Zawgyiျဖင့္ဖတ္ရန္
အခုတေလာ ဆိုရွယ္မီဒီယာေတြမွာ ကိုယ္ဝန္ဖ်က္ေဆးေတြ၊ ကိုယ္ဝန္ဖ်က္နည္းေတြကို ေျပာင္ေျပာင္တင္းတင္းေရးသားလာၾကတာကို ေတြ႕လာရပါတယ္။ ကိုယ္ဝန္ဖ်က္ခ်ျခင္းဟာ တရားဝင္ပါသလား။ ဥပေဒရႈထာင့္၊ လူမႈေရးရႈေထာင့္ ဘယ္လိုရွိပါသလဲ။
ကိုယ္ဝန္ဖ်က္ခ်ျခင္းဟာ ကမာၻ႔ႏိုင္ငံအသီးသီးမွာ မတူညီတဲ့ ယဥ္ေက်းမႈစံႏႈန္းေတြ၊ ေနာက္ခံအေျခအေနေတြအရ ရႈျမင္ပုံ အမ်ိဳးမ်ိဳးကြဲျပားပါတယ္။ ျမန္မာႏိုင္ငံမွာဆိုရင္လည္း ဘာသာေရးအရ သူတပါးအသက္နဲ႔ သက္ဆိုင္တဲ့ကိစၥျဖစ္လို႔ မေကာင္းမႈတစ္ခုအေနနဲ႔ ယူဆထားပါတယ္။
ဥပေဒႏွင့္ မညီပါ
ပထမဆုံးတင္ျပခ်င္တာကေတာ့ ျမန္မာႏိုင္ငံမွာ ရာဇသတ္ႀကီးဥပေဒ ပုဒ္မ ၃၁၂ အရ ကိုယ္ဝန္ဖ်က္ခ်ျခင္းကို တားျမစ္ထားပါတယ္။ ေထာင္ဒဏ္ (၃) ႏွစ္က်ခံႏိုင္တဲ့ ဥပေဒျဖစ္ပါတယ္။ ကိုယ္ဝန္ရင့္မာခ်ိန္ ကေလးလႈပ္ၿပီဆိုရင္ (၇)ႏွစ္ထိ က်ခံႏိုင္ၿပီး တရားမဝင္ကိုယ္ဝန္ဖ်က္ခ်ခ်ိန္မွာ မိခင္ေသဆုံးရင္ ျပစ္ဒဏ္ပိုမ်ားသြားပါတယ္။ ေနာက္တစ္ခ်က္က မိမိကိုယ္ဝန္ကိုပ်က္က်ေစဖို႔ ကိုယ္တိုင္အားထုတ္တယ္ဆိုရင္ ကိုယ္ဝန္ေဆာင္အမ်ိဳးသမီးဟာလည္း ဒီပုဒ္မနဲ႔ အက်ဳံးဝင္မွာ ျဖစ္ပါတယ္။
ဒါဆိုရင္ ျမန္မာျပည္မွာ တရားဝင္ကိုယ္ဝန္ဖ်က္ခ်ခြင့္ ဘယ္အေျခအေနေတြမွာရွိပါသလဲ..
