Zawgyiျဖင့္ဖတ္ရန္
တစ္ေယာက္တည္းစကားေတြေရ႐ြတ္တတ္တဲ့ ပြစိေလးေတြကိုဆို အျပစ္ေျပာတတ္ၾကတယ္။ ဒါေပမယ့္ ပြစိပြစိေရ႐ြတ္တာက ၾကားရတဲ့သူေတြသာ နားညည္းတာ သူတိို႔ကိုယ္တိုင္အတြက္က် ေကာင္းက်ိဳးေတြရွိပါတယ္တဲ့။ ကိုယ္က တတြတ္တြတ္နဲ႔ ေရ႐ြတ္ေနတတ္တဲ့သူဆို ဂုဏ္ယူလိုက္ေတာ့။ ကိုယ္က သိေတာင္မသိလိုက္ဘဲ ပြစိပြစိ႐ြတ္ရင္း ဒီအက်ိဳးေက်းဇူးေတြရေနတာပါေနာ္။
(၁) အထီးက်န္စိတ္ မျဖစ္ေတာ့ဘူး
စကားေျပာေဖာ္ရွိမွ အထီးမက်န္တာမဟုတ္ပါဘူး။ တစ္ေယာက္တည္းရွိေနခ်ိန္မွာ ကိုယ့္အသံထြက္ၿပီး ခပ္တိုးတိုးစကားေျပာေရ႐ြတ္တာလည္း စိတ္ေျဖသိမ့္ရာရနိင္ပါတယ္လို႔ စိတ္ပညာရွင္ေတြက ေျပာပါတယ္။ ကိုယ့္ကိုယ္ကို အားေပးမယ္၊ ကိုယ့္အေတြးေတြကိုယ္ျပန္နားေထာင္မယ္၊ ကဲ ဘယ္ေလာက္အေဖာ္ရလဲ။ တစ္ခုရွိတာက ကိုယ့္စိတ္နဲ႔ကိုယ္ရန္ျဖစ္ေနၿပီ၊ တစ္ေယာက္တည္းရန္ျဖစ္ေနၿပီဆိုရင္ေတာ့ အေျခအေနမေကာင္းဘူးေပါ့။
(၂) ဦးေႏွာက္ကို ပိုၿပီးအသုံးခ်ႏိုင္လာတယ္
ေစ်းသြားဝယ္စရာရွိတယ္ထား၊ ဝယ္စရာေတြကို မေမ့ေအာင္ ပါးစပ္က႐ြတ္ေနဖူးတယ္မလား။ စာက်က္သလိုမ်ိဳးပဲ။ တတြတ္တြတ္႐ြတ္တာက မွတ္ဉာဏ္ေတြကို လႈံ႕ေဆာ္ေပးတယ္ေလ။ တစ္ခုခုလုပ္စရာရွိလည္း ငါဒါၿပီးရင္ ဟိုဟာလုပ္ရမယ္ဆိုတာမ်ိဳး အလုပ္တာဝန္ေတြ ကိုုယ့္ကိုယ္ကိုသတိေပးသလိုျဖစ္ေစပါတယ္။
(၃) အေတြးေတြကို စီမံႏိုင္တယ္
လူဆိုတာဘယ္ေလာက္ေတာင္အလုပ္မ်ားလဲဆို ေခါင္းထဲမွာ အေတြးေပါင္းသန္းနဲ႔ခ်ီၿပီး အၿမဲရွိေနတာပါတဲ့။ အေတြးေတြက သိစိတ္ထဲမွာေရာ၊ မသိစိတ္ထဲမွာပါ ေရာေထြးေနၿပီး ေသခ်ာမစီမံႏိုင္၊ မရွင္းလင္းႏိုင္ရင္ အကုန္ျပည့္က်ပ္လႊမ္းမိုးလာႏိုင္ပါတယ္(တစ္ခါတေလ ဘာရယ္ေသခ်ာမသိဘဲ ေခါင္းရႈပ္ေနတာ၊ စိတ္ေတြပင္ပန္းေနတာမ်ိဳးက ဒါ့ေၾကာင့္ေပါ့)။ တစ္ခါတေလ ကေလးေတြလိုမ်ိဳး (ျမန္မာဇာတ္ဝင္ခန္းေတြထဲကလို) ကိုယ့္အေတြးနဲ႔ကိုယ္ စကားေတြေျပာ၊ တစ္ေယာက္တည္း ပါးစပ္ကတတြတ္တြတ္ေျပာေနရင္း ဘယ္အေတြးက ကိုယ့္စိတ္ကိုအႀကီးမားဆုံးသက္ေရာက္ေနလဲ သိသာလာႏိုင္ပါတယ္။ ေဘးမွာတျခားလူေတြမရွိတဲ့အခ်ိန္ျဖစ္ဖို႔ေတာ့လိုတာေပါ့။
