လိုတာထက္ပိုၿပီး ေရေသာက္ရင္လည္း ဆိုးက်ိဳးျဖစ္ေစႏိုင္တာသိရဲ႕လား




Zawgyiျဖင့္ဖတ္ရန္

ဘယ္အရာမဆို တန္ေဆး လြန္ေဘးပါပဲ။ ခႏၶာကိုယ္က်န္းမာဖို႔ ေန႔တိုင္း ေရလုံေလာက္စြာ ေသာက္ေပးဖို႔လိုတယ္ဆိုတာ သိၿပီးသားျဖစ္ေပမဲ့ လိုတာထက္ပိုၿပီး ေရမ်ားမ်ားေသာက္မိရင္လည္း ကိုယ္ခႏၶာအတြက္ ဒုကၡျဖစ္ေစႏိုင္ပါတယ္။
ေရလုံေလာက္စြာ ေသာက္ေပးရင္ ခႏၶာကိုယ္အတြက္ ဘာအက်ိဳးရွိႏိုင္လဲ။

    အသားအေရကို ၾကည္လင္ဝင္းပေစတယ္။
    ဖ်ားနာေဝဒနာကို သက္သာေစၿပီး အဖ်ားတာတိုေစတယ္။
    ကိုယ္အေလးခ်ိန္ကို က်ေစတယ္။
    ႏွလုံးခုန္ႏႈန္း ပုံမွန္ျဖစ္ေစတယ္။
    ႂကြက္သားေတြကို အားျဖည့္ေပးတယ္။
    စိတ္အာ႐ုံၾကည္လင္ေစတယ္။
လူတစ္ေယာက္က ေရဘယ္ေလာက္အမ်ားဆုံး ေသာက္သင့္လဲ။

ပုံမွန္အားျဖင့္ လူတစ္ေယာက္ကို ေရ ၈ဖန္ခြက္ (၂လီတာခန႔္) ေသာက္သင့္တယ္လို႔ ဆိုထားေပမယ့္ တကယ္က လူတစ္ေယာက္ရဲ႕ အသက္အ႐ြယ္၊ စားေသာက္ေနထိုင္မႈပုံစံ၊ ကိုယ္အေလးခ်ိန္၊ လိင္၊ က်န္းမာေရးအျပင္ ရာသီဥတု၊ ေလ့က်င့္ခန္းလုပ္ျခင္း၊ မလုပ္ျခင္းနဲ႔လည္း သက္ဆိုင္ေနပါတယ္။ ေယဘုယ်အားျဖင့္ ေျပာရမယ္ဆိုရင္ အသက္

၁ႏွစ္မွ ၃ႏွစ္အတြင္း ကေလးေတြ = ၁.၃ လီတာ

၄ႏွစ္မွ ၈ႏွစ္အတြင္း ကေလးေတြ = ၁.၇ လီတာ

၉ ႏွစ္မွ ၁၃ႏွစ္အတြင္း အမ်ိဳးသားမ်ား = ၂.၄ လီတာ ၊ အမ်ိဳးသမီးမ်ား = ၂.၁ လီတာ

၁၄ႏွစ္မွ ၁၈ႏွစ္အတြင္း အမ်ိဳးသားမ်ား = ၃.၃ လီတာ ၊ အမ်ိဳးသမီးမ်ား = ၂.၃ လီတာ

၁၉ႏွစ္အထက္ အမ်ိဳးသားမ်ား = ၃.၇ လီတာ ၊ အမ်ိဳးသမီးမ်ား = ၂.၇ လီတာ ဆိုၿပီး ကြဲသြားပါတယ္။

ဒီပမာဏဟာ ေရအျပင္ တျခားေသာ ေရအစားထိုးအစားအစာေတြ (အသီးအႏွံ၊ ဟင္းသီးဟင္း႐ြက္၊ အရည္မ်ိဳးစုံ) ကေန ရႏိုင္တဲ့ ေရပမာဏကို ဆိုလိုတာျဖစ္ပါတယ္။
ေရေသာက္မ်ားလြန္းတဲ့အခါ ခႏၶာကိုယ္က ဘာေတြထိခိုက္လာႏိုင္လဲ။