ႁခြင္းခ်က္ေတာ့ ရွိပါတယ္။ မိခင္ရဲ႕ အသက္ကို ကယ္ဆယ္ဖို႔ လိုအပ္တဲ့အေျခအေနမွာ သေဘာ႐ိုးနဲ႔ ကိုယ္ဝန္ပ်က္ေစျခင္း တစ္နည္းဆိုရင္ ကုသတဲ့သေဘာနဲ႔ ကိုယ္ဝန္ဖ်က္ခ်ျခင္း (Therapeutic abortion) ေတာ့ ဥပေဒအရ ႁခြင္းခ်က္ေပးထားပါတယ္။ ဒီေနရာမွာ သေဘာ႐ိုးဆိုတဲ့ စကားလုံးဟာ ဥပေဒအသုံးအႏႈန္းျဖစ္ၿပီး အဓိပၸာယ္ကို ဆြဲဆန႔္ၾကည့္ရင္ မိခင္ရဲ႕အသက္ကို ကူညီကယ္ဆယ္လိုတဲ ့ရည္႐ြယ္ခ်က္နဲ႔ ေဆးကုသခြင့္လိုင္စင္ရ ဆရာဝန္မ်ားနဲ႔ အစိုးရေဆး႐ုံေတြမွာပဲ ျပဳလုပ္ျခင္းအားျဖင့္ အက်ဳံးဝင္တယ္ဆိုတဲ့သေဘာ သက္ေရာက္ပါတယ္။
အေရးေပၚက်န္းမာေရးအေျခအေနအတြက္သာျဖစ္ၿပီး လူမႈေရး၊ စီးပြားေရး တျခားကိစၥေတြကို တရားဝင္ခြင့္ျပဳမထားပါဘူး။
တစ္ခါက ဆိုရွယ္မီဒီယာေပၚမွာ ျငင္းၾကခုန္ၾကျဖစ္ဖူးၾကပါတယ္။ တခ်ိဳ႕ေသာ လူမႈေရးျပႆနာေတြ (ဥပမာ မုဒိန္းမႈေၾကာင့္ရတဲ့ ကိုယ္ဝန္) ကို ထည့္စဥ္းစားသင့္တယ္လို႔ အေၾကာင္းျပၾကပါတယ္။ အဲဒီကိစၥရဲ႕ အေျဖကေတာ့ လတ္တေလာဥပေဒအရ ျမန္မာႏိုင္ငံမွာ မရပါလို႔ ဆိုရမွာပါပဲ။
ဘယ္ႏိုင္ငံေတြမွာ ရသလဲ၊ သူတို႔ဆီမွာ ကြာျခားမႈေတြရွိသလဲ
ျမန္မာႏိုင္ငံမွာမရဘူးဆိုေတာ့ ဘယ္ႏိုင္ငံေတြမွာရသလဲ။ အိမ္နီးခ်င္း အိႏၵိယႏိုင္ငံမွာ လူမႈေရးျပႆနာေတြေၾကာင့္ တရားဝင္ကိုယ္ဝန္ဖ်က္ခ်ခြင့္ ေပးထားပါတယ္။ ဥပမာ မုဒိန္းမႈေၾကာင့္ရတဲ့ ကိုယ္ဝန္ မသန္မစြမ္းကေလးေမြးမွာ ေသခ်ာေနတဲ့ကိုယ္ဝန္၊ ေနာက္ဆုံး သေႏၶတားေနလ်က္က မလိုခ်င္ဘဲ ရသြားတဲ့ကိုယ္ဝန္ စတာေတြကို တရားဝင္ဖ်က္ခ်ခြင့္ ျပဳထားပါတယ္။
လူဦးေရမ်ားျပားတဲ့အျပင္ ဇာတ္နိမ့္ျမင့္ျပႆနာေတြနဲ႔ လူမႈေရးကိစၥအလြန္မ်ားျပားတဲ့ အိႏၵိယဟာ ၁၉၇၁ မွာ Medical Termination act of Pregnancy 1971 ကို ျပ႒ာန္းၿပီး ကိုယ္ဝန္ဖ်က္ခ်ခြင့္မွာ ကင္းလြတ္ခြင့္ေတြ အမ်ားႀကီးေပးခဲ့ပါတယ္။ ဒီဥပေဒသစ္ဟာ အိႏၵိယမွာ ျပည္နယ္၂ခုကလြဲလို႔ တစ္ႏိုင္ငံလုံးမွာ က်င့္သုံးခဲ့ပါတယ္။
တ႐ုတ္ႏိုင္ငံမွာဆိုရင္ အရင္က မိခင္ရဲ႕ လက္ငင္းအသက္အႏၲရာယ္ကို ကယ္တင္ဖို႔ ရည္႐ြယ္ခ်က္တစ္ခုအတြက္ပဲ ကိုယ္ဝန္ဖ်က္ခ်ခြင့္ရွိပါတယ္။ ေနာက္ပိုင္းမွာ က်န္းမာေရးအေျခအေနေတြမွာ ဖ်က္ခ်ခြင့္ေပးလာပါတယ္။ တစ္အိမ္ေထာင္ ကေလးတစ္ယာက္ေပၚလစီေပၚလာၿပီးေနာက္ပိုင္းမွာေတာ့ မိခင္ရဲ႕ ေမတၱာရပ္ခံမႈနဲ႔ ဖ်က္ခ်လာတာကို ေတြ႕ရပါတယ္။ ေနာက္ျပႆနာတစ္ခုကေတာ့ sex-selective abortion လို႔ေခၚတဲ့ ေမြးလာမယ့္ကေလးဟာ ေယာက်္ားေလးလား၊ မိန္းကေလးလားဆိုတာအေပၚမူတည္ၿပီး ကိုယ္ဝန္ဖ်က္ခ်ျခင္း ျဖစ္ပါတယ္။ တ႐ုတ္ျပည္မွာေတာ့ မိန္းကေလးကိုယ္ဝန္ဖ်က္ခ်ခံရမႈ အမ်ားဆုံးလို႔ စာရင္းဇယားေတြအရ သိရပါတယ္။
