Zawgyiျဖင့္ဖတ္ရန္
ဒီေဆာင္းပါးထဲမွာ အသုံးျပဳထားတဲ့ စကားရပ္ေတြဟာ အသက္ 18 ႏွစ္ျပည့္ၿပီးသူေတြကိုသာ ရည္ရြယ္ပါတယ္။ ေဆးပညာ ေဆာင္းပါးျဖစ္တဲ့အျပင္ ေဆးအသိပညာနည္းပါးေသးတဲ့ လူထုအတြက္ ၊ ေနာက္ၿပီး ဘာသာျပန္သူကုိယ္တုိင္ကေတာင္ ေအာက္မွာ ေဖာ္ျပထားခ်က္ေတြဟာ အမွန္လုိ႔ ထင္ခဲ့ပါတယ္။ ေဆာင္းပါးထဲမွာ တစ္ခ်ိဳ႕စကားလုံးေတြက တစ္တစ္ခြခြ ျဖစ္ေနႏုိင္ပါတယ္။ ဒါေပမယ့္ ပညာရပ္တစ္ခု ရယူလုိက္တယ္လုိ႔ သေဘာထားၾကဖုိ႔ Shwemom က တုိက္တြန္းခ်င္ပါတယ္။
(၁) အရပ္ျမင့္ေလ ရွည္ေလ
လိင္တံနဲ႔ပတ္သက္ရင္ အမ်ိဳးသားေတြ အခ်င္းခ်င္း ၾကားမွာ အတုိအရွည္ဟာ အရပ္အနိမ့္အျမင့္နဲ႔ ဆုိင္တယ္လုိ႔ ယူဆခဲ့ၾကပါတယ္။ ေဆးပညာရွင္ေတြ ကို္ယ္တုိင္ပင္လွ်င္ အၾကမ္းဖ်ဥ္းအားျဖင့္ အဲဒီလုိ မွတ္ယူခဲ့ၾကၿပီး ေနာက္ဆုံးမွာ သုေတသနျပဳခဲ့ၾကပါတယ္။ ေယာက္်ားတစ္ေယာက္ရဲ႕ ပ်မ္းမွ် လိင္အဂၤါအရွည္ဟာ (ပုံမွန္အေနအထားအတုိင္း)ဆုိရင္ 2.8 လက္မမွ 3.9 လက္မျဖစ္ပါတယ္။ 1993 ခုႏွစ္မွာ ျပဳလုပ္ခဲ့တဲ့ သုေတသနအရ လိင္တံအတုိအရွည္ဟာ အရပ္အျမင့္နဲ႔ တုိက္႐ုိက္ မသက္ဆုိင္ဘူးဆုိတာကုိ ေဆးပညာရွင္ေတြက ထုတ္ျပန္ႏုိင္ခဲ့ပါတယ္။
(၂) ႀကီးေလ ပုိေကာင္းေလ
အခ်ိဳ႕ေသာ အမ်ိဳးသားေတြက အဂၤါႀကီးေလ ပုိၿပီး ခံစားရတဲ့ အထိအေတြ႕ ေကာင္းေလလုိ႔ ထင္မွတ္ေနၾကပါတယ္။ တကယ္ေတာ့ အဲဒီလုိမဟုတ္ပါ။ ေနာက္ၿပီး အမ်ိဳးသမီးေတြက ႀကီးေလ သေဘာက်ေလလုိ႔ ထင္တတ္ၾကပါတယ္။ ဒါလည္း မဟုတ္ပါ။ အမ်ိဳးသမီးေတြ သေဘာက်ေစတဲ့ အဓိကအခ်က္ကေတာ့ သူတုိ႔ေတာင့္တေနတဲ့ အခ်ိန္အတြင္း လုံ႔လျပဳႏုိင္ျခင္း ရွိ/မရွိနဲ႔ ဆုိင္ပါတယ္။ အမ်ိဳးသားေတြအဖုိ႔မွာလည္း အႀကီးအေသးေၾကာင့္ အရသာ ပုိထူးၿပီး မခံစားႏုိင္ပါဘူး။
(၃) ကိစၥၿပီးလုိ႔ ေထာင္မက္ေနရင္ ေနာက္ထပ္ ဆႏၵမကုန္ေသးလုိ႔
