Zawgyiျဖင့္ဖတ္ရန္
အသက္(၁၉) ႏွစ္အရြယ္ ေကာင္ေလးတစ္ေယာက္ဟာ အိပ္ရာေပၚမွာလဲေလ်ာင္းၿပီး ဒရာမာဇာတ္ကားေတြကို အၾကည့္မ်ားတဲ့အတြက္ ေလျဖတ္သြားခဲ့ေၾကာင္း worldofbuzz သတင္းအရ သိရပါတယ္။ Oriental Daily အရ က်န္းဆုျပည္နယ္က အဆိုပါေကာင္ေလးဟာ ညာဘက္ကိုယ္တစ္ျခမ္း ထံုက်င္အားနည္းလာခဲ့ၿပီးေနာက္ စကားေျပာမပီမသျဖစ္လာကာ ေလျဖတ္သြားခဲ့တာပဲ ျဖစ္ပါတယ္။
ဒီအတြက္ ေကာင္ေလးဟာ ခြဲစိတ္ခန္း၀င္ခဲ့ပါတယ္။ ဆရာ၀န္ေတြက ေကာင္ေလးရဲ႕ ေသြးေၾကာဟာ က်ံဳ႕ႏိုင္က်ဲ႕ႏိုင္အားမရွိတဲ့အျပင္ ေကာင္ေလးမွာ atherosclerosis ေရာဂါျဖစ္ေနတာကို စစ္ေဆးမိခဲ့ၾကပါတယ္။ ဒီေရာဂါကေတာ့ အဆီကိုလက္စထေရာေတြနဲ႔ ကယ္လ္ဆီယမ္ပါ၀င္တဲ့ အညိိွေတြက ေသြးေၾကာထဲမွာ ဖြဲ႔စည္းတည္ေဆာက္ေနၾကတာ ျဖစ္ပါတယ္။
ဆရာ၀န္ေတြကေတာ့ ဒီလိုမ်ိဳး ေရာဂါဟာ အသက္(၅၀) ေက်ာ္ အမ်ိဳးသား၊ အမ်ိဳးသမီးၾကီးေတြမွာ အေတြ႔ရမ်ားတဲ့ ေရာဂါလို႔ ဆိုပါတယ္။ ဒါေပမယ့္ ဒီလူၾကီးေရာဂါက အသက္(၂၀) ၀န္းက်င္မွာမွ လာျဖစ္တဲ့အတြက္ ဆရာ၀န္ေတြက အေၾကာင္းရင္း ရွာေဖြခဲ့ၾကပါတယ္။ ေနာက္ပိုင္းေတာ့ ေကာင္ေလးကို ေမးျမန္းၾကည့္တဲ့အခါက်မွ ခုလို ျဖစ္ရတာဟာ သူ႔ရဲ႕ လူေနမႉပံုစံေၾကာင့္ဆိုတာ သိရွိသြားၾကပါတယ္။
အဆုိပါေကာင္ေလးဟာ ေဆးလိပ္ေသာက္တတ္တဲ့အျပင္ ေလ့က်င့္ခန္းလည္း မလုပ္ပါဘူး။ ၿပီးတဲ့အခါ သူဟာ အိပ္ရာေပၚမွာ အျမဲတေစ လဲေလ်ာင္းေလ့ရွိတဲ့အျပင္ ေန႔စဥ္ ထမင္းစားၿပီးတိုင္း အိပ္ရာေပၚလွဲကာ ဒရာမာဇာတ္ကားေတြ ၾကည့္ေၾကာင္းလည္း သိရပါတယ္။ ဒီလိုအမူအက်င့္ဟာ အခ်ိန္ၾကာလာတဲ့အခါမွာေတာ့ ေျခလက္ေတြမွာ အားေလ်ာ့သလိုျဖစ္လာၿပီး ေနာက္ပိုင္းေတာ့ ဦးေႏွာက္ထဲက ေသြးေၾကာေတြ က်ဥ္းတာ၊ ပိတ္တာေတြ ျဖစ္ကာ ေလျဖတ္သြားခဲ့တာပဲ ျဖစ္ပါတယ္။ “…အခ်ိန္ဟာ အရမ္းအေရးၾကီးပါတယ္။ ဘာေၾကာင့္လည္းဆိုေတာ့ ေလျဖတ္ၿပီးတဲ့အခါ မိနစ္တိုင္းမွာ ႏ်ဴရြန္(၁.၉) သန္းေလာက္ဟာ ေသဆံုးေနပါတယ္…” လို႔ က်န္းစုျပည္သူ႔ေဆးရံုက ဆရာ၀န္ၾကီးက ေျပာျပခဲ့ပါတယ္။
ခြဲစိတ္ၿပီးတဲ့ေနာက္ ေကာင္ေလးရဲ႕ အေျခအေန ဘယ္လိုရွိသလဲဆိုတာေတာ့ မသိရပါဘူး။ ဒါေပမယ့္လည္း ေသခ်ာတာတစ္ခုကေတာ့ ေန႔တိုင္းလိုလို အခ်ိန္ရွိသေရြ႕ အိပ္ရာေပၚမွာ လဲေလွ်ာင္းေနတာဟာ က်န္းမာေရးအတြက္ေတာ့ ဆိုးက်ိဳးျဖစ္ေစႏိုင္တယ္ဆိုတာ ေဖာ္ျပေပးလုိက္ရပါေတာ့တယ္။
Credit:Shwemom
Unicodeဖြင့်ဖတ်ရန်
ဖုန်းသုံးပြီး အခန်းဆက်ရုပ်ရှင်တွေအကြည့်များရာက လေဖြတ်သွားတဲ့ကောင်လေး
