Zawgyiျဖင့္ဖတ္ရန္
ရွိေသးလားဗ်…ဆိုင္ေလးမ်ား သြားစားၾကၿပီဆို ပုဇြန္အစိမ္းသုပ္ခ်ဥ္စပ္စပ္ေလး မွာမိတတ္တဲ့သူေတြ။ အထူးသျဖင့္ ထိုင္းအစားအစာဆိုင္မွာဆို ဒါပဲ တန္းမွာမိတာေပါ့။ ကိုယ္ေတြက သံပရာသီးနံ႔ေလးသင္းေနတဲ့ ပုဇြန္အစိမ္းသုပ္ရဲ႕အရသာေလးကို စြဲေနတာကိုး။
ပုဇြန္အေကြး၊ ငါးအေႏြး လို႔ဆိုၿပီး ပုဇြန္နဲ႔ငါးရဲ႕ ခ်က္ရလြယ္ပုံ၊ ခ်က္ရျမန္ပုံကို ေရွးလူႀကီးေတြ တင္စားတတ္ၾကတယ္။ အပူေပးလို႔ ခဏဆို စားလို႔ရၿပီေပါ့။ ဒါေပမယ့္ ခုေနာက္ပိုင္းကမာၻအႏွံ႔မွာ ပင္လယ္စာနဲ႔ အသားလႊာအစိမ္းေတြကို စားသုံးသူမ်ားလာပါတယ္။ ပုဇြန္ဆို ႏူးညံံ့ၿပီး ခ်ိဳတဲ့အသားမို႔ စားေသာက္ဆိုင္နဲ႔ ဟိုတယ္ေတြမွာ နည္းအမ်ိဳးမ်ိဳးနဲ႔ ျပင္ဆင္ထားတဲ့ဟင္းလ်ာေတြရွိပါတယ္။
ဒါေပမယ့္ ပုဇြန္အစိမ္း စားလို႔ ေဘးကင္းရဲ႕လား…
ဘယ္အသားငါးမွ အစိမ္းစားလို႔ ေဘးမကင္းပါဘူး။ စားေနတာပဲ ဘာမွမျဖစ္ဘူးလို႔ ေျပာေနသူေတြဟာ တကယ္ေတာ့ ဘာမွမျဖစ္ေသးလို႔ပါ။ အတည္ေျပာတာပါေနာ္။ လူတိုင္းမျဖစ္၊ စားတိုင္းမျဖစ္ေပမယ့္ ဆိုးက်ိဳးျဖစ္လာခဲ့ရင္လည္း မသက္သာလွဘူးဆိုတာေလး မေမ့ေစခ်င္ပါဘူး။
ပုဇြန္အစိမ္းကို ေနရာေဒသအေတာ္မ်ားမ်ားမွာ စားသုံးေနၾကသလို ဂ်ပန္မွာဆို လတ္ဆတ္တဲ့ပုဇြန္အစိမ္းကိုမွ ဆာရွိမိလုပ္ၿပီးစားၾကပါတယ္။ တ႐ုတ္နဲ႔ ေတာင္ကိုရီးယားမွာေတာ့ ပုဇြန္ကို အရွင္ေတာင္ အခ်ဥ္နဲ႔တို႔စားၾကတာပါ။
ဒါေပမယ့္ ပုဇြန္အစိမ္းမွာ အစာအဆိပ္သင့္ျခင္းနဲ႔တျခားေရာဂါေတြျဖစ္ေစႏိုင္တဲ့ ဘက္တီးရီးယားေတြ၊ ဗိုင္းရပ္စ္ေတြနဲ႔ ကပ္ပါးပိုးေတြ ပါလာႏိုင္ပါတယ္။ ပုဇြန္မွာပါလာတဲ့ ဒီဗိုင္းရပ္စ္နဲ႔ဘက္တီးရီးယားေတြကို အပူခ်ိန္ျပင္းျပင္းနဲ႔ခ်က္ျပဳတ္မွ ေသေစႏိုင္မွာျဖစ္ပါတယ္။ ခ်က္ခ်င္းေတာ့ အႏၲရာယ္မေပးလို႔ စားသုံးသူေတြ ဘာမွမျဖစ္ၾကတာေပါ့။ ဒါေပမယ့္ ေရရွည္မွာ မၾကာခဏမစားသင့္တဲ့အရာျဖစ္တယ္၊ ပုဇြန္ရဲ႕လတ္ဆတ္မႈနဲ႔ ဆိုုင္ရဲ႕သန႔္ရွင္းမႈတို႔ကို အမ်ားႀကီးမူတည္တာေၾကာင့္ စိတ္ခ်ရမယ့္ဆိုင္ကိုေသခ်ာ ေ႐ြးခ်ယ္သင့္တယ္ဆိုေလး သတိေပးခ်င္ပါတယ္။
