ေအာင့္မထားနဲ႔…ဖြင့္ခ်လိုက္ပါ ေလျပႆနာ





Zawgyiျဖင့္ဖတ္ရန္

ဟာ..ဘယ္သူေပါက္လိုက္လဲမသိဘူး နံလိုက္တာ ဆိုတဲ့စကားသံထြက္လာမွာကို ေလလည္သူေတြအေၾကာက္ဆုံး၊ အရွက္ဆုံးပါ။ မသိမသာေလး ခိုးေပါက္တတ္သူေတြရွိသလို ပိတ္ေအာင့္ထားလိုက္သူေတြလည္း ရွိပါတယ္။

ဒါေပမယ့္ ေလလည္ရမွာရွက္လို႔၊ သူမ်ားႏွာေခါင္းရႈံ႕မွာစိုးလို႔ ေအာင့္ထားလိုက္မယ္ဆိုရင္ ဘာဆက္ျဖစ္မလဲသိလား။ ကိုယ္သတိမထားမိေလာက္ေပမယ့္ ခႏၶာကိုယ္ထဲက ျပန္ထြက္ခ်င္ေနတဲ့ေလက ေအာက္ကေနမထြက္ရတဲ့အခါ ပါးစပ္ကျပန္ထြက္လာႏိုင္ပါတယ္။

အမွန္က ေလလည္တာကို ၾကာၾကာေအာင့္ထားလိုက္ရင္ အူလမ္းေၾကာင္းမွာ စုေနတဲ့ေလေတြက ေနာက္ဆုံးမွာ ထိန္းမရေအာင္ ကန္ထြက္ေတာ့တာပဲ။ ထိန္းမရတဲ့အခါ ေလလည္သံက်ယ္က်ယ္နဲ႔ ဝုန္းခနဲေပါက္ကြဲႏိုင္သလို ဗိုက္ေအာင့္တာလည္းျဖစ္လာႏိုင္ပါတယ္။
အေျခအေနၾကည့္ၿပီး ဖြင့္ခ်ပါ

ဒါ့ေၾကာင့္ေလလည္ခ်င္ေနၿပီဆိုရင္ ဖြင့္ခ်လိုက္ပါ။ လူရွင္းတဲ့ေနရာကို လစ္တာပဲျဖစ္ျဖစ္၊ အိမ္သာထဲေျပးတာျဖစ္ျဖစ္ မသိမသာေလးေျဖရွင္းလိုက္ပါ။ ေအာင့္ထားလိုက္လို႔ အႏၲရာယ္ႀကီးႀကီးမားမားမျဖစ္ေပမယ့္ ေနရခက္တာ၊ ေလထိုးေလေအာင့္တာေတြျဖစ္ႏိုင္တာကိုး။

အမွန္ေတာ့ ေလလည္တယ္ဆိုတာက အစာကို ၿဖိဳခြဲၿပီး ေခ်ဖ်က္ဖို႔ ခႏၶာကိုယ္က ႀကိဳးစားတဲ့အခါ သဘာဝအေလ်ာက္တုံ႔ျပန္မႈတစ္ခုပါပဲ။

ကိုယ္စားခ်လိုက္တဲ့အစားအေသာက္ေတြကို အစာအိမ္နဲ႔ အစာေျခစနစ္က စီမံခန႔္ခြဲရတာျဖစ္လို႔ ေလနည္းနည္းေတာ့ စြန႔္ထုတ္မွာပါပဲ။ အဲဒီကမွ ေလလည္မွာလား၊ ေလတက္မွာလား ခႏၶာကိုယ္ကလုပ္ေဆာင္ပါလိမ့္မယ္။

ပ်မ္းမွ်အားျဖင့္ လူတစ္ေယာက္ဟာ တစ္ေန႔ကို ၈ ႀကိမ္ေလာက္ ေလလည္ႏိုင္ပါတယ္တဲ့။ တစ္ခါခ်င္းစီျဖစ္ႏိုင္သလို တစ္ခါတည္းမွာပဲ ပူပူ ပူပူနဲ႔ ဆက္တိုက္လႊတ္တာလည္း ျဖစ္ႏိုင္ပါတယ္။ မယုံရင္ ကိုယ့္ကိုယ္ကိုယ္ သတိထားၾကည့္။