ေရဓာတ္ဆိုတာ ကိုယ္ခႏၶာတြင္း အဂၤါေတြ၊ ေသြးေတြ၊ ဇီဝကမၼျဖစ္စဥ္ေတြ ေကာင္းစြာ လည္ပတ္အလုပ္လုပ္ဖို႔ မွ်ေျခကို ထိန္းေပးေနတဲ့ အရာျဖစ္ပါတယ္။ ဒီေတာ့ ေရကို လိုတာထက္ပိုၿပီး ေသာက္မယ္ဆိုရင္ေတာ့ ဒီမွ်ေျခစနစ္က ပ်က္စီးဖို႔ပဲ ရွိပါတယ္။ ေရဓာတ္မ်ားလြန္းတဲ့အခါ ေသြးထဲမွာရွိတဲ့ ဆိုဒီယမ္ေတြ ႐ုတ္တရက္နည္းသြားၿပီး Hyponatremia အေျခအေနကို ေရာက္ပါမယ္။ ေသြးတြင္းမွာရွိတဲ့ ဆိုဒီယမ္ေတြဟာ ဦးေႏွာက္အတြင္းဆဲလ္ေတြကို ပုံမွန္လည္ပတ္ေစဖို႔ မွ်ေျခထိန္းေပးတဲ့အရာျဖစ္ပါတယ္။့့့့့့့့့့့့့့့့့့့့့့့့့့့့့့့့့့့့့့့့့့့့့့့့့ ဒီအေျခအေနမွာဆိုရင္

    ေမာပန္းလြယ္ျခင္း
    အားမရွိသလိုျဖစ္ျခင္း
    ေျခလွမ္းမမွန္ေတာ့သလို ျဖစ္ျခင္း
    စိတ္ဆိုးေဒါသထြက္လာမယ္
    စိတ္ေတြ ရႈပ္ေထြးလာၿပီး အာ႐ုံစူးစိုက္မရျဖစ္မယ္
    အေၾကာဆြဲျခင္းအထိ ျပင္းထန္လာႏိုင္ပါတယ္။
ေနာက္ထပ္ျပႆနာေတြအေနနဲ႔ ေသြးတြင္းဆိုဒီယမ္ဓာတ္ေတြ နည္းသြားရာမွ ေရဆိပ္သင့္တဲ့အေျခအေနထိ ျဖစ္လာႏိုင္ပါတယ္။ မကုသဘဲ ပစ္ထားလိုက္ရင္ ဦးေႏွာက္လုပ္ေဆာင္ရည္ကို ထိခိုက္လာၿပီး အႏၲရာယ္မ်ားတဲ့အေျခအေနထိ ေရာင္ရမ္းလာႏိုင္ပါတယ္။ ဒီေရာင္ရမ္းမႈေၾကာင့္ ေဝဒနာခံစားရသူမွာ ကိုမာဝင္တာ၊ အသက္ေသဆုံးႏိုင္သည္အထိ ျဖစ္တတ္ပါတယ္။
ေရကို လိုတာထက္ပိုမေသာက္ဖို႔ ဒီလိုဂ႐ုစိုက္ေပးမယ္ဆိုရင္

အားကစားသမားေတြ၊ ေလ့က်င့္ခန္းကို အျပင္းအထန္လုပ္သူေတြမွာ တျခားသူေတြထက္ပိုၿပီး ေရမ်ားမ်ားေသာက္တတ္ၾကပါတယ္။ အထူးသျဖင့္ ရာသီဥတုအရမ္းပူလြန္းတာ၊ အျပင္ထြက္ၿပီး အၿမဲလႈပ္ရွားသြားလာေနရတာ၊ ေခြၽးအလြန္အကြၽံထြက္တဲ့အခါ ေရေသာက္လြန္သြားႏိုင္တာကို သတိထားဖို႔လိုပါတယ္။ သင့္ေတာ္႐ုံေလာက္ပမာဏက ျပႆနာမရွိေပမဲ့ လိုတာထက္အရမ္းကို မ်ားသြားမယ္ဆိုရင္ေတာ့ ျပႆနာက ျဖစ္လာႏိုင္တာ သဘာဝပါပဲ။ ေက်ာက္ကပ္မေကာင္းသူေတြမွာလည္း ပိုလွ်ံေနတဲ့ေရေတြကို ဆီးအျဖစ္ အျပင္ကိုမစြန႔္ထုတ္ႏို္္င္တဲ့အတြက္ က်န္းမာေရးျပႆနာ ပိုျဖစ္ႏိုင္ပါတယ္။

