ဝက္ျခံေပါက္တဲ့ ေနရာကေနတဆင့္ သိႏုိင္မယ့္ သင့္က်န္းမာေရး အေျခအေန


Zawgyiျဖင့္ဖတ္ရန္

ဝက္ျခံေတြဟာ ျပင္ပေလထုညစ္ညမ္းမႈ၊ ဘက္တီးရီးယားေတြနဲ႔ ေဟာ္မုန္းအေျပာင္းအလဲေၾကာင့္ ျဖစ္တတ္သလို တခါတရံမွာ အသံုးျပဳတဲ့ အလွကုန္ပစၥည္းေတြနဲ႔ ဓာတ္မတည့္တဲ့အခါမ်ိဳးမွာလည္း ျဖစ္တတ္ပါတယ္။ ဝက္ျခံေတြဟာ မ်က္ႏွာရဲ႕ေနရာအႏွံ႔မွာ ေပါက္တတ္ေပမယ့္ တေနရာတည္းမွာပဲ မၾကာခဏဆိုသလို ေပါက္ေနရင္ေတာ့ ဒါဟာ သင့္က်န္းမာေရးအေျခအေနကိုပါ ညႊန္ျပေနတာျဖစ္ပါတယ္။

(၁) နဖူး

နဖူးျပင္ေပၚမွာ ခဏခဏဝက္ျခံေတြ ေပါက္ရတဲ့ အေၾကာင္းရင္းကေတာ့ စိတ္ဖိစီးမႈေၾကာင့္ ျဖစ္ႏိုင္သလို အိပ္ခ်ိန္မမွန္တာေတြေၾကာင့္ပဲ ျဖစ္ပါတယ္။ အသံုးျပဳတဲ့ hair product ေတြနဲ႔မတည့္တဲ့အခါမ်ိဳးမွာလည္း နဖူးမွာ ဝက္ျခံေတြျဖစ္ေပၚတတ္ၿပီး အစာေျခစနစ္မွာ က်န္းမာေရးျပႆနာရိွတဲ့ အခါမ်ိဳးမွာလည္း ျဖစ္ေပၚတတ္ပါတယ္။

(၂) ပါးျပင္

ပါးျပင္မွာ မၾကာခဏဆိုသလို ဝက္ျခံေပါက္ရျခင္းကေတာ့ ခႏၶာကိုယ္မွာ သၾကားဓာတ္မ်ားလြန္းေနတဲ့အခါ ျဖစ္ေပၚတတ္ၿပီး အသက္ရႈလမ္းေၾကာင္းဆိုင္ရာ က်န္္းမာေရးျပႆနာတခုခု ရိွတဲ့အခါမ်ိဳးမွာလည္း ျဖစ္ေပၚတတ္ပါတယ္။ ဒါေၾကာင့္မို႔လို႔ ပါးျပင္မွာ ဝက္ျခံခဏခဏ ေပါက္တတ္သူေတြအေနနဲ႔ အခ်ိဳေလွ်ာ့စားသင့္ၿပီး ေရမ်ားမ်ားေသာက္တာမ်ိဳးကို ျပဳလုပ္ေပးသင့္ပါတယ္။

(၃) ေမးေစ့

ေမးေစ့တဝိုက္မွာ ဝက္ျခံေတြမၾကာခဏျဖစ္ေပၚရျခင္းဟာဆိုရင္ေတာ့ ေဟာ္မုန္း level ပံုမွန္မဟုတ္ျခင္းေၾကာင့္ျဖစ္ၿပီး androgen ေဟာ္မုန္းထုတ္လႊတ္မႈ မ်ားျပားတဲ့အခါမ်ိဳးမွာလည္း ျဖစ္ေပၚတတ္ပါတယ္။ လစဥ္ရာသီစက္ဝန္းကာလမွာ ျဖစ္ေပၚတာမ်ိဳးဆိုရင္ေတာ့ စိုးရိမ္စရာမရိွပါဘူး။

(၄) T-zone တဝိုက္

မ်က္ခံုးႏွစ္ခုၾကား၊ ႏွာေခါင္းနဲ႔ ေမးေစ့စတဲ့ တဝိုက္မွာ မၾကာခဏ ဝက္ျခံေပါက္ရျခင္းကေတာ့ အငန္ဓာတ္မ်ားတဲ့အစားအစာေတြနဲ႔ အဆီဓာတ္မ်ားလြန္းတဲ့ အစားအစာေတြကို စားလြန္းတာေၾကာင့္ ျဖစ္ေပၚတာမ်ဳိးျဖစ္ၿပီး ႏွလံုးက်န္းမာေရးျပႆနာနဲ႔ ေသြးေပါင္ခ်ိန္ျပႆနာေတြေၾကာင့္လည္း ျဖစ္ႏိုင္ပါတယ္။