ဥေရာပမွာေတာ့ ပိုလန္ႏိုင္ငံကလြဲလို႔ က်န္ႏိုင္ငံေတြမွာ ေတာ္ေတာ္ေလးေလွ်ာ့ေပါ့ထားပါတယ္။ တခ်ိဳ႕ႏိုင္ငံေတြမွာ request နဲ႔ေတာင္ ခြင့္ျပဳေပးထားတာကို ေတြ႕ရပါတယ္။ သူတို႔ႏိုင္ငံေတြမွာက Human rights ကို အဓိကထားတာေၾကာင့္လည္း ျဖစ္ႏိုင္ပါတယ္။ ဒါေပမယ့္ ေမာ္လ္တာႏိုင္ငံနဲ႔ ဗာတီကန္စီးတီးမွာ လုံးဝခြင့္မျပဳထားပါဘူး။
အေရွ႕ေတာင္အာရွႏိုင္ငံေတြမွာေတာ့ ပုံမွာျပထားတဲ့အတိုင္း ျမန္မာ၊ ဘ႐ူႏိုင္း၊ ဖိလစ္ပိုင္၊ အေရွ႕တီေမာ စတဲ့ႏိုင္ငံေတြမွာ မိခင္ရဲ႕အသက္ကို ကယ္ဆယ္ဖို႔လိုတဲ့အခ်ိန္ကလြဲလို႔ က်န္တဲ့အေၾကာင္းျပခ်က္ေတြအတြက္ ခြင့္မျပဳထားပါဘူး။ စကၤာပူ၊ ကေမာၻဒီးယား၊ ဖိလစ္ပိုင္ စတဲ့ႏိုင္ငံေတြမွာေတာ့ မိခင္ရဲ႕ေမတၱာရပ္ခံခ်က္နဲ႔ဆိုရင္ ဘယ္အေၾကာင္းေၾကာင့္ျဖစ္ျဖစ္ ခြင့္ျပဳေပးထားတာကို ေတြ႕ႏိုင္ပါတယ္။
ဤေဆာင္းပါးကို Mizzima ၏ မိတ္ဘက္ က်န္းမာေရးႏွင့္ ေဆးပညာဝက္ဘ္ဆိုဒ္ hellosayarwon.com မွ ကူးယူေဖာ္ျပပါသည္။
Unicode ဖြင့်ဖတ်ရန်
အခုတလော ဆိုရှယ်မီဒီယာတွေမှာ ကိုယ်ဝန်ဖျက်ဆေးတွေ၊ ကိုယ်ဝန်ဖျက်နည်းတွေကို ပြောင်ပြောင်တင်းတင်းရေးသားလာကြတာကို တွေ့လာရပါတယ်။ ကိုယ်ဝန်ဖျက်ချခြင်းဟာ တရားဝင်ပါသလား။ ဥပဒေရှုထာင့်၊ လူမှုရေးရှုထောင့် ဘယ်လိုရှိပါသလဲ။
ကိုယ်ဝန်ဖျက်ချခြင်းဟာ ကမ္ဘာ့နိုင်ငံအသီးသီးမှာ မတူညီတဲ့ ယဉ်ကျေးမှုစံနှုန်းတွေ၊ နောက်ခံအခြေအနေတွေအရ ရှုမြင်ပုံ အမျိုးမျိုးကွဲပြားပါတယ်။ မြန်မာနိုင်ငံမှာဆိုရင်လည်း ဘာသာရေးအရ သူတပါးအသက်နဲ့ သက်ဆိုင်တဲ့ကိစ္စဖြစ်လို့ မကောင်းမှုတစ်ခုအနေနဲ့ ယူဆထားပါတယ်။
ဥပဒေနှင့် မညီပါ
ပထမဆုံးတင်ပြချင်တာကတော့ မြန်မာနိုင်ငံမှာ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၃၁၂ အရ ကိုယ်ဝန်ဖျက်ချခြင်းကို တားမြစ်ထားပါတယ်။ ထောင်ဒဏ် (၃) နှစ်ကျခံနိုင်တဲ့ ဥပဒေဖြစ်ပါတယ်။ ကိုယ်ဝန်ရင့်မာချိန် ကလေးလှုပ်ပြီဆိုရင် (၇)နှစ်ထိ ကျခံနိုင်ပြီး တရားမဝင်ကိုယ်ဝန်ဖျက်ချချိန်မှာ မိခင်သေဆုံးရင် ပြစ်ဒဏ်ပိုများသွားပါတယ်။ နောက်တစ်ချက်က မိမိကိုယ်ဝန်ကိုပျက်ကျစေဖို့ ကိုယ်တိုင်အားထုတ်တယ်ဆိုရင် ကိုယ်ဝန်ဆောင်အမျိုးသမီးဟာလည်း ဒီပုဒ်မနဲ့ အကျုံးဝင်မှာ ဖြစ်ပါတယ်။
ဒါဆိုရင် မြန်မာပြည်မှာ တရားဝင်ကိုယ်ဝန်ဖျက်ချခွင့် ဘယ်အခြေအနေတွေမှာရှိပါသလဲ..