ေလကိုမ်ိဳခ်မိတာေၾကာင့္ ဒါမွမဟုတ္ အူသိမ္ထဲမွာ bicarbonate နဲ႔အစာအိမ္အက္စစ္ေရာသြားတဲ့အခါ ထြက္လာတဲ့ ကာဗြန္ဒိုင္ေအာက္ဆိုက္ေၾကာင့္ ေလလည္တာျဖစ္ႏိုင္တယ္။ ဒါမွမဟုတ္ အူမႀကီးထဲမွာရွိေနတဲ့ ဘက္တီးရီးယားေၾကာင့္ ေလေတြျဖစ္လာတာလည္း ျဖစ္ႏိုင္တယ္။

ေလလည္တဲ့အနံ႔ျပင္းရတာကေတာ့ စားထားတဲ့အစားအေသာက္ေတြအေပၚမူတည္ပါတယ္။
ေလေအာင့္တာ သက္သာေအာင္ ဘယ္လိုလုပ္ရမလဲ

အူလမ္းေၾကာင္းမွာပိတ္မိေနတဲ့ အနံ႔ျပင္းျပင္းေလေတြကို မဖယ္ထုတ္ႏိုင္ဘူး (ေလေပးမလည္ဘူး) ဆိုရင္ ဗိုက္ထဲမွာ ေလပြတာ၊ ကယ္တာ၊ ဗိုက္ေအာင့္၊ ေလထိုးတာေတြခံစားရႏိုင္တယ္။

ဒီအခ်ိန္မွာ လုပ္လို႔ရတာက –

    ေရေႏြးေသာက္ပါ။
    ေရေႏြးအိတ္ကပ္ပါ။
    ေလေၾကေဆးေသာက္ပါ။
    အစာအိမ္ေလေဆးေတြ (Antacids)နဲ႔ အက္ဆစ္ထုတ္လုပ္မႈကို တားဆီးေပးႏိုင္ၿပီး အစာေရမ်ိဳကို ျပန္လည္ေကာင္းမြန္လာေစတဲ့ ေဆးေတြေသာက္ပါ။
    နည္းနည္းေလာက္ လႈပ္လႈပ္ရွားရွားလုပ္ပါ။
    အပူမျပင္းတဲ့ ေဆးအဆီတစ္မ်ိဳးမ်ိဳးနဲ႔ ဗိုက္ကို ညင္ညင္သာသာ လွည့္ပတ္ႏွိပ္နယ္လူးပါ။
ဒါမွ ေလလည္၊ ေလတက္ တစ္ခုခုျဖစ္လာၿပီး လူက ေနရသက္သာသြားပါလိမ့္မယ္။

ဤေဆာင္းပါးကို Mizzima ၏ မိတ္ဘက္ က်န္းမာေရးႏွင့္ ေဆးပညာဝက္ဘ္ဆိုဒ္ hellosayarwon.com မွ ကူးယူေဖာ္ျပပါသည္။

Unicode ဖြင့်ဖတ်ရန်



ဟာ..ဘယ်သူပေါက်လိုက်လဲမသိဘူး နံလိုက်တာ ဆိုတဲ့စကားသံထွက်လာမှာကို လေလည်သူတွေအကြောက်ဆုံး၊ အရှက်ဆုံးပါ။ မသိမသာလေး ခိုးပေါက်တတ်သူတွေရှိသလို ပိတ်အောင့်ထားလိုက်သူတွေလည်း ရှိပါတယ်။

ဒါပေမယ့် လေလည်ရမှာရှက်လို့၊ သူများနှာခေါင်းရှုံ့မှာစိုးလို့ အောင့်ထားလိုက်မယ်ဆိုရင် ဘာဆက်ဖြစ်မလဲသိလား။ ကိုယ်သတိမထားမိလောက်ပေမယ့် ခန္ဓာကိုယ်ထဲက ပြန်ထွက်ချင်နေတဲ့လေက အောက်ကနေမထွက်ရတဲ့အခါ ပါးစပ်ကပြန်ထွက်လာနိုင်ပါတယ်။

အမှန်က လေလည်တာကို ကြာကြာအောင့်ထားလိုက်ရင် အူလမ်းကြောင်းမှာ စုနေတဲ့လေတွေက နောက်ဆုံးမှာ ထိန်းမရအောင် ကန်ထွက်တော့တာပဲ။ ထိန်းမရတဲ့အခါ လေလည်သံကျယ်ကျယ်နဲ့ ဝုန်းခနဲပေါက်ကွဲနိုင်သလို ဗိုက်အောင့်တာလည်းဖြစ်လာနိုင်ပါတယ်။
အခြေအနေကြည့်ပြီး ဖွင့်ချပါ