အကယ္လို႔ ေရေသာက္လြန္းတဲ့အက်င့္ေၾကာင့္ နာရီဝက္ျခားတစ္ခါေလာက္ ထၿပီးဆီးသြားေနရတာ၊ ညဘက္ေတြမွာလည္း အိပ္မေပ်ာ္ဘဲ ဆီးသြားေနရၿပီဆိုရင္ ေရေသာက္တဲ့ပမာဏကို ေလွ်ာ့ဖို႔လိုအပ္လာပါၿပီ။

    ဒါေၾကာင့္ ကိုယ့္ရဲ႕ တစ္ေန႔တာ ေရေသာက္တဲ့ပမာဏကို သတ္မွတ္ထားပါ။
    သတ္မွတ္ထားတဲ့ ပမာဏထက္ နည္းမသြားေစဖို႔၊ အရမ္းလည္း မမ်ားေစဖို႔ ဂ႐ုစိုက္ပါ။
    ေရတစ္ခါေသာက္ရင္ တစ္ငုံစီေလာက္ပဲ ေသာက္ပါ၊ တစ္ဘူးလုံး အကုန္ေမာ့ေသာက္တာမ်ိဳး မလုပ္ပါနဲ႔။
    ေရေသာက္လြန္သြားတဲ့ လကၡဏာေတြ ကိုယ့္မွာ ျဖစ္ေနၿပီလားဆိုတာ ဆန္းစစ္ၾကည့္ပါ။
ဆီးပုံမွန္သြားတယ္၊ ဆီးအေရာင္က အဝါေဖ်ာ့ေရာင္ကို သမ္းေနတယ္၊ ေခြၽးပုံမွန္ထြက္ၿပီး ေရဆာေနတယ္လို႔ မခံစားရဘူးဆိုရင္ ကိုယ့္မွာ ေရဓာတ္ျပည့္ဝေနတာ ေသခ်ာပါၿပီ။ ေရဆာတယ္လို႔ မခံစားမိရင္ေတာ့ ေရထပ္ေသာက္ဖို႔ မလိုအပ္ပါဘူး။ ဘယ္အရာမဆို တန္ေဆး လြန္ေဘးရွိတယ္ဆိုတာ သတိထားေပးပါ။

ဤေဆာင္းပါးကို Mizzima ၏ မိတ္ဘက္ က်န္းမာေရးႏွင့္ ေဆးပညာဝက္ဘ္ဆိုဒ္ hellosayarwon.com မွ ကူးယူေဖာ္ျပပါသည္။

Unicode ဖြင့်ဖတ်ရန်


ဘယ်အရာမဆို တန်ဆေး လွန်ဘေးပါပဲ။ ခန္ဓာကိုယ်ကျန်းမာဖို့ နေ့တိုင်း ရေလုံလောက်စွာ သောက်ပေးဖို့လိုတယ်ဆိုတာ သိပြီးသားဖြစ်ပေမဲ့ လိုတာထက်ပိုပြီး ရေများများသောက်မိရင်လည်း ကိုယ်ခန္ဓာအတွက် ဒုက္ခဖြစ်စေနိုင်ပါတယ်။
ရေလုံလောက်စွာ သောက်ပေးရင် ခန္ဓာကိုယ်အတွက် ဘာအကျိုးရှိနိုင်လဲ။

    အသားအရေကို ကြည်လင်ဝင်းပစေတယ်။
    ဖျားနာဝေဒနာကို သက်သာစေပြီး အဖျားတာတိုစေတယ်။
    ကိုယ်အလေးချိန်ကို ကျစေတယ်။
    နှလုံးခုန်နှုန်း ပုံမှန်ဖြစ်စေတယ်။
    ကြွက်သားတွေကို အားဖြည့်ပေးတယ်။
    စိတ်အာရုံကြည်လင်စေတယ်။
လူတစ်ယောက်က ရေဘယ်လောက်အများဆုံး သောက်သင့်လဲ။

