Zawgyiျဖင့္ဖတ္ရန္
ႏွာရည္က်လာတဲ့အခါ ႏွာေစးလာတဲ့အခါ ကြၽန္ေတာ္တို႔ရဲ႕ဝန္းက်င္မွာ ကသိကေအာင့္ျဖစ္လာၿပီး အေနရခက္လာေစပါတယ္။ လူအမ်ားဟာ ႏွာေစးျခင္းကို သက္သာေအာင္ ႏွာေခါင္းျဖန္းေဆး (nasal spray) ကို အသုံးျပဳၾကပါတယ္။ ႏွာေခါင္းျဖန္းေဆးဟာလည္း အမ်ိဳးမ်ိဳးရွိတတ္ပါတယ္။
ႏွာေစးလာတဲ့အခါ ႏွာေခါင္းအတြင္းပိုင္းနံရံ ေရာင္ရမ္းလာတတ္ပါတယ္။ ႏွာေခါင္းျဖန္းေဆးဟာ ႏွာေခါင္းအတြင္းပိုင္းမွာရွိတဲ့ ေသြးေၾကာေလးေတြကို က်ဳံ႕သြားေစၿပီး ႏွာေခါင္းအတြင္းပိုင္းနံရံေတြ ေရာင္ရမ္းမႈကို ေလ်ာ့က်ေစျခင္းျဖင့္ ႏွာေစးျခင္း ႏွာပိတ္ျခင္းကို သက္သာသြားေစႏိုင္ပါတယ္။
ႏွာေခါင္းျဖန္းေဆးမ်ားကို အမ်ားဆုံးသုံးရက္အထိ အသုံးျပဳရတတ္ပါတယ္။ တစ္ခါတရံမွာ ပိုမိုၿပီး သုံးစြဲမိတဲ့အခါ ေဆးယဥ္ပါးသလိုျဖစ္လာႏိုင္ပါတယ္။ သေဘာကေတာ့ လိုခ်င္တဲ့ ရလဒ္ထြက္လာေအာင္ ယခင္ကထက္ ပိုမိုၿပီး သုံးစြဲလာရတတ္ပါတယ္။ အဲဒီအခါ ေဆးကိုစြဲသြားတာမ်ိဳး ျဖစ္လာႏိုင္ပါတယ္။
ႏွာေခါင္းျဖန္းေဆးအမ်ိဳးအစားေတြဟာ ပါဝင္တဲ့ပစၥည္းေတြေပၚမူတည္ၿပီး ကြဲျပားသြားပါတယ္။ အဓိကအားျဖင့္ ေအာက္ပါအမ်ိဳးအစားေတြ ျဖစ္ပါတယ္။
ဆလိုင္းရည္ပါတဲ့ ႏွာျဖန္းေဆး
စတီး႐ြိဳက္ျဖန္းေဆး
ဟစ္စ္တမင္းဆန႔္က်င္ေဆး
ႏွာေခါင္းပြင့္ေဆး
ႏွာေခါင္းျဖန္းေဆးကို ၾကာၾကာသုံးရင္ ဘာျဖစ္လာႏိုင္သလဲ
ႏွာေခါင္းတြင္းျဖန္းေဆးကို လိုအပ္တာထက္ပိုၿပီး ၾကာၾကာသုံးမိရင္ တေက်ာ့ျပန္ႏွာပိတ္တာမ်ိဳး ျဖစ္တတ္ပါတယ္။ ဒါေပမယ့္ သုေတသီတခ်ိဳ႕က ဒီအခ်က္ကို လက္မခံဘဲ အျငင္းပြားေနဆဲ ျဖစ္ပါတယ္။
ေနာက္တစ္ခ်က္ကေတာ့ ေဆးယဥ္ပါးလာႏိုင္ေျခ ရွိပါတယ္။ ေဆးယဥ္ပါးလာတဲ့အခါ ေရာဂါေဝဒနာသက္သာေအာင္ အရင္က သုံးစြဲေနၾကထက္ ေဆးပမာဏကို တိုးျမႇင့္သုံးစြဲရျခင္း၊ မၾကာခဏ သုံးစြဲလာရျခင္း ျဖစ္ပါတယ္။
ႏွာေခါင္းျဖန္းေဆးေတြဟာ ႏွာေခါင္းတြင္းက ေသြးေၾကာေတြကို က်ဥ္းသြားေစပါတယ္။ ဒါေပမယ့္ ေဆးကိုရပ္လိုက္တာနဲ႔ ျပန္ၿပီးေရာင္လာႏိုင္ပါတယ္။
႐ုပ္ပိုင္းဆိုင္ရာအရ ေဆးအေပၚမွီခိုလာရျခင္းနဲ႔ ေဆးစြဲျခင္းဟာ အနည္းငယ္ေတာ့ ကြာျခားမႈရွိပါတယ္။ ႐ုပ္ပိုင္းဆိုင္ရာအရ မွီခိုေနတယ္ဆိုတာကေတာ့ ေဆးကိုရပ္လိုက္တာနဲ႔ ေပ်ာက္ေနတဲ့ လကၡဏာေတြ (ဥပမာ ႏွာေစးျခင္း) ျပန္ေပၚလာျခင္းမ်ိဳး ျဖစ္ပါတယ္။