ပုဇြန္အစိမ္းစားျခင္းကေန ျဖစ္လာႏိုင္တဲ့ အႏၲရာယ္
အစာအဆိပ္သင့္ျခင္း အပါအဝင္ အစားအေသာက္ကေနျဖစ္လာႏိုင္တဲ့ ေရာဂါအႏၲရာယ္ေတြကို သိထားသင့္ပါတယ္။
ေဘးအႏၲရာယ္ျဖစ္ေစႏိုင္တဲ့ ဘက္တီးရီးယားေတြ ပါလာႏိုင္တယ္
ပုဇြန္အစိမ္းမွာ Vibrio လို႔ေခၚတဲ့ ဘက္တီးရီးယားတစ္မ်ိဳး ပါလာႏိုင္တယ္။ သူ႔ရဲ႕မ်ိဳးစိတ္ေပါင္း ၇၀ မွာ မ်ိဳးစိတ္ ၁၂ ခုက လူ႔က်န္းမာေရးကို ေဘးဒုကၡေပးႏိုင္တာကို ေလ့လာေတြ႕ရွိထားပါတယ္။
သုေတသနအရ ပုဇြန္အစိမ္းေတြရဲ႕ ၅၅ ရာခိုင္ႏႈန္းမွာ Vibrio မ်ိဳးစိတ္ေတြပါဝင္ေနၿပီး အစာအိမ္ေရာင္တာ၊ ဝမ္းပ်က္ဝမ္းေလွ်ာနဲ႔ တျခားေရာဂါကူးစက္မႈေတြ ျဖစ္ေစတယ္လို႔ သိရပါတယ္။
ဒါ့အျပင္ ပုဇြန္ေမြးျမဴေရးကန္တစ္ကန္မွာ လုပ္ေဆာင္ခဲ့တဲ့ေလ့လာမႈအရ Vibrio မ်ိဳးစိတ္ ၁၀၀ ေတြ႕ရွိခဲ့ၿပီး အမ်ားစုက ပဋိဇီဝေဆးေတြကို ယဥ္ပါးေနတာကို ေတြ႕ရွိခဲ့ပါတယ္။
ႏိုင္ဂ်ီးရီးယားမွာရွိတဲ့ ပင္လယ္စာထုတ္လုပ္ေရးစက္႐ုံ ၁၀ ခုကို စစ္ေဆးမႈတစ္ခုမွာလည္း ပုဇြန္ေတြမွာ ဝမ္းေလွ်ာျခင္းနဲ႔ ပ်ိဳ႕အန္ျခင္း ျဖစ္ေစတတ္တဲ့ Bacillus ဘက္တီးရီးယားေတြ ပါေနတာကို ေတြ႕ရွိခဲ့ပါတယ္။
အခန႔္မသင့္ရင္ အႏၲရာယ္ျဖစ္ေစႏိုင္တယ္
အသားစိမ္း၊ငါးစိမ္းေတြမွာ ေရာဂါပိုးေတြပါႏိုင္တာမို႔ အစာအဆိပ္သင့္တာ အျဖစ္မ်ားပါတယ္။ ပ်ိဳ႕တာ၊ အန္တာ၊ ဗိုက္ေအာင့္ဗိုက္နာတာ၊ ဖ်ားတာ၊ ဝမ္းေလွ်ာတာ စတဲ့ လကၡဏာေတြျဖစ္တတ္ပါတယ္။
အစာအဆိပ္သင့္ျခင္းအမ်ားစုရဲ႕ လက္သည္ကေတာ့ Salmonella၊ E. coli ၊Vibrio နဲ႔ Bacillus ပိုးေတြျဖစ္ၿပီး သူတို႔အကုန္လုံးကို ပုဇြန္အစိမ္းမွာ ေတြ႕ရႏိုင္ပါတယ္။
ဒါ့အျပင္ အစားအေသာက္ကေနကူးစက္တတ္တဲ့ norovirus ကိုလည္း ပုဇြန္အပါအဝင္ ပင္လယ္စာအစိမ္းေတြကေန ရရွိႏိုင္ပါတယ္။အစားအေသာက္ကေနရရွိတဲ့ ေသေစႏိုင္တဲ့ေရာဂါေတြအႏၲရာယ္ကို ကာကြယ္ႏိုင္ဖို႔ အသား၊ငါးနဲ႔ ပင္လယ္စာေတြကို အစိမ္းစားတာ၊ မက်က္တက်က္စားတာေတြေရွာင္သင့္ပါတယ္။ အထူးသျဖင့္ ကိုယ္ခံအားနည္းတတ္တဲ့ အသက္ႀကီးတဲ့လူေတြ၊ ကိုယ္ဝန္ေဆာင္ေတြနဲ႔ ကေလးငယ္ေတြဆို ပိုသတိထားရမွာပါ။