အသက်(၁၉) နှစ်အရွယ် ကောင်လေးတစ်ယောက်ဟာ အိပ်ရာပေါ်မှာလဲလျောင်းပြီး ဒရာမာဇာတ်ကားတွေကို အကြည့်များတဲ့အတွက် လေဖြတ်သွားခဲ့ကြောင်း worldofbuzz သတင်းအရ သိရပါတယ်။ Oriental Daily အရ ကျန်းဆုပြည်နယ်က အဆိုပါကောင်လေးဟာ ညာဘက်ကိုယ်တစ်ခြမ်း ထုံကျင်အားနည်းလာခဲ့ပြီးနောက် စကားပြောမပီမသဖြစ်လာကာ လေဖြတ်သွားခဲ့တာပဲ ဖြစ်ပါတယ်။
ဒီအတွက် ကောင်လေးဟာ ခွဲစိတ်ခန်းဝင်ခဲ့ပါတယ်။ ဆရာဝန်တွေက ကောင်လေးရဲ့ သွေးကြောဟာ ကျုံ့နိုင်ကျဲ့နိုင်အားမရှိတဲ့အပြင် ကောင်လေးမှာ atherosclerosis ရောဂါဖြစ်နေတာကို စစ်ဆေးမိခဲ့ကြပါတယ်။ ဒီရောဂါကတော့ အဆီကိုလက်စထရောတွေနဲ့ ကယ်လ်ဆီယမ်ပါဝင်တဲ့ အညှိတွေက သွေးကြောထဲမှာ ဖွဲ့စည်းတည်ဆောက်နေကြတာ ဖြစ်ပါတယ်။
ဆရာဝန်တွေကတော့ ဒီလိုမျိုး ရောဂါဟာ အသက်(၅၀) ကျော် အမျိုးသား၊ အမျိုးသမီးကြီးတွေမှာ အတွေ့ရများတဲ့ ရောဂါလို့ ဆိုပါတယ်။ ဒါပေမယ့် ဒီလူကြီးရောဂါက အသက်(၂၀) ဝန်းကျင်မှာမှ လာဖြစ်တဲ့အတွက် ဆရာဝန်တွေက အကြောင်းရင်း ရှာဖွေခဲ့ကြပါတယ်။ နောက်ပိုင်းတော့ ကောင်လေးကို မေးမြန်းကြည့်တဲ့အခါကျမှ ခုလို ဖြစ်ရတာဟာ သူ့ရဲ့ လူနေမှူပုံစံကြောင့်ဆိုတာ သိရှိသွားကြပါတယ်။
အဆိုပါကောင်လေးဟာ ဆေးလိပ်သောက်တတ်တဲ့အပြင် လေ့ကျင့်ခန်းလည်း မလုပ်ပါဘူး။ ပြီးတဲ့အခါ သူဟာ အိပ်ရာပေါ်မှာ အမြဲတစေ လဲလျောင်းလေ့ရှိတဲ့အပြင် နေ့စဉ် ထမင်းစားပြီးတိုင်း အိပ်ရာပေါ်လှဲကာ ဒရာမာဇာတ်ကားတွေ ကြည့်ကြောင်းလည်း သိရပါတယ်။ ဒီလိုအမူအကျင့်ဟာ အချိန်ကြာလာတဲ့အခါမှာတော့ ခြေလက်တွေမှာ အားလျော့သလိုဖြစ်လာပြီး နောက်ပိုင်းတော့ ဦးနှောက်ထဲက သွေးကြောတွေ ကျဉ်းတာ၊ ပိတ်တာတွေ ဖြစ်ကာ လေဖြတ်သွားခဲ့တာပဲ ဖြစ်ပါတယ်။ “…အချိန်ဟာ အရမ်းအရေးကြီးပါတယ်။ ဘာကြောင့်လည်းဆိုတော့ လေဖြတ်ပြီးတဲ့အခါ မိနစ်တိုင်းမှာ နျူရွန်(၁.၉) သန်းလောက်ဟာ သေဆုံးနေပါတယ်…” လို့ ကျန်းစုပြည်သူ့ဆေးရုံက ဆရာဝန်ကြီးက ပြောပြခဲ့ပါတယ်။
ခွဲစိတ်ပြီးတဲ့နောက် ကောင်လေးရဲ့ အခြေအနေ ဘယ်လိုရှိသလဲဆိုတာတော့ မသိရပါဘူး။ ဒါပေမယ့်လည်း သေချာတာတစ်ခုကတော့ နေ့တိုင်းလိုလို အချိန်ရှိသရွေ့ အိပ်ရာပေါ်မှာ လဲလျှောင်းနေတာဟာ ကျန်းမာရေးအတွက်တော့ ဆိုးကျိုးဖြစ်စေနိုင်တယ်ဆိုတာ ဖော်ပြပေးလိုက်ရပါတော့တယ်။
Credit:Shwemom
Sign up here with your email
ConversionConversion EmoticonEmoticon