တစ္ခ်ိဳ႕က လူက ဘယ္ေလာက္ပဲ ပင္ပန္းေနပါေစ အမ်ိဳးသမီးနဲ႔ ခ်စ္တင္းေႏွာၿပီးတဲ့ အခါတုိင္း ေထာင္မက္ေနတာမ်ိဳး ရွိတတ္ပါတယ္။ ဒါကုိ အမ်ိဳးသမီးကလည္း ေနာက္တစ္ႀကိမ္ ရနုိင္ေသးတယ္လုိ႔ အထင္ေရာက္တတ္သလုိ၊ အမ်ိဴးသားကလည္း အာသာမေျပေသးလုိ႔ ဒီလုိျဖစ္ေနတာလုိ႔ ေတြးမိၿပီး ထပ္ကာထပ္ကာ ဆက္ဆံမိတတ္ၾကပါတယ္။ အလြန္အႏၱရာယ္မ်ားတဲ့ အျပဳအမူျဖစ္ၿပီး အခန္႔မသင့္ရင္ အသက္ပါ ေသေစႏုိင္ပါတယ္။ အမွန္က ဒီလုိ ေထာင္မက္ေနျခင္းမွာ Arousal ထုတ္လႊတ္မႈ ပမာဏအနည္းအမ်ား၊ ေသြးစီးဆင္းမႈ၊ ေဆး၀ါးရဲ႕ အကူအညီေၾကာင့္ ျဖစ္တတ္ပါတယ္။
(၄) မ်ားမ်ားပန္းႏုိင္မွ ဟုတ္တယ္ထင္ေနၾကတာ
Porn ဇာတ္ကားေတြထဲမွာ ေရျဖန္းသလုိ ျဖန္းႏုိင္ၾကတာကုိ အမ်ိဳးသားေတြက အဟုတ္လုိ႔ ထင္မွတ္တတ္ၾကသလုိ၊ အမ်ိဳးသမီးေတြကလည္း ဒါကို ျမင္မွ သူ႕ခင္ပြန္း က်န္းမာတယ္လုိ႔ ယူဆတတ္ပါတယ္။ ဒါလည္း အလြန္မွားယြင္းပါတယ္။ ပ်မ္းမွ်အားျဖင့္ ကိစၥၿပီးေျမာက္ခ်ိန္မွာ အမ်ိဳးသားတစ္ေယာက္ သုတ္ထုတ္လႊတ္ႏုိင္စြမ္းဟာ လက္ဖက္ရည္ဇြန္း တစ္ဇြန္းစာသာလွ်င္ ျဖစ္ပါတယ္။ အဲဒီပမာဏ (1 မီလီလီတာ)ထဲမွာ သုတ္ပုိးေပါင္း သန္း 200 ပါ၀င္ပါတယ္။ ဒါ့ျဖင့္ Porn ဇာတ္ကားထဲမွာ ပါတဲ့ အရာက မျဖစ္ႏုိင္ဘူးလားဆုိရင္ ျဖစ္ႏုိင္ပါတယ္။ ဒါေပမယ့္ ပုံမွန္က်န္းမာေရး မဟုတ္သူေတြ၊ ေဆးနဲ႔ ျပဳျပင္ထားသူေတြမွာ ျဖစ္တတ္တဲ့ အရာျဖစ္ပါတယ္။
(၅) မ်ိဳး႐ုိးနဲ႔ တုိက္႐ုိက္သက္ဆုိင္တယ္
အရြယ္အစား အႀကီးအေသး အတုိအရွည္ဟာ မ်ိဳး႐ုိးဗီဇနဲ႔ သက္ဆုိင္တယ္လုိ႔ ထင္မွတ္ခဲ့ၾကပါတယ္။ 2015 ခုႏွစ္မွာ ၿဗိတိန္သုေတသနပညာရွင္ေတြ ျပဳလုပ္ခဲ့တဲ့ စစ္တမ္းအရ အမ်ိဳးသား 15000 ကုိ စစ္ေဆးရာမွာ မ်ိဳး႐ုိးနဲ႔ လိင္တံအရြယ္အစား လုံး၀ သက္ဆုိင္မႈမရွိေၾကာင္း ထုတ္ျပန္ႏုိင္ခဲ့ပါတယ္။
source : thesun.co.uk
Credit:Shwemom
Unicodeဖြင့်ဖတ်ရန်
မှားယွင်းစွာ မှတ်ယူထားကြတဲ့ အမျိုးသားလိင်အင်္ဂါနဲ့ပတ်သတ်တဲ့ အယူအဆများ