ပုံမှန်အားဖြင့် လူတစ်ယောက်ကို ရေ ၈ဖန်ခွက် (၂လီတာခန့်) သောက်သင့်တယ်လို့ ဆိုထားပေမယ့် တကယ်က လူတစ်ယောက်ရဲ့ အသက်အရွယ်၊ စားသောက်နေထိုင်မှုပုံစံ၊ ကိုယ်အလေးချိန်၊ လိင်၊ ကျန်းမာရေးအပြင် ရာသီဥတု၊ လေ့ကျင့်ခန်းလုပ်ခြင်း၊ မလုပ်ခြင်းနဲ့လည်း သက်ဆိုင်နေပါတယ်။ ယေဘုယျအားဖြင့် ပြောရမယ်ဆိုရင် အသက်

၁နှစ်မှ ၃နှစ်အတွင်း ကလေးတွေ = ၁.၃ လီတာ

၄နှစ်မှ ၈နှစ်အတွင်း ကလေးတွေ = ၁.၇ လီတာ

၉ နှစ်မှ ၁၃နှစ်အတွင်း အမျိုးသားများ = ၂.၄ လီတာ ၊ အမျိုးသမီးများ = ၂.၁ လီတာ

၁၄နှစ်မှ ၁၈နှစ်အတွင်း အမျိုးသားများ = ၃.၃ လီတာ ၊ အမျိုးသမီးများ = ၂.၃ လီတာ

၁၉နှစ်အထက် အမျိုးသားများ = ၃.၇ လီတာ ၊ အမျိုးသမီးများ = ၂.၇ လီတာ ဆိုပြီး ကွဲသွားပါတယ်။

ဒီပမာဏဟာ ရေအပြင် တခြားသော ရေအစားထိုးအစားအစာတွေ (အသီးအနှံ၊ ဟင်းသီးဟင်းရွက်၊ အရည်မျိုးစုံ) ကနေ ရနိုင်တဲ့ ရေပမာဏကို ဆိုလိုတာဖြစ်ပါတယ်။
ရေသောက်များလွန်းတဲ့အခါ ခန္ဓာကိုယ်က ဘာတွေထိခိုက်လာနိုင်လဲ။

ရေဓာတ်ဆိုတာ ကိုယ်ခန္ဓာတွင်း အင်္ဂါတွေ၊ သွေးတွေ၊ ဇီဝကမ္မဖြစ်စဉ်တွေ ကောင်းစွာ လည်ပတ်အလုပ်လုပ်ဖို့ မျှခြေကို ထိန်းပေးနေတဲ့ အရာဖြစ်ပါတယ်။ ဒီတော့ ရေကို လိုတာထက်ပိုပြီး သောက်မယ်ဆိုရင်တော့ ဒီမျှခြေစနစ်က ပျက်စီးဖို့ပဲ ရှိပါတယ်။ ရေဓာတ်များလွန်းတဲ့အခါ သွေးထဲမှာရှိတဲ့ ဆိုဒီယမ်တွေ ရုတ်တရက်နည်းသွားပြီး Hyponatremia အခြေအနေကို ရောက်ပါမယ်။ သွေးတွင်းမှာရှိတဲ့ ဆိုဒီယမ်တွေဟာ ဦးနှောက်အတွင်းဆဲလ်တွေကို ပုံမှန်လည်ပတ်စေဖို့ မျှခြေထိန်းပေးတဲ့အရာဖြစ်ပါတယ်။့့့့့့့့့့့့့့့့့့့့့့့့့့့့့့့့့့့့့့့့့့့့့့့့့ ဒီအခြေအနေမှာဆိုရင်

