Zawgyi ျဖင့္ဖတ္ရန္
တစ္ကမာၻလုံး အတိုင္းတာအရၾကည့္ရင္ စိတ္ႂကြ ၊ စိတ္က်ေရာဂါ ခံစားေနရသူေတြဟာ၄၆မီလီလ်ံရွိတယ္လို႔ သိရပါတယ္။ စိတ္ႂကြ ၊ စိတ္က်ျဖစ္ေနတဲ့အခါ လူေတြရဲ႕အင္အား level ၊စိတ္အတက္က် ၊ လႈမႈဆက္ဆံေရးနဲ႔ တစ္ေန႔တာလုပ္ေဆာင္ခ်က္ေတြအေပၚ အက်ိဳးဆက္ေတြသက္ေရာက္လာႏိုင္ပါတယ္။
တကယ္လို႔ သင့္မွာလည္း မထင္မွတ္ပဲ ဒီလိုေတြျဖစ္လာရင္သိႏိုင္မယ့္ အခ်က္ျပလကၡဏာေလးေတြအေၾကာင္း ေဝမွ်ေပးလိုက္ပါတယ္ ။
အိပ္ေရးပ်က္ျခင္း
အိပ္ေရးပ်က္တာေတြမ်ားလာရင္ အေႏွာင့္ယွက္ေတြ ဝင္လာပါလိမ့္မယ္။ အဓိက အိပ္ေရးမဝတဲ့အတြက္ စိတ္ကမတည္ၿငိမ္ေတာ့ဘူး။ အေသးမႊားကိစၥေလးကအစ စိတ္တို ၊ ေဒါသထြက္ ၊ဝမ္းနည္းပူေဆြးမႈကို ခံစားလာါတယ္။ အိပ္ခ်ိန္သာ အျပည့္ဝေပးမယ္ဆိုရင္ တစ္ေန႔တာလုံးပင္ပန္းႏြမ္းႏြယ္မႈကို ခံစားရမွာမဟုတ္ပါဘူး။
အာ႐ုံမစူးစိုက္ႏိုင္ျခင္း
လုပ္ေတာ့ လုပ္ေနတာပဲ.. ဘာလုပ္ေနမွန္းမသိဘူး။ ျဖစ္ဖူးလား… ကြန္ပ်ဳတာၾကည့္ၿပီး
ဟိုဘက္ေျပာင္းလိုက္ ၊ ဒီဘက္ေျပာင္းလိုက္နဲ႔ ၾကည့္ေတာ့ၾကည့္ေနတာပဲ.. အဓိက ငါဘာကိုလုပ္ေနတာလဲဆိုတာ ကိုယ္တိုင္ေသခ်ာမသိတာပဲ။ အဓိက အာ႐ုံစိုက္မႈေလ်ာ့နည္းေနတဲ့အခါဒါကို တစ္ခ်က္သတိျပဳပါ။
ယုံၾကည္မႈလြန္ကဲလာျခင္း
စိတ္ႂကြ ၊ စိတ္က်ေရာဂါဆိုတဲ့အတိုင္း ကိုယ့္ကိုကိုယ္ယုံၾကည္မႈရွိလာၿပီဆိုရင္ သူမ်ားထက္အတိုင္းထက္အလြန္ပါပဲ။ အဲ့ဒီလို စိတ္ဝင္လာၿပီဆိုရင္ ငါဟာသူမ်ားထက္ ပိုသိ ၊ ပိုတတ္ ၊ပိုလုပ္ႏိုင္တယ္လို႔ ကိုယ့္ကိုကိုယ္ ယုံၾကည္မႈေတြဇြတ္လုပ္ယူလာတာပါပဲ။
အေတြးျမန္ျခင္း ၊ မ်ားျခင္း
မ်ားျပားတဲ့အေတြးေတြကို ျမန္ျမန္ေတြးဖူးလား။ ေအာင္ျမင္ေနတဲ့ မိမိပုံစံကို အျမန္ေတြးၿပီးမရပ္တန႔္ေတာ့ဘူး…အခ်ိန္ၾကာႀကီး ဆြဲၿပီးေနတာမ်ိဳး ေျပာတာပါ။ လက္ရွိမွ ဘာမွမျဖစ္ေသးဘူး။အနာဂတ္မွာျဖစ္လာမယ့္ မိမိရဲ႕ပုံသ႑ာန္ကို ခန႔္မွန္းၿပီး ၾကည္ႏူးေပ်ာ္ေမြ႕ေနျခင္းကို ဆိုလိုတာပါ။ ဒါဟာ သင့္ရဲ႕စိတ္ခံစားခ်က္နဲ႔ ေနထိုင္မႈပုံစံေတြကို ထိခိုက္လာႏိုင္ပါတယ္။