ခြွင်းချက်တော့ ရှိပါတယ်။ မိခင်ရဲ့ အသက်ကို ကယ်ဆယ်ဖို့ လိုအပ်တဲ့အခြေအနေမှာ သဘောရိုးနဲ့ ကိုယ်ဝန်ပျက်စေခြင်း တစ်နည်းဆိုရင် ကုသတဲ့သဘောနဲ့ ကိုယ်ဝန်ဖျက်ချခြင်း (Therapeutic abortion) တော့ ဥပဒေအရ ခြွင်းချက်ပေးထားပါတယ်။ ဒီနေရာမှာ သဘောရိုးဆိုတဲ့ စကားလုံးဟာ ဥပဒေအသုံးအနှုန်းဖြစ်ပြီး အဓိပ္ပာယ်ကို ဆွဲဆန့်ကြည့်ရင် မိခင်ရဲ့အသက်ကို ကူညီကယ်ဆယ်လိုတဲ ့ရည်ရွယ်ချက်နဲ့ ဆေးကုသခွင့်လိုင်စင်ရ ဆရာဝန်များနဲ့ အစိုးရဆေးရုံတွေမှာပဲ ပြုလုပ်ခြင်းအားဖြင့် အကျုံးဝင်တယ်ဆိုတဲ့သဘော သက်ရောက်ပါတယ်။
အရေးပေါ်ကျန်းမာရေးအခြေအနေအတွက်သာဖြစ်ပြီး လူမှုရေး၊ စီးပွားရေး တခြားကိစ္စတွေကို တရားဝင်ခွင့်ပြုမထားပါဘူး။
တစ်ခါက ဆိုရှယ်မီဒီယာပေါ်မှာ ငြင်းကြခုန်ကြဖြစ်ဖူးကြပါတယ်။ တချို့သော လူမှုရေးပြဿနာတွေ (ဥပမာ မုဒိန်းမှုကြောင့်ရတဲ့ ကိုယ်ဝန်) ကို ထည့်စဉ်းစားသင့်တယ်လို့ အကြောင်းပြကြပါတယ်။ အဲဒီကိစ္စရဲ့ အဖြေကတော့ လတ်တလောဥပဒေအရ မြန်မာနိုင်ငံမှာ မရပါလို့ ဆိုရမှာပါပဲ။
ဘယ်နိုင်ငံတွေမှာ ရသလဲ၊ သူတို့ဆီမှာ ကွာခြားမှုတွေရှိသလဲ
မြန်မာနိုင်ငံမှာမရဘူးဆိုတော့ ဘယ်နိုင်ငံတွေမှာရသလဲ။ အိမ်နီးချင်း အိန္ဒိယနိုင်ငံမှာ လူမှုရေးပြဿနာတွေကြောင့် တရားဝင်ကိုယ်ဝန်ဖျက်ချခွင့် ပေးထားပါတယ်။ ဥပမာ မုဒိန်းမှုကြောင့်ရတဲ့ ကိုယ်ဝန် မသန်မစွမ်းကလေးမွေးမှာ သေချာနေတဲ့ကိုယ်ဝန်၊ နောက်ဆုံး သန္ဓေတားနေလျက်က မလိုချင်ဘဲ ရသွားတဲ့ကိုယ်ဝန် စတာတွေကို တရားဝင်ဖျက်ချခွင့် ပြုထားပါတယ်။
လူဦးရေများပြားတဲ့အပြင် ဇာတ်နိမ့်မြင့်ပြဿနာတွေနဲ့ လူမှုရေးကိစ္စအလွန်များပြားတဲ့ အိန္ဒိယဟာ ၁၉၇၁ မှာ Medical Termination act of Pregnancy 1971 ကို ပြဋ္ဌာန်းပြီး ကိုယ်ဝန်ဖျက်ချခွင့်မှာ ကင်းလွတ်ခွင့်တွေ အများကြီးပေးခဲ့ပါတယ်။ ဒီဥပဒေသစ်ဟာ အိန္ဒိယမှာ ပြည်နယ်၂ခုကလွဲလို့ တစ်နိုင်ငံလုံးမှာ ကျင့်သုံးခဲ့ပါတယ်။