    မောပန်းလွယ်ခြင်း
    အားမရှိသလိုဖြစ်ခြင်း
    ခြေလှမ်းမမှန်တော့သလို ဖြစ်ခြင်း
    စိတ်ဆိုးဒေါသထွက်လာမယ်
    စိတ်တွေ ရှုပ်ထွေးလာပြီး အာရုံစူးစိုက်မရဖြစ်မယ်
    အကြောဆွဲခြင်းအထိ ပြင်းထန်လာနိုင်ပါတယ်။
နောက်ထပ်ပြဿနာတွေအနေနဲ့ သွေးတွင်းဆိုဒီယမ်ဓာတ်တွေ နည်းသွားရာမှ ရေဆိပ်သင့်တဲ့အခြေအနေထိ ဖြစ်လာနိုင်ပါတယ်။ မကုသဘဲ ပစ်ထားလိုက်ရင် ဦးနှောက်လုပ်ဆောင်ရည်ကို ထိခိုက်လာပြီး အန္တရာယ်များတဲ့အခြေအနေထိ ရောင်ရမ်းလာနိုင်ပါတယ်။ ဒီရောင်ရမ်းမှုကြောင့် ဝေဒနာခံစားရသူမှာ ကိုမာဝင်တာ၊ အသက်သေဆုံးနိုင်သည်အထိ ဖြစ်တတ်ပါတယ်။
ရေကို လိုတာထက်ပိုမသောက်ဖို့ ဒီလိုဂရုစိုက်ပေးမယ်ဆိုရင်

အားကစားသမားတွေ၊ လေ့ကျင့်ခန်းကို အပြင်းအထန်လုပ်သူတွေမှာ တခြားသူတွေထက်ပိုပြီး ရေများများသောက်တတ်ကြပါတယ်။ အထူးသဖြင့် ရာသီဥတုအရမ်းပူလွန်းတာ၊ အပြင်ထွက်ပြီး အမြဲလှုပ်ရှားသွားလာနေရတာ၊ ချွေးအလွန်အကျွံထွက်တဲ့အခါ ရေသောက်လွန်သွားနိုင်တာကို သတိထားဖို့လိုပါတယ်။ သင့်တော်ရုံလောက်ပမာဏက ပြဿနာမရှိပေမဲ့ လိုတာထက်အရမ်းကို များသွားမယ်ဆိုရင်တော့ ပြဿနာက ဖြစ်လာနိုင်တာ သဘာဝပါပဲ။ ကျောက်ကပ်မကောင်းသူတွေမှာလည်း ပိုလျှံနေတဲ့ရေတွေကို ဆီးအဖြစ် အပြင်ကိုမစွန့်ထုတ်နို််င်တဲ့အတွက် ကျန်းမာရေးပြဿနာ ပိုဖြစ်နိုင်ပါတယ်။

အကယ်လို့ ရေသောက်လွန်းတဲ့အကျင့်ကြောင့် နာရီဝက်ခြားတစ်ခါလောက် ထပြီးဆီးသွားနေရတာ၊ ညဘက်တွေမှာလည်း အိပ်မပျော်ဘဲ ဆီးသွားနေရပြီဆိုရင် ရေသောက်တဲ့ပမာဏကို လျှော့ဖို့လိုအပ်လာပါပြီ။

    ဒါကြောင့် ကိုယ့်ရဲ့ တစ်နေ့တာ ရေသောက်တဲ့ပမာဏကို သတ်မှတ်ထားပါ။
    သတ်မှတ်ထားတဲ့ ပမာဏထက် နည်းမသွားစေဖို့၊ အရမ်းလည်း မများစေဖို့ ဂရုစိုက်ပါ။
    ရေတစ်ခါသောက်ရင် တစ်ငုံစီလောက်ပဲ သောက်ပါ၊ တစ်ဘူးလုံး အကုန်မော့သောက်တာမျိုး မလုပ်ပါနဲ့။
    ရေသောက်လွန်သွားတဲ့ လက္ခဏာတွေ ကိုယ့်မှာ ဖြစ်နေပြီလားဆိုတာ ဆန်းစစ်ကြည့်ပါ။
ဆီးပုံမှန်သွားတယ်၊ ဆီးအရောင်က အဝါဖျော့ရောင်ကို သမ်းနေတယ်၊ ချွေးပုံမှန်ထွက်ပြီး ရေဆာနေတယ်လို့ မခံစားရဘူးဆိုရင် ကိုယ့်မှာ ရေဓာတ်ပြည့်ဝနေတာ သေချာပါပြီ။ ရေဆာတယ်လို့ မခံစားမိရင်တော့ ရေထပ်သောက်ဖို့ မလိုအပ်ပါဘူး။ ဘယ်အရာမဆို တန်ဆေး လွန်ဘေးရှိတယ်ဆိုတာ သတိထားပေးပါ။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။
Previous
Next Post »
Powered by Blogger.