စကားအမ်ားႀကီးေျပာျခင္း
သူတို႔ဟာ အေတြးမ်ားသလို စကားလည္းမ်ားပါတယ္။ အေၾကာင္းရာတစ္ခုကိုေျပာေနခ်ိန္အျခားအရာတစ္ခုကို ျမန္ျမန္ကူးေျပာင္းေျပာဆိုႏိုင္တယ္။ စကားေတြကို အဆက္၊ဆက္မရွိေလွ်ာက္ေျပာတာပါ။ အခ်ိန္ၾကာႀကီး ေအာင္းထားတဲ့ကိစၥေတြကို အငမ္းမရေျပာမယ္။သူတို႔စိတ္ထဲမွာလည္း အျခားလူေတြကို ဒါေျပာမွျဖစ္မယ္။ အသံက်ယ္က်ယ္နဲ႔ေျပာဖို႔လိုတယ္လို႔ ေတြးေနတတ္ပါတယ္။
ဒီလိုလကၡဏာေတြဟာ စုၿပဳံၿပီးျဖစ္လာတာမ်ိဳး မဟုတ္ပါဘူး။ တစ္ခါတစ္ေလမွ ေပၚလာတာမ်ိဳးလည္းျဖစ္တတ္ပါတယ္။ ကိုယ့္ကိုကိုယ္ အရမ္းဆိုးဝါးေနတယ္လို႔ ခံစားရရင္ ေဆးကုသမႈခံယူပါလို႔အႀကံေပးခ်င္ပါတယ္။
Credit: Trend
Unicode ဖြင့်ဖတ်ရန်
သင်သတိမထားမိခင်မှာပဲ ဒီလိုစိတ်ကြွ၊ စိတ်ကျရောဂါကို ခံစားနေရပြီဆိုတာ သိပါသလား
တစ်ကမ္ဘာလုံး အတိုင်းတာအရကြည့်ရင် စိတ်ကြွ ၊ စိတ်ကျရောဂါ ခံစားနေရသူတွေဟာ
၄၆မီလီလျံရှိတယ်လို့ သိရပါတယ်။ စိတ်ကြွ ၊ စိတ်ကျဖြစ်နေတဲ့အခါ လူတွေရဲ့အင်အား level ၊စိတ်အတက်ကျ ၊ လှုမှုဆက်ဆံရေးနဲ့ တစ်နေ့တာလုပ်ဆောင်ချက်တွေအပေါ် အကျိုးဆက်တွေသက်ရောက်လာနိုင်ပါတယ်။
တကယ်လို့ သင့်မှာလည်း မထင်မှတ်ပဲ ဒီလိုတွေဖြစ်လာရင်သိနိုင်မယ့် အချက်ပြလက္ခဏာလေးတွေအကြောင်း ဝေမျှပေးလိုက်ပါတယ် ။
အိပ်ရေးပျက်ခြင်း
အိပ်ရေးပျက်တာတွေများလာရင် အနှောင့်ယှက်တွေ ဝင်လာပါလိမ့်မယ်။ အဓိက အိပ်ရေးမဝတဲ့အတွက် စိတ်ကမတည်ငြိမ်တော့ဘူး။ အသေးမွှားကိစ္စလေးကအစ စိတ်တို ၊ ဒေါသထွက် ၊ဝမ်းနည်းပူဆွေးမှုကို ခံစားလာါတယ်။ အိပ်ချိန်သာ အပြည့်ဝပေးမယ်ဆိုရင် တစ်နေ့တာလုံးပင်ပန်းနွမ်းနွယ်မှုကို ခံစားရမှာမဟုတ်ပါဘူး။
အာရုံမစူးစိုက်နိုင်ခြင်း
လုပ်တော့ လုပ်နေတာပဲ.. ဘာလုပ်နေမှန်းမသိဘူး။ ဖြစ်ဖူးလား… ကွန်ပျုတာကြည့်ပြီး