ပုဇြန္အစိမ္း လုံးဝမစားရဘူးလား
စားလို႔ေတာ့ရပါတယ္။ ကိုယ္ခံအားေကာင္းၿပီးက်န္းမာသူေတြ၊ အစာေျခစနစ္ေကာင္းသူေတြကေတာ့ ေတာ္႐ုံစားလို႔ဘာမွမျဖစ္ေလာက္ပါဘူး။ ဒါ့ေၾကာင့္ တစ္ခါတေလေတာ့စားပါ၊ မၾကာခဏမစားပါနဲ႔။ ကိုယ္ခံအားနည္းေနေလာက္တဲ့အခ်ိန္မ်ိဳးမွာ မစားသင့္ပါဘူး။
ေနာက္တစ္ခ်က္က ပုဇြန္အစိမ္းသုပ္စားခ်င္တယ္ဆိုရင္ လတ္ဆတ္ၿပီးအရည္အေသြးေကာင္းတဲ့ ပုဇြန္ေတြကိုပဲ ေ႐ြးဝယ္သင့္တယ္၊ ေတြ႕ရာဆိုင္က မစားသင့္ပါဘူူးလို႔ သတိေပးခ်င္ပါတယ္။
အေကာင္းဆုံးက က်က္ေအာင္ခ်က္ၿပီးစားတာပါပဲ။ အခ်ဥ္နဲ႔ႏွပ္ထားရင္ က်က္သြားမွာပဲလို႔ အလြယ္မေတြးပါနဲ႔။ ေရာဂါပိုးေတြေသေစဖို႔က အပူေပးၿပီးခ်က္ျပဳတ္ဖို႔ လိုအပ္ပါတယ္။
ဤေဆာင္းပါးကို Mizzima ၏ မိတ္ဘက္ က်န္းမာေရးႏွင့္ ေဆးပညာဝက္ဘ္ဆိုဒ္ hellosayarwon.com မွ ကူးယူေဖာ္ျပပါသည္။
Unicode ဖြင့်ဖတ်ရန်
ရှိသေးလားဗျ…ဆိုင်လေးများ သွားစားကြပြီဆို ပုဇွန်အစိမ်းသုပ်ချဉ်စပ်စပ်လေး မှာမိတတ်တဲ့သူတွေ။ အထူးသဖြင့် ထိုင်းအစားအစာဆိုင်မှာဆို ဒါပဲ တန်းမှာမိတာပေါ့။ ကိုယ်တွေက သံပရာသီးနံ့လေးသင်းနေတဲ့ ပုဇွန်အစိမ်းသုပ်ရဲ့အရသာလေးကို စွဲနေတာကိုး။
ပုဇွန်အကွေး၊ ငါးအနွေး လို့ဆိုပြီး ပုဇွန်နဲ့ငါးရဲ့ ချက်ရလွယ်ပုံ၊ ချက်ရမြန်ပုံကို ရှေးလူကြီးတွေ တင်စားတတ်ကြတယ်။ အပူပေးလို့ ခဏဆို စားလို့ရပြီပေါ့။ ဒါပေမယ့် ခုနောက်ပိုင်းကမ္ဘာအနှံ့မှာ ပင်လယ်စာနဲ့ အသားလွှာအစိမ်းတွေကို စားသုံးသူများလာပါတယ်။ ပုဇွန်ဆို နူးညံံ့ပြီး ချိုတဲ့အသားမို့ စားသောက်ဆိုင်နဲ့ ဟိုတယ်တွေမှာ နည်းအမျိုးမျိုးနဲ့ ပြင်ဆင်ထားတဲ့ဟင်းလျာတွေရှိပါတယ်။
ဒါပေမယ့် ပုဇွန်အစိမ်း စားလို့ ဘေးကင်းရဲ့လား…
ဘယ်အသားငါးမှ အစိမ်းစားလို့ ဘေးမကင်းပါဘူး။ စားနေတာပဲ ဘာမှမဖြစ်ဘူးလို့ ပြောနေသူတွေဟာ တကယ်တော့ ဘာမှမဖြစ်သေးလို့ပါ။ အတည်ပြောတာပါနော်။ လူတိုင်းမဖြစ်၊ စားတိုင်းမဖြစ်ပေမယ့် ဆိုးကျိုးဖြစ်လာခဲ့ရင်လည်း မသက်သာလှဘူးဆိုတာလေး မမေ့စေချင်ပါဘူး။
