏွစ္ခါေလာက္ေတာ့ ေတြ႕ရမယ္ဆိုၿပီးေတာ့ နားလည္ေအာင္ေျပာထားတယ္။ ကေလးက အစ္မနဲ႔ အနီးကပ္ေနေတာ့ အစ္မရဲ႕ စိတ္ကို သိမွာေပါ့။ သူမေတြ႕ခ်င္ဘူးလို႔လည္းေျပာတယ္။ သူ႔အေဖကိုလည္း စကား ေကာင္းေကာင္းမေျပာဘူး။ ဒါေပမယ့္ သမီးေလးဟာ သူ႔အေဖနဲ႔ ေတြ႕ခြင့္ရွိတဲ့အတြက္ အစ္မကိုယ္တိုင္က ေတြ႕ခြင့္ေပးတာပါ’’ ဆိုၿပီးေတာ့ ႏိုဝင္ဘာလ ၆ ရက္ေန႔က ဦးစိုင္းမ်ိဳးဝင္း ေမြးေန႔ အလႉမွာ ေျဖဆိုခဲ့တာပါ။
မ်ိဳးစႏၵီေက်ာ္ဟာ ဂ်ဴဝယ္လ္ အ႐ြယ္ေရာက္လာတဲ့ အခ်ိန္မွသာ ဖခင္ျဖစ္သူနဲ႔ ေတြ႕ခ်င္စိတ္ရွိမရွိ ကိုယ္တိုင္ဆုံးျဖတ္လိမ့္မယ္လို႔ ဆိုပါတယ္။‘’ သူ ငယ္တဲ့အ႐ြယ္မွာေတာ့ မိဘေတြ စီမံတာကို သူ လက္ခံရမွာေပါ့ေနာ္။ ႀကီးလာမွ ေတြ႕ျခင္း၊ မေတြ႕ျခင္းကေတာ့ သူ႔ရဲ႕ ဆႏၵေပါ့ေလ။ အစ္မက သူ႔အေဖကို အေဖလို႔ေခၚတာ မႀကိဳက္ဘူးလို႔ သူထင္ေနပုံရပါတယ္။ အစ္မကလည္း သူနားလည္ေအာင္ေျပာရတယ္။ ေမေမနဲ႔ အဆင္မေျပတာ သမီးအေဖကေတာ့ အေဖပဲ ေခၚရမယ္၊ ေျပာရမယ္လို႔ ေျပာေတာ့မွ နည္းနည္း လက္ခံတာ’’ လို႔ သူကဆိုပါတယ္။
ဇာတ္ကားမ႐ိုက္တာ ေလးႏွစ္ေက်ာ္၊ ငါးႏွစ္ေလာက္ ရွိေနၿပီျဖစ္တဲ့ သ႐ုပ္ေဆာင္မ်ိဳးစႏၵီေက်ာ္ကို မၾကာခင္ TV ဖန္သားျပင္ထက္မွာ ျပန္လည္ ျမင္ေတြ႕ရေတာ့မွာပါ။ တစ္ေခတ္တခါက ေအာင္ျမင္ခဲ့တဲ့သူမဟာ အိမ္ေထာင္က်သြားၿပီးေနာက္ အႏုပညာအလုပ္ေတြနဲ႔ ေဝးကြာခဲ့ရတာပါ။ လက္ရွိမွာေတာ့ သမီးေလးနဲ႔အတူ တီဗီေၾကာ္ျငာေတြ ႐ိုက္ကူးေနတာျဖစ္ပါတယ္။ အဲဒီေနာက္ ႐ုပ္သံဇာတ္လမ္းတြဲလည္း ႐ိုက္ကူးထားပါေသးတယ္။
share from : burmese.asia
Unicode ဖြင့်ဖတ်ရန်
အမေကို အရမ်းနားလည်ပေးတတ်တဲ့ သမီးလေးအကြောင်းပြောလာတဲ့ မျိုးစန္ဒီကျော်
မျိုးစန္ဒီကျော်က သူမရဲ့ စိတ်ကိုအရမ်းနားလည်ပေးတတ်တဲ့ သမီးလေး ဂျူဝယ်လ် အကြောင်းတွေ ပြောပြလာပါတယ်။ အခုချိန်မှာလည်း ဂျူဝယ်လ်ကို ခင်ပွန်းဟောင်းနဲ့ တစ်လ ၂ ကြိမ်ပေးတွေ့နေတယ်လို့ ဆိုပါတယ်။ သရုပ်ဆောင် မျိုးစန္ဒီကျော်ကတော့ အခုချိန်မှာ သမီးလေး ဂျူဝယ်လ်ကို စောင့်ရှောက်ရင်း အနုပညာအလုပ်တွေ လုပ်နေတာ ဖြစ်ပါတယ်။ သူမရဲ့ သမီးလေးကိုတော့ ခင်ပွန်းဟောင်းနဲ့ တွေ့ခွင့်ပေးထားတယ်လို့ မီဒီယာ အင်တာဗျူးတွေကနေတဆင့် ပြောပြလာပါတယ်။