Calcifer

Credit:Aunty May

Unicodeဖြင့်ဖတ်ရန်

ဝက်ခြံပေါက်တဲ့ နေရာကနေတဆင့် သိနိုင်မယ့် သင့်ကျန်းမာရေး အခြေအနေ

ဝက်ခြံတွေဟာ ပြင်ပလေထုညစ်ညမ်းမှု၊ ဘက်တီးရီးယားတွေနဲ့ ဟော်မုန်းအပြောင်းအလဲကြောင့် ဖြစ်တတ်သလို တခါတရံမှာ အသုံးပြုတဲ့ အလှကုန်ပစ္စည်းတွေနဲ့ ဓာတ်မတည့်တဲ့အခါမျိုးမှာလည်း ဖြစ်တတ်ပါတယ်။ ဝက်ခြံတွေဟာ မျက်နှာရဲ့နေရာအနှံ့မှာ ပေါက်တတ်ပေမယ့် တနေရာတည်းမှာပဲ မကြာခဏဆိုသလို ပေါက်နေရင်တော့ ဒါဟာ သင့်ကျန်းမာရေးအခြေအနေကိုပါ ညွှန်ပြနေတာဖြစ်ပါတယ်။

(၁) နဖူး

နဖူးပြင်ပေါ်မှာ ခဏခဏဝက်ခြံတွေ ပေါက်ရတဲ့ အကြောင်းရင်းကတော့ စိတ်ဖိစီးမှုကြောင့် ဖြစ်နိုင်သလို အိပ်ချိန်မမှန်တာတွေကြောင့်ပဲ ဖြစ်ပါတယ်။ အသုံးပြုတဲ့ hair product တွေနဲ့မတည့်တဲ့အခါမျိုးမှာလည်း နဖူးမှာ ဝက်ခြံတွေဖြစ်ပေါ်တတ်ပြီး အစာခြေစနစ်မှာ ကျန်းမာရေးပြဿနာရှိတဲ့ အခါမျိုးမှာလည်း ဖြစ်ပေါ်တတ်ပါတယ်။

(၂) ပါးပြင်

ပါးပြင်မှာ မကြာခဏဆိုသလို ဝက်ခြံပေါက်ရခြင်းကတော့ ခန္ဓာကိုယ်မှာ သကြားဓာတ်များလွန်းနေတဲ့အခါ ဖြစ်ပေါ်တတ်ပြီး အသက်ရှုလမ်းကြောင်းဆိုင်ရာ ကျန်းမာရေးပြဿနာတခုခု ရှိတဲ့အခါမျိုးမှာလည်း ဖြစ်ပေါ်တတ်ပါတယ်။ ဒါကြောင့်မို့လို့ ပါးပြင်မှာ ဝက်ခြံခဏခဏ ပေါက်တတ်သူတွေအနေနဲ့ အချိုလျှော့စားသင့်ပြီး ရေများများသောက်တာမျိုးကို ပြုလုပ်ပေးသင့်ပါတယ်။

(၃) မေးစေ့

မေးစေ့တဝိုက်မှာ ဝက်ခြံတွေမကြာခဏဖြစ်ပေါ်ရခြင်းဟာဆိုရင်တော့ ဟော်မုန်း level ပုံမှန်မဟုတ်ခြင်းကြောင့်ဖြစ်ပြီး androgen ဟော်မုန်းထုတ်လွှတ်မှု များပြားတဲ့အခါမျိုးမှာလည်း ဖြစ်ပေါ်တတ်ပါတယ်။ လစဉ်ရာသီစက်ဝန်းကာလမှာ ဖြစ်ပေါ်တာမျိုးဆိုရင်တော့ စိုးရိမ်စရာမရှိပါဘူး။

(၄) T-zone တဝိုက်

မျက်ခုံးနှစ်ခုကြား၊ နှာခေါင်းနဲ့ မေးစေ့စတဲ့ တဝိုက်မှာ မကြာခဏ ဝက်ခြံပေါက်ရခြင်းကတော့ အငန်ဓာတ်များတဲ့အစားအစာတွေနဲ့ အဆီဓာတ်များလွန်းတဲ့ အစားအစာတွေကို စားလွန်းတာကြောင့် ဖြစ်ပေါ်တာမျိုးဖြစ်ပြီး နှလုံးကျန်းမာရေးပြဿနာနဲ့ သွေးပေါင်ချိန်ပြဿနာတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။

Calcifer

Credit:Aunty May
Previous
Next Post »
Powered by Blogger.