ဒီဆောင်းပါးထဲမှာ အသုံးပြုထားတဲ့ စကားရပ်တွေဟာ အသက် 18 နှစ်ပြည့်ပြီးသူတွေကိုသာ ရည်ရွယ်ပါတယ်။ ဆေးပညာ ဆောင်းပါးဖြစ်တဲ့အပြင် ဆေးအသိပညာနည်းပါးသေးတဲ့ လူထုအတွက် ၊ နောက်ပြီး ဘာသာပြန်သူကိုယ်တိုင်ကတောင် အောက်မှာ ဖော်ပြထားချက်တွေဟာ အမှန်လို့ ထင်ခဲ့ပါတယ်။ ဆောင်းပါးထဲမှာ တစ်ချို့စကားလုံးတွေက တစ်တစ်ခွခွ ဖြစ်နေနိုင်ပါတယ်။ ဒါပေမယ့် ပညာရပ်တစ်ခု ရယူလိုက်တယ်လို့ သဘောထားကြဖို့ Shwemom က တိုက်တွန်းချင်ပါတယ်။
(၁) အရပ်မြင့်လေ ရှည်လေ
လိင်တံနဲ့ပတ်သက်ရင် အမျိုးသားတွေ အချင်းချင်း ကြားမှာ အတိုအရှည်ဟာ အရပ်အနိမ့်အမြင့်နဲ့ ဆိုင်တယ်လို့ ယူဆခဲ့ကြပါတယ်။ ဆေးပညာရှင်တွေ ကိုယ်တိုင်ပင်လျှင် အကြမ်းဖျဉ်းအားဖြင့် အဲဒီလို မှတ်ယူခဲ့ကြပြီး နောက်ဆုံးမှာ သုတေသနပြုခဲ့ကြပါတယ်။ ယောက်ျားတစ်ယောက်ရဲ့ ပျမ်းမျှ လိင်အင်္ဂါအရှည်ဟာ (ပုံမှန်အနေအထားအတိုင်း)ဆိုရင် 2.8 လက်မမှ 3.9 လက်မဖြစ်ပါတယ်။ 1993 ခုနှစ်မှာ ပြုလုပ်ခဲ့တဲ့ သုတေသနအရ လိင်တံအတိုအရှည်ဟာ အရပ်အမြင့်နဲ့ တိုက်ရိုက် မသက်ဆိုင်ဘူးဆိုတာကို ဆေးပညာရှင်တွေက ထုတ်ပြန်နိုင်ခဲ့ပါတယ်။
(၂) ကြီးလေ ပိုကောင်းလေ
အချို့သော အမျိုးသားတွေက အင်္ဂါကြီးလေ ပိုပြီး ခံစားရတဲ့ အထိအတွေ့ ကောင်းလေလို့ ထင်မှတ်နေကြပါတယ်။ တကယ်တော့ အဲဒီလိုမဟုတ်ပါ။ နောက်ပြီး အမျိုးသမီးတွေက ကြီးလေ သဘောကျလေလို့ ထင်တတ်ကြပါတယ်။ ဒါလည်း မဟုတ်ပါ။ အမျိုးသမီးတွေ သဘောကျစေတဲ့ အဓိကအချက်ကတော့ သူတို့တောင့်တနေတဲ့ အချိန်အတွင်း လုံ့လပြုနိုင်ခြင်း ရှိ/မရှိနဲ့ ဆိုင်ပါတယ်။ အမျိုးသားတွေအဖို့မှာလည်း အကြီးအသေးကြောင့် အရသာ ပိုထူးပြီး မခံစားနိုင်ပါဘူး။
(၃) ကိစ္စပြီးလို့ ထောင်မက်နေရင် နောက်ထပ် ဆန္ဒမကုန်သေးလို့
