Zawgyiျဖင့္ဖတ္ရန္
အမ်ားစုက ဖရဲသီးရဲ႕ အရည္႐ႊမ္းၿပီး ခ်ိဳျမတဲ့အသားကိုပဲ စားၾကပါတယ္။ ဒါေပမဲ့ ဖရဲသီးရဲ႕အခြံကိုလည္း စားလို႔ရပါတယ္တဲ့။ ဖရဲသီးအခြံက သင့္ခႏၶာကိုယ္ကို ဘက္ေပါင္းစုံက အက်ိဳးျပဳေနလို႔ပါပဲ။
ဖရဲသီးအခြံမွာ ဘာေတြပါလို႔လဲ
ဖရဲသီး အသားမွာလိုပဲ အခြံမွာ ေရ ဓာတ္ အျပည့္အဝ ပါဝင္ပါတယ္။ သည္ လိုေရဓာတ္ ပါဝင္လို႔လည္း ေက်ာက္ကပ္ရဲ႕စြန႔္ထုတ္ႏိုင္စြမ္းကို ပိုေကာင္းေစတာပါ။ ဒါ့အျပင္ ေရဓာတ္အလုံအေလာက္ရရွိ မႈေၾကာင့္ ေသြးတိုးကိုလည္းက်ေစဖို႔ အေထာက္ကူေပးပါတယ္။
ဖရဲခြံသားက ဗီတာမင္ C ၊ B6 နဲ႔ A တို႔ ျပည့္ဝစြာပါဝင္တဲ့အျပင္ ပိုတက္စီယမ္နဲ႔ ဇင့္တို႔ကိုလည္း ပမာဏအတန္အသင့္ရရွိ ႏိုင္ပါတယ္။
ဗီတာမင္ စီပါဝင္လို႔ free radical ေၾကာင့္ထိခိုက္ပ်က္စီးမႈေတြကို ခုခံႏိုင္ၿပီး ကိုယ္ခံအားကို ေကာင္းေစပါတယ္။
ဖရဲသီးအခြံသားကို စားရင္ရရွိႏိုင္ မယ့္ အက်ိဳးေက်းဇူး
၁ ။ ေက်ာက္ကပ္မွာ ေက်ာက္ေၾကေစတယ္
ဖရဲခြံမွာပါတဲ့ ပိုတက္စီယမ္ဟာ ေက်ာက္ကပ္ထဲက အက္စစ္ပမာဏကို ထိန္းညႇိ၊ ထိန္း သိမ္း ေပး တာ ျဖစ္ လို႔ ေက်ာက္ ကပ္က်န္းမာေရးအတြက္ အက်ိဳးမ်ားေစပါတယ္။ ေရဓာတ္ပါဝင္မႈေၾကာင့္ ေက်ာက္ကပ္မွာတည္ေနတဲ့ ေက်ာက္ေတြကို ေၾကက်ေစပါတယ္။
၂။ ကိုယ္အေလးခ်ိန္က်ေစတယ္
ဗီတာမင္ C ပါဝင္မႈေၾကာင့္ diet လုပ္၊ ဝိတ္ခ်ေနသူေတြအတြက္ အေထာက္ အကူျဖစ္ေစၿပီး အမွ်င္ဓာတ္ေၾကာင့္ အခ်ိန္အေတာ္ၾကာ ဗိုက္ျပည့္ေနေစမွာ ျဖစ္ပါ တယ္။
၃။ ေရာင္ရမ္းမႈေလ်ာ့က်ေစတယ္
ဖရဲသီးခြံမွာပါတဲ့ lycopene ဓာတ္က အဆစ္ေရာင္ နာက်င္ကိုက္ခဲမႈေတြမွာ ျဖစ္တတ္တဲ့ေရာင္ရမ္းမႈေဝဒနာကို ေလ်ာ့က် ေစပါတယ္။ ဖရဲသီးခြံမွာ မ်က္စိက်န္းမာေရးအတြက္ေကာင္းတဲ့ beta carotene ဓာတ္လည္း ေတာ္ေတာ္ေလး ပါဝင္ပါ တယ္။
၄ ။ ဆီးလမ္းေၾကာင္းပိုးဝင္ျခင္းကို ကုသႏိုင္တယ္