ပုဇွန်အစိမ်းကို နေရာဒေသအတော်များများမှာ စားသုံးနေကြသလို ဂျပန်မှာဆို လတ်ဆတ်တဲ့ပုဇွန်အစိမ်းကိုမှ ဆာရှိမိလုပ်ပြီးစားကြပါတယ်။ တရုတ်နဲ့ တောင်ကိုရီးယားမှာတော့ ပုဇွန်ကို အရှင်တောင် အချဉ်နဲ့တို့စားကြတာပါ။
ဒါပေမယ့် ပုဇွန်အစိမ်းမှာ အစာအဆိပ်သင့်ခြင်းနဲ့တခြားရောဂါတွေဖြစ်စေနိုင်တဲ့ ဘက်တီးရီးယားတွေ၊ ဗိုင်းရပ်စ်တွေနဲ့ ကပ်ပါးပိုးတွေ ပါလာနိုင်ပါတယ်။ ပုဇွန်မှာပါလာတဲ့ ဒီဗိုင်းရပ်စ်နဲ့ဘက်တီးရီးယားတွေကို အပူချိန်ပြင်းပြင်းနဲ့ချက်ပြုတ်မှ သေစေနိုင်မှာဖြစ်ပါတယ်။ ချက်ချင်းတော့ အန္တရာယ်မပေးလို့ စားသုံးသူတွေ ဘာမှမဖြစ်ကြတာပေါ့။ ဒါပေမယ့် ရေရှည်မှာ မကြာခဏမစားသင့်တဲ့အရာဖြစ်တယ်၊ ပုဇွန်ရဲ့လတ်ဆတ်မှုနဲ့ ဆိုုင်ရဲ့သန့်ရှင်းမှုတို့ကို အများကြီးမူတည်တာကြောင့် စိတ်ချရမယ့်ဆိုင်ကိုသေချာ ရွေးချယ်သင့်တယ်ဆိုလေး သတိပေးချင်ပါတယ်။
ပုဇွန်အစိမ်းစားခြင်းကနေ ဖြစ်လာနိုင်တဲ့ အန္တရာယ်
အစာအဆိပ်သင့်ခြင်း အပါအဝင် အစားအသောက်ကနေဖြစ်လာနိုင်တဲ့ ရောဂါအန္တရာယ်တွေကို သိထားသင့်ပါတယ်။
ဘေးအန္တရာယ်ဖြစ်စေနိုင်တဲ့ ဘက်တီးရီးယားတွေ ပါလာနိုင်တယ်
ပုဇွန်အစိမ်းမှာ Vibrio လို့ခေါ်တဲ့ ဘက်တီးရီးယားတစ်မျိုး ပါလာနိုင်တယ်။ သူ့ရဲ့မျိုးစိတ်ပေါင်း ၇၀ မှာ မျိုးစိတ် ၁၂ ခုက လူ့ကျန်းမာရေးကို ဘေးဒုက္ခပေးနိုင်တာကို လေ့လာတွေ့ရှိထားပါတယ်။
သုတေသနအရ ပုဇွန်အစိမ်းတွေရဲ့ ၅၅ ရာခိုင်နှုန်းမှာ Vibrio မျိုးစိတ်တွေပါဝင်နေပြီး အစာအိမ်ရောင်တာ၊ ဝမ်းပျက်ဝမ်းလျှောနဲ့ တခြားရောဂါကူးစက်မှုတွေ ဖြစ်စေတယ်လို့ သိရပါတယ်။
ဒါ့အပြင် ပုဇွန်မွေးမြူရေးကန်တစ်ကန်မှာ လုပ်ဆောင်ခဲ့တဲ့လေ့လာမှုအရ Vibrio မျိုးစိတ် ၁၀၀ တွေ့ရှိခဲ့ပြီး အများစုက ပဋိဇီဝဆေးတွေကို ယဉ်ပါးနေတာကို တွေ့ရှိခဲ့ပါတယ်။