(၄) စိတ္ဖိစီးေနတာေတြ သက္သာေစတယ္
တစ္ေယာက္တည္းစကားေျပာတာက ဖိစီးရႈပ္ေထြးေနတဲ့ကိုယ့္ရဲ႕စိတ္ကို ေျပေလ်ာ့ေစႏိုုင္တယ္။ ေတာင္စဥ္ေရမရေတြ အေမာတေကာေတြးေနေတာ့မွာမဟုတ္ဘူး။ စိတ္ကတျဖည္းျဖည္းအနည္ထိုင္ၿပီး လုပ္သင့္တဲ့အလုပ္ေတြ ျမင္လာပါလိမ့္မယ္။ ရင္ဖြင့္ေဖာ္တစ္ေယာက္မလိုဘဲ ရင္ထဲတင္းက်ပ္ေနတာေတြ၊ ေခါင္းထဲရႈပ္ေထြးေနတာေတြ၊ စိတ္ထဲဖိစီးေနတာေတြ အတိုုင္းအတာတခုအထိ ေလ်ာ့သြားႏိုင္ပါတယ္။
(၅) ကေလးကို စကားပိုတတ္ေစတယ္
ကိုယ့္မွာ ကေလးရွိတယ္ဆိုရင္ ကေလးေရွ႕တတြတ္တြတ္စကားေျပာေရ႐ြတ္ေနတာနဲ႔တင္ ကေလးက စကားတတ္ျမန္လာႏိုင္ပါတယ္။ အၿမဲၾကားေနရတဲ့စကားေတြကေန စၿပီးသင္ယူတတ္တဲ့အ႐ြယ္မို႔ သင္ဖို႔ေကာင္းတဲ့စကားေတြျဖစ္ဖို႔ေတာ့လိုပါတယ္။ ဆဲဆိုတာ၊ ျပစ္တင္တာ၊ ႐ိုင္းစိုင္းတဲ့အသုံးအႏႈန္းေတြသုံးတာ မျဖစ္ဖို႔ သတိထားပါ။
(၆) ကိုယ့္ကိုယ္ကို ယုံၾကည္မႈ ေမြးျမဴႏိုင္တယ္
အသံထြက္ေရ႐ြတ္ၾကည့္ျခင္းအားျဖင့္ ကိုယ့္အေတြးေတြကို တစ္စခ်င္းျဖည္ထုတ္ႏိုင္ေတာ့ ျပႆနာတစ္ခုေျဖရွင္းႏိုင္ဖို႔ပိုလြယ္သြားႏိုင္တယ္။ သူမ်ားေတြက လုပ္ေဖာ္ကိုင္ဖက္ေတြ၊ စီနီယာေတြကို အပူကပ္တိုင္ပင္ေနရခ်ိန္မွာ ကိုယ္ကေတာ့ ဘယ္သူမွသိစရာမလိုဘဲ အေျခအေနေတြ ကိုယ္တိုင္သုံးသပ္၊ စဥ္းစား၊ ဆုံးျဖတ္ခ်က္ခ်ႏိုင္ေနမွာေလ။
တစ္ေယာက္တည္းစကားေျပာတယ္ဆိုတိုင္း ႐ူးေနတာမဟုတ္ပါဘူးေနာ္။ ငါမ်ား႐ူးေနၿပီလားလို႔ ေတြးမိေသးတယ္ဆို သင္တကယ္မ႐ူးပါဘူးတဲ့။ ဘယ္အ႐ူးကမွ ကိုယ့္ကိုယ္ကို ႐ူးတယ္မထင္ၾကလို႔ပါပဲ။ အေတြးေတြ အရမ္းရႈပ္ေနတဲ့အခ်ိန္မွာေလ တစ္ေယာက္တည္း သီးျခားစကားေျပာရင္း ေျဖရွင္းၾကည့္ပါ။ ေပါ့ပါးလာပါလိမ့္မယ္။
ဤေဆာင္းပါးကို Mizzima ၏ မိတ္ဘက္ က်န္းမာေရးႏွင့္ ေဆးပညာဝက္ဘ္ဆိုဒ္ hellosayarwon.com မွ ကူးယူေဖာ္ျပပါသည္။
Unicode ဖြင့်ဖတ်ရန်
