အသက်ကွာလှတဲ့ ဇနီးနုနုလေး ပိုင်ဆိုင်ထားလို့၊ မနာလိုခြင်းခံနေရတဲ့ ဦးလေးကြီး


မတူညီတဲ့ မျိုးနွယ်စုတွေအချင်းချင်း လက်ထပ်ခြင်း၊ ကွဲပြားတဲ့ ယဉ်ကျေးမှုကို လက်ခံထားသူတွေ မေတ္တာသက်ဝင် လက်ထပ်ကြခြင်းတွေဟာ လူမှုကွန်ရက်ပေါ်မှာတော့ ပြောစရာအကောင်းဆုံး အကြောင်းအရာတွေ ဖြစ်နေတတ်ပါတယ်။ အပြစ်ပြောသူတွေ ရှိသလို၊ အခြားတစ်ဖက်မှာလည်း ဝေဖန်မှုတွေ ရှိနေမှာပါ။

အခုလည်း သက်ကြီးပိုင်း အမျိုးသားတစ်ဦးဟာ ဇနီးနုနုထွတ်ထွတ်လေးနဲ့ ပျော်ရွှင်နေတဲ့ပုံတွေ လူမှုကွန်ရက်မှာ တင်ခဲ့တာကြောင့် အားကျနှစ်သက်သူတွေ ရှိသလို၊ မနာလိုသူတွေလည်း ရှိနေခဲ့တယ်လို့ ဆိုပါတယ်။ အသက်အရွယ် ကွာခြားခြင်းဆိုတာ တကယ်ချစ်တတ်သူတွေအတွက် ပြောပလောက်တဲ့ တံတိုင်းမဟုတ်ပါဘူး။

အမျိုးသားကတော့ ထိုင်ဝမ်ကဖြစ်ပြီး၊ သူရဲ့ ဇနီးချောချောလေးကတော့ ဗီယက်နမ်သူလေးပါ။ သူဟာ ဇနီးအလှလေးနဲ့အတူ ဓာတ်ပုံတွေ ဝေဝေဆာဆာ ရိုက်ကူးခဲ့ပြီး Caption မှာလည်း သူတိုနှစ်ယောက်ဟာ တွေ့တွေ့ချင်း သိပ်မကြာတဲ့ကာလမှာပဲ လက်ထပ်ပေါင်းသင်းနေထိုင်ခဲ့တာလို့ ဖော်ပြထားပါတယ်။

ဒါပေမယ့် Facebook အသုံးပြုသူတွေကတော့ ဒီအမျိုးသားဟာ ဒီကောင်လေးမရဲ့ လင်ယောက်ျားဖြစ်ဖို့ အတော်လေး အိုစာနေပြီလို့ ထောက်ပြသူတွေ ရှိခဲ့ပြီး၊ တစ်ချို့ကလည်း အမျိုးသမီးကို ဖအေလိုအရွယ်ကြီး ကောက်ယူလိုက်တယ်လို့ အမနာပ ပြောနေကြတာမျိုးလည်း ရှိပါတယ်။

တစ်ချို့ကလည်း ကောင်မလေးက အသက်ဘယ်လောက်လဲလို့ မေးကြပါတယ်။ ဇနီးလှလှလေးရထားတဲ့ အမျိုးသားက သူ့ဇနီးရဲ့အသက်မှာ (၂၆)နှစ်ဖြစ်ကြောင်း ဖြေကြားခဲ့ပါတယ်။ ဒီလို ဖြေလိုက်တော့ လူမှုကွန်ရက်အသုံးပြုသူတွေက မှတ်ချက်တွေ မြောက်များစွာ ဝင်ရေးခဲ့ပါတယ်။

မှတ်ချက်ရေးသူတစ်ဦးကတော့ “ ကျွန်တော်ကတော့ မယုံနိုင်ဘူး … ဒါ သူ့အဖေ ဖြစ်ကိုဖြစ်ရမယ်”လို့ ရေးခဲ့သလို၊ အခြားတစ်ဦးကတော့ “ အများကြီး ဆင်ခြင်သုံးသပ်လိုက်တဲ့အခါ လူမျိုြးုခားချင်းလက်ထပ်တာက တကယ် ကောင်းတယ်လို့ ထင်ရတယ် ”လို့ မှတ်ချက်ရေးခဲ့ပါတယ်။ တစ်ချို့ကတော့ သူတို့လည်း ဗီယက်နမ်သူကို ရှာယူတော့မယ်လို့ ဟာသ လုပ်ခဲ့ကြပါတယ်။

Credit:လင်းလင်း (ShweMom)
Previous
Next Post »
Powered by Blogger.