‘’ အစ်မအိမ်ထောင် တရားဝင်ကွာရှင်းခွင့်ရသွားပြီ။ ကလေးတွေ့ခွင့်ကိုလည်း သူလိုချင်တဲ့အတိုင်း တစ်လမှာ ၂ ခါ ပေးတွေ့တယ်။ သမီးလေးကျတော့ သူ့ကို ဒီအဖေ၊ ဒီအမေက မွေးထားတဲ့အတွက် သူ့မှာ အဖေဆိုတာရှိတယ်။ အစ်မ ကိုယ်ချင်းစာတယ်။ သူ့အဖေဟာ ဘယ်လောက်ပဲ ကောင်းကောင်း၊ မကောင်းကောင်း၊ အဖေဟာ အဖေပဲ။ သမီးလေးကိုလည်း အဖေကို အဖေလို့ပဲ ခေါ်ခိုင်းတာ။ အဖေကို အဖေလို့မခေါ်ပဲ တစ်ခုခုခေါ်ရင် ငရဲကြီးမှာ စိုးလို့ပါ’’ လို့ဆိုပါတယ်။
သမီးလေး ဂျူဝယ်ကတော့ ဖခင်ဖြစ်သူနဲ့ တွေ့ဖို့ ဆန္ဒမရှိဘူးလို့ မျိုးစန္ဒီကျော်က ပြောပါတယ်။ ကလေးဟာ အဖေနဲ့ ၂ ခါ ဆုံတဲ့ အချိန်မှာလည်း စကား သိပ်မပြောဘူးလို့ ဆိုပါတယ်။ ‘’ ပထမကတော့ သမီးက အဖေနဲ့ မတွေ့ချင်ဘူး။ ကိုယ်ကလည်း မတွေ့လို့တော့မရဘူး တစ်လမှာ နှစ်ခါလောက်တော့ တွေ့ရမယ်ဆိုပြီးတော့ နားလည်အောင်ပြောထားတယ်။ ကလေးက အစ်မနဲ့ အနီးကပ်နေတော့ အစ်မရဲ့ စိတ်ကို သိမှာပေါ့။ သူမတွေ့ချင်ဘူးလို့လည်းပြောတယ်။ သူ့အဖေကိုလည်း စကား ကောင်းကောင်းမပြောဘူး။ ဒါပေမယ့် သမီးလေးဟာ သူ့အဖေနဲ့ တွေ့ခွင့်ရှိတဲ့အတွက် အစ်မကိုယ်တိုင်က တွေ့ခွင့်ပေးတာပါ’’ ဆိုပြီးတော့ နိုဝင်ဘာလ ၆ ရက်နေ့က ဦးစိုင်းမျိုးဝင်း မွေးနေ့ အလှူမှာ ဖြေဆိုခဲ့တာပါ။
မျိုးစန္ဒီကျော်ဟာ ဂျူဝယ်လ် အရွယ်ရောက်လာတဲ့ အချိန်မှသာ ဖခင်ဖြစ်သူနဲ့ တွေ့ချင်စိတ်ရှိမရှိ ကိုယ်တိုင်ဆုံးဖြတ်လိမ့်မယ်လို့ ဆိုပါတယ်။‘’ သူ ငယ်တဲ့အရွယ်မှာတော့ မိဘတွေ စီမံတာကို သူ လက်ခံရမှာပေါ့နော်။ ကြီးလာမှ တွေ့ခြင်း၊ မတွေ့ခြင်းကတော့ သူ့ရဲ့ ဆန္ဒပေါ့လေ။ အစ်မက သူ့အဖေကို အဖေလို့ခေါ်တာ မကြိုက်ဘူးလို့ သူထင်နေပုံရပါတယ်။ အစ်မကလည်း သူနားလည်အောင်ပြောရတယ်။ မေမေနဲ့ အဆင်မပြေတာ သမီးအဖေကတော့ အဖေပဲ ခေါ်ရမယ်၊ ပြောရမယ်လို့ ပြောတော့မှ နည်းနည်း လက်ခံတာ’’ လို့ သူကဆိုပါတယ်။
ဇာတ်ကားမရိုက်တာ လေးနှစ်ကျော်၊ ငါးနှစ်လောက် ရှိနေပြီဖြစ်တဲ့ သရုပ်ဆောင်မျိုးစန္ဒီကျော်ကို မကြာခင် TV ဖန်သားပြင်ထက်မှာ ပြန်လည် မြင်တွေ့ရတော့မှာပါ။ တစ်ခေတ်တခါက အောင်မြင်ခဲ့တဲ့သူမဟာ အိမ်ထောင်ကျသွားပြီးနောက် အနုပညာအလုပ်တွေနဲ့ ဝေးကွာခဲ့ရတာပါ။ လက်ရှိမှာတော့ သမီးလေးနဲ့အတူ တီဗီကြော်ငြာတွေ ရိုက်ကူးနေတာဖြစ်ပါတယ်။ အဲဒီနောက် ရုပ်သံဇာတ်လမ်းတွဲလည်း ရိုက်ကူးထားပါသေးတယ်။
share from : burmese.asia
Sign up here with your email
ConversionConversion EmoticonEmoticon