Zawgyiျဖင့္ဖတ္ရန္
ကိုယ္ဝန္မရေအာင္ တားတဲ့သေႏၶတားနည္း ေတြထဲမွာ သေႏၶတားေသာက္ေဆးက လူသုံးအမ်ားဆုံး ၊ အလြယ္ကူဆုံးနဲ႔ အဆင္ေျပဆုံးလို႔ ဆိုလို႔ရပါတယ္။ လူတိုင္းနီးပါး သုံးၾကတဲ့ အေလ်ာက္ သေႏၶတားေဆးေသာက္ေဆးနဲ႔ ပက္သက္ၿပီး လူတိုင္းေမးေနက် ေမးခြန္းတစ္ခုရွိပါတယ္။ ဒါက တားေဆးရပ္ၿပီးၿပီခ်င္း ကိုယ္ဝန္ရႏိုင္သလား ဆိုတဲ့ ေမးခြန္းပါ ။ ။
တားေဆးရပ္ၿပီးၿပီးခ်င္း ကိုယ္ဝန္တန္းရႏိုင္ပါသလား ။ ။
တားေဆးရပ္ၿပီးၿပီးခ်င္း ကိုယ္ဝန္တန္းရႏိုင္ပါသလားဆိုတဲ့ ေမးခြန္းရဲ႕ အေျဖက
တားေဆးကို ဘယ္အခ်ိန္မွာရပ္လိုက္တာလဲ။
တားေဆးေသာက္တာ ဘယ္ေလာက္ၾကာၿပီလဲဆိုတာနဲ႔
ေဟာ္မုန္း ဘယ္ႏွစ္မ်ိဳးပါတဲ့ တားေဆးကို ေသာက္ေနတာလဲဆိုတဲ့ အေပၚ မူတည္ပါတယ္။
တားေဆးကို ဘယ္အခ်ိန္မွာရပ္လိုက္ရင္ ကိုယ္ဝန္တန္းရႏို္င္သလဲ ။ ။
ေသာက္ေနတဲ့ တားေဆးကဒ္ အလယ္ေလာက္ေရာက္တဲ့ အခ်ိန္မွာ ဆက္မေသာက္ပဲ ရပ္လိုက္ရင္ ကိုယ္ဝန္တန္းရႏိုင္ေခ်ပိုမ်ားပါတယ္။ တားေဆးကဒ္ကုန္သြားတဲ့ အထိေသာက္ၿပီးမွ တားေဆးကို ရပ္လိုက္ရင္ေတာ့ ရာသီစက္ဝန္း ပုံမွန္ျပန္ျဖစ္ေအာင္ ေစာင့္ရဦးမွာ ျဖစ္တဲ့အတြက္ ကိုယ္ဝန္ရဖို႔ လအနည္းငယ္ေလာက္ ေစာင့္ရတတ္ပါတယ္။
တားေဆးေသာက္တာ ဘယ္ေလာက္ၾကာၿပီလဲ။ ။
တားေဆးကို ခဏေလးေသာက္ၿပီး ရပ္လိုက္ရင္ ကေလးတန္းရဖို႔ ပိုလြယ္ကူပါတယ္။ ဒါေပမယ့္ တားေဆးကို တစ္ေန႔တစ္လုံး မွန္မွန္ ၁ ႏွစ္ေလာက္ စြဲေသာက္ၿပီးမွ ကိုယ္ဝန္ယူဖို႔အတြက္ ေဆးရပ္လိုက္ရင္ ေဟာ္မုန္းေတြ ရဲ႕ အရွိန္ေတြက်န္ေနေသးတာေၾကာင့္ ေဆးရပ္ရပ္ခ်င္း ကိုယ္ဝန္တန္းမရတတ္ပါဘူး။
ေဟာ္မ်ိဳး ဘယ္ႏွစ္မ်ိဳးပါတဲ့ အားေဆးကို ေသာက္ေနတာလဲ ။ ။
တားေဆးမွာ ေပါင္းစပ္ေဟာ္မုန္း ( အီစတိုဂ်င္ + ပ႐ိုဂ်က္စတုန္း ) နဲ႔ ပ႐ိုဂ်က္စတုန္းေဟာ္မုန္း တစ္မ်ိဳးတည္းပါတဲ့ တားေဆးဆိုၿပီး အမ်ိဳးအစားႏွစ္ခုရွိပါတယ္။ ေဆးရပ္ၿပီးၿပီးခ်င္း ကိုယ္ဝန္ တန္းရဖို႔ ကိစၥကလည္း ကိုယ္ေသာက္ေနတာ ဘာအားေဆးလဲဆိုတဲ့အေပၚ အမ်ားႀကီးမူတည္ပါတယ္။
ေပါင္းစပ္ေဟာ္မုန္းပါဝင္တဲ့ တားေဆး ။ ။