နိုင်ဂျီးရီးယားမှာရှိတဲ့ ပင်လယ်စာထုတ်လုပ်ရေးစက်ရုံ ၁၀ ခုကို စစ်ဆေးမှုတစ်ခုမှာလည်း ပုဇွန်တွေမှာ ဝမ်းလျှောခြင်းနဲ့ ပျို့အန်ခြင်း ဖြစ်စေတတ်တဲ့ Bacillus ဘက်တီးရီးယားတွေ ပါနေတာကို တွေ့ရှိခဲ့ပါတယ်။
အခန့်မသင့်ရင် အန္တရာယ်ဖြစ်စေနိုင်တယ်
အသားစိမ်း၊ငါးစိမ်းတွေမှာ ရောဂါပိုးတွေပါနိုင်တာမို့ အစာအဆိပ်သင့်တာ အဖြစ်များပါတယ်။ ပျို့တာ၊ အန်တာ၊ ဗိုက်အောင့်ဗိုက်နာတာ၊ ဖျားတာ၊ ဝမ်းလျှောတာ စတဲ့ လက္ခဏာတွေဖြစ်တတ်ပါတယ်။
အစာအဆိပ်သင့်ခြင်းအများစုရဲ့ လက်သည်ကတော့ Salmonella၊ E. coli ၊Vibrio နဲ့ Bacillus ပိုးတွေဖြစ်ပြီး သူတို့အကုန်လုံးကို ပုဇွန်အစိမ်းမှာ တွေ့ရနိုင်ပါတယ်။
ဒါ့အပြင် အစားအသောက်ကနေကူးစက်တတ်တဲ့ norovirus ကိုလည်း ပုဇွန်အပါအဝင် ပင်လယ်စာအစိမ်းတွေကနေ ရရှိနိုင်ပါတယ်။အစားအသောက်ကနေရရှိတဲ့ သေစေနိုင်တဲ့ရောဂါတွေအန္တရာယ်ကို ကာကွယ်နိုင်ဖို့ အသား၊ငါးနဲ့ ပင်လယ်စာတွေကို အစိမ်းစားတာ၊ မကျက်တကျက်စားတာတွေရှောင်သင့်ပါတယ်။ အထူးသဖြင့် ကိုယ်ခံအားနည်းတတ်တဲ့ အသက်ကြီးတဲ့လူတွေ၊ ကိုယ်ဝန်ဆောင်တွေနဲ့ ကလေးငယ်တွေဆို ပိုသတိထားရမှာပါ။
ပုဇွန်အစိမ်း လုံးဝမစားရဘူးလား
စားလို့တော့ရပါတယ်။ ကိုယ်ခံအားကောင်းပြီးကျန်းမာသူတွေ၊ အစာခြေစနစ်ကောင်းသူတွေကတော့ တော်ရုံစားလို့ဘာမှမဖြစ်လောက်ပါဘူး။ ဒါ့ကြောင့် တစ်ခါတလေတော့စားပါ၊ မကြာခဏမစားပါနဲ့။ ကိုယ်ခံအားနည်းနေလောက်တဲ့အချိန်မျိုးမှာ မစားသင့်ပါဘူး။
နောက်တစ်ချက်က ပုဇွန်အစိမ်းသုပ်စားချင်တယ်ဆိုရင် လတ်ဆတ်ပြီးအရည်အသွေးကောင်းတဲ့ ပုဇွန်တွေကိုပဲ ရွေးဝယ်သင့်တယ်၊ တွေ့ရာဆိုင်က မစားသင့်ပါဘူူးလို့ သတိပေးချင်ပါတယ်။
အကောင်းဆုံးက ကျက်အောင်ချက်ပြီးစားတာပါပဲ။ အချဉ်နဲ့နှပ်ထားရင် ကျက်သွားမှာပဲလို့ အလွယ်မတွေးပါနဲ့။ ရောဂါပိုးတွေသေစေဖို့က အပူပေးပြီးချက်ပြုတ်ဖို့ လိုအပ်ပါတယ်။
ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။
Sign up here with your email
ConversionConversion EmoticonEmoticon