တစ်ယောက်တည်းစကားတွေရေရွတ်တတ်တဲ့ ပွစိလေးတွေကိုဆို အပြစ်ပြောတတ်ကြတယ်။ ဒါပေမယ့် ပွစိပွစိရေရွတ်တာက ကြားရတဲ့သူတွေသာ နားညည်းတာ သူတိို့ကိုယ်တိုင်အတွက်ကျ ကောင်းကျိုးတွေရှိပါတယ်တဲ့။ ကိုယ်က တတွတ်တွတ်နဲ့ ရေရွတ်နေတတ်တဲ့သူဆို ဂုဏ်ယူလိုက်တော့။ ကိုယ်က သိတောင်မသိလိုက်ဘဲ ပွစိပွစိရွတ်ရင်း ဒီအကျိုးကျေးဇူးတွေရနေတာပါနော်။
(၁) အထီးကျန်စိတ် မဖြစ်တော့ဘူး
စကားပြောဖော်ရှိမှ အထီးမကျန်တာမဟုတ်ပါဘူး။ တစ်ယောက်တည်းရှိနေချိန်မှာ ကိုယ့်အသံထွက်ပြီး ခပ်တိုးတိုးစကားပြောရေရွတ်တာလည်း စိတ်ဖြေသိမ့်ရာရနိင်ပါတယ်လို့ စိတ်ပညာရှင်တွေက ပြောပါတယ်။ ကိုယ့်ကိုယ်ကို အားပေးမယ်၊ ကိုယ့်အတွေးတွေကိုယ်ပြန်နားထောင်မယ်၊ ကဲ ဘယ်လောက်အဖော်ရလဲ။ တစ်ခုရှိတာက ကိုယ့်စိတ်နဲ့ကိုယ်ရန်ဖြစ်နေပြီ၊ တစ်ယောက်တည်းရန်ဖြစ်နေပြီဆိုရင်တော့ အခြေအနေမကောင်းဘူးပေါ့။
(၂) ဦးနှောက်ကို ပိုပြီးအသုံးချနိုင်လာတယ်
စျေးသွားဝယ်စရာရှိတယ်ထား၊ ဝယ်စရာတွေကို မမေ့အောင် ပါးစပ်ကရွတ်နေဖူးတယ်မလား။ စာကျက်သလိုမျိုးပဲ။ တတွတ်တွတ်ရွတ်တာက မှတ်ဉာဏ်တွေကို လှုံ့ဆော်ပေးတယ်လေ။ တစ်ခုခုလုပ်စရာရှိလည်း ငါဒါပြီးရင် ဟိုဟာလုပ်ရမယ်ဆိုတာမျိုး အလုပ်တာဝန်တွေ ကိုုယ့်ကိုယ်ကိုသတိပေးသလိုဖြစ်စေပါတယ်။
(၃) အတွေးတွေကို စီမံနိုင်တယ်
လူဆိုတာဘယ်လောက်တောင်အလုပ်များလဲဆို ခေါင်းထဲမှာ အတွေးပေါင်းသန်းနဲ့ချီပြီး အမြဲရှိနေတာပါတဲ့။ အတွေးတွေက သိစိတ်ထဲမှာရော၊ မသိစိတ်ထဲမှာပါ ရောထွေးနေပြီး သေချာမစီမံနိုင်၊ မရှင်းလင်းနိုင်ရင် အကုန်ပြည့်ကျပ်လွှမ်းမိုးလာနိုင်ပါတယ်(တစ်ခါတလေ ဘာရယ်သေချာမသိဘဲ ခေါင်းရှုပ်နေတာ၊ စိတ်တွေပင်ပန်းနေတာမျိုးက ဒါ့ကြောင့်ပေါ့)။ တစ်ခါတလေ ကလေးတွေလိုမျိုး (မြန်မာဇာတ်ဝင်ခန်းတွေထဲကလို) ကိုယ့်အတွေးနဲ့ကိုယ် စကားတွေပြော၊ တစ်ယောက်တည်း ပါးစပ်ကတတွတ်တွတ်ပြောနေရင်း ဘယ်အတွေးက ကိုယ့်စိတ်ကိုအကြီးမားဆုံးသက်ရောက်နေလဲ သိသာလာနိုင်ပါတယ်။ ဘေးမှာတခြားလူတွေမရှိတဲ့အချိန်ဖြစ်ဖို့တော့လိုတာပေါ့။