တရုတ်နိုင်ငံမှာဆိုရင် အရင်က မိခင်ရဲ့ လက်ငင်းအသက်အန္တရာယ်ကို ကယ်တင်ဖို့ ရည်ရွယ်ချက်တစ်ခုအတွက်ပဲ ကိုယ်ဝန်ဖျက်ချခွင့်ရှိပါတယ်။ နောက်ပိုင်းမှာ ကျန်းမာရေးအခြေအနေတွေမှာ ဖျက်ချခွင့်ပေးလာပါတယ်။ တစ်အိမ်ထောင် ကလေးတစ်ယာက်ပေါ်လစီပေါ်လာပြီးနောက်ပိုင်းမှာတော့ မိခင်ရဲ့ မေတ္တာရပ်ခံမှုနဲ့ ဖျက်ချလာတာကို တွေ့ရပါတယ်။ နောက်ပြဿနာတစ်ခုကတော့ sex-selective abortion လို့ခေါ်တဲ့ မွေးလာမယ့်ကလေးဟာ ယောကျ်ားလေးလား၊ မိန်းကလေးလားဆိုတာအပေါ်မူတည်ပြီး ကိုယ်ဝန်ဖျက်ချခြင်း ဖြစ်ပါတယ်။ တရုတ်ပြည်မှာတော့ မိန်းကလေးကိုယ်ဝန်ဖျက်ချခံရမှု အများဆုံးလို့ စာရင်းဇယားတွေအရ သိရပါတယ်။
ဥရောပမှာတော့ ပိုလန်နိုင်ငံကလွဲလို့ ကျန်နိုင်ငံတွေမှာ တော်တော်လေးလျှော့ပေါ့ထားပါတယ်။ တချို့နိုင်ငံတွေမှာ request နဲ့တောင် ခွင့်ပြုပေးထားတာကို တွေ့ရပါတယ်။ သူတို့နိုင်ငံတွေမှာက Human rights ကို အဓိကထားတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် မော်လ်တာနိုင်ငံနဲ့ ဗာတီကန်စီးတီးမှာ လုံးဝခွင့်မပြုထားပါဘူး။
အရှေ့တောင်အာရှနိုင်ငံတွေမှာတော့ ပုံမှာပြထားတဲ့အတိုင်း မြန်မာ၊ ဘရူနိုင်း၊ ဖိလစ်ပိုင်၊ အရှေ့တီမော စတဲ့နိုင်ငံတွေမှာ မိခင်ရဲ့အသက်ကို ကယ်ဆယ်ဖို့လိုတဲ့အချိန်ကလွဲလို့ ကျန်တဲ့အကြောင်းပြချက်တွေအတွက် ခွင့်မပြုထားပါဘူး။ စင်္ကာပူ၊ ကမ္ဘောဒီးယား၊ ဖိလစ်ပိုင် စတဲ့နိုင်ငံတွေမှာတော့ မိခင်ရဲ့မေတ္တာရပ်ခံချက်နဲ့ဆိုရင် ဘယ်အကြောင်းကြောင့်ဖြစ်ဖြစ် ခွင့်ပြုပေးထားတာကို တွေ့နိုင်ပါတယ်။
ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။
Sign up here with your email
ConversionConversion EmoticonEmoticon