ဒါက ( အီစတိုဂ်င္ + ပ႐ိုဂ်က္စတုန္း ) ေဟာ္မုန္းႏွစ္ခု ေပါင္းစပ္ထားတဲ့ တားေဆးျဖစ္ပါတယ္။ သူတို႔ဟာ မမ်ိဳးဥ အိမ္ကေနမ်ိဳးဥေႂကြျခင္းကို တားဆီးေပးတဲ့အျပင္ သားအိမ္အခြၽဲေတြကို ထူလိုက္ေစျခင္းျဖင့္ သုက္ေကာင္ေလးေတြ မမ်ိဳးဥ ဆီ မေရာက္ေအာင္ တားဆီးေပးပါတယ္။ ေပါင္းစပ္ေဟာ္မုန္း အမ်ားစုက ေဟာမုန္းပါတာ ၃ တန္းထည့္ထားၿပီးေနာက္ဆုံး အတန္းေလးကေတာ့ ေဟာ္မုန္းမထည့္ထားတဲ့ ေဆးလုံးအတန္းေလးပါ။ ဒီလိုမ်ိဳး ေပါင္းစပ္ေဟာ္မုန္းေဆးကပ္ကို ေသာက္ေနတဲ့သူေတြ က်ေတာ့ ေဆးကဒ္ကုန္သြားလို႔ရပ္လိုက္ၿပီးေနာက္ ရာသီ တစ္ခါေလာက္လာတာနဲ႔ တစ္လအတြင္း ကိုယ္ဝန္တန္းရတတ္ပါတယ္ ။ ။
ပ႐ိုဂ်က္စတုန္းေဟာ္မုန္း တစ္မ်ိဳးတည္းပါတဲ့ တားေဆးမွာက် ေဟာ္မုန္းမပါတဲ့ေဆးလုံးတန္း မပါတဲ့အျပင္ အီစတိုဂ်င္ေဟာ္မုန္းလည္း မပါတဲ့အတြက္ ေဆးရပ္ၿပီးၿပီးခ်င္း ကိုယ္ဝန္ တန္းရဖို႔က ေပါင္းစပ္ေဟာ္မုန္း တားေဆးေတြထက္ဆာရင္ ပိုလြယ္ကူပါတယ္။
ဤေဆာင္းပါးကို Mizzima ၏ မိတ္ဘက္ က်န္းမာေရးႏွင့္ ေဆးပညာဝက္ဘ္ဆိုဒ္ hellosayarwon.com မွ ကူးယူေဖာ္ျပပါသည္။
Unicode ဖြင့်ဖတ်ရန်
ကိုယ်ဝန်မရအောင် တားတဲ့သန္ဓေတားနည်း တွေထဲမှာ သန္ဓေတားသောက်ဆေးက လူသုံးအများဆုံး ၊ အလွယ်ကူဆုံးနဲ့ အဆင်ပြေဆုံးလို့ ဆိုလို့ရပါတယ်။ လူတိုင်းနီးပါး သုံးကြတဲ့ အလျောက် သန္ဓေတားဆေးသောက်ဆေးနဲ့ ပက်သက်ပြီး လူတိုင်းမေးနေကျ မေးခွန်းတစ်ခုရှိပါတယ်။ ဒါက တားဆေးရပ်ပြီးပြီချင်း ကိုယ်ဝန်ရနိုင်သလား ဆိုတဲ့ မေးခွန်းပါ ။ ။
တားဆေးရပ်ပြီးပြီးချင်း ကိုယ်ဝန်တန်းရနိုင်ပါသလား ။ ။
တားဆေးရပ်ပြီးပြီးချင်း ကိုယ်ဝန်တန်းရနိုင်ပါသလားဆိုတဲ့ မေးခွန်းရဲ့ အဖြေက
တားဆေးကို ဘယ်အချိန်မှာရပ်လိုက်တာလဲ။
တားဆေးသောက်တာ ဘယ်လောက်ကြာပြီလဲဆိုတာနဲ့
ဟော်မုန်း ဘယ်နှစ်မျိုးပါတဲ့ တားဆေးကို သောက်နေတာလဲဆိုတဲ့ အပေါ် မူတည်ပါတယ်။
တားဆေးကို ဘယ်အချိန်မှာရပ်လိုက်ရင် ကိုယ်ဝန်တန်းရနို်င်သလဲ ။ ။
သောက်နေတဲ့ တားဆေးကဒ် အလယ်လောက်ရောက်တဲ့ အချိန်မှာ ဆက်မသောက်ပဲ ရပ်လိုက်ရင် ကိုယ်ဝန်တန်းရနိုင်ချေပိုများပါတယ်။ တားဆေးကဒ်ကုန်သွားတဲ့ အထိသောက်ပြီးမှ တားဆေးကို ရပ်လိုက်ရင်တော့ ရာသီစက်ဝန်း ပုံမှန်ပြန်ဖြစ်အောင် စောင့်ရဦးမှာ ဖြစ်တဲ့အတွက် ကိုယ်ဝန်ရဖို့ လအနည်းငယ်လောက် စောင့်ရတတ်ပါတယ်။