ဖရဲသီးအခြံရဲ႕ ေရဓာတ္ျဖည့္တင္း ႏိုင္စြမ္းနဲ႔ ဆီး႐ႊင္ေစတဲ့အာနိသင္က ဆီးပိုးဝင္ ျခင္း ကို ကုသရာမွာ ထိေရာက္ေစမွာပါ။ ဒါ့ ေၾကာင့္ ဆီးလမ္းေၾကာင္းပိုးဝင္တဲ့ လကၡဏာ စေတြ႕ၿပီဆိုတာနဲ႔ ဖရဲသီးအခြံေဖ်ာ္ရည္ ကို ေသာက္ႏိုင္ပါတယ္။
၅ ။ ကိုယ္ဝန္ေၾကာင့္ျဖစ္တဲ့ လကၡဏာေတြကို သက္သာေစတယ္
ဖရဲသီးအခြံသားကို ကိုယ္ဝန္ေဆာင္ အမ်ိဳးသမီးေတြစားေပးမယ္ဆိုရင္ ရင္ပူတာေတြ သက္သာေစၿပီး ကိုယ္ဝန္ ေၾကာင့္ ျဖစ္တဲ့ ေဖာေရာင္မႈေတြကို ေလ်ာ့ပါးေစပါ တယ္။ ဖရဲသီးအခြံမွာပါဝင္တဲ့ သဘာဝသၾကားဓာတ္ေၾကာင့္ ေအာ့အန္ျခင္း ေဝဒနာေတြကိုလည္း သက္သာေစႏိုင္ပါ တယ္။
၆။ ေသြးတိုးထိန္းေပးႏိုင္တယ္
ဖရဲသီးအခြံသားက ေသြးတိုးကိုက်ေစတယ္လို႔ဆိုေပမဲ့ ေသြးေပါင္က်ေနတဲ့ အခါမ်ိဳးမွာလည္း ေသြးလည္ပတ္မႈကို ေကာင္းေစၿပီး ေသြးဖိအားကို ပုံမွန္ျဖစ္ေအာင္ ထိန္းညႇိေပးႏိုင္တယ္လို႔ သိရပါတယ္။
ဤေဆာင္းပါးကို Mizzima ၏ မိတ္ဘက္ က်န္းမာေရးႏွင့္ ေဆးပညာဝက္ဘ္ဆိုဒ္ hellosayarwon.com မွ ကူးယူေဖာ္ျပပါသည္။
Unicode ဖြင့်ဖတ်ရန်
အများစုက ဖရဲသီးရဲ့ အရည်ရွှမ်းပြီး ချိုမြတဲ့အသားကိုပဲ စားကြပါတယ်။ ဒါပေမဲ့ ဖရဲသီးရဲ့အခွံကိုလည်း စားလို့ရပါတယ်တဲ့။ ဖရဲသီးအခွံက သင့်ခန္ဓာကိုယ်ကို ဘက်ပေါင်းစုံက အကျိုးပြုနေလို့ပါပဲ။
ဖရဲသီးအခွံမှာ ဘာတွေပါလို့လဲ
ဖရဲသီး အသားမှာလိုပဲ အခွံမှာ ရေ ဓာတ် အပြည့်အဝ ပါဝင်ပါတယ်။ သည် လိုရေဓာတ် ပါဝင်လို့လည်း ကျောက်ကပ်ရဲ့စွန့်ထုတ်နိုင်စွမ်းကို ပိုကောင်းစေတာပါ။ ဒါ့အပြင် ရေဓာတ်အလုံအလောက်ရရှိ မှုကြောင့် သွေးတိုးကိုလည်းကျစေဖို့ အထောက်ကူပေးပါတယ်။
ဖရဲခွံသားက ဗီတာမင် C ၊ B6 နဲ့ A တို့ ပြည့်ဝစွာပါဝင်တဲ့အပြင် ပိုတက်စီယမ်နဲ့ ဇင့်တို့ကိုလည်း ပမာဏအတန်အသင့်ရရှိ နိုင်ပါတယ်။
ဗီတာမင် စီပါဝင်လို့ free radical ကြောင့်ထိခိုက်ပျက်စီးမှုတွေကို ခုခံနိုင်ပြီး ကိုယ်ခံအားကို ကောင်းစေပါတယ်။
ဖရဲသီးအခွံသားကို စားရင်ရရှိနိုင် မယ့် အကျိုးကျေးဇူး
၁ ။ ကျောက်ကပ်မှာ ကျောက်ကြေစေတယ်