ဟိုဘက်ပြောင်းလိုက် ၊ ဒီဘက်ပြောင်းလိုက်နဲ့ ကြည့်တော့ကြည့်နေတာပဲ.. အဓိက ငါဘာကိုလုပ်နေတာလဲဆိုတာ ကိုယ်တိုင်သေချာမသိတာပဲ။ အဓိက အာရုံစိုက်မှုလျော့နည်းနေတဲ့အခါဒါကို တစ်ချက်သတိပြုပါ။
ယုံကြည်မှုလွန်ကဲလာခြင်း
စိတ်ကြွ ၊ စိတ်ကျရောဂါဆိုတဲ့အတိုင်း ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိလာပြီဆိုရင် သူများထက်အတိုင်းထက်အလွန်ပါပဲ။ အဲ့ဒီလို စိတ်ဝင်လာပြီဆိုရင် ငါဟာသူများထက် ပိုသိ ၊ ပိုတတ် ၊ပိုလုပ်နိုင်တယ်လို့ ကိုယ့်ကိုကိုယ် ယုံကြည်မှုတွေဇွတ်လုပ်ယူလာတာပါပဲ။
အတွေးမြန်ခြင်း ၊ များခြင်း
များပြားတဲ့အတွေးတွေကို မြန်မြန်တွေးဖူးလား။ အောင်မြင်နေတဲ့ မိမိပုံစံကို အမြန်တွေးပြီးမရပ်တန့်တော့ဘူး…အချိန်ကြာကြီး ဆွဲပြီးနေတာမျိုး ပြောတာပါ။ လက်ရှိမှ ဘာမှမဖြစ်သေးဘူး။အနာဂတ်မှာဖြစ်လာမယ့် မိမိရဲ့ပုံသဏ္ဍာန်ကို ခန့်မှန်းပြီး ကြည်နူးပျော်မွေ့နေခြင်းကို ဆိုလိုတာပါ။ ဒါဟာ သင့်ရဲ့စိတ်ခံစားချက်နဲ့ နေထိုင်မှုပုံစံတွေကို ထိခိုက်လာနိုင်ပါတယ်။
စကားအများကြီးပြောခြင်း
သူတို့ဟာ အတွေးများသလို စကားလည်းများပါတယ်။ အကြောင်းရာတစ်ခုကိုပြောနေချိန်အခြားအရာတစ်ခုကို မြန်မြန်ကူးပြောင်းပြောဆိုနိုင်တယ်။ စကားတွေကို အဆက်၊ဆက်မရှိလျှောက်ပြောတာပါ။ အချိန်ကြာကြီး အောင်းထားတဲ့ကိစ္စတွေကို အငမ်းမရပြောမယ်။သူတို့စိတ်ထဲမှာလည်း အခြားလူတွေကို ဒါပြောမှဖြစ်မယ်။ အသံကျယ်ကျယ်နဲ့ပြောဖို့လိုတယ်လို့ တွေးနေတတ်ပါတယ်။
ဒီလိုလက္ခဏာတွေဟာ စုပြုံပြီးဖြစ်လာတာမျိုး မဟုတ်ပါဘူး။ တစ်ခါတစ်လေမှ ပေါ်လာတာမျိုးလည်းဖြစ်တတ်ပါတယ်။ ကိုယ့်ကိုကိုယ် အရမ်းဆိုးဝါးနေတယ်လို့ ခံစားရရင် ဆေးကုသမှုခံယူပါလို့အကြံပေးချင်ပါတယ်။
Credit: Trend
Sign up here with your email
ConversionConversion EmoticonEmoticon