တစ်ချို့က လူက ဘယ်လောက်ပဲ ပင်ပန်းနေပါစေ အမျိုးသမီးနဲ့ ချစ်တင်းနှောပြီးတဲ့ အခါတိုင်း ထောင်မက်နေတာမျိုး ရှိတတ်ပါတယ်။ ဒါကို အမျိုးသမီးကလည်း နောက်တစ်ကြိမ် ရနိုင်သေးတယ်လို့ အထင်ရောက်တတ်သလို၊ အမျိူးသားကလည်း အာသာမပြေသေးလို့ ဒီလိုဖြစ်နေတာလို့ တွေးမိပြီး ထပ်ကာထပ်ကာ ဆက်ဆံမိတတ်ကြပါတယ်။ အလွန်အန္တရာယ်များတဲ့ အပြုအမူဖြစ်ပြီး အခန့်မသင့်ရင် အသက်ပါ သေစေနိုင်ပါတယ်။ အမှန်က ဒီလို ထောင်မက်နေခြင်းမှာ Arousal ထုတ်လွှတ်မှု ပမာဏအနည်းအများ၊ သွေးစီးဆင်းမှု၊ ဆေးဝါးရဲ့ အကူအညီကြောင့် ဖြစ်တတ်ပါတယ်။
(၄) များများပန်းနိုင်မှ ဟုတ်တယ်ထင်နေကြတာ
Porn ဇာတ်ကားတွေထဲမှာ ရေဖြန်းသလို ဖြန်းနိုင်ကြတာကို အမျိုးသားတွေက အဟုတ်လို့ ထင်မှတ်တတ်ကြသလို၊ အမျိုးသမီးတွေကလည်း ဒါကို မြင်မှ သူ့ခင်ပွန်း ကျန်းမာတယ်လို့ ယူဆတတ်ပါတယ်။ ဒါလည်း အလွန်မှားယွင်းပါတယ်။ ပျမ်းမျှအားဖြင့် ကိစ္စပြီးမြောက်ချိန်မှာ အမျိုးသားတစ်ယောက် သုတ်ထုတ်လွှတ်နိုင်စွမ်းဟာ လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာသာလျှင် ဖြစ်ပါတယ်။ အဲဒီပမာဏ (1 မီလီလီတာ)ထဲမှာ သုတ်ပိုးပေါင်း သန်း 200 ပါဝင်ပါတယ်။ ဒါ့ဖြင့် Porn ဇာတ်ကားထဲမှာ ပါတဲ့ အရာက မဖြစ်နိုင်ဘူးလားဆိုရင် ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ပုံမှန်ကျန်းမာရေး မဟုတ်သူတွေ၊ ဆေးနဲ့ ပြုပြင်ထားသူတွေမှာ ဖြစ်တတ်တဲ့ အရာဖြစ်ပါတယ်။
(၅) မျိုးရိုးနဲ့ တိုက်ရိုက်သက်ဆိုင်တယ်
အရွယ်အစား အကြီးအသေး အတိုအရှည်ဟာ မျိုးရိုးဗီဇနဲ့ သက်ဆိုင်တယ်လို့ ထင်မှတ်ခဲ့ကြပါတယ်။ 2015 ခုနှစ်မှာ ဗြိတိန်သုတေသနပညာရှင်တွေ ပြုလုပ်ခဲ့တဲ့ စစ်တမ်းအရ အမျိုးသား 15000 ကို စစ်ဆေးရာမှာ မျိုးရိုးနဲ့ လိင်တံအရွယ်အစား လုံး၀ သက်ဆိုင်မှုမရှိကြောင်း ထုတ်ပြန်နိုင်ခဲ့ပါတယ်။
source : thesun.co.uk
Credit:Shwemom
Sign up here with your email
ConversionConversion EmoticonEmoticon