အရက်တိုက်ပြီး လူသုံးယောက်ကို သတ်စားခဲ့တဲ့ ဆိုက်ကိုသမား


ကမ္ဘာကြီးဟာ ကြောက်စရာကောင်းလာတယ်ဆိုပေမယ့်လို့ သူငယ်ချင်း အချင်းချင်းသတ်ပြီး ပြန်စားတယ်ဆိုတဲ့ ဖြစ်ရပ်ကတော့ အင်မတန်တုန်လှုပ်ခြောက်ခြားစရာကောင်းပါတယ်။

အမျိုးသားတစ်ယောက်ဟာ  အရက်အတူသောက်ခဲ့ကြတဲ့ မိတ်ဆွေသုံးယောက်ကို သတ်ဖြတ်ခုတ်ထစ်ပြီး စားသောက်ခဲ့တယ်ဆိုရင် သင်ယုံမလား။ ဒီအဖြစ်အပျက်ဟာ ရုရှားနိုင်ငံမြောက်ပိုင်းမှာ တကယ်ဖြစ်ပျက်သွားခဲ့တာပါ။

အသက်(၅၁)နှစ်အရွယ် အမည်မသိ တရားခံအမျိုးသားဟာ နောက်အမျိုးသားသုံးဦးကို မိတ်ဖွဲ့ပြီး အရက်အတူ သောက်ဖို့ခေါ်သွားပြီးနောက်မှာ  ဓားနဲ့ထိုးသတ်ကာ၊ ခန္ဒာကိုယ်တွေကို အပိုင်းအပိုင်းခုတ်ထစ်ပြီး စားသောက်ပစ်ခဲ့သူဟာ ကြောင်တွေ၊ခွေးတွေနဲ့ ငှက်တွေအပြင် တခြားတိရစ္ဆာန်တွေကို ပုံမှန်သတ်စားပြီး၊ အဲ့ဒိတိရစ္ဆာန်တွေရဲ့အရိုးတွေကို အိတ်ကြီးတွေမှာ လူသေအလောင်းတွေနဲ့ရောထားတာဖြစ်ပါတယ်။

သူသတ်ဖြတ်ထားတဲ့ ကြောင်တွေ၊ခွေးတွေနဲ့ တခြားတိရစ္ဆာန်တွေအကြွင်းအကျန်တွေနဲ့အပြင် အစားခံထားရတဲ့ လူသုံးယောက်ရဲ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို ရုရှားနိုင်ငံမြောက်ပိုင်း Arkhangelskမြို့အနီးမှာ မြစ်တစ်ခုနဲ့ရေကန်တစ်ခုမှာ အရိုးတွေနဲ့အတူထည့်ထားတဲ့အိတ်တွေကိုရဲတွေကတွေ့ရှိခဲ့ပါတယ်။

အင်မတန်ကြောက်စရာကောင်းတဲ့ ဒီတရားခံကိုတော့ ရဲတွေက လူသားစားမှုနဲ့ဖမ်းဆီးထားပါတယ်။

ရုရှားစုံစမ်းစစ်ဆေးရေးကော်မတီ(SK)က တရားခံအကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့ပေမယ့် နာမည်တော့မဖော်ပြခဲ့ပါဘူး။ ဒါပေမယ့် တရားခံရဲ့ဗီဒီယိုကိုထုတ်ဖော်ပြသခဲ့ပါတယ်။ ဗီဒီယိုအရ ကျေးလက်ပိုင်းမှာ ဖြစ်ပျက်သွားခဲ့တာလို့ ယူဆရပါတယ်။

ဒီဆိုက်ကိုအမျိုးသားဟာ ယခင်ကလည်း ပြစ်မှုမှတ်တမ်းတွေရှိပြီး၊ ဆေးစစ်မှုတွေခံယူပြီးနောက်မှာ စိတ်ရောဂါရှိလို့အပြစ်မခံခဲ့ရတာပါ။

ဒီလူသတ်မှုဟာ (၂၀၁၆)နဲ့(၂၀၁၇)ခုနှစ်လောက်က ဖြစ်ပွားခဲ့တာလို့ ယူဆရပြီး၊ ခန္ဓာကိုယ်အပိုင်းတွေဖြစ်တဲ့အတွက် သေဆုံးသူတွေဘယ်သူဘယ်ဝါဆိုတာခွဲခြားဖော်ပြဖို့ အချိန်ကြာအုံးမယ်လို့ သိရပါတယ်။ သုံးယောက်အနက် နှစ်ယောက်က ဆက်စပ်အကြောင်းအရာကိုရှာရာခံလို့မရပေမယ့်၊ ကျန်တစ်ယောက်ကတော့ အလုပ်သစ်ရှာဖို့ အဲ့ဒီမြို့ရွာကို ပြောင်းရွှေ့လာတာလို့သိရပါတယ်။

Credit:လင်းလင်း (ShweMom)
Previous
Next Post »
Powered by Blogger.