တားဆေးသောက်တာ ဘယ်လောက်ကြာပြီလဲ။ ။
တားဆေးကို ခဏလေးသောက်ပြီး ရပ်လိုက်ရင် ကလေးတန်းရဖို့ ပိုလွယ်ကူပါတယ်။ ဒါပေမယ့် တားဆေးကို တစ်နေ့တစ်လုံး မှန်မှန် ၁ နှစ်လောက် စွဲသောက်ပြီးမှ ကိုယ်ဝန်ယူဖို့အတွက် ဆေးရပ်လိုက်ရင် ဟော်မုန်းတွေ ရဲ့ အရှိန်တွေကျန်နေသေးတာကြောင့် ဆေးရပ်ရပ်ချင်း ကိုယ်ဝန်တန်းမရတတ်ပါဘူး။
ဟော်မျိုး ဘယ်နှစ်မျိုးပါတဲ့ အားဆေးကို သောက်နေတာလဲ ။ ။
တားဆေးမှာ ပေါင်းစပ်ဟော်မုန်း ( အီစတိုဂျင် + ပရိုဂျက်စတုန်း ) နဲ့ ပရိုဂျက်စတုန်းဟော်မုန်း တစ်မျိုးတည်းပါတဲ့ တားဆေးဆိုပြီး အမျိုးအစားနှစ်ခုရှိပါတယ်။ ဆေးရပ်ပြီးပြီးချင်း ကိုယ်ဝန် တန်းရဖို့ ကိစ္စကလည်း ကိုယ်သောက်နေတာ ဘာအားဆေးလဲဆိုတဲ့အပေါ် အများကြီးမူတည်ပါတယ်။
ပေါင်းစပ်ဟော်မုန်းပါဝင်တဲ့ တားဆေး ။ ။
ဒါက ( အီစတိုဂျင် + ပရိုဂျက်စတုန်း ) ဟော်မုန်းနှစ်ခု ပေါင်းစပ်ထားတဲ့ တားဆေးဖြစ်ပါတယ်။ သူတို့ဟာ မမျိုးဥ အိမ်ကနေမျိုးဥကြွေခြင်းကို တားဆီးပေးတဲ့အပြင် သားအိမ်အချွဲတွေကို ထူလိုက်စေခြင်းဖြင့် သုက်ကောင်လေးတွေ မမျိုးဥ ဆီ မရောက်အောင် တားဆီးပေးပါတယ်။ ပေါင်းစပ်ဟော်မုန်း အများစုက ဟောမုန်းပါတာ ၃ တန်းထည့်ထားပြီးနောက်ဆုံး အတန်းလေးကတော့ ဟော်မုန်းမထည့်ထားတဲ့ ဆေးလုံးအတန်းလေးပါ။ ဒီလိုမျိုး ပေါင်းစပ်ဟော်မုန်းဆေးကပ်ကို သောက်နေတဲ့သူတွေ ကျတော့ ဆေးကဒ်ကုန်သွားလို့ရပ်လိုက်ပြီးနောက် ရာသီ တစ်ခါလောက်လာတာနဲ့ တစ်လအတွင်း ကိုယ်ဝန်တန်းရတတ်ပါတယ် ။ ။
ပရိုဂျက်စတုန်းဟော်မုန်း တစ်မျိုးတည်းပါတဲ့ တားဆေးမှာကျ ဟော်မုန်းမပါတဲ့ဆေးလုံးတန်း မပါတဲ့အပြင် အီစတိုဂျင်ဟော်မုန်းလည်း မပါတဲ့အတွက် ဆေးရပ်ပြီးပြီးချင်း ကိုယ်ဝန် တန်းရဖို့က ပေါင်းစပ်ဟော်မုန်း တားဆေးတွေထက်ဆာရင် ပိုလွယ်ကူပါတယ်။
ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။
Sign up here with your email
ConversionConversion EmoticonEmoticon