ဒါ့ကြောင့်လေလည်ချင်နေပြီဆိုရင် ဖွင့်ချလိုက်ပါ။ လူရှင်းတဲ့နေရာကို လစ်တာပဲဖြစ်ဖြစ်၊ အိမ်သာထဲပြေးတာဖြစ်ဖြစ် မသိမသာလေးဖြေရှင်းလိုက်ပါ။ အောင့်ထားလိုက်လို့ အန္တရာယ်ကြီးကြီးမားမားမဖြစ်ပေမယ့် နေရခက်တာ၊ လေထိုးလေအောင့်တာတွေဖြစ်နိုင်တာကိုး။

အမှန်တော့ လေလည်တယ်ဆိုတာက အစာကို ဖြိုခွဲပြီး ချေဖျက်ဖို့ ခန္ဓာကိုယ်က ကြိုးစားတဲ့အခါ သဘာဝအလျောက်တုံ့ပြန်မှုတစ်ခုပါပဲ။

ကိုယ်စားချလိုက်တဲ့အစားအသောက်တွေကို အစာအိမ်နဲ့ အစာခြေစနစ်က စီမံခန့်ခွဲရတာဖြစ်လို့ လေနည်းနည်းတော့ စွန့်ထုတ်မှာပါပဲ။ အဲဒီကမှ လေလည်မှာလား၊ လေတက်မှာလား ခန္ဓာကိုယ်ကလုပ်ဆောင်ပါလိမ့်မယ်။

ပျမ်းမျှအားဖြင့် လူတစ်ယောက်ဟာ တစ်နေ့ကို ၈ ကြိမ်လောက် လေလည်နိုင်ပါတယ်တဲ့။ တစ်ခါချင်းစီဖြစ်နိုင်သလို တစ်ခါတည်းမှာပဲ ပူပူ ပူပူနဲ့ ဆက်တိုက်လွှတ်တာလည်း ဖြစ်နိုင်ပါတယ်။ မယုံရင် ကိုယ့်ကိုယ်ကိုယ် သတိထားကြည့်။

လေကိုမျိုချမိတာကြောင့် ဒါမှမဟုတ် အူသိမ်ထဲမှာ bicarbonate နဲ့အစာအိမ်အက်စစ်ရောသွားတဲ့အခါ ထွက်လာတဲ့ ကာဗွန်ဒိုင်အောက်ဆိုက်ကြောင့် လေလည်တာဖြစ်နိုင်တယ်။ ဒါမှမဟုတ် အူမကြီးထဲမှာရှိနေတဲ့ ဘက်တီးရီးယားကြောင့် လေတွေဖြစ်လာတာလည်း ဖြစ်နိုင်တယ်။

လေလည်တဲ့အနံ့ပြင်းရတာကတော့ စားထားတဲ့အစားအသောက်တွေအပေါ်မူတည်ပါတယ်။
လေအောင့်တာ သက်သာအောင် ဘယ်လိုလုပ်ရမလဲ

အူလမ်းကြောင်းမှာပိတ်မိနေတဲ့ အနံ့ပြင်းပြင်းလေတွေကို မဖယ်ထုတ်နိုင်ဘူး (လေပေးမလည်ဘူး) ဆိုရင် ဗိုက်ထဲမှာ လေပွတာ၊ ကယ်တာ၊ ဗိုက်အောင့်၊ လေထိုးတာတွေခံစားရနိုင်တယ်။

ဒီအချိန်မှာ လုပ်လို့ရတာက –

    ရေနွေးသောက်ပါ။
    ရေနွေးအိတ်ကပ်ပါ။
    လေကြေဆေးသောက်ပါ။
    အစာအိမ်လေဆေးတွေ (Antacids)နဲ့ အက်ဆစ်ထုတ်လုပ်မှုကို တားဆီးပေးနိုင်ပြီး အစာရေမျိုကို ပြန်လည်ကောင်းမွန်လာစေတဲ့ ဆေးတွေသောက်ပါ။
    နည်းနည်းလောက် လှုပ်လှုပ်ရှားရှားလုပ်ပါ။
    အပူမပြင်းတဲ့ ဆေးအဆီတစ်မျိုးမျိုးနဲ့ ဗိုက်ကို ညင်ညင်သာသာ လှည့်ပတ်နှိပ်နယ်လူးပါ။
ဒါမှ လေလည်၊ လေတက် တစ်ခုခုဖြစ်လာပြီး လူက နေရသက်သာသွားပါလိမ့်မယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

Previous
Next Post »
Powered by Blogger.