ေဆးစြဲျခင္းဆိုတာကေတာ့ သုံးစြဲေနတဲ့ေဆးအေပၚ ျပင္းျပင္းထန္ထန္ေတာင့္တေနတတ္ၿပီး သုံးစြဲျခင္းကို ရပ္တန႔္ဖို႔ မျဖစ္ႏိုင္သေလာက္ပါပဲ။ ရပ္တန႔္လိုက္တာနဲ႔ ေဘးထြက္ဆိုးက်ိဳးေတြ၊ ေနာက္ေၾကာင္းျပန္ အက်ိဳးသက္ေရာက္မႈေတြ ေပၚလာႏိုင္ပါတယ္။ ဥပမာေပးရရင္ မူးယစ္ေဆးစြဲတာမ်ိဳး ျဖစ္ပါတယ္။
အလြန္အကြၽံသုံးစြဲမိျခင္း၏ လကၡဏာမ်ား
ႏွာေခါင္းျဖန္းေဆးကို အလြန္အကြၽံသုံးစြဲမိျခင္းဆိုတာ ေအာက္ပါအေျခအေနေတြကို ဆိုလိုပါတယ္။
တစ္ပတ္ထက္ေက်ာ္ၿပီး သုံးစြဲျခင္း
ၫႊန္ၾကားသည္ထက္ ပိုမိုၿပီး မၾကာခဏ သုံးစြဲျခင္း
ေဆးကိုရပ္လွ်င္၊ သုံးစြဲရန္လြတ္သြားလွ်င္ ႏွာျပန္ပိတ္/ေစးျခင္း
ႏွာေခါင္းျဖန္းေဆး သုံးစြဲမႈရပ္တန႔္လိုက္တာနဲ႔ အဓိကႀကဳံရတတ္တဲ့ ျပႆနာကေတာ့ ႏွာျပန္ေစးတာပါပဲ။ အထူးသျဖင့္ နာတာရွည္ျဖစ္ပြားတတ္တဲ့ ဓာတ္မတည့္ျခင္း ျပႆနာေတြ ျဖစ္ပါတယ္။
ေအာက္ပါအေျခအေနေတြ ႀကဳံႏိုင္ပါတယ္။
ႏွာရည္က်ျခင္း
လည္ေခ်ာင္းနာျခင္း
ႏွာေစးျခင္း
အသက္ရႈရခက္ျခင္း
ေခါင္းကိုက္ျခင္း
ႏွာေခါင္းရင္းမွကိုက္ျခင္း
ႏွာေခါင္းျဖန္းေဆးစြဲျခင္း ျပႆနာမျဖစ္ေအာင္ ဘယ္လိုသုံးစြဲသင့္လဲ
ေဆးပုလင္း/ေဆးဘူးေတြမွာပါတဲ့ အခ်က္ေတြ၊ ဆရာဝန္ၫႊန္ၾကားတဲ့အခ်က္ေတြကို လိုက္နာပါ။ ေအာက္ပါအခ်က္ေတြကို အဓိကလိုက္နာပါ။
ေဆးကို ၃ရက္ထက္ ပိုမသုံးပါနဲ႔။
၁၀-၁၂ နာရီၾကာတိုင္း တစ္ခါသုံးပါ (တစ္ေန႔ ၂ႀကိမ္)
၂၄ နာရီအတြင္း ႏွစ္ႀကိမ္ထက္ပိုမသုံးပါနဲ႔။
အခ်ဳပ္ေျပာရမယ္ဆိုရင္ ႏွာေခါင္းျဖန္းေဆးကို အလြန္အကြၽံသုံးစြဲျဖစ္ျခင္းဟာ မူးယစ္ေဆးစြဲသလိုေတာ့ မဆိုး႐ြားပါဘူး။ ဒါေပမယ့္ ရက္သတၱပတ္ေပါင္းမ်ားစြာ (သို႔) လနဲ႔ခ်ီၿပီး သုံးေနရၿပီဆိုရင္ မိမိကိုယ္ခႏၶာ ႐ုပ္ပိုင္းဆိုင္ရာအေျခအေနဟာ ေဆးအေပၚစြဲလမ္းလာၿပီဆိုတာ သတိခ်ပ္သင့္ပါတယ္။ အေကာင္းဆုံးကေတာ့ ဆရာဝန္နဲ႔ တိုင္ပင္ၿပီး ကုသတာ အေကာင္းဆုံးပါပဲ။
Unicode ဖြင့်ဖတ်ရန်