ဖရဲခွံမှာပါတဲ့ ပိုတက်စီယမ်ဟာ ကျောက်ကပ်ထဲက အက်စစ်ပမာဏကို ထိန်းညှိ၊ ထိန်း သိမ်း ပေး တာ ဖြစ် လို့ ကျောက် ကပ်ကျန်းမာရေးအတွက် အကျိုးများစေပါတယ်။ ရေဓာတ်ပါဝင်မှုကြောင့် ကျောက်ကပ်မှာတည်နေတဲ့ ကျောက်တွေကို ကြေကျစေပါတယ်။
၂။ ကိုယ်အလေးချိန်ကျစေတယ်
ဗီတာမင် C ပါဝင်မှုကြောင့် diet လုပ်၊ ဝိတ်ချနေသူတွေအတွက် အထောက် အကူဖြစ်စေပြီး အမျှင်ဓာတ်ကြောင့် အချိန်အတော်ကြာ ဗိုက်ပြည့်နေစေမှာ ဖြစ်ပါ တယ်။
၃။ ရောင်ရမ်းမှုလျော့ကျစေတယ်
ဖရဲသီးခွံမှာပါတဲ့ lycopene ဓာတ်က အဆစ်ရောင် နာကျင်ကိုက်ခဲမှုတွေမှာ ဖြစ်တတ်တဲ့ရောင်ရမ်းမှုဝေဒနာကို လျော့ကျ စေပါတယ်။ ဖရဲသီးခွံမှာ မျက်စိကျန်းမာရေးအတွက်ကောင်းတဲ့ beta carotene ဓာတ်လည်း တော်တော်လေး ပါဝင်ပါ တယ်။
၄ ။ ဆီးလမ်းကြောင်းပိုးဝင်ခြင်းကို ကုသနိုင်တယ်
ဖရဲသီးအခွံရဲ့ ရေဓာတ်ဖြည့်တင်း နိုင်စွမ်းနဲ့ ဆီးရွှင်စေတဲ့အာနိသင်က ဆီးပိုးဝင် ခြင်း ကို ကုသရာမှာ ထိရောက်စေမှာပါ။ ဒါ့ ကြောင့် ဆီးလမ်းကြောင်းပိုးဝင်တဲ့ လက္ခဏာ စတွေ့ပြီဆိုတာနဲ့ ဖရဲသီးအခွံဖျော်ရည် ကို သောက်နိုင်ပါတယ်။
၅ ။ ကိုယ်ဝန်ကြောင့်ဖြစ်တဲ့ လက္ခဏာတွေကို သက်သာစေတယ်
ဖရဲသီးအခွံသားကို ကိုယ်ဝန်ဆောင် အမျိုးသမီးတွေစားပေးမယ်ဆိုရင် ရင်ပူတာတွေ သက်သာစေပြီး ကိုယ်ဝန် ကြောင့် ဖြစ်တဲ့ ဖောရောင်မှုတွေကို လျော့ပါးစေပါ တယ်။ ဖရဲသီးအခွံမှာပါဝင်တဲ့ သဘာဝသကြားဓာတ်ကြောင့် အော့အန်ခြင်း ဝေဒနာတွေကိုလည်း သက်သာစေနိုင်ပါ တယ်။
၆။ သွေးတိုးထိန်းပေးနိုင်တယ်
ဖရဲသီးအခွံသားက သွေးတိုးကိုကျစေတယ်လို့ဆိုပေမဲ့ သွေးပေါင်ကျနေတဲ့ အခါမျိုးမှာလည်း သွေးလည်ပတ်မှုကို ကောင်းစေပြီး သွေးဖိအားကို ပုံမှန်ဖြစ်အောင် ထိန်းညှိပေးနိုင်တယ်လို့ သိရပါတယ်။
ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။
Sign up here with your email
ConversionConversion EmoticonEmoticon