(၄) စိတ်ဖိစီးနေတာတွေ သက်သာစေတယ်
တစ်ယောက်တည်းစကားပြောတာက ဖိစီးရှုပ်ထွေးနေတဲ့ကိုယ့်ရဲ့စိတ်ကို ပြေလျော့စေနိုုင်တယ်။ တောင်စဉ်ရေမရတွေ အမောတကောတွေးနေတော့မှာမဟုတ်ဘူး။ စိတ်ကတဖြည်းဖြည်းအနည်ထိုင်ပြီး လုပ်သင့်တဲ့အလုပ်တွေ မြင်လာပါလိမ့်မယ်။ ရင်ဖွင့်ဖော်တစ်ယောက်မလိုဘဲ ရင်ထဲတင်းကျပ်နေတာတွေ၊ ခေါင်းထဲရှုပ်ထွေးနေတာတွေ၊ စိတ်ထဲဖိစီးနေတာတွေ အတိုုင်းအတာတခုအထိ လျော့သွားနိုင်ပါတယ်။
(၅) ကလေးကို စကားပိုတတ်စေတယ်
ကိုယ့်မှာ ကလေးရှိတယ်ဆိုရင် ကလေးရှေ့တတွတ်တွတ်စကားပြောရေရွတ်နေတာနဲ့တင် ကလေးက စကားတတ်မြန်လာနိုင်ပါတယ်။ အမြဲကြားနေရတဲ့စကားတွေကနေ စပြီးသင်ယူတတ်တဲ့အရွယ်မို့ သင်ဖို့ကောင်းတဲ့စကားတွေဖြစ်ဖို့တော့လိုပါတယ်။ ဆဲဆိုတာ၊ ပြစ်တင်တာ၊ ရိုင်းစိုင်းတဲ့အသုံးအနှုန်းတွေသုံးတာ မဖြစ်ဖို့ သတိထားပါ။
(၆) ကိုယ့်ကိုယ်ကို ယုံကြည်မှု မွေးမြူနိုင်တယ်
အသံထွက်ရေရွတ်ကြည့်ခြင်းအားဖြင့် ကိုယ့်အတွေးတွေကို တစ်စချင်းဖြည်ထုတ်နိုင်တော့ ပြဿနာတစ်ခုဖြေရှင်းနိုင်ဖို့ပိုလွယ်သွားနိုင်တယ်။ သူများတွေက လုပ်ဖော်ကိုင်ဖက်တွေ၊ စီနီယာတွေကို အပူကပ်တိုင်ပင်နေရချိန်မှာ ကိုယ်ကတော့ ဘယ်သူမှသိစရာမလိုဘဲ အခြေအနေတွေ ကိုယ်တိုင်သုံးသပ်၊ စဉ်းစား၊ ဆုံးဖြတ်ချက်ချနိုင်နေမှာလေ။
တစ်ယောက်တည်းစကားပြောတယ်ဆိုတိုင်း ရူးနေတာမဟုတ်ပါဘူးနော်။ ငါများရူးနေပြီလားလို့ တွေးမိသေးတယ်ဆို သင်တကယ်မရူးပါဘူးတဲ့။ ဘယ်အရူးကမှ ကိုယ့်ကိုယ်ကို ရူးတယ်မထင်ကြလို့ပါပဲ။ အတွေးတွေ အရမ်းရှုပ်နေတဲ့အချိန်မှာလေ တစ်ယောက်တည်း သီးခြားစကားပြောရင်း ဖြေရှင်းကြည့်ပါ။ ပေါ့ပါးလာပါလိမ့်မယ်။
ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။
Sign up here with your email
ConversionConversion EmoticonEmoticon