နှာရည်ကျလာတဲ့အခါ နှာစေးလာတဲ့အခါ ကျွန်တော်တို့ရဲ့ဝန်းကျင်မှာ ကသိကအောင့်ဖြစ်လာပြီး အနေရခက်လာစေပါတယ်။ လူအများဟာ နှာစေးခြင်းကို သက်သာအောင် နှာခေါင်းဖြန်းဆေး (nasal spray) ကို အသုံးပြုကြပါတယ်။ နှာခေါင်းဖြန်းဆေးဟာလည်း အမျိုးမျိုးရှိတတ်ပါတယ်။
နှာစေးလာတဲ့အခါ နှာခေါင်းအတွင်းပိုင်းနံရံ ရောင်ရမ်းလာတတ်ပါတယ်။ နှာခေါင်းဖြန်းဆေးဟာ နှာခေါင်းအတွင်းပိုင်းမှာရှိတဲ့ သွေးကြောလေးတွေကို ကျုံ့သွားစေပြီး နှာခေါင်းအတွင်းပိုင်းနံရံတွေ ရောင်ရမ်းမှုကို လျော့ကျစေခြင်းဖြင့် နှာစေးခြင်း နှာပိတ်ခြင်းကို သက်သာသွားစေနိုင်ပါတယ်။
နှာခေါင်းဖြန်းဆေးများကို အများဆုံးသုံးရက်အထိ အသုံးပြုရတတ်ပါတယ်။ တစ်ခါတရံမှာ ပိုမိုပြီး သုံးစွဲမိတဲ့အခါ ဆေးယဉ်ပါးသလိုဖြစ်လာနိုင်ပါတယ်။ သဘောကတော့ လိုချင်တဲ့ ရလဒ်ထွက်လာအောင် ယခင်ကထက် ပိုမိုပြီး သုံးစွဲလာရတတ်ပါတယ်။ အဲဒီအခါ ဆေးကိုစွဲသွားတာမျိုး ဖြစ်လာနိုင်ပါတယ်။
နှာခေါင်းဖြန်းဆေးအမျိုးအစားတွေဟာ ပါဝင်တဲ့ပစ္စည်းတွေပေါ်မူတည်ပြီး ကွဲပြားသွားပါတယ်။ အဓိကအားဖြင့် အောက်ပါအမျိုးအစားတွေ ဖြစ်ပါတယ်။
ဆလိုင်းရည်ပါတဲ့ နှာဖြန်းဆေး
စတီးရွိုက်ဖြန်းဆေး
ဟစ်စ်တမင်းဆန့်ကျင်ဆေး
နှာခေါင်းပွင့်ဆေး
နှာခေါင်းဖြန်းဆေးကို ကြာကြာသုံးရင် ဘာဖြစ်လာနိုင်သလဲ
နှာခေါင်းတွင်းဖြန်းဆေးကို လိုအပ်တာထက်ပိုပြီး ကြာကြာသုံးမိရင် တကျော့ပြန်နှာပိတ်တာမျိုး ဖြစ်တတ်ပါတယ်။ ဒါပေမယ့် သုတေသီတချို့က ဒီအချက်ကို လက်မခံဘဲ အငြင်းပွားနေဆဲ ဖြစ်ပါတယ်။
နောက်တစ်ချက်ကတော့ ဆေးယဉ်ပါးလာနိုင်ခြေ ရှိပါတယ်။ ဆေးယဉ်ပါးလာတဲ့အခါ ရောဂါဝေဒနာသက်သာအောင် အရင်က သုံးစွဲနေကြထက် ဆေးပမာဏကို တိုးမြှင့်သုံးစွဲရခြင်း၊ မကြာခဏ သုံးစွဲလာရခြင်း ဖြစ်ပါတယ်။
နှာခေါင်းဖြန်းဆေးတွေဟာ နှာခေါင်းတွင်းက သွေးကြောတွေကို ကျဉ်းသွားစေပါတယ်။ ဒါပေမယ့် ဆေးကိုရပ်လိုက်တာနဲ့ ပြန်ပြီးရောင်လာနိုင်ပါတယ်။
ရုပ်ပိုင်းဆိုင်ရာအရ ဆေးအပေါ်မှီခိုလာရခြင်းနဲ့ ဆေးစွဲခြင်းဟာ အနည်းငယ်တော့ ကွာခြားမှုရှိပါတယ်။ ရုပ်ပိုင်းဆိုင်ရာအရ မှီခိုနေတယ်ဆိုတာကတော့ ဆေးကိုရပ်လိုက်တာနဲ့ ပျောက်နေတဲ့ လက္ခဏာတွေ (ဥပမာ နှာစေးခြင်း) ပြန်ပေါ်လာခြင်းမျိုး ဖြစ်ပါတယ်။
