ဂျာမနီရောက် ခရိုအေးရှားနိုင်ငံသားတစ်ဦးဖြစ်တဲ့ Mijo Vodopija အမည်ရ အမျိုးသားဟာ မခံမရပ်နိုင်လောက်အောင် သွားကိုက်နေလို့ ဆရာဝန်သွားပြခဲ့ရာ၊ ထင်မထားဘဲ ဂင်းနစ်မှတ်တမ်းဝင်ပုဂ္ဂိုလ်တစ်ဦး ဖြစ်ခွင့် ရသွားပါတယ်။ Mijo ကို စစ်ဆေးချိန်မှာ အလွန်ရှည်လျှားတဲ့ သွားတစ်ချောင်းက သူ့ကို ကာလရှည်ဒုက္ခပေးနေတာကို တွေ့ခဲ့ရတာပါ။
သူရဲ့သွားဖုံးဟာ ရောင်ကိုင်းနေပြီး အဲဒီသွားကိုမှ မနှုတ်ရင် Mijo ဟာ ဒီထက်ပိုပြီးအခြေအနေ ဆိုးသွားနိုင်တယ်လို့ သူ့ကို တာဝန်ယူကုသခဲ့ရတဲ့ Max Lucas က ပြောပါတယ်။ ဒေါက်တာ Max ဟာ မိန့်ဇ်က ဆေးကုခန်းတစ်ခုမှာ တာဝန်ထမ်းဆောင်နေသူပါ။ Mijo ကို X-ray စစ်ချိန်မှာ အလွန်ထူးဆန်းတဲ့သွားကို တွေ့လိုက်ရပါတယ်။
အဲဒီသွားဟာ အရှည် (၁.၄၆)လက်မအထိ ရှိတာကြောင့် Mijo ဟာ သွားအရှည်ဆုံးလူသားအဖြစ် Guinness World Record ဝင်နိုင်ခဲ့တာပါ။ Mijo ဟာ ယခင်သွားအရှည်ဆုံး မှတ်တမ်းတင်ထားတဲ့ အိန္ဒိယနိုင်ငံသားထက် သိသိသာသာ ပိုရှည်တဲ့သွားကို ပိုင်ဆိုင်ခဲ့တာပါ။ သူဟာ ပြီးခဲ့တဲ့ စက်တင်ဘာက ကုသမှု ခံယူခဲ့တာ ဖြစ်ပါတယ်။
ဒေါက်တာ Max က “ သူ့ပါးစပ်က အတော်ရောင်ကိုင်းနေတာ … X Ray ကကြည့်တော့လည်း သွားက မယုံနိုင်အောင် ရှည်လွန်းနေတယ် … တစ်ခြား ကုသဖို့နည်းကလည်း မရှိတော့ သွားကို ချက်ချင်း နှုတ်လိုက်ရတယ် … ”လို့ ပြောပါတယ်။ သွားက ရှည်လွန်းနေတော့ ပါးစပ်ထဲမှာ သဟဇာတမဖြစ်ဘဲ၊ နှုတ်မှ အဆင်ပြေမှာပါ။
သွားတစ်ချောင်းရဲ့ အပေါ်ကြွေလွှာမှ အောက်သွားအခြေအထိ ပျမ်းမျှအရှည်ဟာ (၈.၇)မီလီမီတာဖြစ်ပြီး၊ လက်မအားဖြင့် (၀.၃၄)လက်မဖြစ်ကြောင်း သိရပါတယ်။ အခု ဒီသွားအရှည်ကို တိုင်းထွာထားတဲ့ ဓာတ်ပုံကတော့ ဂင်းနစ်မှတ်တမ်းစာအုပ်မှာ တရားဝင်ဖော်ပြခံရမှာလို့လည်း သိရပါတယ်။ Mijo ကတော့ ဒီအတွက် သဘောကျနေပါတယ်။
Credit:လင်းလင်း (ShweMom)
Sign up here with your email
ConversionConversion EmoticonEmoticon