ဆေးစွဲခြင်းဆိုတာကတော့ သုံးစွဲနေတဲ့ဆေးအပေါ် ပြင်းပြင်းထန်ထန်တောင့်တနေတတ်ပြီး သုံးစွဲခြင်းကို ရပ်တန့်ဖို့ မဖြစ်နိုင်သလောက်ပါပဲ။ ရပ်တန့်လိုက်တာနဲ့ ဘေးထွက်ဆိုးကျိုးတွေ၊ နောက်ကြောင်းပြန် အကျိုးသက်ရောက်မှုတွေ ပေါ်လာနိုင်ပါတယ်။ ဥပမာပေးရရင် မူးယစ်ဆေးစွဲတာမျိုး ဖြစ်ပါတယ်။
အလွန်အကျွံသုံးစွဲမိခြင်း၏ လက္ခဏာများ
နှာခေါင်းဖြန်းဆေးကို အလွန်အကျွံသုံးစွဲမိခြင်းဆိုတာ အောက်ပါအခြေအနေတွေကို ဆိုလိုပါတယ်။
တစ်ပတ်ထက်ကျော်ပြီး သုံးစွဲခြင်း
ညွှန်ကြားသည်ထက် ပိုမိုပြီး မကြာခဏ သုံးစွဲခြင်း
ဆေးကိုရပ်လျှင်၊ သုံးစွဲရန်လွတ်သွားလျှင် နှာပြန်ပိတ်/စေးခြင်း
နှာခေါင်းဖြန်းဆေး သုံးစွဲမှုရပ်တန့်လိုက်တာနဲ့ အဓိကကြုံရတတ်တဲ့ ပြဿနာကတော့ နှာပြန်စေးတာပါပဲ။ အထူးသဖြင့် နာတာရှည်ဖြစ်ပွားတတ်တဲ့ ဓာတ်မတည့်ခြင်း ပြဿနာတွေ ဖြစ်ပါတယ်။
အောက်ပါအခြေအနေတွေ ကြုံနိုင်ပါတယ်။
နှာရည်ကျခြင်း
လည်ချောင်းနာခြင်း
နှာစေးခြင်း
အသက်ရှုရခက်ခြင်း
ခေါင်းကိုက်ခြင်း
နှာခေါင်းရင်းမှကိုက်ခြင်း
နှာခေါင်းဖြန်းဆေးစွဲခြင်း ပြဿနာမဖြစ်အောင် ဘယ်လိုသုံးစွဲသင့်လဲ
ဆေးပုလင်း/ဆေးဘူးတွေမှာပါတဲ့ အချက်တွေ၊ ဆရာဝန်ညွှန်ကြားတဲ့အချက်တွေကို လိုက်နာပါ။ အောက်ပါအချက်တွေကို အဓိကလိုက်နာပါ။
ဆေးကို ၃ရက်ထက် ပိုမသုံးပါနဲ့။
၁၀-၁၂ နာရီကြာတိုင်း တစ်ခါသုံးပါ (တစ်နေ့ ၂ကြိမ်)
၂၄ နာရီအတွင်း နှစ်ကြိမ်ထက်ပိုမသုံးပါနဲ့။
အချုပ်ပြောရမယ်ဆိုရင် နှာခေါင်းဖြန်းဆေးကို အလွန်အကျွံသုံးစွဲဖြစ်ခြင်းဟာ မူးယစ်ဆေးစွဲသလိုတော့ မဆိုးရွားပါဘူး။ ဒါပေမယ့် ရက်သတ္တပတ်ပေါင်းများစွာ (သို့) လနဲ့ချီပြီး သုံးနေရပြီဆိုရင် မိမိကိုယ်ခန္ဓာ ရုပ်ပိုင်းဆိုင်ရာအခြေအနေဟာ ဆေးအပေါ်စွဲလမ်းလာပြီဆိုတာ သတိချပ်သင့်ပါတယ်။ အကောင်းဆုံးကတော့ ဆရာဝန်နဲ့ တိုင်ပင်ပြီး ကုသတာ အကောင်းဆုံးပါပဲ။
ဤေဆာင္းပါးကို Mizzima ၏ မိတ္ဘက္ က်န္းမာေရးႏွင့္ ေဆးပညာဝက္ဘ္ဆိုဒ္ hellosayarwon.com မွ ကူးယူေဖာ္ျပပါသည္။
ေရးသားသူ Dr.Thant Zin
ေဆးပညာပိုင္းဆိုင္ရာတည္းျဖတ္သူ Dr. Thurein Hlaing Win
Sign up here with your email
ConversionConversion EmoticonEmoticon